Main menu

Background

တရားမဝင်ကုန်သွယ်မှုများ အခြေအနေ

Mon, 01/23/2017 - 12:31 -- journal_editor

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် စီးပွားရေး မူဝါဒများအား ပြုပြင်ပြောင်းလဲပြီး ဈေးကွက်စီးပွားရေးစနစ်အား အကောင်အထည်ဖော်ကာ ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ဆက်ဆံမှု များအား တိုးမြှင့်ခဲ့သည့် အပြင် နိုင်ငံပိုင် ကုန်သွယ်မှုလုပ်ငန်းများအား ပုဂ္ဂလိကကဏ္ဍသို့ လုပ်ကိုင်ခွင့်ပြုပေးခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ ၏ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ ကုန်သွယ်မှုပမာဏ များလည်း နှစ်စဉ်တိုးတက်လာခဲ့သည်။ ကုန်သွယ်မှုပြုရာတွင် နယ်စပ်ဖြတ်ကျော် ကုန်းကြောင်းကုန်သွယ်မှု၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် လေကြောင်းမှ ကုန်သွယ်မှုတို့ကိုပါ ခွင့်ပြုဆောင်ရွက် စေလျက် ရှိပါသည်။
တရားမဝင်ကုန်သွယ်မှုများ ပူးတွဲဆောင်ရွက်လာမှုအခြေအနေ
ပုဂ္ဂလိက ကုန်သွယ်မှုကဏ္ဍများ ဖွံ့ဖြိုးလာမှုနှင့်တစ်ပြိုင်တည်း တွင် တရားမဝင် ကုန်သွယ်မှုများ လည်း ဆောင်ရွက်လာကြသည်ကို တွေ့ရှိလာရပါသည်။ တရားမဝင်ကုန်သွယ်မှုဆိုရာတွင် တရားမဝင် လမ်းကြောင်းပေါ်မှ တရားမဝင်ဆောင်ရွက်မှုနှင့် တရားဝင်လမ်းကြောင်း ပေါ်မှ တရားမဝင်ဆောင်ရွက်မှုများပါ ပါဝင်ပါသည်။ နိုင်ငံတော် အနေဖြင့် တင်ပို့/တင်သွင်းရန် ကန့်သတ်တားမြစ်ထားသော ကုန် သွယ်ခွင့်ပြုမထားသည့် ပစ္စည်းအမယ် များအား တရားမဝင် တင်ပို့/တင်သွင်းခြင်းနှင့် တရားဝင်တင်သွင်း ခွင့်ပြုပေးထားသော်လည်း တရားဝင်လမ်းကြောင်းပေါ်မှ လိုအပ်သော ခွင့်ပြုချက်များရယူကာ နိုင်ငံတော်သို့ ကျသင့်အခွန်အကောက်များပေးဆောင်ခြင်းမပြုဘဲ တရားမဝင် တင်ပို့/တင်သွင်းခြင်း လုပ်ငန်းများဖြစ်ပါသည်။
တရားဝင်လမ်းကြောင်းပေါ်မှ တရားမဝင် ကုန်သွယ်မှုပြုကြရာ တွင် အကောက်ခွန်ဌာန၌ အမှန်ကြေညာထားသော သွင်းကုန်ပစ္စည်း အရေအတွက်ထက် ပိုမိုတင်ပို့/တင်သွင်းခြင်း၊ ကြေငြာထားသော သွင်းကုန်ပစ္စည်းအမျိုး အစား မဟုတ်ဘဲ အခြားပစ္စည်းများကို မမှန်မကန်တင်ပို့/တင်သွင်းခြင်း၊ အမှန် ရောင်းချ/ဝယ်ယူရသောဈေးနှုန်းများအတိုင်း ကြေညာ၍ အခွန်အခပေးဆောင်ခြင်းမပြုဘဲ အကောက်ခွန်ပေးဆောင်ရမှု လျှော့ချရန် အလို့ငှာ ပစ္စည်း တန်ဖိုး လျှော့ချကြေငြာခြင်း၊ တင်သွင်းသော ပစ္စည်း၏Brand /Model/ Type /Size စသည်တို့အား အမှန်ဖော်ပြခြင်းမရှိဘဲ ကွဲလွဲစွာကြေညာ တင်သွင်းခြင်းစသည့်နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိ သည်ကို တွေ့ ရှိရပါသည်။
တရားမဝင်ကုန်သွယ်မှု၏ ဆိုးကျိုးများ
တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ကြခြင်း ကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အကောက်များ အပြည့်အဝမရရှိဘဲ လျော့ကျစေခြင်း၊ နိုင်ငံတော်၏ ကုန်သွယ်မှု ပမာဏ လျော့ကျစေခြင်း၊ စားသုံး သူပြည်သူများအတွက် အကာ အကွယ်မဲ့စေခြင်း(စားသုံးရန်သင့်/မသင့်၊ ကျန်းမာ ရေးနှင့် ညီညွတ်မှု ရှိ/မရှိ၊ အဆင့်အတန်းမီ^မမီ စသည်ဖြင့် စစ်ဆေးခွင့်ပြုချက်မရှိခြင်း)၊ ဈေး ကွက်ယှဉ်ပြိုင်နိုင်မှုအားနည်းခြင်း (တရား မဝင် ဆောင် ရွက်သူ များက တရားဝင်လုပ်ငန်းတူဆောင်ရွက်သော အခြားစီးပွားရေး လုပ်ငန်းများထက် ဈေးနှုန်းလျှော့ချရောင်းချခြင်းကြောင့် တရားဝင် ဆောင်ရွက်သူများ အနေဖြင့် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှု အားနည်း လာခြင်း)၊ နိုင်ငံတော်အတွက် ကုန်သွယ်မှုကိန်းဂဏန်းများ မှန်ကန်မှု မရှိခြင်း၊ ကုန်သွယ်မှုလုပ်ငန်းများနှင့် ဆက်စပ်နေသော လုပ်ငန်း ဌာနများ၊ ဝန်ထမ်းများ၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် လာဘ်ေ ပး၊ လာဘ်ယူဆောင်ရွက်မှုများ ဖြစ်လာ ကာ အကျင့်ပျက်ခြစားမှုများဖြစ်ပေါ်စေခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်။
