Main menu

Background

Tuesday, 15 Feb 2011

စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး (၁၁-၂-၂၀၁၁)                                      ဈေးနှုန်းး (ကျပ်)စဉ် ငါးအမျိုးအမည်              ရေတွက်ပံုံ    နိမ့််          မြင့်၁။ ငါးကျည်း                         ပိဿာ    ၁၇ဝဝ         ၄ဝဝဝ၂။ ငါးခူ                                  ။         ၁၇ဝဝ         ၄ဝဝဝ၃။ ငါးမြစ်ချင်း                          ။         ၁၃ဝဝ         ၁၉ဝဝ၄။ ငါးကြင်း                              ။        ၂ဝဝဝ         ၃၈ဝဝ၅။ ငါးရံ့                                  ။         ၁၇ဝဝ         ၄၂ဝဝ၆။ ငါးတန်                               ။         ၁၅ဝဝ         ၃၅ဝဝ၇။ ငါးသလောက်                      ။         ၂ဝဝဝ         ၁၆ဝဝဝ၈။ ငါးရှဉ့်                                ။         ၂ဝဝဝ          ၃၇ဝဝ၉။ ငါးခေါင်းပွ                           ။         ၁၃ဝဝ          ၂၄ဝဝ၁ဝ။ ကကတစ်                         ။        ၂ဝဝဝ            ၄၈ဝဝ၁၁။ တီလားဗီးယား                   ။         ၁၂ဝဝ           ၂ဝဝဝ၁၂။ ကသပေါင်း                       ။        ၂ဝဝဝ           ၄၅ဝဝ၁၃။ ပုစွန်ကျော့                        ။        ၁၈ဝဝ          ၂၇ဝဝ၁၄။ ပုစွန်စပ်ထုပ်                      ။        ၆ဝဝဝ           ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး                      ။         ၉ဝဝဝ          ၁၉ဝဝဝ

Tuesday, 15 Feb 2011

 ကဏန်းတင်ပို့မှုက ဒေါ်လာ သန်း ၃ဝ ကျော်ရရှိ                    မြန်မာနိုင်ငံက ဖမ်းဆီးထုတ်လုပ်သည့်ကဏန်းများကို ပြည်ပနိုင်ငံများသို့ ဒေါ်လာ သန်း၃ဝ ကျော်ရရှိထားပြီဖြစ် ကြောင်းငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ချက်အရသိရသည်။ ''ကဏန်းတွေကို ပြည်ပနိုင်ငံတွေကို တင်ပို့ရာမှာမူဆယ် နယ်စပ်စခန်းကနေ ဒေါ်လာ ၉ သန်းခန့်၊ မြဝတီကနေ ဒေါ်လာ သုည ဒသမ ၅၄၄ သန်းခန့် မြိတ်နယ်စပ် ကုန်သွယ်ရေးကနေ ဒေါ်လာ သုည ဒသမ ၁၂၂ သန်းခန့်၊ ကော့သောင်း ကနေ ဒေါ်လာ သုည ဒသမ ၃၉၆ သန်းခန့်၊လေကြောင်းလိုင်း ကနေ ဒေါ်လာ ၁၂ သန်းခန့်တင်ပို့ ရောင်းချခဲ့ရာ စုစုပေါင်း ဒေါ်လာ ၂၂ သန်းခန့်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန် တိုင်း ဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသ ကြီး ၂ ခုကနေ ကဏန်း ပျော့မွေးမြူ ထုတ်လုပ်တင်ပို့ရောင်းချမှုက ဒေါ်လာ ၉ သန်း ခန့်ရရှိထားပြီးဖြစ်ပါတယ်'' ဟု ယင်းဌာနက တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။                    မြန်မာနိုင်ငံက ဖမ်းဆီးရရှိသည့် ကဏန်းများကို တရုတ် နိုင်ငံနှင့် ထိုင်း နိုင်ငံတို့သို့ နယ်စပ်ကုန်သွယ်ရေးဖြင့် လည်း ကောင်း၊ လေကြောင်းလိုင်းဖြင့်လည်းကောင်း အဓိက တင်ပို့ ရောင်းချလျက်ရှိသည်ဟု ဆိုသည်။ ခင်မျိုးသွယ်

