Main menu

Background

Sunday, 20 Feb 2011

ရေလုပ်သားများကို ှSafety at Sea သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်                     ရေလုပ်ငန်းမှ ရေလုပ်သားများက Safety at Sea  သင်တန်းများကို ငါးလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်နေ့က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြုလုပ်သည့် သားငါးကဏ္ဍဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲက သိရသည်။                        ''ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ စက်ရုံမှာ HACCP  စနစ်ကို ကျင့်သုံးဖို့နဲ့ ယခင်ပြည်ပ ပညာရှင်တွေ ပို့ချခဲ့တဲ့ အင်္ဂလိပ်သင်ရိုးညွှန်းတမ်းများကို မြန်မာဘာသာပြန်ပြီး စက်ရုံ ၅ ရုံက ဝန်ထမ်း ၅ ဦးကျစီတို့ကို Safety at Sea  နဲ့ဆိုင်တဲ့ သင်တန်းတွေပို့ချခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသင်တန်းတက်ရောက်ခဲ့တဲ့ ဝန်ထမ်းတွေက QC ဝန်ထမ်းတွေမဟုတ်ဘဲ တာလီ စာရေးတွေနဲ့ ရံုံးစာရေးတွေသာ ဖြစ်နေတာတွေ့ခဲ့ရပါတယ်။ အခုလည်းငါးဖမ်း လုပ်ငန်းက ရေလုပ်သားတွေကို Safety at Sea  သင်တန်းများဖွင့်လှစ်သင်ကြားပေးမှာပါ။ သင်တန်းတွေတက် ရောက်ပြီးသူ၊ ကျန်းမာရေးကောင်းတဲ့ရေလုပ်သားတွေကို ရေလုပ်သားမှတ်ပုံတင်ကတ်ပြားတွေ ထုတ်ပေးဖို့ စီစဉ်နေပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်ရေလုပ်သား ၂၄ဝဝဝ ကျော် ထိခိုက်နေကြတာပါ။ ဒီလိုသေဆုံးကြရတာဟာ လှေသင်္ဘောတွေ ညံ့မှု၊ ရာသီဥတုအခြေအနေစူးစမ်းခြင်းအားနည်းမှု၊ အသက်ကယ် ပစ္စည်း အရည်အသွေး ညံ့ဖျင်းမှုစတာတွေကြောင့် ဖြစ်ပါတယ်။ Fishery Management တွင် Safety at Sea အချက်ကို ထည့်သွင်းဖို့ လိုအပ်ပါတယ်။ ငါးဖမ်းရေယာဉ်တွေဟာ နေ့ညမရှောင် လုပ်ရတာကြောင့် ညအချိန် အချက်ပြတဲ့စနစ်အားနည်း တဲ့အတွက် Accident  ဖြစ်တတ်တယ်လို့ သိရတဲ့အတွက် လှေတစ်စီး စီက ရေလုပ်သား ၂ ဦး ၃ ဦးကျစီ Safety at Sea သင်တန်းတက်ဖို့လိုပါတယ်'' ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါသင်တန်းသိုဖ့ မြိတ်နှင့် ကော့သောင်းမြို့နယ်တို့မှ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလုပ်သားများ တက်ရောက်ကြမည်ဟု သိရသည်။ MN 

