Main menu

Background

တန်ဖိုးမြှင့်ပြောင်း ပိုမိုထုတ်လုပ်ပြီး ပြောင်းဈေးကွက်တိုးချဲ့ တင်ပို့နိုင်ဖို့

Tue, 01/02/2018 - 13:28 -- journal_editor

အစေ့ထုတ်ပြောင်းကို လွန်ခဲ့သော နှစ်ပေါင်းမြောက်များစွာက တည်းကပင် စတင်စိုက်ပျိုးခဲ့ကြရာ  မူရင်းဒေသမှာ မက္ကဆီကိုနိုင်ငံ ဖြစ်သည်။ သိပ္ပံနာမည်အားဖြင့် Zea Mays ဟုခေါ်ဆိုပြီး မြက်မျိုး ရင်း  Poaceae တွင် ပါဝင်ပါသည်။ ပြောင်းမျိုးများကို အခြေခံအားဖြင့် ထိပ်ချိုင့်မျိုး (Dent Corn)အစေ့မာမျိုး (Zlint Corn)၊ အဖူးစား မျိုး (Pod Corn)၊ ပေါက်ပေါက်ဖောက်သောမျိုး (Pop Corn)၊ အမှုန့် ကြိတ်သောမျိုး (Zlour Corn)နှင့် ပြောင်းချိုမျိုး(Sweet Corn)ဟူ၍ အမျိုးအစားခြောက်မျိုး ခွဲခြားလေ့ရှိသည်။ နည်းပညာတိုးတက်မှုနှင့် အတူစပ်မျိုးပြောင်း(Hybrid Corn)များ ထုတ်လုပ်စိုက်ပျိုးလာသကဲ့ သို့ ဇီဝအင်ဂျင်နီယာ (Genetic Engineering) နည်းပညာများ ထွန်း ကားလာသောအခါ မျိုးရိုးဗီဇပြုပြင်ထားသော ပြောင်းမျိုးများ (Genelically Modizied Organism – GMO) ထွက်ပေါ်လာခဲ့ပါ သည်။ ရေနံရှားပါးမှုပြဿနာများနှင့် ရင်ဆိုင်တွေ့ကြုံရသော ကာလ များတွင် အစားထိုးလောင်စာအဖြစ် ဇီဝလောင်စာဆီများစိုက်ပျိုးထုတ်လုပ်ရန် ကြိုးပမ်းလာကြသည့်အခါ အစေ့ထုတ်ပြောင်းမှာ အာရုံစိုက်ရသည့် သီးနှံတစ်ခုဖြစ်လာခဲ့ပေသည်။

အာဂျင်တီးနားနိုင်ငံသည် ပြောင်းဒုတိယအထွက်ဆုံး နိုင်ငံ ဖြစ်သကဲ့သို့ ပြောင်းအကြီးအကျယ်တင်ပို့သည့်နိုင်ငံဖြစ်ပြီး ဥရောပ တိုက်ရှိ ဒင်းညုမြစ်ဝှမ်းသည် ပြောင်းအကြီးအကျယ် စိုက်ပျိုးရာ ဒေသဖြစ်သည်။ အီတလီ၊ စပိန်နှင့် ပြင်သစ်နိုင်ငံတောင်ပိုင်းတို့၌လည်း အတော်အသင့်စိုက်ပျိုးကြပြီး အိန္ဒိယနှင့်အာဖရိက တောင် ပိုင်းတို့တွင် စိုက်ပျိုးကြသော်လည်း နိုင်ငံတွင်းစားသုံးရန်မျှသာ လုံ လောက်ပေသည်။  မြန်မာနိုင်ငံ၌ စိုက်ပျိုးသောပြောင်းမှာ နှစ်မျိုးနှစ်စားရှိပြီး တစ် မျိုးမှာ ဖက်ပြောင်း (သို့) အစေ့ထုတ်ပြောင်းဖြစ်၍ အခြားတစ်မျိုးမှာ စားပြောင်းဖြစ်ပါသည်။

ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

မြန်မာနိုင်ငံတွင်စိုက်ပျိုးသည့် ပြောင်းနှစ်မျိုးလုံးတွင် သက်တမ်း နှင့် မျိုးကိုလိုက်၍ မျိုးကွဲများစွာရှိသည်။ ပြောင်းသည် မြေသြဇာ ထက်သန်သော နုံးမြေများတွင် အထူးသန်စွမ်းဖြစ်ထွန်းသော ကြောင့်မြစ်ချောင်းဘေး ၌ တည်ရှိသော ချိုင့်ဝှမ်းတို့တွင် ပြောင်းခင်း တို့ကို အများအပြား တွေ့ရသည်။ သဲဆန်သောမြေတွင် စိုက်ပျိုး လျှင်မြေသြဇာထည့်ပေးရသည်။ အစေ့ထုတ်ပြောင်းသည် ရေစိမ့် ဝင်မှုအားကောင်း၍ ရေမဝပ်သောမြေ၊ နုံးမြေ၊ စနယ်မြေ၊ သဲနုံးမြေ၊ မြေနီ၊ စနယ်မြေနက်များတွင်ဖြစ်ထွန်းပါသည်။

                မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းစိုက် ဧရိယာ ဧက ၁ ဒသမ ၁၇ သန်းရှိပြီး ပြောင်းတင်းပေါင်း ၇၁ သန်းကျော် (မက်ထ ရစ်တန် ၁ ဒသမ ၇၈ သန်း) ထွက်ရှိကြောင်းသိရှိရပါသည်။ ရာသီ အလိုက် စိုက်ပျိုးမှုအခြေအနေမှာ မိုးရာသီတွင် ၈၈ ရာခိုင်နှုန်းနှင့် ဆောင်း ရာသီတွင် ၁၂ ရာခိုင်နှုန်းဖြစ်ပါသည်။ အစေ့ထုတ်ပြောင်းကို ပြည်နယ်^တိုင်းဒေသကြီးအားလုံးတွင်  စိုက်ပျိုးသော်လည်း ရှမ်းပြည်နယ်၊ စစ်ကိုင်းနှင့် မကွေး တိုင်းဒေသကြီးများတွင် အများဆုံး စိုက်ပျိုးလျက် ရှိပါသည်။မြန်မာနိုင်ငံအတွင်း အစေ့ထုတ်ပြောင်း စိုက်ပျိုးရာဒေသများမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင်  ရွှေဘိုခရိုင်အတွင်းရှိ  ကန့်ဘလူ၊  ကျွန်းလှ၊ တန့်ဆည်၊ ခင်ဦးမြို့ နယ်တို့တွင်လည်းကောင်း၊  လးတိုင်းဒေသကြီးတွင် ရမည်းသင်း၊ ပျဉ်းမနား၊ တပ်ကုန်းမြို့နယ်တို့တွင် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးတွင်  မကွေး၊ ပခုက္ကူ၊ မင်းဘူး၊ သရက်ခရိုင်အတွင်းရှိ မြို့နယ်တို့တွင်လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ဟင်္သာတနှင့် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်တို့တွင် လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ရပ်စောက်၊ ဆီဆိုင်၊ နမ့်စန်၊ ဖယ်ခုံ၊ ဟိုပုံး၊ ပင်းတယ၊ မိုးနဲမြို့နယ်တို့တွင် လည်း ကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုး၊ တန့်ယန်း၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ သိန္နီ၊ မိုင်းရယ်၊ ကွမ်းလုံ၊ နမ္မတူ၊ လောက်ကိုင်မြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်း ပြည်နယ် (အရှေ့ပိုင်း)တွင် မိုင်းယန်း၊ မိုင်းဆတ်မြို့နယ်တို့တွင် လည်းကောင်း၊       ကယားပြည်နယ် လွိုင်ကော်နှင့် ဒီမောဆိုမြို့နယ်တို့တွင် လည်း ကောင်း၊ ကရင်ပြည်နယ်အတွင်း မြဝတီမြို့နယ်တွင်လည်းကောင်း၊   ကချင်ပြည်နယ် ဗန်းမော်၊ မိုးမောက်၊ ရွှေကူနှင့် ဝိုင်းမော်မြို့နယ်တို့ တွင်လည်းကောင်း အများဆုံးစိုက်ပျိုးကြပါသည်။          မြန်မာနိုင်ငံ၌  ဒေသအသီးသီးတွင် ရာသီဥတုပေါ်မူတည်ပြီး ပြောင်းကို ဧပြီလနှင့်မေလတို့တွင် မြေပြုပြင်ပြီး မေလဒုတိယပတ်မှ ဇူလိုင်လ ဒုတိယပတ်အတွင်း အများဆုံးစိုက်ပျိုးကြပါသည်။ ရေ ဆင်းစပ်မျိုး(၂)ပြောင်းစေ့မှာ အဝါရောင်ဖြစ်ပြီး တစ်ဧကအထွက် နှုန်း ၉၅^၁၀၀ တင်း၊ သက်တမ်းမှာ ၉၀^၉၅ ရက် ဖြစ်ကြောင်း၊ ရေဆင်းစပ်မျိုး (၃)ပြောင်းစေ့ မှာ လိမ္မော်ေ ရာင် ဖြစ်ပြီးတစ်ဧက အထွက်နှုန်း ၁၀၀/၁၁၀ တင်း၊ သက်တမ်းမှာ ၁၀၀/၁၀၅ ရက်နှင့် ၁၁၅^၁၂၀ ရက်ဖြစ်ကြောင်း၊ ရေဆင်းစပ်မျိုး(၄)ပြောင်းစေ့မှာ အဝါ ရောင်ဖြစ်ပြီး တစ်ဧက အထွက်နှုန်း ၈၅/၉၀ တင်း၊ သက်တမ်း မှာ ၉၀/၉၅ ရက်ဖြစ်ကြောင်း၊ ရေဆင်းစပ်မျိုး (၅) ပြောင်းစေ့မှာ လိမ္မော်ရောင်ဖြစ်ပြီး တစ်ဧကအထွက်နှုန်း ၁၀၀/၁၀၅ တင်း၊ သက် တမ်းမှာ ၁၀၀/၁၀၅ ရက်နှင့် ၁၁၅/၁၂၀ ရက်ဖြစ်ကြောင်း သိရ သည်။ စိုက်ပျိုး ထုတ်လုပ်သူများသည် အထွက်နှုန်းကောင်းသည့် ရေဆင်းစပ်မျိုး(၃)နှင့် ရေဆင်းစပ်မျိုး (၅) တို့ကို ဦးစားပေးရွေးချယ် ပြီး စိုက်ပျိုးလျက်ရှိသည်။ ဖက်အတွက်စိုက်ပျိုးသည့် ဖက်ပြောင်း၊ အဖူးကို စားသုံးရန်ရည်ရွယ်သည့် ဖူးစားပြောင်းစိုက်ပျိုးကြသော် လည်း အစေ့အတွက်  အများဆုံးစိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် ဒေသအလိုက် အထွက်ကောင်းမျိုးများနှင့်  ရေဆင်းစပ်မျိုးများကို စိုက်ပျိုးကြပါသည်။ ရေဆင်းစပ်မျိုးများမှာ  ရေဆင်း စပ်မျိုး(၂)၊ ရေဆင်းစပ်မျိုး(၃)၊ ရေဆင်းစပ်မျိုး(၄)၊ ရေဆင်းစပ်မျိုး (၅) တို့ ဖြစ် ကြပါသည်။ ရေဆင်းစပ်မျိုးများကို ဒေသအလိုက် မြေပြန့်၊ တောင် ပေါ်နှစ်မျိုးစလုံး၌ စိုက်ပျိုးနိုင်ကြပါသည်။  တောင်ပေါ်ဒေသတွင် ဧကရီ၊ ရေဆင်းစပ်မျိုး (၃)၊ ရေဆင်းစပ်မျိုး (၅)နှင့် နိုင်ငံတော်မျိုးစေ့ ကော်မတီမှထောက်ခံထားသော နိုင်ငံခြား မျိုးများကို စိုက်ပျိုးကြပါ သည်။ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင်  P(888)OPVမျိုး၊ ဧကရီမျိုး၊ ဒေသမျိုး၊ 999 မျိုး၊ 898 မျိုး၊ ရေဆင်း (၃) Hybrid မျိုးနှင့် @@@ မျိုးများအပြင်လိုအပ်ပါက မူရင်းမျိုးမှ စိုက်ပျိုးထွက် ရှိသောမျိုး (ဒုတိယမျိုးဟုခေါ်) များကိုလည်း စိုက်ပျိုးကြပါသည်။

