
စားသုံးကာကွယ်ရေးနဲ့ပတ်သက်ပြီး ပြည်သူတွေကြားမှာ အမျိုးမျိုးဝေဖန်ပြော ကြားနေကြတာကို နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြ ရပါတယ်။ စားသုံးသူကာကွယ်ရေး ကို လုပ်မလိုလို မလုပ်ဘူးလိုလိုနဲ့ လုပ်ပြန်တော့လည်း ကောက်ရိုးမီးလို၊ ခုလည်း ဆက်မလုပ်တော့ဘူး လားဆိုတဲ့အသံတွေနဲ့ ဝေဖန်သံတွေ ကဲ့ရဲ့ပြစ်တင်သံတွေကြားမှာ စားသုံးသူကာကွယ်ရေးဆိုတာ ပြန်လည်ခေါင်းထောင်ထလာခဲ့ပါပြီ။
အရင်တုန်းက စားသုံးသူကာကွယ်ရေးကို နယ်စပ်ကုန်သွယ် ရေးနှင့်စားသုံးသူ ရေးရာဦးစီးဌာနက တာဝန်ယူလုပ်ဆောင်ခဲ့ပြီး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့လို့ အရှိန် မရတရအချိန်လေးမှာ နယ်စပ် ကုန်သွယ်ရေးနဲ့စားသုံးသူရေးရာဦးစီးဌာနကို ဖျက်သိမ်းပြီး ကုန်သွယ် မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနလို့ ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့ပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်နေဆဲကာလ အခိုက်အတန့်မှာ စားသုံးသူ ကာကွယ်ရေးရဲ့ လုပ်ငန်းတွေဟာ ရပ်တန့်သွားခဲ့ရပါတယ်။ အဲဒီလို ရပ်တန့်သွားခဲ့ရတဲ့အတွက် ပြည်သူတွေ လုပ်ငန်းရှင်တွေကြားမှာ ဝေဖန်သံတွေ ကဲ့ရဲ့ပြစ်တင်သံတွေ အများ အပြားပေါ်ထွက်လာခဲ့ရ တာပါပဲ။
ဒါဟာ စားသုံးသူပြည်သူတွေနဲ့လုပ်ငန်းရှင်တွေရဲ့ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းကို မျှော်လင့်တောင့်တနေကြတယ်ဆိုတာ အသေအချာပါပဲ။ ဒီအချက်ကို ကြည့်ရင် စားသုံးသူကာကွယ်ရေးကို အရှိန်ပြင်းပြင်းနဲ့လုပ်ဆောင်ရတော့မယ်ဆိုတာ တာဝန်ရှိသူတွေ အနေနဲ့ သုံးသပ်မိလောက်မယ်ထင်ပါတယ်။
စားသုံးသူကာကွယ်ရေးလုပ်ငန်းလုပ်ဆောင်မှုအရှိန်အဟုန် တွေဟာ ရပ်တန့် သွားတာမဟုတ်ဘဲ ထိုးမယ့်ဆင် နောက်တစ်လှမ်း ဆုတ်ခြင်းသာဖြစ်ပါတယ်လို့ ဆိုချင်ပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံး သူရေးရာ ဦးစီးဌာနကို ၂၀၁၃ ခုနှစ် မေလ ၁ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကမှ စားသုံး သူ ကာကွယ်ရေး လုပ်ငန်းဆိုတာ ပေါ်ပေါက်လာခဲ့ပြီး သက်ဆိုင်ရာ ဌာနများ၊NGOအဖွဲ့များနှင့်ပူးပေါင်းပြီး စားသုံးသူကာကွယ်ရေး လုပ်ငန်းများ အရှိန်ရနေဆဲကာလမှာ ၂၀၁၅ ဧပြီလ ၁ရက်နေ့မှ စ၍ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနနှင့်ပေါင်းစည်း၍ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနဟူ၍ ပြန်လည်ဖွဲ့စည်းခဲ့ ပြန်ပါ တယ်။ ဒီလိုအပြောင်းအလဲ ကာလတစ်ခုမှာ စားသုံးသူ ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ချက်များ ခေတ္တခဏ အရှိန်တန့် ခဲ့တာမှန်ပါတယ်။ ဒါပေမယ့် အပြောင်းအလဲတစ်ခုမှာ ဌာနနှစ်ခု ပူးပေါင်းတဲ့အတွက် ဝန်ထမ်းများနေရာချ တစ်သားတည်းဖြစ်ဖို့ ကြိုးစားရသလို၊ ဌာနခွဲတွေအလိုက် တာဝန်သတ်မှတ်ချက်တွေ၊ ဝန်ထမ်းများ နေရေးထိုင်ရေး သွားလာရေး အဆင်ပြေချောမွေ့စေဖို့ အတည်တကျဖြစ်ဖို့ စီစဉ်ဆောင်ရွက်နေရတဲ့ကာလသာ ဖြစ်ခဲ့ပါ တယ်။ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများ ရပ်တန့်သွားတာ မဟုတ်ဘဲ ထိုးမည့်ဆင် နောက်ခြေတစ်လှမ်းဆုတ်တဲ့ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းသာ ဖြစ်တယ်ဆိုတဲ့အကြောင်း စိတ်ဝင်စားနေကြတဲ့ ပြည်သူများသို့ မျှဝေအသိပေးချင်ပါတယ်။ အခုဆိုရင် ဌာနနှစ်ခု ပေါင်းစည်းလိုက်တဲ့အတွက် လူအင်အား တောင့်တင်းမှုတွေ ရှိလာပြီဖြစ်ပါတယ်။ အပြောင်းအလဲတွေကြားမှာ မိမိတို့ဝန်ထမ်းတွေ ရဲ့အရည်အသွေးတွေ တိုးတက်အောင် ဓားတွေ၊ ပုဆိန်တွေသွေးနေကြတဲ့အချိန်သာဖြစ်ကြောင်း အသိပေးချင်ပါ တယ်။ စားသုံးသူကာကွယ်ရေးအကြောင်း သိပြီးသားဝန်ထမ်းတွေ ပိုသိဖို့၊ ပိုတတ်ဖို့၊ ပိုပြီးမျှဝေနိုင်ဖို့ ကြိုးစားနေကြရသလို စားသုံးသူ ကာကွယ်ရေးနဲ့ စိမ်းနေကြသေးတဲ့ ကုန်သွယ်မှု မြှင့်တင်ရေးက ဝန်ထမ်းတွေလည်းသိအောင်၊ နားလည်အောင် သင်တန်းတွေ၊ ဆွေးနွေးပွဲတွေနဲ့ လေ့လာသင်ယူနေကြရတဲ့အချိန်သာဖြစ်ပါတယ်။ သစ်ခုတ်သမားပုံပြင်ထဲကလို နေ့တိုင်းသစ်တွေ၊ ဝါးတွေ ခုတ်နေတဲ့ အခါ ဓားတွေ၊ပုဆိန်တွေကို မသွေးဘဲထားရင် ထုတ်လုပ်မှုအားတွေ လျော့ကျလာမယ်၊ စွမ်းဆောင်မှုအားတွေ လျော့ကျလာနိုင်တဲ့အတွက် မိမိတို့ဓားတွေ၊ ပုဆိန်တွေကိုလည်း အမြဲတမ်းထက်အောင် သွေးနေ ကြရတဲ့ သစ်ခုတ်သမားများပမာ မိမိတို့ မန္တလေးတိုင်းဒေသကြီး အပါအဝင် ကျန်တိုင်းနှင့်ပြည်နယ် အသီးသီးက ကုန်သွယ်မှုမြှင့်တင် ရေးနှင့် စားသုံးသူရေးရာဦးစီး ဌာနမှ အရာထမ်း၊ အမှုထမ်းတွေလည်း အသိပညာစွမ်းအား၊ နားလည်မှုစွမ်းအား၊ မျှဝေနိုင်မှု စွမ်းအားတွေ မြှင့်တင် နေကြရတဲ့ အချိန်တွေသာဖြစ်ကြောင်း တင်ပြလိုပါတယ်။
လုပ်ငန်းခွင်မှာ အသုံးပြုတဲ့ ဓားတွေ၊ပုဆိန်တွေဆိုတာ သွေးမှ ထက်တယ်၊ ထက်မှ လုပ်ငန်း တွင်ကျယ်တယ်၊ လုပ်ငန်းတွင်ကျယ်မှ ထိရောက်မှုရှိမယ်။ ထိရောက်မှုရှိမှလည်း လိုချင်တဲ့ပန်းတိုင်၊ လိုချင်တဲ့ နေရာတစ်ခုဆီကို ရောက်အောင်သွားနိုင်ကြမှာဖြစ်ပါတယ်။ မိမိတို့ အရာထမ်း၊ အမှုထမ်း အသီးသီးတွေရဲ့ တာဝန်သတ်မှတ်ချက်တွေ၊ လုပ်နည်း သတ်မှတ်ချက်တွေ၊ တစ်ဦးချင်းဆီရဲ့ လုပ်နိုင်တဲ့ စွမ်းရည်နဲ့ လုပ်ရမည့်လုပ်ငန်းစဉ်တွေလည်း ချင့်ချိန်စဉ်းစားကြရပါတယ်။ မိမိတို့ဌာန၏ မူလလုပ်ငန်းတာဝန်တွေဖြစ်တဲ့ ကုန်သွယ်မှုမြှင့်တင် ရေး၊ ပုဂ္ဂလိကကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေး၊ မိမိတို့ ဌာန၏ လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း၊ ပြည်ပကုန်
သွယ်မှုမြှင့်တင်ရေးအတွက်ကုန်စည်ပြပွဲများ၊Workshopစ များ၊ Business Matching များ ပြုလုပ်ကျင်းပဆောင်ရွက်ခြင်း၊ ကုန်ဈေး နှုန်းတည်ငြိမ်ရေးနှင့် ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက် ခြင်းအပြင် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကိုလည်း အရှိန် အဟုန်မပျက် လက်တွဲပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ မိမိတို့ တိုင်းနှင့်ပြည်နယ်ဒေသကြီးများအလိုက် လုပ်သင့်လုပ်ထိုက် တာတွေကို ကြိုလုပ်နေကြသလို စပြီးလုပ်နေကြတာကိုလည်း သတင်းစာ၊ ဂျာနယ်၊ TVသတင်းနှင့် တိုင်းနှင့်ပြည်နယ်အသီးသီး၏ Facebook စာမျက်နှာများမှ လှုပ်ရှားဆောင်ရွက်မှုတွေလည်း တွေ့မြင် ကြရမှာဖြစ်ပါတယ်။
မိမိတို့နိုင်ငံရဲ့ ၅၁သန်းကျော်သော စားသုံးသူပြည်သူများ အတွက် AEC မတိုင်မီမှာ ပြည်သူ တွေစားသုံးသူကာကွယ်ရေးအတွက် အသိပညာ၊ ဗဟုသုတရရှိစေရန်Awarenessတွေပေးရမယ်။ အခြေခံပညာ ရေးနဲ့ အဆင့်မြင့်ပညာရေးကျောင်းများ၊ ဈေးများ၊ အများပြည်သူ ပုဂ္ဂလိကများ၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ၊ စား သောက်ဆိုင်လုပ်ငန်းရှင်များစတဲ့ အလွှာပေါင်းစုံ၊ လူတန်းစား ပေါင်းစုံသို့ စားသုံးသူကာကွယ်ရေး အသိအမြင် ပြောင်းလဲရေး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒီလို လုပ်ငန်းစဉ်တွေနဲ့အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ရန် –
(၁) Why - ဘာကြောင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရသလဲ။
(၂) What - ဘာတွေလုပ်ရမလဲ။ (ဥပမာ- စားသုံးမှုပုံစံတွေ ပြောင်းရမယ်၊ ရောင်းဝယ်မှုပုံစံ တွေပြောင်းရမယ်၊ ထုတ်လုပ်မှုပုံစံတွေ ပြောင်းရမယ်၊ အသိပညာပေး ဆွေးနွေးပွဲတွေ လုပ်ရမယ်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု အတွက် ကွင်းဆင်းဆောင်ရွက်ပြီး စားသုံးရန်သင့်/ မသင့် ဓာတ်ခွဲစစ်ဆေး စမ်းသပ်မှုများပူးပေါင်း ဆောင်ရွက်ကြရမယ်)