Sunday, 20 Feb 2011

ငါးရှဉ့်ဈေးနှုန်းများ စံချိန်တင်ရရှိခဲ့            မြန်မာနိုင်ငံက တင်ပို့ရောင်းချသည့် ငါးရှဉ့် ဈေးနှုန်းများ စံချိန်တင်ဈေးနှုန်းများရရှိခဲ့ကြောင်း ငါးရှဉ့် လုပ်ငန်းရှင်များအသင်းက သိရသည်။ ''ဖေဖော်ဝါရီ ၁၂ ရက်နေ့က ငါးရှဉ့်တစ်တန်ကို ၄၃၆ဝ ဒေါ်လာရရှိခဲ့ပါတယ်။ အဲဒီဈေးနှုန်းဟာ ဒီနှစ်ထဲမှာ  ရတဲ့ဈေးနှုန်းတွေထဲမှာ အများဆုံးရရှိတဲ့ ဈေးနှုန်းဖြစ်သလို မနှစ်ကရတဲ့ အမြင့်ဆုံးဈေးနှုန်းတွေထက် လည်း စံချိန်ချိုး နိုင်ခဲ့တဲ့ ဈေးနှုန်းဖြစ်ပါတယ်။ အခုသယ်ယူပို့ဆောင်ရေးမှာ ကားတွေရဲ့တင်ပို့နိုင်တဲ့ ကုန်တန်ချိန်ကိုလျော့လိုက်တဲ့အတွက် အရင်က ကားတစ်စီးကို တာ ၁၅ဝ တင်ပို့ခဲ့ပြီး ယခု ၈၅တာ သာ တင်ပို့နေရတဲ့အတွက် ငါးရှဉ့်ဈေးကောင်းပေမဲ့ သယ်ယူ ပို့ဆောင်စရိတ်က မြင့်တက်ခဲ့တယ်'' ဟု ယင်းအသင်းဥက္ကဋ္ဌ က ပြောသည်။                  မြန်မာနိုင်ငံကထွက်ရှိသည့် ငါးရှဉ့်များကို မူဆယ် နယ်စပ်ကုန်သွယ်ရေးကလည်းကောင်း ၊ လေကြောင်း လိုင်းကလည်းကောင်း တင်ပို့လျက်ရှိရာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ အထိ ဒေါ်လာ ၂ဝ ဒသမ ၆၄၈ သန်းရရှိပြီး ဖြစ် သည်ဟု ဆိုသည်။ MN

Sunday, 20 Feb 2011

ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၄၈၄ သန်းကျော်ရရှိပြီ           မြန်မာနိုင်ငံက ထွက်ရှိသည့် ရေထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဘဏ္ဍာနှစ်အတွင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ရရှိငွေမှာ ဒေါ်လာ ၄၈၄ သန်းကျော်ရှိလာပြီဖြစ်သည်။              ''ရေထွက်ကုန်ပစ္စည်းတွေတင်ပို့ရာမှာ ပင်လယ်ရေကြောင်းက ဒေါ်လာ ၂၉၈ ဒသမ ၃၁၃ သန်း၊ မူဆယ်က ဒေါ်လာ ၆၅ ဒသမ ၆၂၄ သန်း၊ ကော့သောင်းက ၁၉ ဒသမ ၂၃၄ သန်း၊ စစ်တွေက ဒေါ်လာ ၇ ဒသမ ၁၅၉ သန်း၊ မြိတ်က ဒေါ်လာ ၈၄ ဒသမ ၃၉၆ သန်း၊ မောင်တောက ဒေါ်လာ ၄ ဒသမ ၁၄၁ သန်းနဲ့ တမူးက ဒေါ်လာ ဝ ဒသမ ၁၅၇ သန်း၊ စုစုပေါင်း ဒေါ်လာ ၄၈၄ ဒသမ ၂၃၇ သန်းရှိနေပြီဖြစ်ပါတယ်။ စခန်းတွေအလိုက် ကော့သောင်းက တန် ၁၈၂၄ လျော့ပေမယ့် ဒေါ်လာ ၁ ဒသမ ၈၈ သန်းပိုပြီး တင်ပို့နိုင်ခဲ့ပါတယ်။ အလားတူမြိတ်ကလည်း တန်ချိန်လျော့ပေမဲ့ ငွေရပိုခဲ့ပါ တယ်။စစ်တွေကတော့ တန်ချိန်ရော၊ ငွေရောလျော့နည်း တာတွေ့ရပါတယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာန၊FIQC  ကတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။            အဆိုပါရရှိငွေများအနက် ကဏန်းတင်ပို့မှုက ဒေါ်လာ ၃၁ ဒသမ ဝဝ၅ သန်း၊ ငါးရှဉ့်တင်ပို့မှုက ဒေါ်လာ ၂ဝ ဒသမ ၆၄၈ သန်း၊ ရေချိုငါးတင်ပို့မှုက ဒေါ်လာ ၉၆ ဒသမ ၉၂၁ သန်းပါဝင်ခဲ့ကြောင်း သိရသည်။                                 MN 