ထုတ်လုပ်တင်ပို့မှုနှင့် ဈေးကွက်အလားအလာ

                မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ပြောင်းများကို တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ စင်္ကာပူ၊ မလေးရှားနှင့် ဟောင်ကောင်ဈေးကွက်စသည့် နိုင်ငံပေါင်း ကိုးနိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး တင်ပို့မှု၏ ၉၈ ရာခိုင်နှုန်း ကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံသို့ နယ်စပ် ကုန်သွယ်မှုဖြင့် အဓိကတင်ပို့ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ပြောင်းဖူးစေ့များတွင် အဓိကအားဖြင့် ရှမ်းပြည် မြောက်ပိုင်းဒေသ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ ပြင်ဦးလွင်စသည့်ဒေသများမှ ပြောင်းများကို မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်ပြည်၊ ယူနန်ပြည်နယ်သို့ တင်ပို့ ရောင်းချလျက်ရှိပါသည်။ တရုတ်နိုင်ငံမှပြောင်း ဝယ်လိုအားမှာ တစ် နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်လာကြောင်းတွေ့ရှိရပါသည်။  တရုတ် နိုင်ငံ၊ လင်းချန်ပြည်နယ်တွင် ဝက်မွေးမြူရေးလုပ်ငန်းများ၊ တယ် ဟုန်တိုင်းတွင် အဖျော်ယမကာလုပ်ငန်းများရှိသဖြင့် မြန်မာ့ပြောင်း များကို ပိုမိုတင်ပို့ရောင်း ချနိုင်ေ ရးအတွက် တိုးမြှင့်ထုတ်လုပ်ဆောင် ရွက်သင့်ပါသည်။နယ်စပ်မှ ပြောင်းတင်ပို့မှုနှင့်ပတ်သက်၍ ပြောင်းအများဆုံး ဝယ်ယူသည့်  တရုတ်နိုင်ငံအနေဖြင့်  ယခင်က ပြောင်းမှတစ်ဆင့် မက်သနောထုတ်လုပ်ရန် စီစဉ်ထားရှိေ သာ် လည်း ကမ္ဘာ့ရေနံ ဈေး ကွက်ကျဆင်းလာသည့်အတွက် မက်သနောထုတ်လုပ်မှု လျော့နည်း သွားသဖြင့် ယူနန်ပြည်နယ်၏ ပြောင်းဝယ်လိုအား ကျဆင်းခဲ့ကာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံတွင် ပြောင်းဈေး ကွက် ကျဆင်းလာကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံ၏ ပြောင်းဈေး ကွက်အရ ဘိန်းအစားထိုး သီးနှံဖြစ်သဖြင့်  မြန်မာနိုင်ငံ အနေဖြင့် ပြောင်းများကို ဆက်လက်တင်ပို့ရောင်းချနိုင်ရေးအတွက် တရုတ် နိုင်ငံမှ ခွင့်ပြုထားေ သာ တင်သွင်းခွင့် ျှကသအေ တိုးမြှင့်ရရှိရေး၊ ကောက်ခံသည့်အခွန်နှုန်းထားများ လျှော့ချပေးရေး၊ မူဝါဒပိုင်း ဆိုင်ရာ ညှိနှိုင်းရမည့်ကိစ္စရပ်များ၊ ပြောင်းဈေးကွက် ရောင်းဝယ်မှု အခြေအနေ၊ လက်ရှိမြေပြင်အခြေအနေတို့အပေါ် ဆောင်ရွက်နိုင် မည့်အခြေအနေ၊ အလားအလာများအား သက်ဆိုင်ရာဌာနများက ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပြောင်းကိုပြည်တွင်းစားသုံးမှုထက် နှစ်စဉ် ပိုလျှံစွာ ထုတ်လုပ်နိုင်ခဲ့ပြီး ပြည်ပ တင်ပို့မှုတွင်လည်း အာဆီယံ ဒေသအတွင်းနိုင်ငံပေါင်း ၁၀ နိုင်ငံအနက် ဒုတိယအများဆုံးတင်ပို့ နိုင်သော နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါသည်။ ပြည်တွင်း၌ထုတ် လုပ်လျက်ရှိသော ယမကာများအနက် ပိုလျှံသော ယမကာ များအား ပြည်ပသို့အပြည့်အ၀ တင်ပို့နိုင်ရေးအတွက် နယ်စပ်ကုန်သွယ်ရေး သာမက ပင်လယ်ရေကြောင်းမှပါတင်ပို့၍ ပြည်ပဝင်ငွေ တိုးမြှင့်ရှာ ဖွေသင့်ပေသည်။

ဘဏ္ဍာနှစ်အလိုက်အစေ့ထုတ်ပြောင်းတင်ပို့မှုမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

အစေ့ထုတ်ပြောင်းဖူးစေ့ကို သရေစာအဖြစ် ပြောင်းဖူးပေါက် ပေါက်အဖြစ်လည်းကောင်း၊ တိရစ္ဆာန် အစားအစာအဖြစ်လည်း ကောင်း၊ ကုန်ကြမ်းအတိုင်းပြည်ပသို့ တင်ပို့ခြင်းဖြင့်လည်းကောင်း၊ ဠေူကန ဗိနိ (တန်ဖိုးမြင့် ထုတ်ကုန်) ပြုလုပ်ခြင်းဖြင့်လည်းကောင်း (ဥပမာ-ပြောင်းဖူးဆီ၊ ပြောင်းဖူးမှုန့်၊ ကော်ဖီ၊ အီသနော၊ ငြသ်ကနူ၊ အချိုရည်၊ သကြားရည်၊ အရက်ချက်လုပ်ခြင်း၊ စည်သွတ်ဘူးများပြု လုပ်ခြင်း) အသုံးပြုနိုင်ကြပါသည်။              

တရုတ်နိုင်ငံက ပြောင်းဝယ်ယူမှုနှင့် အနာဂတ်တွင် ပြောင်းလိုအပ် ချက်များခန့်မှန်းခြင်း

                တရုတ်နိုင်ငံအနေဖြင့် တစ်နှစ်လျှင် ပြောင်းတန်ချိန် သန်း ၂၀ ကို နှစ်စဉ်တင်သွင်းလျက်ရှိရာ လက်ရှိတင်သွင်းသည်ထက်ခြောက် ဆကျော် ပိုမိုမြင့်တက်လာနိုင်ကြောင်း ဈေးကွက်လေ့လာဆန်းစစ် သူများက ခန့်မှန်းထားသည်။ ၂၀၂၀ ပြည့်နှစ်အရောက်တွင်  ကမ္ဘာ့ အကြီးဆုံး ကားဈေးကွက်၌ အီသနော ၁၀ ရာခိုင်နှုန်းပါဝင်သော န၁၀ လောင်စာဆီကို သုံးစွဲသွားရန် တရုတ်နိုင်ငံက ရည်ရွယ်ထား ကြောင်းကို တရုတ်နိုင်ငံ ပိုင်မီဒီယာ များတွင် ဖော်ပြထားသည်။ အီသ နော ၁၀ ရာခိုင်နှုန်း ပါဝင်သော န၁၀ လောင်စာဆီသုံးစွဲရန် စီမံ ကိန်းကို အကောင်အထည်ဖော်သည့်အချိန်၌ အီသနော တန်ချိန် ၁၅ သန်း(သို့မဟုတ်) ပြောင်းတန်ချိန် ၄၅ သန်းလိုအပ် မည်ဖြစ်ကြောင်း၊ တရုတ်အစိုးရအနေဖြင့် ပြောင်းလက်ကျန်များကို တိုးမြှင့်အသုံးပြု နိုင်ရန်အတွက် စီမံချက်အမျိုးမျိုးဖြင့် ဖော်ဆောင်ခဲ့သဖြင့် ယခုအခါ တွင် ပြောင်းပမာဏ အများအပြားကို သုံးစွဲထားပြီးဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက  တွက်ချက်ထားသည်။