တရားမဝင်ကုန်သွယ်မှုဆောင်ရွက်နေသည့်နေရာများ
နိုင်ငံတော်အတွင်း ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုပေးထားသော ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း အားလုံးတွင် တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်လျက် ရှိနေကြောင်း တွေ့ရှိရပါသည်။ ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာသည့်အတွက် စစ်ဆေးရေးလုပ်ငန်းများကြောင့် နှောင့်နှေး ကြန့်ကြာမှုများ မရှိစေရေး ကုန်သွယ်မှု ဖြေလျော့မှုများ ဆောင်ရွက် ပေးလျက်ရှိသည်။ အကောက်ခွန်စစ်ဆေးရေးလုပ်ငန်းများတွငRisk Management စနစ်အရ စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိသော်လည်းတင်ပို့/တင်သွင်းမှု အားလုံးအား အသေးစိတ် စစ်ဆေးနိုင်ခြင်းမရှိ သည်ကို အခွင့် ကောင်း ရယူကာ နေရာတိုင်းတွင် မမှန်မကန်ဆောင် ရွက်မှုများ ရှိလာ ခဲ့ပါ သည်။
ယခင်က နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုလုပ်ငန်းများအတွက် အဓိက ဝင်/ထွက် လမ်းကြောင်း နေရာများဖြစ်သော မန္တလေး-မူဆယ်လမ်းကြောင်းတွင် သိန်းနီမြို့အနီး ရေပူစစ်ဆေးရေးဂိတ်နှင့် မြဝတီ- ရန်ကုန်လမ်းကြောင်းတွင် မရမ်းချောင်စစ်ဆေးရေးဂိတ်တို့ကို ဖွင့်လှစ်ပြီး အဖွဲ့စုံဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ ပါသည်။ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းများတွင် စစ်ဆေးရေးဂိတ်များကြောင့် ကုန်စည် စီးဆင်းမှု ကြန့်ကြာမှုများရှိလာသဖြင့် ကုန်စည် စီးဆင်းမှု လျင်မြန် စေရေးအတွက် ၎င်းစစ်ဆေးရေးဂိတ်များအား ဖျက်သိမ်းပေးခဲ့ပါ သည်။ လမ်းခရီးရှိကုန်ပစ္စည်းစစ်ဆေးရေးဂိတ်များအား ရုပ်သိမ်းပေး ခဲ့ပြီးနောက် နယ်စပ်ဖြတ်ကျော် တရားမဝင် ကုန်သွယ်မှုများလည်း များပြား လာခဲ့ပါ သည်။
တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဆောင်ရွက်မှုများ
တရားမဝင် ကုန်သွယ်မှုများ တားဆီးထိန်းချုပ်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေသော One Stop Services  အဖွဲ့ဝင်များက အဖွဲ့ဖြင့် ရှောင်တခင် တားဆီး စစ်ဆေး ဖမ်းဆီးခြင်းများ၊ ဒေသ အာဏာပိုင်အဖွဲ့အစည်းများ၏ ရှောင်တခင်စစ်ဆေး ဖမ်းဆီးမှုများအနေဖြင့် ၂၀၀၄-၂၀၀၅ ဘဏ္ဍာ နှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အထိ အကောက်ခွန်အမှုတွဲ ၁၁၄၅၇ မှု၊  (ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၄၇၀၀၀ ကျော်) အား သိမ်းဆည်း အရေးယူနိုင်ခဲ့ပြီး ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စေရေးအတွက် မရမ်းချောင်နှင့် ရေပူစစ်ဆေးရေးဂိတ်များအား ရုပ်သိမ်းခဲ့သည်။ ထို့ပြင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ (One Stop Services) အား ကုန်သွယ်ရေး ဦးစီးဌာန (ယခင်နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန)မှ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခြင်းမပြုတော့ဘဲ သက်ဆိုင်ရာဌာန အလိုက် သတ်မှတ်ထားသည့်လုပ်ထုံးလုပ်နည်း ဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။ သို့သော် တရားမဝင် ကုန်သွယ်မှုများ ကြောင့် ကုန်သွယ်မှုပမာဏ များကျဆင်းလာပြီး တရားဝင်လမ်းကြောင်း ပေါ်မှ ဆောင်ရွက်လျက်ရှိသော ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှုလျော့ နည်းလာမှုအပေါ်တိုင်ကြားမှု များ၊ နိုင်ငံတော်မှ တရားဝင်တင်သွင်းခွင့်ပြုမထားသော နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ စီးကရက်ကဲ့သို့သော ကန့်သတ်ကုန်ပစ္စည်းများ နိုင်ငံအနှံ့အပြားရှိ မြို့ကြီးများရှိ စတိုးဆိုင်များ၊ ကုန်တိုက်များ တွင် ပေါများစွာ ဝယ်ယူ ရ ရှိ နေခြင်း စသော တစ်စတစ်စ ကြီးထွားလာသည့် တရားမဝင် ကုန်သွယ်မှုများကြောင့် ထိရောက်စွာ တားဆီးရန်လိုအပ် လာသည့် အခြေအနေများ၊ ကုန်သွယ်မှုပမာဏကျဆင်းလာမှုများ၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန် အခများ အပြည့်အ၀ မရရှိ မှုများ၊ ကျန်းမာရေးနှင့်မကိုက်ညီသော စားသုံးရန်မသင့်သည့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်သွင်းမှုများပြားလာမှု အခြေအနေများ ကို တင်ပြခဲ့ရာ ဒုတိယသမ္မတက ]]သက်ဆိုင်သော ဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး/ပည်နယ်အစိုးရများနှင့် အစည်းအဝေးတစ်ရပ် ပြုလုပ်၍ ညှိနှိုင်းဆွေးနွေးအဖြေရှာ ဆောင်ရွက်ရန်}}လမ်းညွှန်ခဲ့ ပါသည်။၎င်း၏ညွှန်ကြားချက် အရ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီး /ပြည်နယ် အစိုးရ အဖွဲ့ များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ဒေသများတွင် တရားမဝင် ကုန်သွယ်မှုများလျော့နည်း ပပျောက်ရေး အလုပ်ရုံဆွေး နွေးပွဲများကျင်းပပြီး သက်ဆိုင်ရာ လုပ်ငန်း ရှင် များ၊ ဒေသခံပြည်သူလူ ထုများ၊ ဌာနဆိုင်ရာများ၏ အကြံပြုဆွေးနွေးချက်များအရ တရား မဝင်ကုန်သွယ်မှု တားဆီးရေးလုပ်ငန်းဆောင်ရွက်မည့် အခြေအနေ အား ကုန်သွယ်မှုတွင် အဓိက ကျသည့် ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ လားရှိုး၊ ဘားအံ၊ မော်လမြိုင်နှင့် မြဝတီတို့တွင် ကုန်သည် လုပ်ငန်းရှင် များ မီဒီယာများ၊ စိတ်ပါဝင်စားသူ ပြည်သူများနှင့် ကြိုတင်အသိပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ၂၁ ရက်တွင် ကျင်း ပပြုလုပ် သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္မမ ပုံမှန်အစည်းအဝေး၌ လှိုင်မြို့ နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်''ကတရား မဝင် ကုန်စည် များဝင်ရောက်နေမှုနှင့် တရားမဝင်ခိုးထုတ်နေမှု များ အား ပြည်ထောင်စုအဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်း၍ ဥပဒေနှင့် အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးပါရန်ဒ အဆိုအား ပြည်သူ့ လွှတ်တော်က အတည်ပြုပေးခဲ့ပါသည်။ ၎င်းင်းကိစ္စအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ၂၃ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ပါ ရန် သဝဏ်လွှာပေးပို့ခဲ့ပါသည်။
ကုန်သွယ်မှုပြုလုပ်သည့် ပင်လယ်ရေကြောင်း ၊ လေကြောင်း၊နယ်စပ်ကုန်သွယ်မှုစခန်းများနှင့် နေရာအသီးသီး၌ တရားမဝင် ကုန်သွယ်မှုများ ဆောင်ရွက်နေခြင်းကို စစ်ဆေးဖော်ထုတ်၍ ထိရောက်စွာ အရေး ယူဆောင်ရွက်နိုင် ရန်အတွက် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီကို နိုင်ငံတော် သမ္မတရုံးက ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် အမိန့် ကြော်ငြာ စာထုတ်ပြန်၍ ဖွဲ့စည်းပေးခဲ့သဖြင့် တရားမဝင်ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး  လုပ်ငန်းများအား  Mobile Team  အဖွဲ့များဖြင့် စတင် ဆောင်ရွက်ခဲ့ပါသည်။