Main menu

Background

Tuesday, 13 Mar 2012

ပဲခူးတိုင်းဒေသကြီး ပြည်မြို့အတွင်းမှာ သီဟိုဠ်စိုက်ဧက ၃၅၃၇ ရှိပေမယ့် ယခုနှစ်မှာအထွက်နှုန်း ကျဆင်းခဲ့တာကြောင့် ဝယ်လက် တွေ အခက်အခဲ တွေ့နေရပါတယ်။ ယခင်နှစ် ယခုအချိန်ဆိုရင် အနည်းဆုံး ပိဿာ ၁၀၀ကျော်ထိ ဝယ်ခဲ့ရပေမယ့် ဒီနှစ်မှာတော့ မတ်လဆန်းအထိ ပိဿာ ၂၀ ကျော် တောင်မရသေးဘူးလို့ သိရပါ တယ်။ ဈေးနှုန်းအနေနဲ့ တစ်ပိဿာ ကျပ် ၁၆၀၀ ဈေးနဲ့ အဝယ်ရှိပေမယ့် ပစ္စည်းရှားနေလို့ ဒီနှစ်မှာ သီဟိုဠ်တင်ပို့မှု အားနည်းနိုင်တယ်လို့ သိရပါတယ်။   ယဉ်သိမ့်နွေး

Monday, 5 Mar 2012

ပခုက္ကူမြို့နယ်တစ်ဝိုက် မြိုင်၊ ကမ္မ စတဲ့နယ်တွေက မန်ကျည်းမှည့်တွေ နေ့စဉ်ဝယ်နေကျပွဲရုံတွေမှာ ဝင်နေပါပြီ၊ ပခုက္ကူမှာ မန်ကျည်းမှည့်ကို အခွံခွာအကြောသင်ပြီးမှ ရောင်းဝယ်လေ့ရှိပါတယ်။ မနှစ်ကဒီရက်မှာ မန်ကျည်းတစ်ပိဿာကို ကျပ် ၁၀၅၀ ဈေးဖြစ်ခဲ့ပေမဲ့ ယခုနှစ်တော့ ၄၀၅ ကျပ်ထိရောက်ရှိပါတယ်။ မနှစ်က မန်ကျည်းရှားချိန်မှာ ကျပ် ၁၆၀၀ ထိရောက်ခဲ့ပြီး ယခုနှစ်တော့ မန်ကျည်းအထွက်ပိုမယ်လို့ ပခုက္ကူက မန်ကျည်း၊ ထန်းလျက်၊ ပဲမျိုးစုံကုန်သည် ဦးစိုးနိုင်က ရှင်းပြပါတယ်။

Monday, 27 Feb 2012

မုံရွာမြို့နယ်ရဲ့  Export  ထွက်ကုန် သစ်သီးဝလံဖြစ်တဲ့ သခွားမွှေးစိုက်ပျိုးရာ သပြေတော၊ ဖန်းခါးကျင်း၊ အက်တောနဲ့ ကျောက်ဆစ်ပုံရွာတွေမှာ ယခုရာသီစိုက်ခဲ့ကြတဲ့ သခွားမွှေးတွေ ဇန်နဝါရီလလယ်ခန့်ကစပြီး ယနေ့အထိ မူဆယ်ဈေးကွက်ကို တင်ပို့လျက်ရှိတယ်လို့သိရပါတယ်။

Monday, 27 Feb 2012

မန္တလေးမြို့ရှိ ဆီစက်လုပ်ငန်းရှင်များမှာ စက်ကြိတ်ခွဲအားကောင်းခဲ့တဲ့ ဆောင်းရာသီမှာပင် စက်လည်နှုန်းကျဆင်းကာ နွေရာသီလို စက်လည်နှုန်း မကောင်းချိန်မှာ လုပ်ငန်းပြောင်းရမယ့် အနေအထားရှိနေကြောင်း ဆီစက် လုပ်ငန်းရှင်များထံမှ သိရပါတယ်။"အခါတိုင်း ဆောင်းရာသီဆို လက်မလည်အောင် ဆီကြိတ်ရတယ်။ ဒီနှစ်မှာ ၃၀ ရာခိုင်နှုန်းပဲ စက်လည်အားရှိတယ်။ ဆောင်းရာသီမှာတောင် ဒီလိုဖြစ်နေရင် နွေမှာလုပ်ငန်းပြောင်းရမယ့်အနေအထားရှိတယ်။

Monday, 27 Feb 2012

                မုံရွာကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ ဆီထွက်သီးနှံဈေးကွက်အနေနဲ့ နယ်စုံကမြေပဲနဲ့နှမ်းတွေ အဝင်ပုံမှန်ရှိခဲ့ပြီး နှမ်းဈေးထက်မြေပဲက ဈေးပိုစွာ လာတာ တွေ့ရပါတယ်။ ဒီလထဲမှာဖြစ်ပေါ်ခဲ့တဲ့ ဆီထွက်သီးနှံဈေးကွက်ကို လေ့လာတဲ့အခါ မြေပဲဈေးဟာ