                တရုတ်နိုင်ငံအနှံ့အပြားရှိ ဒေသများတွင် ပြောင်းကို လောင်စာ ဆီထုတ်လုပ်သည့် လုပ်ငန်းများတွင် အသုံးပြုခဲ့သဖြင့် တိရစ္ဆာန် အစာများရှားပါးလာနိုင်ကြောင်း၊ တရုတ်နိုင်ငံတောင်ပိုင်း ဒေသတွင် ပြောင်းနှင့် ပတ်သက်၍ အခြေအနေဆိုးနေကြောင်း၊ ပြောင်းလိုအပ် ချက်ကို အမြဲဖြည့်ဆည်းနိုင်ရန် တင်သွင်းနေရမှာဖြစ်ကြောင်း၊ လက် ရှိအချိန်တွင် တရုတ်နိုင်ငံ  အရှေ့မြောက်ပိုင်းဒေသများသို့ ပြောင်း တင်ပို့လျက်ရှိရာ တစ်နှစ်လျှင် တန်ချိန်သန်း ၅၀ မှ သန်း ၆၀ အထိ တင်ပို့နေသော်လည်း နောင် သုံးနှစ်မှ ငါးနှစ်အကြာတွင် တန်ချိန် သန်း ၃၀ လောက်သာ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း၊  တရုတ် နိုင်ငံသည် ပြောင်းရိတ်သိမ်းချိန်တွင် ဈေးကွက်လိုအပ် ချက်ကို ဖြည့် တင်းနိုင်ရေးအတွက် တစ်နှစ်လျှင်ပြောင်းတန်ချိန် ၁၀ သန်းမှသန်း ၂၀ အထိ တင်သွင်းရမည်ဖြစ်ကြောင်းကို  ှ့မေါ့ ဲဃ ှုညနအူူငါနညခန ဃသ.ယူအိမှ ပြောင်းဈေးကွက် အကြီးတန်းစစ်ဆေးရေးမှူး ချယ်ရီဇင်း က ပြောကြားခဲ့ပါသည်။

                ပြောင်းကို မိမိဘက်မှတရားဝင်တင်ပို့သော်လည်း တစ်ဖက်ကုန် သည်များမှ အခွန်ရှောင်တင်သွင်းမှုများရှိကြောင်း၊ ဘိန်းအစား ထိုးသီးနှံအနေဖြင့် ကိုတာစနစ်ဖြင့် ခွင့်ပြုထားသော်လည်း ကိုတာ သတ်မှတ် ချက်ပြည့် ပါက အခွန်အနေဖြင့် ၆၅ ရာခိုင်နှုန်းအထိ ကောက်ခံကြောင်း၊ အခွန်နှုန်းမြင့်မားစွာ ကောက်ခြင်းမှာ တရုတ် နိုင်ငံမှ ပြောင်းစိုက်ပျိုးသူတောင်သူများအား အကာအကွယ်ပေးထား ခြင်းဖြစ်ပါသည်။

                တရုတ်နိုင်ငံသည် ပြောင်းရိတ်သိမ်းချိန်တွင် ဈေးကွက်လိုအပ် ချက် ဖြည့်တင်းနိုင်ရေးအတွက် ပြောင်းတန်ချိန် ၁၀ သန်းမှ သန်း ၂၀ အထိ တင်သွင်းရမည်ဖြစ်ပြီး ၂၀၁၇-၂၀၁၈ သီးနှံ ရာသီတွင် ပြောင်းတန်ချိန် ၁ ဒသမ ၅သန်း တင်သွင်းရမည်ဟုလည်းကောင်း၊  တရုတ်နိုင်ငံတွင် အီသနော လောင်စာဆီလိုအပ်ချက် များပြားလာ၍ ပြောင်းပိုမိုတင်သွင်းလာနိုင်ပြီး တစ်နှစ်လျှင် ပြောင်းတန်ချိန် ၁ ဒသမ ၅သန်း တင်သွင်းမည်ဟု လည်းေ ကာင်း ခန့်မှန်းထားကြောင်း တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။