Tuesday, 15 Feb 2011

ငါးသလောက်နှင့်စပ်လျဉ်းသည့် သယံဇာတ ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်မည်                     ငါးသလောက်နှင့် စပ်လျဉ်းသည့် သယံဇာတထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်ပွဲကို မကြာမီပြုလုပ်မည်ဖြစ် ကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့က မြန်မာနိုင်ငံငါးသလောက်လုပ်ငန်းအဖွဲ့ ချုပ်၌ အပတ်စဉ်ပြုလုပ်သည့် သားငါး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေး ပွဲကသိရသည်။             ''ငါးသလောက်သယံဇာတထိန်း သိမ်းရေးဆိုင်ရာ စာတမ်းကို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ငါးလုပ်ငန်းအဖွဲ့ချုပ် ရဲ့ သီရိအဏ္ဏဝါခန်းမမှာ မနက် ၉ နာရီ မှာ စတင်ပြုလုပ်ဖို့ရှိပါတယ်။ ငါးသ လောက်ဟာ မြန်မာနိုင်ငံရဲ့အဓိကကျတဲ့ ဟင်းလျာဖြစ်သလို၊ ဘင်္ဂလားပင်လယ် အော်ဒေသရဲ့ အနောက်ဘက်ခြမ်းမှာ အရေးကြီးတဲ့ငါးပါ။ ငါးလုပ်ငန်း ဦးစီး ဌာနအနေနဲ့ ငါးသလောက်ထိန်းသိမ်း ရေးကို ဧရာဝတီတိုင်းမှာ ဆောင်ရွက် ရာ၌ မြစ်အတွင်းမှာ ငါးအမျိုးအစား ပေါက်ပွားမှု၊ ငါးဥချမှု၊ နေရာဒေသ ရာသီဥတု၊ ငါးဖမ်းကိရိယာ စတဲ့ အချက်တွေကို လေ့လာပြီး စာတမ်းကို Work Shop  မှာဖတ်ကြားမှာ ဖြစ်ပါ တယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။              အဆိုပါငါးသလောက်များကို ပင်လယ်ပြင်တွင် ဖမ်းဆီးရာ၌ ဝါးတန်း သင်္ဘောဖြင့် ဝိုင်းချုပ်ပိုက်နှင့်ဖမ်း၍ ရေချိုမှာ မျှောပိုက်၊ ကျားပိုက်၊ သုံးထပ် ပိုက်များဖြင့်လည်း ဖမ်းဆီးကြသည်ဟု ဆိုသည်။ ခင်မျိုးသွယ်

Tuesday, 15 Feb 2011

မြန်မာနိုင်ငံရေထွက်ကုန်များကို ထိုင်းက တန်ချိန် အများဆုံးဝယ်ယူ                 မြန်မာနိုင်ငံက ရေထွက်ကုန်များကို ပြည်ပနိုင်ငံများက ဝယ်ယူလျက်ရှိရာတွင် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ် အတွင်း ထိုင်းနိုင်ငံက တန်ချိန်အများဆုံးဝယ်ယူခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။ ''မြန်မာ့ရေထွက်ကုန်တွေကို တရုတ်၊ ထိုင်း၊ စင်္ကာပူ၊ ကူဝိတ်၊ မလေးရှား၊ ဆော်ဒီ၊ ဂျပန်၊ ယူအေအီး၊ ဘင်္ဂလားဒေ့ရှ်နဲ့ ယူနိုက်တက်ကင်းဒမ်နိုင်ငံတို့က အများဆုံးဝယ်ယူမှုရှိခဲ့ပါတယ်။ အဲဒီနိုင်ငံတွေက အများဆုံး ဝယ်ယူခဲ့တဲ့ ရေထွက်ပစ္စည်းတွေ ကတော့ ငါးမြစ်ချင်း၊ ငါးသလောက်၊ တိုက်ဂါးပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ပုစွန်ခြောက် တို့ပါ''ဟု ယင်းဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                  အဆိုပါနိုင်ငံများအပြင် မြန်မာနိုင်ငံက ရေထွက်ကုန်များကို ယူကေ၊ နယ်သာလန်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ နိုင်ငံများစသည်ဖြင့် နိုင်ငံပေါင်း ၂၇ နိုင်ငံတို့ကလည်း ဝယ်ယူမှုရှိခဲ့သည်ဟုဆိုသည်။               MN

