Background
မြေခံ၊ ရေခံနှင့် ရာသီဥတုကောင်းသော မွန်ပြည်နယ်သည် ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက်နှင့် ကျွဲကော စသောသီးနှံများစိုက်ပျိုးဖြစ်ထွန်းသော ပြည်နယ်တစ်ခုလည်းဖြစ်သည်။ မွန်ပြည်နယ်၏ အဓိက ထွက်ကုန်မှာ ရော်ဘာဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် ရော်ဘာစိုက်ပျိုးမြေဧက အများဆုံးထွက်ရှိသော ပြည်နယ်တစ်ခုဖြစ်သည်။ ဒုတိယထွက်ကုန်အနေဖြင့် ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက်၊ ကျွဲကော စသည့် သီးနှံများလည်း အများဆုံးထွက်ရှိသည်။
နာနတ်သီးသည် အရည်ရွှမ်း၊ အနံ့မွှေး၍ အရသာကောင်းမွန် သည့်အပြင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ကြွယ်ဝသဖြင့် ကျန်းမာ ရေးအတွက် များစွာအထောက်အကူပြုကြောင်း သိရှိရသည်။
နာနတ်ပင်၏မူရင်းဒေသမှာ တောင်အမေရိကတိုက်၏ အကြီးဆုံးနိုင်ငံဖြစ်သော ဘရာဇီးနိုင်ငံဖြစ်ကြောင်း သိရှိရပြီး မူလအမည်မှာ တောင်အာဖရိကဒေသခံ Tupi Indian တို့၏ Nana ဟူသော ဝေါဟာရ မှဆင်းသက်လာသည့် Ana nas ပင်ဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Annaascomosus ဖြစ်ပြီး မျိုးရင်းအမည်မှာ BROMELIANCEAE ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းများသည် ဧပြီ ၁၉ ရက် နံနက် ၁၁ နာရီတွင် ပျဉ်ထောင်တွင်းအုပ်စု နွယ်ခွေရပ်ကွက် မြရတနာလမ်း ရှိ ပြောင်းစိုက်တောင်သူ ဦးသိန်းစိုးနှင့် တွေ့ဆုံ၍ ပြောင်းဖူးစိုက်ပျိုးထုတ် လုပ်မှုအခြေအနေနှင့် အကျိုးအမြတ်ရရှိမှု အခြေအနေတို့ကို သွားရောက်ကွင်းဆင်း လေ့လာခဲ့သည်။