လက်ရှိအချိန်တွင် ပြောင်းကို လောင်စာဆီထုတ်လုပ်သည့်လုပ် ငန်းများတွင် အသုံးပြုခဲ့သဖြင့် တိရစ္ဆာန်အစားအစာများ ရှားပါး လာခဲ့ပါသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံ၏ ပြောင်းစားသုံးမှုပမာဏမှာ ၈ ဒသမ ၄ ရာခိုင်နှုန်း တိုးလာနိုင်ဖွယ် ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသားသီးနှံနှင့် ဆီထွက်ပြန်ကြားရေး စင်တာကခန့်မှန်းထားပါသည်။ တရုတ်နိုင်ငံတွင် ှှီုဃ ငြသအနခ့ ှုညလနျအာနညအ ဃသ.ယူအိ အနေဖြင့် ၂၀၁၈ခုနှစ်၊ သြဂုတ်လအတွင်း အီသနောထုတ်လုပ်ရေးစက်ရုံကို ူငဖသညငညါ ပြည်နယ်တွင် စတင် ဖွင့်လှစ်မည်ဖြစ်၍ တရုတ်နိုင်ငံ၏ ပြောင်းလိုအပ်ချက်မှာ ပိုမိုတိုး တက်လာမည်ဖြစ်သည်။

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ပြောင်းတင်ပို့မှုအခြေအနေ

                တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ပြောင်းတင်ပို့မှုနှင့်ပတ်သက်၍ ကိုတာစနစ်ဖြင့် သတ်မှတ်ထားရာ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်အတွက်  တန်ချိန် ၁၆၀၀၀ တန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအတွက် တန်ချိန် ၁၀၀၀၀ ခွင့်ပြုထားကြောင်း သိရှိရပါသည်။ စုစုပေါင်းတန်ချိန် ၂၆၀၀၀ သာ တင်ပို့ခွင့်ရှိပြီး တင်ပို့ပြီးစာရင်းမှာ တန် ၂၀၀၀၀၀ ဖြစ်သည်။ ကိုတာ စနစ်မှာ တရုတ်နိုင်ငံ၏ ွ အသ ွ စနစ် တရားဝင်ခွင့်ပြုချက်ဖြစ်ပြီး တရုတ်နိုင်ငံ၏ လိုအပ်ချက်ပမာဏ များပြားသည်ကို အခြားနိုင်ငံများ သိရှိမည်ကို စိုးရိမ်ခြင်း၊ ပြည်တွင်းထုတ်လုပ်မှုများ လျော့နည်းသွားနိုင် ခြင်းနှင့် ဈေးနှုန်းမြင့်တက်လာနိုင်ခြင်းတို့ကြောင့် ကိုတာအရေ အတွက်အား တန်ချိန် ၂၆၀၀၀ သာ ခွင့်ပြုထားခြင်းဖြစ်သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စုစုပေါင်းတန်ချိန် ၁၁၈၈၄၃၇ တန် တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာသန်းပေါင်း ၃၀၅ ဒသမ၀၉၁ သန်း ဝင်ငွေရရှိခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်း တန် ချိန် ၁၂၉၅၀၆၀ တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာသန်းပေါင်း ၂၅၃ ဒသမ ၀၆၃ သန်း ဝင်ငွေရရှိခဲ့ပါသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့၍ ထိုင်း၊ စင်္ကာပူ၊ မလေးရှားနိုင်ငံ များသို့လည်း တင်ပို့နိုင်ခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တွင် အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ တရုတ်(တိုင်ပေ)၊ ဟောင်ကောင်၊ အာရပ်စော်ဘွားများနိုင်ငံ၊ ပါကစ္စတန်နိုင်ငံများသို့ပါ ဈေးကွက်တိုးချဲ့တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

                ပြောင်းကို နယ်စပ်စခန်းများမှသာ အများဆုံးတင်ပို့ခဲ့ပြီး ပင် လယ်ရေကြောင်းမှ အနည်းငယ်သာ တင်ပို့နိုင်ခဲ့ပါသည်။ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၁ ရက်အထိ ပင်လယ်ရေကြောင်းမှ ၃၅၄၆၁ တန်နှင့် နယ်စပ်မှ ၈၀၈၉၇၂ တန် တင်ပို့ထားပြီး စုစုပေါင်း ၈၄၄၄၃၃ တန်တင်ပို့ခဲ့ရာ အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၀၅၅ သန်းရရှိပြီး ဖြစ်ပါသည်။