Tuesday, 15 Feb 2011

 ပြည်ဈေးကွက်မှာ ငါးကြင်းအဝင်သွက်ပြီး ငါးသလောက်ဈေးမာ                      ပြည်ဒေသအတွင်း တစ်ပိုင်တစ်နိုင်မွေးမြူခြင်းနဲ့ စီးပွား ဖြစ်မွေးမြူသော ငါးကြင်းငါးများဟာ ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်း ဈေးကွက်များတွင် အရောင်းအဝယ်သွက်နေ ကြောင်း သိရပါတယ်။                      ယခုဖေဖော်ဝါရီလအတွင်း ဒေသအတွင်း ထွက်ရှိသော ငါးကြင်းငါးအသေးဆိုက်( ၁၅ ကျပ်သားအောက်ခံ) ငါးကလေးများကို ငါးဒိုင်များတွင် တစ်ပိဿာ ၁၄ဝဝ ကျပ်၊ ၁၆ဝဝ ကျပ်ဖြင့် အရောင်းအဝယ်သွက်နေကြောင်း တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင်းသို့ ယခုဖေဖော်ဝါရီလအတွင်း ရန်ကုန်ဗဟိုစံပြငါးဈေးကြီးမှ ငါးသလောက်များ နေ့စဉ်ပုံမှန် ဝင်ရောက်လျက်ရှိပါတယ်။ ငါးသလောက်ဈေးမှာလည်း အတက်အကျမရှိဘဲ အမြင့်ဈေးမှာငြိမ်နေတာကို တွေ့ရပါ တယ်။ ပြည်ငါးဒိုင်များတွင် တစ်နေ့ကို ငါးသလောက် ဝင်ရောက်မှု ပိဿာချိန် ၅ဝဝ ခန့် ဝင်ရောက်ပြီး ငါးသလောက် တစ်ပိဿာကို ၂၆ဝဝ ကျပ်ဈေးဖြင့် အရောင်း အဝယ် ဖြစ်ကြောင်း သိရပါတယ်။နီနီဝင်း

Sunday, 6 Feb 2011

ဘုရင့်နောင်ဈေးတွင် ဖြစ်ပေါ်နေသည့် ငါး၊ ပုစွန် အစာဈေးနှုန်းများအမျိုးအစား                    ရေတွက်ပုံ          ဈေးနှုန်းပဲဖတ်                             ၁ ပိဿာ           ၇၇ဝိ/-နှမ်းဖတ်                              ။                  ၇၃ဝိ/-ပဲပုပ်ဖတ်                             ။                  ၉၃ဝိ/-ပဲပုပ်စေ့                               ။                 ၈၃၅ိ/-ဖွဲနု                                      ။                ၂၄၅ိ/-ပုဇွန်ဖွဲ                                  ။                 ၄၅ဝိ/-နေကြာ                                ။                  ၆၃ဝိ/-ပန်းနှမ်း                                ။                  ၆၈ဝိ/-ငါးဂုံးညို                                ။                  ၉ဝဝိ/-ငါးဝိုင်း                                  ။                  ၈၅ဝိ/-ပဲမှုန့်                                     ။                 ၄၂ဝိ/-မုန်ညင်း                                ။                 ၆၄၅ိ/-ပဲတီစိမ်းမှုန့်                            ။                 ၄၂ဝိ/-ခရုမှုန့်                                   ။                 ၁၃ဝိ/-ပြောင်းဆန်                            ။                 ၃ဝ၅ိ/-ဆန်ကွဲ ၂+၃+၄ ၁               အိတ်             ၈၈ဝဝိ/-ငါးပေါင်းမှုန့်                        တစ်တန်         ၈.၅ သိန်းTMA,MAPT(YGN)