Sunday, 20 Feb 2011

ငါးမြစ်ချင်း ဈေးကွက်သစ်များရရှိရန်ကြိုးစားသင့်                 မြန်မာနိုင်ငံက အများဆုံးမွေးမြူထုတ်လုပ်လျက်ရှိသည့် ငါးမြစ်ချင်းနှင့်ပတ်သက်သည့် ဈေးကွက်သစ်များကို ထပ်မံ ရရှိရန် ကြိုးစားသင့်ကြောင်း ငါးမြစ်ချင်းမွေးမြူသူ များထံ က သိရသည်။                '' ငါးကုန်ထုတ်လုပ်မှုမှာ Market အခြေအနေမသိဘဲ ထုတ်လုပ်နေတာကြောင့် ဈေးကွက်ရှာဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ငါးမြစ်ချင်းနဲ့ ပတ်သက်တဲ့ ဈေးကွက်ကို အနောက်ဖက် နိုင်ငံတွေမှာ ဈေးကွက်ရဖို့ကြိုးစားဖို့ လိုသလို အရှေ့ဖက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်စတဲ့ နိုင်ငံတွေမှာ လည်း ဈေးကွက်ရရှိဖို့ကြိုးစားသင့်ပါတယ်။ ဒါ့အပြင် တရုတ် နိုင်ငံဆိုရင်လည်း စက်မှုနိုင်ငံ တည်ဆောက်နေတာကြောင့် ဈေးကွက်ရဖို့ ငါးဦးစီးက ကြိုးစားပေးသင့်ပါတယ်''ဟု တွံတေး မြို့နယ်အခြေစိုက် ငါးမြစ်ချင်း မွေးမြူသူ တစ်ဦးက ပြောကြား သည်။ ယခုနှစ်အတွင်း ငါးမြစ်ချင်းမွေးမြူသူများ တွက်ခြေ  မကိုက်မှုကြောင့် ငါးမြစ်ချင်းများကို ပုစွန်ဖြင့် လည်းကောင်း၊ ငါးတန် များနှင့်လည်းကောင်း၊ ငါးကြင်းရွှေဝါများနှင့် လည်း ကောင်း၊ ကကတစ်များနှင့်လည်းကောင်း တွဲဖက်မွေးမြူသည့် ပုံစံများ ပြောင်းလဲ မွေးမြူလာကြသည်ဟု သိရသည်။ MN

Tuesday, 15 Feb 2011

ဘုရင့်နောင်ဈေးတွင် ဖြစ်ပေါ်နေသည့် ငါး၊ ပုစွန် အစာဈေးနှုန်းများ                                                                         ၇-၂-၂ဝ၁၁ ရက်နေ့ မှ ၁၁-၂-၂ဝ၁၁ ရက်နေ့ထိ အမျိုးအစား                ရေတွက်ပံုံံ               ဈေးနှုန်းပဲဖတ်                           တစ်ပိဿာ            ၇၆ဝိ/-နှမ်းဖတ်                            ။                      ၇၃၅ိ/-ပဲပုပ်ဖတ်                           ။                      ၉၃ဝိ/-ပဲပုပ်စေ့                             ။                     ၈၂ဝိ/-ဖွဲနု                                   ။                     ၂၄၅ိ/-ပုဇွန်ဖွဲ                               ။                     ၄၅ဝိ/-နေကြာ                             ။                     ၆၃ဝိ/-ပန်းနှမ်း                             ။                    ၆၇ဝိ/-ငါးဂုံးညို                             ။                     ၈၅ဝိ/-ငါးဝိုင်း                              ။                      ၈၅ဝိ/-ပဲမှုန့်                                 ။                      ၄၂ဝိ/-မုန်ညင်း                            ။                      ၆၅ဝိ/-ပဲတီစိမ်းမှုန့်                        ။                     ၄၂ဝိ/-ခရုမှုန့်                               ။                     ၁၃ဝိ/-ပြောင်းဆန်                        ။                     ၃၁၅ိ/-ဆန်ကွဲ ၂+၃+၄           တစ်အိတ်            ၈၈ဝဝိ/-ငါးပေါင်းမှုန့်               တစ်တန်             ၈.၅ သိန်းTMA,MAPT(YGN)

