Main menu

Background

Sunday, 13 Mar 2011

 ရေငန်ပုစွန် စံနမူနာပြ မွေးရန် စစ်တွေ-မင်းချောင်းမှာ စီစဉ်နေ            ရန်ကုန်ဘက်မှ ရေချိုငါး၊ ငါးမြစ်ခြင်း၊ ငါးခေါင်းပွတို့ကို စစ်တွေမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နေပြီး စစ်တွေဒေသမှ ငါးစုံလေးခြောက်၊ ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက်တို့ တင်ပို့လျက်ရှိပါတယ်။ ယခုအခါ ရေငန်ပုစွန်ကျား ပိုမိုတင်ပို့နိုင် လျက်ရှိပြီး ရေငန်ပုစွန်ထုတ်လုပ်သူများနဲ့ သက်ဆိုင်ရာဌာနများရဲ့ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ရလဒ်တစ်ခုပဲဖြစ်တယ်လို့ သိရပါတယ်။            ဧရာဝတီဒေသမှာ ရောဂါကျတဲ့အတွက် ငါးများသေဆုံးခြင်း၊ ငါးစာဈေးကြီးတဲ့အတွက် ငါးမြစ်ချင်း တင်ပို့မှုလျော့ကျခဲ့ ရကြောင်း၊ ငါးသယံဇာတ ထိန်းသိမ်းရေးကို ဦးစားပေးဆောင်ရွက်နေတယ်လို့ သိရ ပါတယ်။ ကျောက်တော်မှာ ရေချိုငါးမြစ်ချင်း သားဖောက်ဆောင်ရွက်ရန် စီစဉ်နေပြီဖြစ်ကြောင်း၊ သဘာဝ ရေငန်ပုစွန်များကို မွေးမြူရာမှာ ရေသွင်းရေထုတ်ကိုသာ ဆောင် ရွက်ပြီး သားဖောက်လည်း ထပ်မထည့် နိုင်ခြင်း၊ အစာလည်း မကျွေးနိုင်ခြင်း၊ ကန်အရည်အသွေးလည်း မကောင်းခြင်းတို့ ကြောင့် မင်းချောင်းမှာ ဧက ၃ဝ ခန့် စံနမူနာပြမွေးပြသွားရန် စီစဉ်နေပြီး ဒေသခံများကုန်ကျမှုမများအောင်လည်း ဆောင်ရွက် ထားတယ်လို့ ရခိုင်ပြည်နယ်ငါးဦးစီးဌာနက သတင်းရရှိပါတယ်။ စစ်တွေမှ ရေထွက်ကုန်တင်ပို့မှုများမှာ ရေချိုငါး၊ ငါးစုံ လေးခြောက်၊ ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက် တို့ဖြစ်ပါတယ်။ငါးခြောက်တင်ပို့မှုဟာ ဈေးကွက်ဝင်ရာသီဖြစ်လို့ ယခင်လ ကထက် ပိုမိုတင်နိုင်ချေရှိတယ်လို့ ခန့်မှန်းလျက်ရှိပါတယ်။၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ စစ်တွေရေထွက် စစ်ဆေးရေးစခန်းမှ ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၃၅ သန်းလျာထားပြီး ယခုအချိန်ထိ ကန်ဒေါ်လာ ၈ သန်းခန့်သာ ဆောင်ရွက် ထားတယ်လို့ သိရပါတယ်။ ှSource:နသက (စစ်တွေ) MIRT(DOBT)