(၃) How - ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေ စဉ်းစားရမယ်။
ဒီလုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့ Plan တွေဆွဲရပါမယ်။ စား သောက်ဆိုင်တွေ ဆွေးနွေးမှာလား၊ ပညာရေးအသိုင်းအဝိုင်းတွေ ဆွေးနွေးမှာလား၊ ထုတ်လုပ်သူတွေဆွေးနွေးမှာလား၊ ရောင်းချသူတွေ ဆွေးနွေးမှာလား စသည်ဖြင့် တစ်လဘယ်နှစ်ကြိမ် ဆွေးနွေးပွဲလုပ် မလဲ၊ ဘယ်နေရာတွေ၊ ဘယ်ဌာနတွေမှာလုပ်မှာလဲ၊ ဘယ်အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းအကောင်အထည်ဖော်မှာလဲ၊ ဘယ်နယ်တွေ ဆင်းမှာလဲ၊ ဘာနဲ့သွားကြမှာလဲ၊ ကုန်ကျစရိတ် ဘယ်လောက်ရှိမှာ လဲစတဲ့ စီမံချက်တွေနဲ့ အသေးစိတ်စဉ်းစား ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ယခု လက်တွေ့အကောင်အထည်ဖော်ရာတွင် မိမိတို့တိုင်းနှင့် ပြည်နယ် အသီးသီးအလိုက် တိုင်းဒေသကြီးဦးစီးမှူးများ၏ အတွေး အခေါ် အယူအဆအကြံဉာဏ် တတ်စွမ်းနိုင်သလောက် လုပ်နေကြ ရသော်လည်း ရေရှည်ကာလအတွက် ခရီးသွားလာရေးစရိတ်၊ စားစရိတ်၊ ပညာပေး လက်ကမ်းစာစောင်များ အတွက် ကုန်ကျစရိတ်၊ စက္ကူနှင့် စာရေးကိရိယာ လိုအပ်ချက်၊ ဈေးကွက်အတွင်းမှ အစား အသောက်ထုတ်ကုန်လုံခြုံရေးအတွက် စစ်ဆေးမည့် မုန့်နမူနာများ ဝယ်ယူခြင်း ကုန်ကျစရိတ်အစရှိသည်တို့လည်း ခန့်မှန်းတွက်ချက် တင်ပြဆောင်ရွက်မှုတွေ ပြုလုပ်ကြရပါတယ်။ ဒါ့ပြင် ရုံးချုပ်ရဲ့ စားသုံးသူကာကွယ်ရေးလုပ်ငန်း၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုလုပ်ငန်း များ အတွက် မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ တာဝန်သတ်မှတ်ချက် တွေ လမ်းညွှန်ဖြည့်ဆည်းပေးဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။
ဒါမှသာ တိုင်းနှင့်ပြည်နယ်အားလုံး တစ်ပြေးညီ တိကျမှန်ကန် သော လုပ်ထုံးလုပ်နည်းများ၊ တာဝန်သတ်မှတ်ချက်များ၊ မူဝါဒ များအရ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ မိမိတို့ ဝန်ထမ်းများကလည်း စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ရင်း ီDoing By Learning လုပ်ရင်းနဲ့သင်ယူကြရမှာဖြစ် ပါတယ်။ လူထုကို အသိပညာ ပေးရုံသာမက နည်းပညာတွေပါ ပေးရပါ မယ်။ စားသုံးသူကာကွယ်ရေးဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေ၊ စည်ပင် သာယာရေး