Main menu

Background

သဘာဝဘေးအန္တရာယ် ကုန်ဈေးနှုန်း ဝိသမသမားနဲ့ စားသုံးသူ

Mon, 08/17/2015 - 20:32 -- journal_editor

     ဒီနှစ် ဇူလိုင်လ နောက်ဆုံးပတ်ကတည်းက ဖြစ်ပေါ်နေတဲ့ ရာသီဥတုအခြေအနေဟာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းကိုသာမကဘဲ အာရှဒေသ အထူးသဖြင့် အာဆီယံနဲ့ အာရှအရှေ့ပိုင်းဒေသတွေကို ထိခိုက်ခဲ့တာ တွေ့ရပါ တယ်။ နီပေါနိုင်ငံမှာ ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ရာသီ ဥတုဖောက်ပြန်မှုက ကမ္ဘာ့မြေပုံရဲ့အနေအထားကို ကြည့်ရင် နီပေါနိုင်ငံရဲ့အောက်ဖက် ပိုင်းမှာရှိတဲ့နိုင်ငံတွေဟာ အဲဒီဒေသရဲ့နောက် ဆက်တွဲ အကျိုးဆက်ကို ခံစားခဲ့ကြရပါတယ်။ ဒီအချက်ကို မိုးလေဝသပညာရှင်တွေ သတိမမူခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံဟာ ဖြစ်တောင့်ဖြစ်ခဲ တဲ့ဖြစ်ရပ်တစ်ခု ကြုံတောင့်ကြုံခဲတဲ့ဖြစ်ရပ်တစ်ခုကို ရင်ဆိုင်လိုက်ရပါတယ်။ မြန်မာနို င်ငံအထက်ပိုင်း ဒေသဖြစ်တဲ့ ကန့်ဘလူ၊ ကလေး၊ ကောလင်း စတဲ့ဒေသတွေဟာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေလွှမ်းမိုးမှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီဒေသတွေဟာ အရင်တုန်းက မိုးသည်းထန်စွာ ရွာတယ် ဆိုတာ ဖြစ်တောင့်ဖြစ်ခဲတဲ့ ကိစ္စဖြစ်တာကြောင့်လည်း အုပ်ချုပ်သူ တွေ၊ မိုးလေဝသပညာရှင်တွေ၊ ဒေသခံပြည်သူတွေဟာ အမှုမဲ့အမှတ်မဲ့လို နေခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မိုးစတင်ရွာသွန်းကတည်းက မိုးတစ်ကြိမ်ရွာလိုက် တိုင်း ရေတော်တော် များများပါတတ်တာကို သတိပြုမိကြပါတယ်။ ဒါပေမယ့်လည်း ဒီလိုအခြေအနေမျိုးအထိ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားကြပါဘူး။
     သဘာဝဘေးအန္တရာယ်ကို ၂၀၀၈ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့နာဂစ် မုန်တိုင်းအပြီးမှာ ပြည်သူတွေ အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်းက ပြည်သူတွေ သတိထားကြပေမယ့် အထက်ပိုင်းက ပြည်သူတွေကတော့ အပူချိန်မြင့်တက် တာကလွဲပြီးခုလိုရေကြီးရေလျှံမယ်ဆိုတာ အိပ်မက်တောင် ထည့်ပြီးမက်ကြမယ်လို့ မထင်မိပါဘူး။ သဘာဝဘေးအန္တရာယ်လို့ ဆိုလိုက်တာနဲ့ ရေကြီးတာ၊ အပူချိန်မြင့် တက်တာ၊ အအေး လွန်ကဲတာ၊ ငလျင်လှုပ်တာ၊ လေဆ င်နှာေ မာင်း တိုက်ခတ်တာ၊ မုန်တိုင်းတိုက်ခတ်တာ စတဲ့ဖြစ်နိုင်တဲ့ သဘောတရား တွေကိုသိထားကြရပါတော့မယ်။ ဒီနှစ်ဟာ မြန်မာနိုင်ငံအတွက် တကယ့်ကို အဆိုးရွားဆုံးသော သဘာဝဘေးဒဏ်ကို အခံရဆုံးသော နှစ်လို့ ေြ ပာရမှာဖြစ်ပါတယ်။ ရေလွှမ်းမိုးမှုဒေသစံချိန်တင်ခဲ့သလို ပျက်စီးဆုံးရှုံးမှုတွေကလည်း စံချိန်တင် လောက်တဲ့အထိဖြစ်ခဲ့ရပါတယ်။ နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသြ ကီးတို့လောက်သာ  ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပေမယ့် ဒီနှစ်မှာဖြစ်ပွားခဲ့တဲ့ သဘာဝဘေး အန္တရာယ်ကတော့ မြန်မာနိုင်ငံအတွက် ဆုံးရှုံးမှုအကြီးဆုံးသော သဘာဝဘေးအန္တရာယ်ကြီးပဲဖြစ်တယ်လို့ ဆိုရမှာပါ။ နာဂစ်မုန်တိုင်း တိုက် ခတ်ခဲ့စဉ်က လူအသေအပျောက်အများဆုံးဖြစ်ခဲ့ပေမယ့် ယခု ဖြစ်ပေါ်ခဲ့တဲ့  သဘာဝဘေးအန္တရာယ်ကတော့ နေရာဒေသအတော် များများမှာဖြစ်ပေါ်ခဲ့တဲ့အတွက် ဆုံးရှုံးမှုပမာဏကြီးမားသလို ဆုံးရှုံး မှုဧရိယာလည်း ကျယ်ပြန့် တယ်လို့ ဆိုရမှာပါ။
     မြန်မာနိုင်ငံမှာ ပြည်နယ်၊ တိုင်းဒေသကြီး ၁၄  ခုရှိတဲ့အနက် ၁၂  ခုမှာ သဘာဝဘေးအန္တရာယ်ကို ခံစားခဲ့ကြရပါတယ်။ ရခိုင် ပြည်နယ်မှာတော့ ကိုမန်မုန်တိုင်း အဖျားခတ်မှုဒဏ်ကြောင့် နေအိမ် တွေပျက်စီးခဲ့ရသလို ရေလွှမ်း မိုးမှုဒဏ်ကိုလည်း ရခိုင်ပြည်နယ်ရဲ့မြို့ အတော်များများမှာ ခံစားခဲ့ကြရပါတယ်။ အဲဒီလိုကိုမန်မုန်တိုင်းအဖျားခတ်ဝင်ရောက်တဲ့အချိန်နဲ့တစ် ပြိုင်နက်တည်းမှာပဲ ကန့်ဘလူ၊ ကောလင်း စတဲ့မြန်မာနိုင်ငံအထက် ပိုင်းအညာဒေသေ တွမှာ   မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ မြစ်ရေ မြင့်တက်မှုကိုပါ တစ်ဆက်တည်းခံစားခဲ့ရပါတယ်။ အဲဒီလိုမြစ်ရေ မြင့်တက်လာမှုနဲ့အတူ အညာဒေသတွေမှာ တည်ဆောက်ထားတဲ့ ဆည်တွေမှာလည်း ရေပြည့်ရေလျှံမှုဒုက္ခကို ကြုံတွေ့ခဲ့ရပါတယ်။ ဆည်အနီးမှာနေတဲ့ပြည်သူတွေဟာ ဆည်ရေဖောက်ချမှုနဲ့ မကြုံစဖူးကြုံလိုက်ရတဲ့အခါ လက်လွတ် ထွက်ပြေးခဲ့ရတဲ့အထိ ဒုက္ခ ပင်လယ်ဝေခဲ့ရပါတယ်။ ကလေးမြို့တစ်မြို့လုံးရေပင်လယ်ကြီးဖြစ်သွားခဲ့သလို  လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ရတဲ့အထိ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုဒုက္ခတွေကို ပြည်နယ် တိုင်းဒေသကြီး ၁၂ခု မှာရှိတဲ့ပြည်သူတွေ အားလုံးနီးပါး ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။ မုန်တိုင်းတိုက်တာတို့ ရေလွှမ်းမိုး တာတို့ဆိုတာတွေကို နှစ်စဉ်လိုလိုကြုံတွေ့နေရတဲ့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာနေထိုင်ကြတဲ့ပြည်သူတွေကတော့ ရေကြီးတာကိုသိပ်ပြီး အရေးမလုပ်ကြ ပေမယ့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာနေထိုင် ကြတဲ့ပြည်သူတွေကတော့ မကြုံစဖူးကြုံတွေ့လိုက်ရတဲ့ အဖြစ်အပျက် တစ်ခုလို့ ပြောရမှာပါ။
     ဒါပေမယ့်လည်း အရေးကြီးရင်သွေးနီးတတ်တဲ့မြန်မာလူမျိုးတို့ရဲ့ ပင်ကိုယ်ဗီဇစိတ်ကြောင့် တစ်ကိုယ် တော်ပရဟိတသမားတွေ၊ အသင်းအဖွဲ့လိုက်ဆောင်ရွက်နေကြတဲ့ပရဟိတအဖွဲ့တွေ၊ လူမှုရေး အသင်း အဖွဲ့တွေဟာ နို င်ငံတော်က တာာဝန်ပေးအပ်ခြင်းမရှိပါဘဲ ကိုယ်စီကိုယ်ငှ တာဝန်သိစိတ် တာဝန်ယူစိတ် တွေနဲ့ ဆောင်ရွက်နေကြ တာဟာဖြင့် မြင်ရသူတိုင်း သာဓုအကြိမ်ကြိမ်ခေါ်ရတဲ့အထိပါပဲ။ အနုပညာရှင်တွေ၊ ကျောင်းသူ ကျောင်းသားေ တွ၊ ရဟန်း သံဃာတွေကအစ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းတွေပါ ရေလွှမ်းမိုးတဲ့ဒေသတွေအထိ သွားရောက်ပြီး ဒုက္ခရောက်နေတဲ့ သူတွေကို အားပေးကူညီမှုတွေ ပြုလုပ်ခဲ့ဲကြပါတယ်။ ရန်ကုန်မြို့ရဲ့လူစည်ကားရာေ နရာတိုင်းမှာ လူငယ်လေးတွေဟာ သူတို့တတ်တဲ့ ပညာလေးတွေနဲ့ ရေဘေးဒုက္ခသည်တွေအတွက် အလှူခံပါတယ် ရှင်/အလှူခံပါတယ်ခင်ဗျာ ဆိုတဲ့အသံလေးတွေနဲ့ အလှူခံ၊ ရလာတဲ့ အလှူငွေတွေကိုစုပေါင်းပြီး ရေလွှမ်းမိုးမှု ခံစားနေရတဲ့ ပြည်သူတွေ ဆီကို အရောက်ပို့ပေးခဲ့ကြပါတယ်။ သဘာဝဘေးဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကိုယ့်ရဲ့သွေးသားရင်းလိုသဘောထား ပြီး ကူညီနေကြတဲ့လူမှုရေးအဖွဲ့အစည်းတွေကို ကိုယ်တိုင်မလု ပ်နိုင်သော်လည်း ငွေအားလူအားနဲ့ တစ် တပ်တစ်အားပါဝင်ကူညီကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကို လည်း တွေ့နေရပါတယ်။ ပရဟိတလူငယ်လေး တွေရဲ့လုပ်အားနဲ့ ရရှိလာတဲ့ငွေတွေနဲ့ ရေဘေးသင့်ဒေသက ပြည်သူတွေအ တွက် လိုအပ်မယ်ထင်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငြုတ်၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့် စတဲ့စားသောက်ကုန်တွေအပြင် အဝတ်အထည်တွေ ကိုပါ လှူဒါန်းနိုင်ဖို့ သွားရောက်ဝယ်ယူကြပါတယ်။ အဲဒီလိုဝယ်ယူတဲ့အခါမှာ တချို့သော ကုန်သည်/လုပ်ငန်းရှင် များကတော့ စာနာစိတ်နဲ့ အမြတ်အနည်းငယ်သာယူပြီး ရောင်းချ ပေးလိုက်ပေမယ့် တချို့သောလုပ်ငန်းရှင်များကတော့ မတန်တဆ ဈေးနဲ့ရောင်းချခဲ့လို့ ဈေးကြီးကြီးနဲ့ပေးဝယ်လိုက်ရတဲ့အဖွဲ့ေ တွရဲ့ မကျေမချမ်းနဲ့ ရေရွတ်သံတွေကလည်း ညံညံစီလျက်ပါပဲ။
     အထူးသဖြင် ရေဘေးသင့်ဒေသက ပြည်သူတွေအတွက် အဓိကလိုအပ်ချက်က ဆန်နဲ့ရေပါပဲ။ ဆန်ဟာ မြန်မာနိုင်ငံရဲ့အဓိကထွက်ကုန်ဖြစ်သလို အဓိကထားပြီး စားသုံးတဲ့ပစ္စည်းလည်းဖြစ်တာကြောင့် လှူတဲ့သူတွေဟာ ဆန် ကို အဓိကထားပြီး လှူဒါန်းကြပါတယ်။ လှူဖို့အတွက် ဆန်ကို ဘယ်ကဝယ်ကြမလဲ။ အနီးစပ်ဆုံး ဈေးကြီးတစ်ဈေးကပဲ ဝယ်လိုက်ကြပါတယ်။ အဲဒီမှာ ပြဿနာက စပါပြီ။ ပရဟိတသမားတွေဟာ အနည်းဆုံး ဆန်အိတ် ၅၀ကနေ ၁၀၀ အထိ ဝယ်ယူကြတော့မယ်ဆိုတာ ခန့်မှန်းလို့ရနေပါပြီ။ တချို့က လည်း ဒိုင်မှာသွားဝယ်ပေါ့၊ တချို့ကလည်း ဒိုင်မှာ သွားဝယ်ရင် သယ်ယူစရိတ်က ထောင်းဦးမယ်၊ ဒါကြောင့် အနီးအနားကပဲ ဝယ်မယ် ဆိုတဲ့အသံတွေက  ပရဟိ တအဖွဲ့တိုင်းလိုလိုက ထွက်ပေါ်လာတဲ့အသံ တွေပါ။ တချို့ကလည်း ကုန်သည်နဲ့ချိတ်ဆက်ပြီး ဝယ်ကြပါတယ်။ ဘယ်လိုနေရာကပဲဝယ်ဝယ် ရန်ကုန်မြို့ရဲ့နေရာတိုင်းမှာ တော့ ဆန်၊ ဆီ၊ ဆား၊ ငြုတ်၊ ကြက်သွန် စတာတွေရဲ့ဈေးနှု န်းတွေက တစ်ပြိုင်နက်တည်း တိုင်ပင်စရာမလိုဘဲ တက်သွားခဲ့တာကတော့ အမှန်ပါ။ ဖျာပုံပေါ်ဆန်းတစ်အိတ်ကို ကျပ် ၃၈၀၀၀ အထိ မြင့်တက် သွားသလို ဧည့်မထ ၂၅မှတ်ဆန်ရဲ့တစ်အိတ် ဈေးနှုန်းကလည်း ကျပ် ၂၃၀၀၀ အ ထိမြင့်တက်သွားခဲ့ရပါတယ်။ ကြက်သွန်ဈေးဟာလည်း တစ်ပိသာကို   အလုံးကြီးဆိုရင် ကျပ် တစ်ထောင်နီးပါးတက်ခဲ့သလို အလုံးသေးဆိုရင် ကျပ် ၇၀၀ ကျော်အထိ မြင့်တက်သွားခဲ့ပါတယ်။ ကျန်တဲ့သားငါးကုန်စိမ်းစတာတွေက လည်း သူ့အလိုလို လိုက်တက်ပြီး သားဖြစ် သွားခဲ့ပါတယ်။
     "အစ်မရယ် အထက်ပိုင်းမှာ ရေကြီးတယ်ဆိုကတည်းက ဒီမှာ ကုန်ဈေးနှုန်းက တက်သွားလိုက်တာ ကျွန်မတို့ ဈေးသည်တွေတောင် ဈေးကို ဘယ်လိုရောင်းရမလဲမသိတော့ဘူး။ ကုန်တစ်ခါသွားတိုက်ရင် တစ်ခါဈေးတက်လို က်နဲ့ ဈေးက ငြိမ်ကိုမငြိမ်ဘူး။ ဆန်ဈေးဆိုရင် ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ကျပ် ၅၈၀၀၀ အထိတက်သွားတယ်။ ဒီမှာကျတော့တစ်ပြည်ကို ၂၄၀၀ လောက်ရောင်းမှ အဆင်ပြေမှာ လေ။ ဆန်ကြမ်းဈေးက သိပ်မတက်ဘူး။ ဒီရ က်ထဲမှာ ဆန်လာဝယ်တဲ့ သူတွေ တော်တော်များတယ်။ အရင် က တစ်အိမ်ကို တစ်အိတ်လောက် ဝယ်နေတဲ့သူတွေက ဒီလထဲမှာပဲ သုံးအိတ်လာဝယ်တယ်။ အဲဒီလို မျိုးတွေ လာဝယ်ကြတော့ ကျွန်မဆိုင်ဆို ဟိုအရင်ရက်တွေ က  နှစ်ရက် ကို တစ်ခါလောက် သွားတိုက်နေရတယ်။ လှူဖို့တော့မဟုတ်ပါဘူး။ သူတို့အိမ်အတွက် ဈေးတက်လာမှာစိုးလို့ လှောင်ထားတာတဲ့။ အဲဒီလိုမျိုးက ရန်ကုန်မြို့တစ်မြို့လုံးဖြစ်နေတာ။ ပိုက်ဆံရှိတဲ့သူတွေ ပိုဆိုးတယ်။ သူတို့က အဲဒီလိုလှောင်ဖို့အတွက် ဝယ်တော့အဝယ်တွေလိုက် လာပြီး ဈေးကတက်တော့တာပေါ့"ဟု ဘိုကလေးဈေးအတွင်း ဆန် ရောင်းချနေတဲ့ ဒေါ်မြင့်မြင့်က ပြောပြခဲ့ပါတယ်။

ဝိသမလောဘသမားတွေ
     ဒါ့အပြင် ဝိသမလောဘသမား စီးပွားရေးလုပ်ငန်းရှင်ကြီး တွေကလည်း ဒါကိုအခွင့်ကောင်းယူပြီး အမြတ်ထုတ်ဖို့ကြိုးစားခဲ့တာကိုလည်း သိရှိခဲ့ရပါတယ်။ "ကျွန်တော်တို့ ရေဘေးသင့်တဲ့ဒေသက ပြည်သူတွေအတွက် လှူမယ် ဆိုပြီး ဘိုကလေးဘက်က ဆန်ကုန်သည်တွေနဲ့ချိတ်မိပါတယ်။ အဲဒီဆန်ကုန်သည်က သူတို့ ဈေးအသက်သာဆုံးနဲ့လုပ်ပေးပါ့မယ်။  