Sunday, 13 Mar 2011

ငါးရှဉ့်ကို နေ့စဉ်ကား ၄ စီးခန့် ပုံမှန်တင်ပို့မှု ရှိနေ                မြန်မာနိုင်ငံက ဖမ်းဆီးတင်ပို့လျက်ရှိသည့် ငါးရှဉ့်ကို ပြည်ပ နိုင်ငံများသို့ နေ့စဉ်ကား ၄ စီးခန့်ပုံမှန်တင်ပို့ လျက် ရှိနေကြောင်း ငါးရှဉ့်လုပ်ငန်းရှင်များ အသင်းက သိရသည်။                   ''၂ဝ၁၁ ခုနှစ်မတ်လထဲမှာ တစ်နေ့ကို ၈၅ တာ ပါ ကား ၄ စီးခန့် ပုံမှန်တင်ပို့ရောင်းချနေပါတယ်။ရရှိတဲ့  ဈေးနှုန်းက ၁ တန်ကို အနိမ့်ဆုံးရရှိတဲ့ဈေးက ဒေါ်လာ ၃၅ဝဝ ရှိနေပြီး အမြင့်ဆုံးရနေတဲ့ဈေးက ၁ တန် ကို ဒေါ်လာ ၄၂၉ဝ ပါ။အခုဆိုရင်တန်ပိုတွေ ပြန်ခွင့်ပြုပြီ ကြားတဲ့အတွက် အရင်လိုကား ၁ စီးကိုတာ ၁၅ဝ ပြန်ပို့လို့ရတော့မှာ ဖြစ်ပါ တယ်။ ဒီအတွက် အကျိုးသက်ရောက်မှုက ငါးရှဉ့် အဝယ် သမားတွေက ဖမ်းဆီးသူတွေကို ဈေးပိုပေးလာနိုင်တော့မှာ ဖြစ်ပါတယ်'' ဟု ယင်းအသင်းက တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။                     ငါးရှဉ့်များကို မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၂၁ ဒသမ ၄၄၉ သန်းဖိုးကိုလည်းကောင်း၊ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ဝ ဒသမ ဝ၃၇ သန်း ဖိုးကို လည်းကောင်း၊ လေကြောင်းလိုင်းက ဒေါ်လာ ဝ ဒသမ ဝ၆၆ သန်းဖိုးကိုလည်းကောင်း စုစုပေါင်း ဒေါ်လာ ၂၁ ဒသမ ၅၅၂ သန်းရရှိထားပြီး ဖြစ်သည်ဟု ဆိုသည်။ MN

Sunday, 13 Mar 2011

မြိတ်စခန်းမှ ရေထွက်ကုန်တင်ပို့မှု လျာထားချက်ကျော်              မြိတ်နယ်စခန်းရဲ့ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်ဧပြီလမှ ဖေဖော်ဝါရီလအထိ ရေထွက်ကုန်တင်ပို့မှု လျာထားချက်မှာ ကန်ဒေါ်လာ ၇၅ သန်းကျော်ဖြစ်ပြီး ယခုအခါကန်ဒေါ်လာ ၈၅ သန်းကျော်ဆောင်ရွက်ထားပြီး ဖြစ်တဲ့အတွက် ဆောင်ရွက်နိုင်မှု ရာခိုင်နှုန်းမှာ ၁၁၂ ကျော်ဖြစ်ပါတယ်။လစဉ်ကုမ္ပဏီတစ်ခုချင်းစီအလိုက် တင်ပို့မှု အခြေအနေ၊ အအေးခန်းစက်ရုံများရဲ့ ကုန်ကြမ်းရရှိမှု၊ ကုန်ချောထွက်ရှိမှု၊ ကုန်ချောလက်ကျန်အခြေအနေများကို ဌာနဆိုင်ရာများရဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကုမ္ပဏီလုပ်ငန်းရှင်များရဲ့ တရားဝင်လမ်းကြောင်းပေါ်မှ ကုန်သွယ်မှု ဆောင်ရွက်ခြင်းနဲ့ ပို့ကုန်သွင်းကုန်မှန်ကန် မြန်ဆန်ရေးကြီးကြပ်မှုကော်မတီတို့ရဲ့ စနစ်တကျစိစစ်ကြပ်မတ် ဆောင်ရွက်နိုင်တဲ့အတွက် ရေထွက်ပို့ကုန်များတိုးတက် တင်ပို့ နိုင်ခဲ့ခြင်းဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူက ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မြိတ်မြို့ပုလဲရတနာခန်းမမှာ ကျင်းပပြုလုပ်တဲ့ ဒေသဆိုင်ရာ ပို့ကုန်သွင်းကုန်ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ပြောကြား ခဲ့ပါတယ်။                       Source: နသက၊ MIRT (DOBT)