                အစေ့ထုတ်ပြောင်း  ထုတ်လုပ်မှု အများဆုံးနိုင်ငံ ၁၀ နိုင်ငံမှာ အမေရိကန်         နိုင်ငံမှ မက်ထရစ်တန် ၃၇၇ ဒသမ ၅ သန်း၊ တရုတ် နိုင်ငံမှ မက်ထရစ်တန်       ၂၂၄ ဒသမ ၉ သန်း၊ ဘရာဇီးနိုင်ငံမှ မက် ထရစ်တန် ၈၃ ဒသမ သုည သန်း၊ အိန္ဒိယနိုင်ငံမှ မက်ထရစ်တန် ၄၂ ဒသမ ၃ သန်း၊ အာဂျင်တီးနားနိုင်ငံမှ မက်ထရစ် တန် ၄၀ ဒသမ သုည သန်း၊ ယူကရိန်းနိုင်ငံမှ မက်ထရစ်တန် ၃၉ ဒသမ၂ သန်း၊ မက္ကဆီကိုနိုင်ငံမှ မက်ထရစ်တန် ၃၂ ဒသမ ၆ သန်း၊ အင်ဒို နီးရှားနိုင်ငံမှ မက်ထရစ်တန် ၁၉ ဒသမ သုည သန်း၊ ပြင်သစ်နိုင်ငံမှ မက်ထရစ်တန် ၁၇ ဒသမ ၁ သန်း၊ တောင်အာဖရိကနိုင်ငံမှ မက် ထရစ်တန်၁၅ ဒသမ ၅ သန်းတို့ဖြစ်သည်။ အစေ့ထုတ်ပြောင်းကို အများဆုံးစားသုံးသည့်နိုင်ငံ ၁၀ နိုင်ငံမှာ အမေရိကန်နိုင်ငံမှ မက် ထရစ်တန် ၃၀၀ ဒသမ ၈၇၇ သန်း၊ တရုတ်နိုင်ငံမှ မက်ထရစ်တန်၂၁၆ ဒသမ သုည သန်း၊ ဥရောပ နိုင်ငံများမှ မက်ထရစ်တန် ၇၈ ဒသမ ၅ သန်း၊ ဘရာဇီးနိုင်ငံမှ မက်ထရစ်တန် ၅၆ ဒသမ ၅ သန်း၊ မက္ကဆီကိုနိုင်ငံမှ မက်ထရစ်တန် ၃၃ ဒသမ ၅ သန်း၊ အိန္ဒိယနိုင်ငံမှ မက်ထရစ်တန်၂၀ ဒသမ သုည သန်း၊  ဂျပန်မှ မက်ထရစ်တန် ၁၅  ဒသမ ၄ သန်း၊ အီဂျစ်နိုင်ငံမှ မက်ထရစ်တန် ၁၃ ဒသမ၉ သန်း၊ ကနေဒါနိုင်ငံမှမက်ထရစ်တန် ၁၂ ဒသမ ၉ သန်း၊ အင်ဒိုနီးရှားနိုင်ငံမှ မက်ထရစ်တန် ၁၂ ဒသမ ၂ သန်း တို့ဖြစ်ပါသည်။

အစေ့ထုတ်ပြောင်း အများဆုံးတင်ပို့သည့် နိုင်ငံများမှာ အမေ ရိကန်၊ အာဂျင်တီးနား၊ ဘရာဇီး၊ ယူကရိန်း၊ ပြင်သစ်၊ ရုရှား၊ ရိုမေး နီးယား၊ ဟန်ဂေရီ    ၊ မက္ကဆီကို၊ ဆားဗီးယား၊ ပါရာဂွေး၊ တောင် အာဖရိက၊ ကနေဒါ၊ ဘူလ်ဂေးရီးယားနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပါသည်။

အစေ့ထုတ်ပြောင်း အများဆုံးတင်သွင်းသည့်  နိုင်ငံများမှာ ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊  မက္ကဆီကိုနိုင်ငံ၊ ချက်နိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ စပိန်              နိုင်ငံ၊ တရုတ်နိုင်ငံ၊ နယ်သာလန်နိုင်ငံနှင့် ကိုလံဘီယာနိုင်ငံတို့ဖြစ်ပါသည်။

တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်ခြင်း (ဠေူကန ဗိနိ)

                ပြောင်းကိုပြည်တွင်း၌ သာမန် ချက်ပြုတ်စားသောက်ခြင်း၊  သာမာန်တိရစ္ဆာန်အစားအစာအတွက်အသုံးပြုခြင်းအပြင်  ပြည်ပမှသွင်းကုန်အစားထိုးဖြစ်သည့် ပြောင်းဖူးချိုချဉ်၊ ပြောင်းဖူးကော်မှုန့်၊   ပြောင်းဖူး ဆီ (စားသုံးဆီ)၊ ပြောင်းဖူးဝေဖာချောင်း၊ ပြောင်းဖူးဖြင့် ပြုလုပ်ထားသော တာရှည်ခံမှုန့် အမျိုးမျိုး၊   ကြက်၊ ဘဲ၊ ဝက်၊ ကျွဲ၊ နွား စသည့်မွေးမြူရေးတိရစ္ဆာန်အစားအစာများ၊ ပြောင်းဖူးကွေကာ အုပ်၊ ပြောင်းဖူးပေါက်ပေါက်၊ ပေါက်ပေါက်ဆုပ်များ ပြုလုပ်ပြီး ထုတ် လုပ်တင်ပို့ရမည်ဖြစ်သည်။