Sunday, 6 Feb 2011

စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး(၄-၂-၂၀၁၁)                                                   ဈေးနှုန်း (ကျပ်)စဉ် ငါးအမျိုးအမည်           ရေတွက်ပုံ                နိမ့်            မြင့်၁။ ငါးကျည်း                        ပိဿာ               ၁၆ဝဝ        ၃၂ဝဝ၂။ ငါးခူ                                  ။                    ၁၆ဝဝ        ၃၂ဝဝ၃။ ငါးမြစ်ချင်း                         ။                    ၁၄ဝဝ        ၁၇ဝဝ၄။ ငါးကြင်း                            ။                    ၂ဝဝဝ         ၃၄ဝဝ၅။ ငါးရံ့                                 ။                     ၁၆ဝဝ        ၃၄ဝဝ၆။ ငါးတန်                             ။                     ၁၆ဝဝ       ၂၉ဝဝ၇။ ငါးသလောက်                    ။                    ၂ဝဝဝ        ၁၈ဝဝဝ၈။ ငါးရှဉ့်                               ။                    ၂၅ဝဝ         ၃၇ဝဝ၉။ ငါးခေါင်းပွ                        ။                     ၁၄ဝဝ        ၂၂ဝဝ၁ဝ။ ကကတစ်                      ။                     ၃၃ဝဝ        ၄၈ဝဝ၁၁။ တီလားဗီးယား                ။                     ၁ဝဝဝ       ၂ဝဝဝ၁၂။ ကသပေါင်း                   ။                      ၃၂ဝဝ        ၄၅ဝဝ၁၃။ ပုစွန်ကျော့                    ။                      ၁၈ဝဝ       ၂၇ဝဝ၁၄။ ပုစွန်စပ်ထုပ်                  ။                     ၆ဝဝဝ        ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး                 ။                   ၁၂ဝဝဝ      ၁၉ဝဝဝ

Sunday, 6 Feb 2011

ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည်                              ရေတွက်ပုံ                    ဈေးနှုန်း(ကျပ်)၁ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်)             ပိဿာ                  ၁၆ဝဝဝ-၁၇ဝဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်)               ။                     ၁ဝဝဝဝ-၁ဝ၅ဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး)                 ။                     ၁ဝဝဝဝ-၁၁ဝဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး)               ။                        ၇၅ဝဝ-၈ဝဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်)                       ။                         ၈ဝဝဝ-၉ဝဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး)                         ။                         ၅ဝဝဝ-၆ဝဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်)                         ။                       ၉ဝဝဝ-၁ဝဝဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး)                         ။                         ၆ဝဝဝ-၆၅ဝဝ၉ ငါးကျီးကြပ်တိုက်ကြီး                              ။                     ၁၇ဝဝဝ-၁၈ဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး                          ။                      ၁၁ဝဝဝ-၁၂ဝဝဝ၁၁ ငါးေြွမထိုးခြောက်                                ။                        ၆၅ဝဝ-၇ဝဝဝ၁၂ ငါးရံ့ခြောက်ကြီး                                  ။                      ၁၇ဝဝဝ-၁၈ဝဝဝ၁၃ ငါးရံ့ခြောက်လတ်                                ။                      ၁၄ဝဝဝ-၁၅ဝဝဝ၁၄ ငါးရံ့လုံးခြောက်                                   ။                         ၆၅ဝဝ-၇ဝဝဝ၁၅ ငါးကွမ်းရှပ်ခြောက်                               ။                        ၇၅ဝဝ-၈ဝဝဝ၁၆ ငါးပုတ်သင်ခြောက်                               ။                        ၃၅ဝဝ-၄ဝဝဝ၁၇ ငါးတံခွန်လုံးခြောက်                              ။                        ၁၃ဝဝ-၁၅ဝဝ၁၈ ကလိန်ခြောက်                                    ။                         ၄ဝဝဝ-၄၅ဝဝ၁၉ ငါးမန်းသားတွဲခြောက်                            ။                        ၈၅ဝဝ-၉၅ဝဝ၂ဝ ငါးနှပ်ချိုခြောက်                                   ။                        ၃၅ဝဝ-၄ဝဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၄-၂-၂ဝ၁၁)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။