Sunday, 13 Mar 2011

ရေချိုငါးတင်ပို့မှုက ဒေါ်လာသန်း ၁ဝဝ ကျော်ရရှိပြီ               မြန်မာနိုင်ငံက မွေးမြူထုတ်လုပ်လျက်ရှိသည့် ရေချိုငါး များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက် ရှိရာ မတ်လ ၃ ရက်နေ့အထိ ဒေါ်လာ ၁ဝဝ ဒသမ ၂၄၇ သန်းရရှိ ထားပြီးဖြစ်ကြောင်း ရေချိုငါးမွေးမြူသူများအသင်း ကသိရသည်။ ''၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်ဘဏ္ဍာနှစ်မှာ ရေချိုငါးတင်ပို့မှုက နေ ဒေါ်လာ ၁၂၅ သန်းရရှိဖို့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနက လျာထားသတ်မှတ်ခဲ့ပါတယ်၊ အခုဒေါ်လာ သန်း ၁ဝဝ ကျော်ရရှိထားပါပြီ၊ရေချိုငါးကို စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းကနေ တင်ပို့တာ ဒေါ်လာ ၆ ဒသမ ၇၅၅ သန်းနဲ့ ပုံမှန်ကုန်သွယ်ရေးကနေ တင်ပို့တာဒေါ်လာ ၉၃ ဒသမ ၄၉၂ သန်းဖိုး စုစုပေါင်း ဒေါ်လာသန်း ၁ဝဝ ဒသမ ၂၄၇ သန်းဖိုးရရှိထားပြီးဖြစ်ပါ တယ်''ဟု ယင်း အသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးဝင်းကြိုင်က ပြောသည်။               ငါးမြစ်ချင်းရောင်းဝယ်မှုတွင် 2 up အရွယ်နှင့်အထက် ငါးများကို ဘင်္ဂလားဒေ့နှင့် ဆော်ဟာရေဗျနိုင်ငံများသို့ တင်ပို့ရောင်းချလျက် ရှိနေသလို 2 up အောက်ငါးများမှာ ဈေးနှုန်းအရနည်းသော်လည်း ပြည်တွင်းဈေးကွက်တွင် ခပ်သွက်သွက်အဝယ်ရှိနေသည်ဟု ဆိုသည်။ MN

Sunday, 6 Mar 2011

ဘုရင့်နောင်ဈေးတွင် ဖြစ်ပေါ်နေသည့် ငါး၊ ပုစွန် အစာဈေးနှုန်းများ                                  ၂၈-၂-၂ဝ၁၁ ရက်နေ့ မှ ၄-၃-၂ဝ၁၁ ရက်နေ့ထိ အမျိုးအစား         ရေတွက်ပံုံံ                 ဈေးနှုန်းပဲဖတ်                   တစ်ပိဿာ               ၇၅ဝိ/-နှမ်းဖတ်                      ။                     ၆၈၅ိ/-ပဲပုပ်ဖတ်                     ။                     ၉၃ဝိ/-ပဲပုပ်စေ့                      ။                     ၉၁ဝိ/-ဖွဲနု                            ။                    ၂၅၂ိ/-ပုစွန်ဖွဲ                         ။                   ၅ဝဝိ/-နေကြာ                       ။                    ၅၃ဝိ/-ပန်းနှမ်း                       ။                    ၅၅ဝိ/-ငါးဂုံးညို                       ။                   ၁ဝဝဝိ/-ငါးဝိုင်း                         ။                   ၉ဝဝိ/-ပဲမှုန့်                           ။                   ၄ဝဝိ/-မုန်ညင်း                       ။                   ၅၂၅ိ/-ပဲတီစိမ်းမှုန့်                   ။                   ၄ဝဝိ/-ခရုမှုန့်                         ။                   ၈ဝိ/-ပြောင်းဆန်                    ။                 ၃၁၅ိ/-ဆန်ကွဲ ၂+၃+၄         တစ်အိတ်            ၈၉ဝဝိ/-ငါးပေါင်းမှုန့်               တစ်တန်            ၈.၅ သိန်းTMA,MAPT(YGN)