ဆန်သားလည်းကောင်းပါတယ်လို့ပြောတဲ့အတွက် သူတို့နဲ့ပဲချိတ်ပြီး ဝယ်ခဲ့တာပါ။ အဲဒီ ကုန်သ ည်နဲ့ ပထမ တစ်ကြိမ်တုန်းက ဆန်အိတ် ၅၀ ဝယ်တုန်းက တစ်အိတ်ကို ကျပ် ၃၄၀၀၀ ပေးရတယ်။   နောက် တစ်ကြိမ်ထပ်ဝယ်တော့ တစ်အိတ်ကို ကျပ် ၃၂၀၀၀ ပေးရတယ်။ ဒါပေမယ့် ဆန်သားတွေမကောင်းတာလား၊ ဆန် လတ်ကျိုးတွေ ထည့် ပေးတာလားတော့ မသိဘူး။ ဆန်က ထက်ပိုင်းကျိုးတွေ တွေ့နေရ တယ်။ ကျွန်တော်တို့ကတော့ ဆန်အိတ်ကို ဖောက်မကြည့်တော့ မသိဘူးပေါ့။ ဟိုရောက်မှ ဆန်အိတ်ကို ဖောက် လိုက်တော့မှ ဆန်တွေက ထက်ပိုင်းကျိုးနေတာကို တွေ့လိုက်ရတယ်။ ဒါပေမယ့် ဘာမှတော့ လုပ်လို့မရ ဘူးပေါ့။ ဒုက္ခသည်တွေက ကျွန်တော်တို့ကို ဆန်အကျိုး တွေ လှူတယ်ဆိုပြီး မေတ္တာပို့တာကိုတော့ ခံရဦးမှာပဲ"လို့ ပရဟိတအဖွဲ့တစ်ဖွဲ့ရဲ့ ညည်းတွား သံတွေကလည်း ညံညံစီနေပြန်ပါတယ်။

ကောလာဟလနဲ့ (၁၆)မိုင်
     မြန်မာပြည်သူတွေရဲ့ကြားမှာ ယုံကြည်မှုရပ်ဝန်းတစ်ခုကို ပြပါ ဆိုရင် ကောလာဟလရပ်ဝန်းကိုပဲ လက်ညှိုးထိုးပြရမှာပါ။ ကောလာ ဟလစကားတစ်ခွန်းကို အဟုတ်မှတ်ပြီး တစ်ဆင့်စကားတစ်ဆင့်နားနဲ့  ပြောလိုက်ကြ တာ မြန်မာပြည်အနှံ့သာမက နိုင်ငံရပ်ခြားအထိပါ ပျံ့နှံ့ သွားတဲ့အတွက် ကောလာဟလ စကားတစ်ခွန်းကို ယုံမိတဲ့အတွက် ဒုက္ခရောက်ရတဲ့မစူးစမ်းမဆင်ခြင်တဲ့ ယုန်သူငယ်ရဲ့အဖြစ်လို ဖြစ်ခဲ့ရ တာတွေလည်း အများကြီးရှိေ နပါသေး တယ်။ သတင်းတစ်ပုဒ်ထွက်ပေါ်လာခဲ့ပါတယ်။ ပြင်ဦးလွင်ကားလမ်း အတက် (၁၆)မိုင်ဂိတ်မှာ ဆန်ကားတွေ ကို ဖမ်းနေသတဲ့၊ မည်သူလွှင့် လိုက်သည့်သတင်းလည်းတော့မသိ။ ဖြစ်ရပ်ကတော့ အမှန်ပါ။ ဒါပေမယ့် ဖမ်းတယ်ဆိုတာကတော့ မဟုတ်၊ ဒီသတင်းက ဖေ့စ်ဘုတ်ပေါ်ကို ရောက်မလာလို့ တော်သေးသည်ဆို ရမည်။ ရပ်ကွက်ထဲ၊ ဈေးထဲမှာ တော့ ဆန်တွေဖမ်းနေတယ်ဆိုတဲ့သတင်းက တောမီးလောင်သလို ခဏလေးနဲ့ ပျံ့နှံ့သွား ပါတော့တယ်။ စာရေးသူရဲ့အစ်မက ဖုန်းဆက်ပြီး သတင်းပေးလာပါတယ်။ ဆန်ဝယ်ထားဦးတဲ့။ စာရေးသူလန့်သွား မိပါတယ်။ ဘာဖြစ်လို့လဲလို့ သူ့ကို ပြန်ပြီးမေးခွန်းထုတ်လိုက်မှ အဖြေကထွက်လာပါတယ်။ ပြင်ဦးလွင် အတက် (၁၆)မိုင်စစ်ဆေးရေးဂိတ်မှာ ဆန်ကားတွေ ဖမ်းနေတယ်။ အဲဒါကြောင့်ဆန်ဈေးတွေ တက်လိမ့် မယ်၊ ငါတောင် အခု ဆန်သုံးအိတ်မှာထားခဲ့တယ်။ မြတ်စွာဘုရားလို့ပဲ အော်ပစ်လိုက် ပါတယ်။ စာရေးသူ သူ့ကိုဖြေရှင်းဖို့ထက် ဒီသတင်းဟုတ်မဟုတ်ကိုပဲ အတည်ပြုရပါတော့မယ်။ ရုံးကိုရောက်တဲ့အချိန်မှာ  ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ရဲ့သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတော့မှပဲ ဒီသတင်းမှားနေတယ်လို့ အတည်ပြုလိုက်ပါတယ်။
     အစ်မဖြစ်သူကိုလည်း ဖုန်းဆက်ပြီး ဒီသတင်းမဟုတ်တဲ့ အကြောင်း၊ ဖမ်းတာမဟုတ်၊ ရေကြီးတဲ့ဒေသ တွေကို ဆန်ထောက်ပံ့ ပေးနိုင်အောင် ပြည်ပကိုပို့မယ့်ဆန်ကားတွေကို တားဆီးရတဲ့ အကြောင်း၊ ပြည်ပ ကို ဘယ်လိုေ နရာကနေပဲဖြစ်ဖြစ် ဆန်တင်ပို့ခြင်းကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားမယ်ဆိုတဲ့အကြောင်း ပြောပြ လိုက်ပါတယ်။ ဒါဆို ငါဆန်တွေ ဝယ်ထားတာ မှားပြီပေါ့။ အေး  ဟုတ် တယ်။ ကိုယ့်မိသားစု တစ်ချိန်မှာငတ်မှာစိုးလို့ ဝယ်တာ ထက် လောလောဆယ်မှာ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့အတွက် စဉ်းစားကြပါဦးလို့ စာရေးသူပြောလိုက်ရပါတယ်။ အကြီးနဲ့ အငယ် ဆိုပေမယ့် မည်သို့မျှ မတတ်နိုင်ပါ။ စာရေးသူရဲ့အစ်မလိုလူတွေ မြန်မာနိုင်ငံမှာ ဘယ်ေ လာက်တောင်များနေသလဲဆိုတာ စဉ်းစားလို့ မရနိုင်တော့ပါ။ မိမိတစ်ဦးတည်းရဲ့လောဘကြောင့် အခြေခံလူတန်းစားတွေ ကုန်ဈေးနှုန်းကြီးမြင့်မှု လှိုင်းတံပိုး ရိုက်ခတ်မှုဒဏ်ကို ခံစားကြရ တော့မှာပါ။ ဒါ့အပြင် ဝိသမလောဘ သမား စီးပွားရှာသူကုန်သည်များဟာ ဆန်ဈေးနှုန်း တည်ငြိမ်အောင်ထိန်းသိမ်းနေတာကို အခွင့် ကောင်းယူပြီး နေ့စဉ်ဆန်ကားတွေ ရာနဲ့ချီပြီး နယ်စပ်ကို တင်ပို့နေ တာကို သိရှိရတဲ့အတွက် ပြင်ဦးလွင် (၁၆)မိုင်စစ်ဆေးရေးဂိတ် ကနေ တားဆီးရတာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြော ကြားခဲ့ပါတယ်။ ခုလို မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်ခဲ့တဲ့သဘာဝဘေးအန္တရာယ် အခြေအနေများေ ကြာင့် မိုးစပါး အပါအဝင် မိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရတဲ့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရေဘေးသင့်ဒေသများအတွက် ဆန်ဈေးနှုန်းကို တစ်အိတ် ကျပ် ၁၇၅၀၀ နဲ့ရောင်းချပေးမယ်လို့ ကြေညာခဲ့ပါတ ယ်။