Sunday, 6 Feb 2011

 နာဂါစကီ သမဝါယမအသင်းက အသည်းပုံကမာကောင်များထုတ်လုပ်                  မွေးမြူရေးဌာန များတွင် အသည်းပုံ ကမာကောင်များကို စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ဂျပန် နိုင်ငံနာဂါစကီခရိုင်အတွင်းရှိ ဆာဆဲဘိုငါးမွေးမြူရေး သမဝါယမအသင်းက ဖေဖော်ဝါရီ ၁ ရက်နေ့က ပြောကြားပါ တယ်။ ယခုကြေညာချက်မှာ ဂျပန်အမျိုးသမီးတို့က သူတို့ ချစ်သူများအား ချော့ကလက် သို့မဟုတ်အခြားလက်ဆောင် များကို ပေးလေ့ရှိသော ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျရောက်တဲ့ချစ်သူများနေ့မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း ကမာကောင်များကို ထုတ်လုပ် ရန်အတွက် အချိန်သုံးလကြာမြင့်မည်ဖြစ်တဲ့အတွက် ယခုနှစ်မှာ ကျရောက်မယ့် ချစ်သူများနေ့မှာ အသည်းပုံ ကမာကောင်များကို ထုတ်လုပ်နိုင်ဦးမှာ မဟုတ်ကြောင်း သမဝါယမအသင်းက ပြော ကြားပါတယ်။ ကမာကောင် များကို အသည်းပုံရရှိရန် သတ္တုပုံစံခွက်များကိုလည်း အသုံးပြုပုံဖော်မှာဖြစ်ပြီး ဆာဆဲဘိုရှိ ကူပွန်ကူရှီးမားကျွန်း တွင် သုံးလခန့်မွေးမြူရဦးမှာ ဖြစ်ပါတယ်။ ကမ္ဘာမှာကမာကောင်များကို အသည်းပုံနဲ့ အလုံးအရင်းဖြင့် ထုတ်လုပ်ရာမှာ ယခုအကြိမ်က ပထမအကြိမ်ဖြစ်တယ်လို့ သမဝါယမအသင်း ရဲ့ တာဝန်ရှိသူ ဘူချီက ပြောကြားပါတယ်။ Source: japantoday.com

Sunday, 6 Feb 2011

ငါးရှဉ့်-ကဏန်းကို လေကြောင်းလိုင်းက ဒေါ်လာ ၁၁ သန်းကျော်ဖိုးတင်ပို့ထား                  ၂ဝ၁၁ ခုနှစ်ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ငါးရှဉ့်နှင့် ကဏန်းကို လေကြောင်းလိုင်းက ဒေါ်လာ ၁၁ သန်းကျော်ဖိုး တင်ပို့ထားကြောင်း သိရသည်။                   ''ငါးရှဉ့်နဲ့ကဏန်းတွေကို လေကြောင်းလိုင်းကနေတင်ပို့ ဖို့ ခွင့်ပြုထားတဲ့အတွက် လုပ်ငန်းရှင်တွေက လေကြောင်း လိုင်းကို ရွေးချယ်တင်ပို့လာကြပါတယ်။ငါးရှဉ့်ကိုလေကြောင်း လိုင်းကနေ တင်ပို့တာ ဒေါ်လာ ဝ ဒသမ ဝ၆၆ သန်းဖိုးနဲ့ ကဏန်းကိုလေယာဉ်နဲ့ တင်ပို့ရောင်းချတာဒေါ်လာ ၁၁ ဒသမ ၂၄၉ သန်း၊ စုစုပေါင်းဒေါ်လာ ၁၁ သန်းကျော်ဖိုး ရှိနေပါပြီ'' ဟုငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                  ငါးရှဉ့်နှင့်ကဏန်းကို လေကြောင်းလိုင်းအပြင် နယ်စပ် ကုန်သွယ်ရေးစခန်းအလိုက် တင်ပို့မှုမှာ မူဆယ်၊ မြဝတီ၊ မြိတ်နှင့်ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းများက ဒေါ်လာ ၉ ဒသမ ၆၇၉ သန်း၊ ငါးရှဉ့်ကို မူဆယ်နှင့် မြဝတီ စခန်းများက ဒေါ်လာ ၁၉ ဒသမ ၄၉၈ သန်းဖိုး တင်ပို့ထားပြီး ဖြစ်သည်ဟု ဆိုသည်။ MN

Pages