Sunday, 6 Mar 2011

ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည်                           ရေတွက်ပုံ                      ဈေးနှုန်း(ကျပ်)၁ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်)           ပိဿာ                     ၁၃၅ဝဝ-၁၄ဝဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်)            ။                          ၁ဝ၅ဝဝ-၁၁ဝဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး)             ။                           ၁၁ဝဝဝ-၁၂ဝဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး)            ။                            ၇၅ဝဝ-၈ဝဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်)                    ။                           ၈ဝဝဝ-၉ဝဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး)                     ။                           ၄၅ဝဝ-၅၅ဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်)                     ။                           ၉ဝဝဝ-၁ဝဝဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး)                     ။                           ၅၅ဝဝ-၆ဝဝဝ၉ ငါးကျီးကြပ်တိုက်ကြီး                          ။                         ၁၉ဝဝဝ-၂ဝဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး                       ။                         ၁၁ဝဝဝ-၁၂ဝဝဝ၁၁ ငါးေြွမထိုးခြောက်                            ။                            ၆၅ဝဝ-၇ဝဝဝ၁၂ ငါးရံ့ခြောက်ကြီး                              ။                          ၁၈ဝဝဝ-၁၈၅ဝဝ၁၃ ငါးရံ့ခြောက်လတ်                            ။                          ၁၅ဝဝဝ-၁၆ဝဝဝ၁၄ ငါးရံ့လုံးခြောက်                              ။                              ၇ဝဝဝ-၇၅ဝဝ၁၅ ငါးကွမ်းရှပ်ခြောက်                            ။                             ၈ဝဝဝ-၈၅ဝဝ၁၆ ငါးပုတ်သင်ခြောက်                           ။                            ၄ဝဝဝ-၄၅ဝဝ၁၇ ငါးတံခွန်လုံးခြောက်                           ။                          ၁၃ဝဝ-၁၅ဝဝ၁၈ ကလိန်ခြောက်                                 ။                            ၄ဝဝဝ-၄၅ဝဝ၁၉ ငါးမန်းသားတွဲခြောက်                         ။                              ၈ဝဝဝ-၈၅ဝဝ၂ဝ ငါးနှပ်ချိုခြောက်                                ။                            ၃၂ဝဝ-၃၅ဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၄-၃-၂ဝ၁၁)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။

Sunday, 6 Mar 2011

စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး(၄-၃-၂ဝ၁၁)                ဈေးနှုန်း (ကျပ်)စဉ်  ငါးအမျိုးအမည်            ရေတွက်ပံုံံ          နိမ့််               မြင့်၁။  ငါးကျည်း                          ပိဿာ       ၁၈ဝဝ          ၄၃ဝဝ၂။ ငါးခူ                                     ။         ၁၈ဝဝ           ၄၃ဝဝ၃။ ငါးမြစ်ချင်း                              ။         ၁၃ဝဝ           ၁၉ဝဝ၄။ ငါးကြင်း                                 ။        ၂ဝဝဝ           ၃၇ဝဝ၅။ ငါးရံ့                                     ။         ၁၇ဝဝ          ၄ဝဝဝ၆။ ငါးတန်                                  ။         ၁၇ဝဝ          ၃၂ဝဝ၇။ ငါးသလောက်                          ။          ၂ဝဝဝ         ၁၆ဝဝဝ၈။ ငါးရှဉ့်                                   ။           ၂ဝဝဝ        ၃၅ဝဝ၉။ ငါးခေါင်းပွ                              ။           ၁၃ဝဝ         ၂၅ဝဝ၁ဝ။ ကကတစ်                            ။          ၂ဝဝဝ          ၅၂ဝဝ၁၁။ တီလားဗီးယား                       ။           ၁ဝဝဝ        ၁၉ဝဝ၁၂။ ကသပေါင်း                           ။          ၂ဝဝဝ         ၄၇ဝဝ၁၃။ ပုစွန်ကျော့                            ။           ၁၅ဝဝ        ၁၈ဝဝ၁၄။ ပုစွန်စပ်ထုပ်                          ။            ၆ဝဝဝ      ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး                         ။           ၉ဝဝဝ      ၂ဝဝဝဝ

