Background
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းများသည် ဧပြီ ၁၉ ရက် နံနက် ၁၁ နာရီတွင် ပျဉ်ထောင်တွင်းအုပ်စု နွယ်ခွေရပ်ကွက် မြရတနာလမ်း ရှိ ပြောင်းစိုက်တောင်သူ ဦးသိန်းစိုးနှင့် တွေ့ဆုံ၍ ပြောင်းဖူးစိုက်ပျိုးထုတ် လုပ်မှုအခြေအနေနှင့် အကျိုးအမြတ်ရရှိမှု အခြေအနေတို့ကို သွားရောက်ကွင်းဆင်း လေ့လာခဲ့သည်။
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်ရှိ အောက်လှိုင်းကျေးရွာနှင့် ငါးလင်ဗန်းကျေးရွာများမှ တောင်သူများသည် မြေအောက်ရေများ အသုံးပြု၍ မေမြို့ပန်းများ စိုက်ပျိုးရောင်း ချလျက်ရှိရာ ယခုနှစ်တွင်အပင်များ အောင်မြင်ဖြစ်ထွန်း၍ မိသားစု အပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စပျစ်စိုက်ပျိုးခြင်းကို မြေအောက်ရေတူးဖော်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စပျစ်သီး ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း စပျစ်ခြံ စိုက်ပျိုး တောင်သူတစ်ဦး ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် ငရုတ်စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်နေသော ဒေသတစ်ခု ဖြစ်သည်။ ထို့ပြင် ညောင်တုန်းမြို့နယ်နှင့် အနီးအနားမြို့များ ဖြစ်သည့် ပန်းတနော်၊ ဓနုဖြူ၊ မအူပင်၊ ဝါးခယ်မ၊ ဇလွန်၊ ဟင်္သတမြို့များထိ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း ငရုတ်စိုက်ပျိုးထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌလည်းဖြစ် "ခင်" ငရုတ်ရောင်းဝယ်ရေး ပိုင်ရှင်လည်းဖြစ်သည့် ဦးဌေးဝင်း၏ ပြောကြားချက်အရ သိရသည်။