     ဒါပေမယ့်လည်း စီးပွားရှာစားသူဝိသမသမားတွေက အဲဒီ အချက်ကို အခွင့်ကောင်းယူပြီး ဆန်စပါး အသင်းချုပ်က တစ်အိတ်ကို ကျပ် ၁၇၅၀၀ ရောင်းချပေးမယ့်ဆန်ကို အလုအယက်ဝယ်ယူဖို့ စိုင်းပြင်းကြပါတယ်။ အသင်းချုပ် အနေနဲ့လည်း ဆန်ကို ရောင်းချသူ လက်ထဲကိုမထည့်ဘဲ ဝယ်ယူမယ့်ဆန်အိတ် ပမာဏရဲ့ငွေကိုသာပေးခဲ့ ဖို့နဲ့ ဆန်အိတ်များကို မိမိလှူချင်တဲ့ဒေသကိုပို့ပေးဖို့ စီစဉ်ပေးမယ်ဆို တဲ့အတွက်ကြောင့် ဝိသမသမားတွေရဲ့အစီအစဉ်ပျ က်ခဲ့ရပါတယ်။ ပရဟိတသမားတွေကတော့ ဆန်အိတ်ကို မရဘဲ ငွေကို ပေးခဲ့ရမယ် ဆိုတဲ့အတွက် မကျေနပ်တဲ့ပုံစံတွေနဲ့ ဝေဖန်သံတွေ ညံခဲ့ပြန်ပါတယ်။ ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့စဉ်က အိမ်ဆောက် ပစ္စည်းတွေရဲ့ဈေးနှုန်းတွေဟာ ပြောမရုံ ကြုံဖူးမှသိဆိုသလိုဖြစ်ခဲ့ရတာ ကို မေ့နိုင်မယ်မထင်သေးပါဘူး။ အဲဒီတုန်းက ဒုက္ခရောက်ခဲ့တဲ့ပြည်သူ တွေ အပေါ်မှာ အမြတ်ထုတ်ခဲ့တဲ့စီးပွားရေးသမားတွေကတော့ ခုအချိန်မှာလည်း ဒီရေလွှမ်းမိုးမှုကို အကြောင်းပြုပြီးစီးပွားရှာစား ကြဦးမှာဖြစ်ပါတယ်။ ခုချိန်မှာတော့ ရေလွှမ်းမိုးတဲ့ဒေသတွေမှာ ရေပြန်လည်ကျသွား ပြီဖြစ်တဲ့အတွက် ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို လုပ်ကိုင် ကြရတော့မှာဖြစ်ပါတယ်။ ပြန်လည်ထူထော င်ရေး လုပ်ငန်းတွေမှာလည်း ပြည်သူတွေလိုအပ်တဲ့ အိမ်ဆောက်ပစ္စည်းတွေအပေါ်မှာ စီးပွားရှာအမြတ်ထုတ်ကြဦးမှာကို မြင်ယောင် မိပါသေးတယ်။ အဲဒီကာလဟာ ပြည်သူတွေရဲ့   အဓိကကျတဲ့အချိန်ဖြစ်တာကြောင့် ရေ ဘေး သင့်ပြည်သူများ ပြန်လည်ထူထောင်ရေးမှာ အဲဒီပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးနဲ့အတူ ဝိသမ လောဘသမားတွေရဲ့  ကိုယ်ချင်းစာနာမှုမရှိတဲ့   စိတ်တွေကိုလည်း ပြုပြင်ပေးဖို့ လိုအပ်လှ ပါကြောင်း တင်ပြလိုက်ရပါတယ်။