Sunday, 6 Mar 2011

ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၅ဝ၆ သန်းကျော် ရရှိထားပြီးဖြစ်                  ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၅ဝ၆ သန်းကျော်ရရှိထားပြီးဖြစ်ကြောင်းငါးလုပ်ငန်းဦးစီးဌာနက သိရသည်။ '' မြန်မာနိုင်ငံကနေ ရေထွက်ကုန်တွေတင်ပို့တဲ့အခါ ပြည်ပဝင်ငွေ ဘယ်လောက်ရရှိအောင်လုပ်ဆောင် ရမယ်ဆိုတာကို မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနကနေ လျာထားသတ်မှတ်ပေးပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွက် ရေထွက်ကုန် တင်ပို့မှုကနေ ဒေါ်လာ သန်း ၇ဝဝ ရရှိအောင်ဆောင်ရွက်လုပ်ကိုင်ကြဖို့လျာထားခဲ့ ပါတယ်။ ဘဏ္ဍာနှစ် ကုန်ခါနီး တစ်လကျော်အလိုခန့်မှာ ရရှိထားတဲ့ငွေဟာ ဒေါ်လာ ၅ဝ၆ သန်းကျော်ဖြစ်ပါတယ်။ အဲဒီငွေဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိရရှိတဲ့ဝင်ငွေပါ '' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                      အဆိုပါဝင်ငွေများမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုက ဒေါ်လာ ၃၁၂ ဒသမ ၇၅ သန်းကိုလည်းကောင်း၊ နယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်သော မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တောနှင့် တမူး စသည့် စခန်းများက ဒေါ်လာ ၁၉၃ သန်းကျော်ဖိုးကို လည်းကောင်း ဆောင်ရွက်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ MN

Sunday, 6 Mar 2011

တားမြစ်ကာလအတွင်း ကကတစ်ငါးများ ဖမ်းဆီးပါက အရေးယူမည်              သဘာဝရေပြင်အတွင်းရှိ ကကတစ်ငါးများကို ထိန်းသိမ်း ရန်အတွက် တားမြစ်ကာလများသတ်မှတ်ထားရာ ယင်း ကာလအတွင်း တားမြစ်ငါးများကိုဖမ်းဆီးပါက ငါးလုပ်ငန်း ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းငါး လုပ်ငန်းဦးစီး ဌာနက သိရသည်။               '' သဘာဝရေပြင်ထဲက ကကတစ်ငါးတွေကို ငါးမျိုး စိတ်တွေ ထိန်းသိမ်းဖို့အတွက် သားဖောက်ချိန်တွေက ဖမ်းဆီးခြင်းမပြုနိုင်ဖို့ပိတ်ပင်ထားပေးထားပါတယ်။ ကကတစ် ငါးတွေဆိုရင် ဇန်နဝါရီ ၁ ရက်က မတ်လ၃၁ ရက်အထိ ဖမ်းဆီးခွင့် (၃)လပိတ်ထားပါတယ်။ တားမြစ်ကာလအတွင်း တားမြစ်ငါးတွေကို ဖမ်းဆီးပါက ငါးလုပ်ငန်းဦးစီး ဌာနက ငါးလုပ်ငန်းဥပဒေအရအရေးယူမှာပါ ''ဟု ယင်းဌာနက တာဝန်ရှိသူတစ်ဦးက ပြောပြသည်။                ရာသီဥတုပြောင်းလဲမှု၊ အလွန်အကံျွဖမ်းဆီးမှုနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများ များပြားလာမှုကြောင့် ငါးသယံဇာတများဖမ်းဆီးရရှိမှုလျော့ကျလျက်ရှိရာ သဘာဝ ရေပြင် များတွင် ငါးသယံဇာတများကို ထိန်းသိမ်းရန် လိုအပ်လာပြီဖြစ်သည်။ အဆိုပါရေထွက်ပစ္စည်း သယံဇာတ များပြုန်းတီးခြင်းက ကာကွယ်နိုင်ရန်အတွက် တားမြစ် ကာလများ သတ်မှတ်ခြင်း၊ ငါးမဖမ်းရနယ်မြေများသတ်မှတ် ခြင်းနှင့် ငါးမျိုးစိတ်များစိုက်ထည့်ပေးခြင်း များကို ဆောင်ရွက် လျက်ရှိသည်ဟု ဆိုသည်။ ခင်မျိုးသွယ်