Tuesday, 15 Feb 2011

ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည်                          ရေတွက်ပုံ                   ဈေးနှုန်း(ကျပ်)၁ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်)         ပိဿာ                  ၁၄ဝဝဝ-၁၅ဝဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်)           ။                       ၁ဝဝဝဝ-၁ဝ၅ဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး)            ။                        ၁ဝဝဝဝ-၁၁ဝဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး)           ။                         ၇၅ဝဝ-၈ဝဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်)                   ။                         ၈ဝဝဝ-၉ဝဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး)                    ။                          ၄၅ဝဝ-၅ဝဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်)                    ။                          ၉ဝဝဝ-၁ဝဝဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး)                    ။                          ၅၅ဝဝ-၆ဝဝဝ၉ ငါးကျီးကြပ်တိုက်ကြီး                          ။                         ၁၈ဝဝဝ-၁၉ဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး                      ။                          ၁၁ဝဝဝ-၁၂ဝဝဝ၁၁ ငါးေြွမထိုးခြောက်                            ။                            ၇ဝဝဝ-၇၅ဝဝ၁၂ ငါးရံ့ခြောက်ကြီး                              ။                          ၁၈ဝဝဝ-၁၉ဝဝဝ၁၃ ငါးရံ့ခြောက်လတ်                            ။                          ၁၅ဝဝဝ-၁၆ဝဝဝ၁၄ ငါးရံ့လုံးခြောက်                               ။                            ၆၅ဝဝ-၇ဝဝဝ၁၅ ငါးကွမ်းရှပ်ခြောက်                           ။                            ၈၅ဝဝ-၉၅ဝဝ၁၆ ငါးပုတ်သင်ခြောက်                          ။                            ၄ဝဝဝ-၄၅ဝဝ၁၇ ငါးတံခွန်လုံးခြောက်                         ။                            ၁၃ဝဝ-၁၅ဝဝ၁၈ ကလိန်ခြောက်                               ။                             ၄ဝဝဝ-၄၅ဝဝ၁၉ ငါးမန်းသားတွဲခြောက်                      ။                            ၈၅ဝဝ-၉၅ဝဝ၂ဝ ငါးနှပ်ချိုခြောက်                             ။                            ၃ဝဝဝ-၃၅ဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၁၁-၂-၂ဝ၁၁)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။

