Main menu

Background

Tuesday, 25 Apr 2023

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်ရှိ အောက်လှိုင်းကျေးရွာနှင့်  ငါးလင်ဗန်းကျေးရွာများမှ တောင်သူများသည်  မြေအောက်ရေများ အသုံးပြု၍ မေမြို့ပန်းများ စိုက်ပျိုးရောင်း ချလျက်ရှိရာ ယခုနှစ်တွင်အပင်များ အောင်မြင်ဖြစ်ထွန်း၍ မိသားစု အပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

Tuesday, 25 Apr 2023

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စပျစ်စိုက်ပျိုးခြင်းကို မြေအောက်ရေတူးဖော်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စပျစ်သီး ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း စပျစ်ခြံ စိုက်ပျိုး တောင်သူတစ်ဦး ထံမှ သိရသည်။

Friday, 31 Mar 2023

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် ငရုတ်စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်နေသော ဒေသတစ်ခု ဖြစ်သည်။ ထို့ပြင် ညောင်တုန်းမြို့နယ်နှင့်  အနီးအနားမြို့များ ဖြစ်သည့် ပန်းတနော်၊ ဓနုဖြူ၊  မအူပင်၊ ဝါးခယ်မ၊ ဇလွန်၊ ဟင်္သတမြို့များထိ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း ငရုတ်စိုက်ပျိုးထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌလည်းဖြစ် "ခင်" ငရုတ်ရောင်းဝယ်ရေး ပိုင်ရှင်လည်းဖြစ်သည့်   ဦးဌေးဝင်း၏ ပြောကြားချက်အရ သိရသည်။ 

Friday, 17 Mar 2023

သံပရာပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသလို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင်လည်း အများအပြား စိုက်ပျိုးကြသည်။ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို စီးပွား ဖြစ်လည်း စိုက်ပျိုးကြသည်။ သံပရာသီးကို လူအများအသုံးပြုကြသဖြင့် စိုက်ပျိုးမှုများပြားလာသည်။

Pages