Sunday, 6 Mar 2011

ကဏန်းတင်ပို့မှုက ၉၂ ရာခိုင်နှုန်းကျော် အကောင်အထည် ဖော်ပြီးဖြစ်                   ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချရာတွင် ကဏန်းလုပ်ငန်းရှင်များ အသင်းအနေဖြင့် ဒေါ်လာ ၃၅ သန်း ပြည့်မီအောင် ဆောင်ရွက်ရန် လျာထားခဲရာ ယခုအခါ ၉၂ ရာခိုင်နှုန်းကျော် အကောင်အထည် ဖော်ပြီးဖြစ်ကြောင်းသိရသည်။                    '' မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက အသင်းတွေ အလိုက်လည်း တင်ပို့မှုကိုလျာထားသတ်မှတ် ပေးခဲ့တာပါ။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်ထဲမှာ အလှမွေးတင်ပို့မှုကနေ ဒေါ်လာ ဝ ဒသမ ၃ဝဝ သန်း၊ ရေချိုငါး တင်ပို့မှုကနေ ဒေါ်လာ ၁၂၅ သန်း၊ ငါးရှဉ့်တင်ပို့မှုကနေ ဒေါ်လာ ၂၅ သန်းနဲ့ကဏန်းတင်ပို့မှုကနေ ဒေါ်လာ ၃၅ သန်း ရရှိမယ်လို့ လျာထား ချမှတ်ပေးခဲ့ပါတယ်။ အခုကဏန်းတင်ပို့မှုကနေ ဒေါ်လာ ၃၂ သန်း ကျော်ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိရရှိထားပါတယ်။ ဒါ့ကြောင့် လျာထားသတ်မှတ်ချက်ကို အကောင် အထည်ဖော်နိုင်မှုက ၉၂ ရာခိုင်နှုန်းရှိနေပါပြီ။ အသင်းအားလုံးထဲမှာ ကဏန်း လုပ်ငန်းရှင်များအသင်းက လျာထားချက်ကို အများဆုံးအကောင်အထည်ဖော်ထားနိုင်ပါပြီ ''ဟု ကဏန်းလုပ်ငန်းရှင် များအသင်းမှ ဦးနှင်းဦးက ပြောပြသည်။                      မြန်မာနိုင်ငံက ကဏန်းများကို မူဆယ်၊ မြဝတီ၊ မြိတ်နှင့် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများက လည်း ကောင်း၊ လေကြောင်းလိုင်းတို့ကလည်းကောင်း ပြည်ပနိုင်ငံများသို့တင်ပို့လျက်ရှိသည်ဟုဆိုသည်။ MN

Pages