Tuesday, 15 Feb 2011

စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး (၁၁-၂-၂၀၁၁)                                      ဈေးနှုန်းး (ကျပ်)စဉ် ငါးအမျိုးအမည်              ရေတွက်ပံုံ    နိမ့််          မြင့်၁။ ငါးကျည်း                         ပိဿာ    ၁၇ဝဝ         ၄ဝဝဝ၂။ ငါးခူ                                  ။         ၁၇ဝဝ         ၄ဝဝဝ၃။ ငါးမြစ်ချင်း                          ။         ၁၃ဝဝ         ၁၉ဝဝ၄။ ငါးကြင်း                              ။        ၂ဝဝဝ         ၃၈ဝဝ၅။ ငါးရံ့                                  ။         ၁၇ဝဝ         ၄၂ဝဝ၆။ ငါးတန်                               ။         ၁၅ဝဝ         ၃၅ဝဝ၇။ ငါးသလောက်                      ။         ၂ဝဝဝ         ၁၆ဝဝဝ၈။ ငါးရှဉ့်                                ။         ၂ဝဝဝ          ၃၇ဝဝ၉။ ငါးခေါင်းပွ                           ။         ၁၃ဝဝ          ၂၄ဝဝ၁ဝ။ ကကတစ်                         ။        ၂ဝဝဝ            ၄၈ဝဝ၁၁။ တီလားဗီးယား                   ။         ၁၂ဝဝ           ၂ဝဝဝ၁၂။ ကသပေါင်း                       ။        ၂ဝဝဝ           ၄၅ဝဝ၁၃။ ပုစွန်ကျော့                        ။        ၁၈ဝဝ          ၂၇ဝဝ၁၄။ ပုစွန်စပ်ထုပ်                      ။        ၆ဝဝဝ           ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး                      ။         ၉ဝဝဝ          ၁၉ဝဝဝ

Tuesday, 15 Feb 2011

 ကဏန်းတင်ပို့မှုက ဒေါ်လာ သန်း ၃ဝ ကျော်ရရှိ                    မြန်မာနိုင်ငံက ဖမ်းဆီးထုတ်လုပ်သည့်ကဏန်းများကို ပြည်ပနိုင်ငံများသို့ ဒေါ်လာ သန်း၃ဝ ကျော်ရရှိထားပြီဖြစ် ကြောင်းငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ချက်အရသိရသည်။ ''ကဏန်းတွေကို ပြည်ပနိုင်ငံတွေကို တင်ပို့ရာမှာမူဆယ် နယ်စပ်စခန်းကနေ ဒေါ်လာ ၉ သန်းခန့်၊ မြဝတီကနေ ဒေါ်လာ သုည ဒသမ ၅၄၄ သန်းခန့် မြိတ်နယ်စပ် ကုန်သွယ်ရေးကနေ ဒေါ်လာ သုည ဒသမ ၁၂၂ သန်းခန့်၊ ကော့သောင်း ကနေ ဒေါ်လာ သုည ဒသမ ၃၉၆ သန်းခန့်၊လေကြောင်းလိုင်း ကနေ ဒေါ်လာ ၁၂ သန်းခန့်တင်ပို့ ရောင်းချခဲ့ရာ စုစုပေါင်း ဒေါ်လာ ၂၂ သန်းခန့်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန် တိုင်း ဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသ ကြီး ၂ ခုကနေ ကဏန်း ပျော့မွေးမြူ ထုတ်လုပ်တင်ပို့ရောင်းချမှုက ဒေါ်လာ ၉ သန်း ခန့်ရရှိထားပြီးဖြစ်ပါတယ်'' ဟု ယင်းဌာနက တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။                    မြန်မာနိုင်ငံက ဖမ်းဆီးရရှိသည့် ကဏန်းများကို တရုတ် နိုင်ငံနှင့် ထိုင်း နိုင်ငံတို့သို့ နယ်စပ်ကုန်သွယ်ရေးဖြင့် လည်း ကောင်း၊ လေကြောင်းလိုင်းဖြင့်လည်းကောင်း အဓိက တင်ပို့ ရောင်းချလျက်ရှိသည်ဟု ဆိုသည်။ ခင်မျိုးသွယ်