ဥပဒေ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဥပဒေ၊ ပြည်သူ့ကျန်းမာရေးဥပဒေစတဲ့ ဆက်စပ်မှုရှိတဲ့ ဥပဒေများရှိကြောင်း လူထုကို အသိပညာပေး ဆွေးနွေးမှုတွေ ဆောင်ရွက်ကြရမှာဖြစ်ပါ တယ်။ ဒီဥပဒေတွေကိုလည်း လိုက်နာဖို့လိုအပ်သလို အလေးထားဆောင်ရွက်ဖို့လည်းသိရှိအောင် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ကြရမှာ ဖြစ်ပါတယ်။ မိမိတို့စားသုံးသူကာကွယ်ရေးဥပဒေတွင် လုပ်ထုံး လုပ်နည်း၊ နည်းဥပဒေများမရှိသေးသော်လည်း အခြားဆက်စပ်မှု ရှိသည့် ဥပဒေများနှင့်လည်း အရေးယူဆောင်ရွက်လို့ရနိုင်ကြောင်း၊ ပြစ်မှုကြောင်းအရသော်လည်းကောင်း၊ တရားမကြောင်းအရသော် လည်းကောင်း၊ စီမံခန့်ခွဲရေးနည်းလမ်းများအရသော်လည်းကောင်း၊ အရေးယူ ဆောင်ရွက်နိုင်သည့်အကြောင်း အသိပေးရှင်းလင်းဆွေးနွေးကြရမှာဖြစ်ပါတယ်။ စားသုံးသူပြည်သူများအနေနဲ့ ဌာနဆိုင်ရာ၊ အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များမှာ ပါဝင်လာနိုင်အောင် ဆွဲခေါ် ဖို့၊ တာဝန်သိ၊ တာဝန်ရှိ၊ တာဝန်ခံ၊ တာဝန်ယူ၊ တာဝန်ကျေဖို့ လူတိုင်း တွင် တာဝန်ရှိကြောင်း ဆွဲဆောင်စည်းရုံး ဆွေးနွေးကြရမှာဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီးအနေဖြင့် မေလ ၁၁ရက်မှ ၁၂ ရက်ထိ Mandalay Hill Resort Hotelနူ တွင် ကျင်းပပြုလုပ်သည့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေးနှင့် စား သုံးသူ အကာအကွယ်ပေးရေးဥပဒေကို ထိရောက်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး နိုင်ငံတကာ အကောင်းဆုံး အလေ့ အထများကို လေ့လာခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း၊ မန္တလေးတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီးစားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် တိုင်း ဒေသကြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှုဆိုင်ရာလုပ်ငန်းကော်မတီ များ ဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ တိုင်းအတွင်း ခရိုင်ခုနစ်ခုသို့ ကော်မတီများဖွဲ့စည်းရေး၊ စားသုံးသူအကာ အကွယ် ပေးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်နိုင်ရေး စီမံ ချက်များချမှတ်ဆောင်ရွက်လျက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး မှလည်း မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်များသို့ ကွင်းဆင်းအသိပညာပေး ဆွေးနွေးဆောင်ရွက်လျက်ရှိပါတယ်။