                ပြည်ပနိုင်ငံများတွင်မူ ပြောင်းမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ပြု လုပ်လျက်ရှိရာ ပြောင်းဖူးဆီ(စားသုံးဆီ)၊ ပြောင်းဖူးကစီမှုန့်၊ ပြောင်း ဖူးဂလူးကိုစ့်(အမှုန့်)၊ ပြောင်းဖူးဂလူးကိုစ့် (အရည်)၊ ပြောင်းဖူး အမျှင်၊  ပြောင်း ဖူးဖြင့်ပြုလုပ်သော  တစ်ဆင့်မြင့်အရည်၊  အဆင့်မြင့် သကြားတစ်မျိုး ပြောင်းဖူးရည်၊ အီသနောလောင်စာ၊ အရက်ချက် လုပ်ခြင်း၊ စည်သွတ်ဘူး၊ ကော်ဖီတို့ကို ပြုလုပ်လျက်ရှိကြောင်း သိရ သည်။

ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်ချက်များ

                မြန်မာနိုင်ငံသည် စိုက်ပျိုးမည့်မြေဧက ပေါများသည့် နိုင်ငံဖြစ် သည့်အတွက် ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး ပြောင်းစိုက်ပျိုးရန် နှစ်တိုနှစ်ရှည်စီမံကိန်းများချမှတ်၍ ရင်းနှီးမြှုပ်နှံ ရန်လို အပ်ပါသည်။ ရင်းနှီးမြှုပ်နှံရာတွင် တွေ့ကြုံရမည့် ငွေကြေး၊ နည်းပညာများ လိုအပ်ခြင်းနှင့်ဆင့်ပွားသင်တန်းပေးခြင်း၊  အခြေခံ အဆောက်အဦ လိုအပ်ချက်များ၊ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း များ၊ ရိတ်သိမ်းချိန်လွန် နည်းပညာ  သုတေသနလုပ်ငန်းများ၊ ရာသီအလိုက်သာ ထုတ်လုပ်နိုင်ပြီး တစ်နှစ်ပတ်လုံးမထုတ်လုပ်နိုင် ခြင်း၊ ပိုးမွှားအန္တရာယ်ကာကွယ်ရေးနှင့် သိုလှောင်ထိန်းသိမ်း နည်း စနစ်၊ တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်ခြင်း၊ နိုင်ငံခြားသားများနှင့်ဖက်စပ် လုပ်ကိုင်ရန်အတွက် စိုက်ပျိုးမြေငှားရမ်းခြင်း၊ သွင်းအားစုများကို ဈေးနှုန်းချိုသာစွာဖြင့်ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ပုဂ္ဂလိကကဏ္ဍ ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ှနြ လုပ်ငန်းများကို တွင်တွင်ကျယ်ကျယ်ဖြစ်အောင် ဆောင်ရွက်ပေးခြင်း၊  ဖြေလျော့ပေးသင့်သည့် ဥပဒေများကို ဖြေလျော့ပေးခြင်း၊ မိမိနိုင်ငံ ဘက်ခြမ်းတွင် အဆင့်မြင့်သိုလှောင်ရုံများဆောက်ပေးခြင်း (နယ်စပ် တင်ပို့မှုအတွက်)၊ ရေဆိပ်များတွင် အဆင့်မြင့်သိုလှောင်ရုံများ ဆောက်ပေးခြင်း (ပင်လယ်ရေကြောင်း)၊ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုမှ စ၍ နိုင်ငံတကာဈေးကွက်တွင် ခိုင်မာသည့်နေရာရရှိသည်အထိ နိုင်ငံတော်အဆင့်မှ သက်ဆိုင်ရာဝန်ကြီးဌာနများ  ပေါင်းစပ်၍ စီမံ ချက်ချမှတ်ဆောင်ရွက်ရန် လိုအပ်ခြင်း စသည့် အခက်အခဲများကို ဖြေရှင်း ပေးရမည်ဖြစ်သည်။

ပြောင်း စိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံတကာ အဆင့်မီ ပြောင်းမျိုးများအား စမ်းသပ်ထုတ်လုပ်ခြင်း၊ ပြောင်းကို ဠေူကန ဗိနိ ပြုလုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန်အတွက် ပြည်တွင်းရှိ လုပ်ငန်းရှင်များအား လိုအပ်သော အကူအညီများပေးခြင်း၊ ငွေ ကြေးဆိုင်ရာကဏ္ဍများတွင် ကူညီပံ့ပိုးပေးခြင်း၊ ရေတိုရေရှည်စီမံ ကိန်းများချမှတ်၍ နိုင်ငံတကာအဆင့်မီ ပြောင်းမျိုးများအား တိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိုး ထုတ် လုပ်နိုင်ရေးအတွက် နည်းပညာများ၊ သွင်းအားစုများပံ့ပိုးပေးနိုင် ရေး၊ ပြည်ပနိုင်ငံများမှ ဝယ်လက်များ၏အခြေအနေ၊ စားသုံးမှုပုံစံ တို့ကို သတင်းအချက်အလက်ရယူရေးစသည့် အချက်များကို လုပ် ဆောင်ပေးမှ သာလျှင် တန်ဖိုးမြှင့်ပြောင်း ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်  သကဲ့သို့ မြန်မာ့ပြောင်းကိုလည်း ပြည်ပဈေးကွက်အသီးသီးသို့ တိုး ချဲ့တင်ပို့နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။