Tuesday, 15 Feb 2011

ငါးသလောက်နှင့်စပ်လျဉ်းသည့် သယံဇာတ ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်မည်                     ငါးသလောက်နှင့် စပ်လျဉ်းသည့် သယံဇာတထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်ပွဲကို မကြာမီပြုလုပ်မည်ဖြစ် ကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့က မြန်မာနိုင်ငံငါးသလောက်လုပ်ငန်းအဖွဲ့ ချုပ်၌ အပတ်စဉ်ပြုလုပ်သည့် သားငါး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေး ပွဲကသိရသည်။             ''ငါးသလောက်သယံဇာတထိန်း သိမ်းရေးဆိုင်ရာ စာတမ်းကို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ငါးလုပ်ငန်းအဖွဲ့ချုပ် ရဲ့ သီရိအဏ္ဏဝါခန်းမမှာ မနက် ၉ နာရီ မှာ စတင်ပြုလုပ်ဖို့ရှိပါတယ်။ ငါးသ လောက်ဟာ မြန်မာနိုင်ငံရဲ့အဓိကကျတဲ့ ဟင်းလျာဖြစ်သလို၊ ဘင်္ဂလားပင်လယ် အော်ဒေသရဲ့ အနောက်ဘက်ခြမ်းမှာ အရေးကြီးတဲ့ငါးပါ။ ငါးလုပ်ငန်း ဦးစီး ဌာနအနေနဲ့ ငါးသလောက်ထိန်းသိမ်း ရေးကို ဧရာဝတီတိုင်းမှာ ဆောင်ရွက် ရာ၌ မြစ်အတွင်းမှာ ငါးအမျိုးအစား ပေါက်ပွားမှု၊ ငါးဥချမှု၊ နေရာဒေသ ရာသီဥတု၊ ငါးဖမ်းကိရိယာ စတဲ့ အချက်တွေကို လေ့လာပြီး စာတမ်းကို Work Shop  မှာဖတ်ကြားမှာ ဖြစ်ပါ တယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။              အဆိုပါငါးသလောက်များကို ပင်လယ်ပြင်တွင် ဖမ်းဆီးရာ၌ ဝါးတန်း သင်္ဘောဖြင့် ဝိုင်းချုပ်ပိုက်နှင့်ဖမ်း၍ ရေချိုမှာ မျှောပိုက်၊ ကျားပိုက်၊ သုံးထပ် ပိုက်များဖြင့်လည်း ဖမ်းဆီးကြသည်ဟု ဆိုသည်။ ခင်မျိုးသွယ်

Tuesday, 15 Feb 2011

မြန်မာနိုင်ငံရေထွက်ကုန်များကို ထိုင်းက တန်ချိန် အများဆုံးဝယ်ယူ                 မြန်မာနိုင်ငံက ရေထွက်ကုန်များကို ပြည်ပနိုင်ငံများက ဝယ်ယူလျက်ရှိရာတွင် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ် အတွင်း ထိုင်းနိုင်ငံက တန်ချိန်အများဆုံးဝယ်ယူခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။ ''မြန်မာ့ရေထွက်ကုန်တွေကို တရုတ်၊ ထိုင်း၊ စင်္ကာပူ၊ ကူဝိတ်၊ မလေးရှား၊ ဆော်ဒီ၊ ဂျပန်၊ ယူအေအီး၊ ဘင်္ဂလားဒေ့ရှ်နဲ့ ယူနိုက်တက်ကင်းဒမ်နိုင်ငံတို့က အများဆုံးဝယ်ယူမှုရှိခဲ့ပါတယ်။ အဲဒီနိုင်ငံတွေက အများဆုံး ဝယ်ယူခဲ့တဲ့ ရေထွက်ပစ္စည်းတွေ ကတော့ ငါးမြစ်ချင်း၊ ငါးသလောက်၊ တိုက်ဂါးပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ပုစွန်ခြောက် တို့ပါ''ဟု ယင်းဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                  အဆိုပါနိုင်ငံများအပြင် မြန်မာနိုင်ငံက ရေထွက်ကုန်များကို ယူကေ၊ နယ်သာလန်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ နိုင်ငံများစသည်ဖြင့် နိုင်ငံပေါင်း ၂၇ နိုင်ငံတို့ကလည်း ဝယ်ယူမှုရှိခဲ့သည်ဟုဆိုသည်။               MN

Pages