ထို့ပြင် တရုတ်နိုင်ငံမှ တရားမဝင်ဝင်ရောက်လျက်ရှိတဲ့ အေးခဲ ကြက်သားများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသောအဖွဲ့မှ ဦးဆောင်လျက် မန္တလေးမြို့ပေါ်ရှိ ပင်လယ်စာရောင်းဝယ်ရေးလုပ်ငန်းရှင် နှစ်ဦးအား ပထမအဆင့် ရှင်းလင်းအသိပေးခြင်း၊ အကြံပြုဆွေးနွေးခြင်းများကို လည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် မည်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းဆောင် ရွက်ချက်များ၏ အောင်မြင်မှုကို တိုင်းတာနိုင်သော ျွနျကူအ ၅မျိုး ဖြင့် တိုင်းတာတွေ့ရှိနိုင်မှာဖြစ်ပါတယ်။
- ပထမResultအနေဖြင့် Input လို့ခေါ်တဲ့ ဆွေးနွေးပွဲများ ဖြစ်မြောက်အောင် လုပ်ဆောင်ခြင်းနှင့် တိုင်းတာလို့ရသလို၊
- ဒုတိယResultူအ ဖြစ်တဲ့ Process များ၊ ဆွေးနွေးချက်များ၊ မေးခွန်းအမေးအဖြေများနဲ့ တိုင်းတာလို့ရပါတယ်။
- တတိယResult အနေဖြငOutput တွေဖြစ်တဲ့ ဒီဆွေးနွေး ပွဲပြီးရင် လူဘယ်နှစ်ယောက် တက်ရောက်ခဲ့သလဲ၊ လူဘယ်နှစ် ယောက်မေးမြန်းခဲ့သလဲ၊ လူဘယ်နှစ်ယောက် အသိပညာ၊ ဗဟုသုတ တွေရရှိသွားသလဲဆိုတာတွေနဲ့ တိုင်းတာနိုင်ပါတယ်။
- စတုတ္ထ Resultအနေဖြင့်Outcomeန ဖြစ်တဲ့ ဆေးမစားမီ ပုံနှင့် ဆေးစားပြီးပုံကဲ့သို့ ဥပမာပေးရလျှင် ဆွေးနွေးပွဲ မတက်ရောက် ခင်နှင့် တက်ရောက်ပြီးသိရှိတဲ့ အသိစိတ်နဲ့ တိုင်းတာလို့ရပါတယ်။
- ပဉ္စမResultအ အနေဖြင့်fh Impact ဆိုတဲ့ အကျိုးတရား၊ အကျိုးသက်ရောက်မှု၊ အတွေးအခေါ်ရရှိမှု၊ လက်တွေ့အသုံးချမှု များနဲ့တိုင်းတာလို့ရပါတယ်။
ဒီနေ့သိပြီး နောက်နေ့မှာ လက်တွေ့ဆောင်ရွက်တဲ့စားသောက် ဆိုင်လုပ်ငန်းရှင်၊ ထုတ်ကုန် လုပ်ငန်းရှင်၊ ကျောင်းဈေးရောင်းတဲ့ ကျောင်းဈေးသည် စသည်တို့ပေါ်ပေါက်လာခဲ့မည်ဆိုလျှင် မိမိတို့ရဲ့ စားသုံးသူ ကာကွယ်ရေး လုပ်ငန်းအောင်မြင်တယ်လို့ ဆိုရမှာဖြစ်ပါ တယ်။
ဒါကြောင့် မိမိတို့ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ဆက်စပ်နေ သည့်ဌာနများ NGO အသင်းအဖွဲ့ များနှင့်ပူးပေါင်း၍We must doပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရပါမည်။ We must apply ကျွနု်ပ်တို့လည်း အသိပညာ များကို လက်တွေ့အသုံးချရင်း စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများ ရွက်စုံလွှင့် တက်စုံဖွင့်မည့် အချိန်ကာလသို့ ရောက်ရှိ နေပြီဖြစ်ပါကြောင်း စားသုံးသူပြည်သူ များသို့ အသိပေးမျှဝေလိုက် ရပါတယ်။