Monday, 27 Feb 2012

            အာလူးသီးနှံကို  ရှမ်းပြည်နယ် တောင်ပိုင်းရှိ ၂၁ မြို့နယ်အနက် ၁၉ မြို့နယ်မှာ  စိုက်ပျိုးပြီး ပင်လောင်း၊ ကလောနဲ့ ပင်းတယမြို့နယ်များမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ မိုး အာလူး၊ စကအာလူးနဲ့ ဆောင်းအာလူး တို့ကို သုံးကြိမ်စိုက်လို့ သုံးကြိမ်ဖော်ပါ တယ်။ မိုးအာလူးကို အဓိကထားစိုက် ပျိုးလို့ စကအာလူးနဲ့ ဆောင်းအာလူးကို ပြည်နယ်စိုက်ဧက လေးသောင်းကျော် နဲ့ စိုက်ပျိုးပါတယ်။

Monday, 27 Feb 2012

              ၂၀၀၇ ခုနှစ်၊ ဂေါ်ဖီထုပ်ပေါ်ချိန် တုန်းက ကလောမြို့နယ်ကို စာရေးသူ တစ်ကြိမ်ရောက်ခဲ့ဖူးပါတယ်။ ထိုစဉ်က ဂေါ်ဖီထုပ်တစ်ထုပ်ကို ၆၀ ကျပ်ဈေး သာရရှိလို့ ထပ်မံစိုက်ထုတ်ရမယ့် သယ် ယူတင်ပို့ခ ၆၀ ကျပ်ကို မကုန်ကျနိုင် တာကြောင့်  စိုက်ခင်းထဲမှာပင် ဒါး ကောက်နဲ့ ရမ်းခြင်း၊ လမ်းဘေးမှာ ခြောက်သည်အထိ ပုံထားခြင်းဆိုတဲ့ ရင် နင့်ဖွယ်မြင်ကွင်းကို  တွေ့ခဲ့ရပါတယ်။

Monday, 13 Feb 2012

ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၃၄၆ သန်းတန်ဖိုးရှိ ဖရဲသီး တန် ၈၀၀၀ ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၆၅ သန်း တန်ဖိုးရှိ သခွားမွှေး ၂၉၅ တန်ကျော်ကို မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ၀ ဒသမ ၃၄၉ သန်းတန်ဖိုးရှိ ပန်းသီး ၇၉၁ တန်လည်း  မူဆယ်နယ်စပ်မှ အသွင်းရှိခဲ့တယ်လို့ သိရပါတယ်။                                                              MIRT(DOBT)

Monday, 13 Feb 2012

    ရှေးဟောင်း အနုပညာနယ်မြေ ပုဂံညောင်ဦးမြို့နယ်ကို ပြည်ပဧည့်သည်များ လာရောက်လေ့လာလျက်ရှိရာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်ပဧည့် ၁၉၉၉၇ ဦး ဝင်ရောက်တာကြောင့် ယခင်လ ဧည့်ဝင်ရောက်မှုထက် ၄၈၆၄ ဦး ပိုမိုဝင် ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဧည့်ဝင်ရောက်မှုမှ ဝင်ငွေရရှိမှုမှာလည်း ကန်ဒေါ်လာ ၁၈၃၁၅၉ နဲ့ FEC ၁၆၈၁၁ ဖြစ်တာ ကြောင့် ဇန်နဝါရီလ နိုင်ငံခြားဝင်ငွေရရှိမှုမှာ ဒေါ်လာ ၁၉၉၉၇၀ ရရှိခဲ့တယ်လို့သိရပါတယ်။                 တင်မျိုးခိုင်

Monday, 13 Feb 2012

                       ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်မှာ ဆောင်းအာလူး ဧက ၁၁၀၀ ကို စိုက်ပျိုးပြီးကြောင်း သိရပါတယ်။ မြို့နယ်အလိုက် စိုက်ပျိုးမှုမှာ လွိုင်ကော်မြို့နယ်မှာ ၃၁၀ ဧကနဲ့ ဒီမော့ဆိုမြို့နယ်မှာ ၇၉၀ဧကတို့ဖြစ်ပြီး၊ ဆောင်းအာလူးကို ဒီဇင်ဘာနဲ့ ဇန်န ဝါရီလများမှာ စိုက်ပျိုးပြီး၊ မတ်လနဲ့ ဧပြီလများမှာ ထွက်ရှိမှာဖြစ်ပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်မှာ မိုးနှောင်း အာလူးစိုက်ဧကမှာ ၅၀၁ ဧကရှိခဲ့တာကြောင့် ဆောင်းအာလူးစိုက်ပျိုးမှုမှာ မိုးအာလူးထက် နှစ်ဆကျော် တိုးတက်စိုက်ပျိုးလာ ကြောင်း သိရပါတယ်။                                                                             မင်းအောင်

Pages