Main menu

Background

Monday, 13 Feb 2012

                   နှစ်စဉ် တပို့တွဲလဆန်း ၁၂ ရက်မှ လပြည့်ကျော် ၃ ရက်အထိ ခုနစ်ရက် ကျင်းပတဲ့ မိုးဗြဲမွေတော်ဓာတ်စစ်စေတီ တော်ဘုရားပွဲကို  ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်   တောင်ပိုင်းတစ်ခွင်မှ ဘုရားဖူးဧည့်သည်များ၊  ဈေးရောင်းသူ များလာရောက်ကြပြီး၊ ဘုရားပွဲမှအပြန် မှာလိုအပ်တဲ့ အိမ်သုံးပစ္စည်းမျိုးစုံနဲ့ အိမ် ဆောက်ပစ္စည်းအမျိုးမျိုးတို့ကို ပုံအော ဝယ်ယူလေ့ရှိကြောင်းသိရပါတယ်။

Monday, 13 Feb 2012

              ရာသီစာသီးနှံတွေအနက်က ယခုလအတွင်း ဖရဲသီးလှိုင်လှိုင်ပေါ်နေပြီဖြစ်လို့ ဖရဲသီးလက်လီ၊ လက်ကားရောင်းချ တဲ့ဆိုင်တွေ များပြားလာတာတွေ့ရပါတယ်။ ဖရဲစိုက်တောင်သူတွေထံက ကုန်သည်များက မြေငှားခပေးပြီးစိုက်ပျိုးကာ ထွက်ရှိလာတဲ့ အသီးတွေကို မူဆယ်မှတစ်ဆင့် တရုတ်ဈေးကွက်ကို တင်ပို့ရောင်းချပြီး၊ ပယ်သီးများကို အလုံးရေအလိုက် ဈေးနှုန်းသတ်မှတ်ပြီး တစ်ဆင့်ပြန်လည်ရောင်းချသူများအား ရောင်းချပေးကြောင်း သိရှိရပါတယ်။ ဖရဲသီးကို ရှမ်းကလေးကျွန်းနဲ့ တံတားဦးကျေးရွာများက အများအပြားစိုက်ပျိုးထွက်ရှိပြီး၊ လက်လီဈေးအကြီး တစ်လုံး ကျပ် ၁၅၀၀၊ အလတ် ကျပ် ၁၀၀၀၊ အသေး ကျပ် ၅၀၀ နဲ့ တစ်ထောင်ကျပ်ဖိုး သုံးလုံးနဲ့ ရောင်းဝယ်နေကြောင်း သိရပါတယ်။                                                                                ခင်မြင့်မြင့်

Monday, 13 Feb 2012

          မန္တလေးမြို့ သီရိမာလာဈေးကြီးကို ဟင်းသီးဟင်းရွက်ဝင်ရောက်မှုနဲ့ ပတ် သက်ပြီး ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက မုန်လာဥ၊ မုန်ညင်း၊ ဘိုစားပဲသီး၊ ခါကြက်ဥ တို့အဝင်ပိုခဲ့ပါတယ်။ ဂေါ်ဖီ၊ ပန်းမုန်လာ၊ ဂေါ်ရခါးသီး၊ ခရမ်းချဉ်သီးတို့ ဝင်ရောက်မှု နည်းခဲ့ပါတယ်။ အဝင်များတဲ့ ဟင်းသီးဟင်းရွက်ရော၊ အဝင်နည်းတဲ့ ဟင်းသီး ဟင်းရွက်ရော ဈေးနှုန်းကွာခြားမှု မရှိဘူးလို့ သိရပါတယ်။

Monday, 13 Feb 2012

            ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလဆန်း တွင်ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေး ရွာများမှာ ဒုတိယအကြိမ်၊ တောင်သူ၊ လုပ်ငန်းရှင်များစိုက်ထားတဲ့ သခွားမွှေး များ ဆွတ်ခူးရောင်းချပြန်ပါပြီ။ အဓိက ဈေးကွက်ကတော့ မူဆယ် ၁၀၅ မိုင်နဲ့ မန္တလေးသစ်သီးဈေးကွက်များ  ဖြစ်ပါ တယ်။

Monday, 6 Feb 2012

              မန္တလေးသစ်သီးဈေးကွက်မှာ လိမ္မော်ကတော့ ထိပ်ကပြေးနေပါတယ်။ မိုးကုတ်လိမ္မော်တွေ တုံးခါနီးပြီး မိုင်းလုံသီး တွေလည်း အဝင်လျော့လာတယ်။ ဟမ္မငိုင်းသီးတွေကတော့ အဝင်များပြီး အရောင်းသွက်လျက်ရှိပါတယ်။ မိုးကုတ်၊ မိုင်းလုံသီး တွေကုန်သွားရင် ဟမ္မငိုင်းသီးက လှောင်နိုင်တဲ့အတွက် ဟမ္မငိုင်းသီးပဲကျန်မှာဖြစ်ပြီး တပေါင်း၊ တန်ခူးထိ ဝင်နိုင်ပါတယ်။ အဲဒီအချိန်မှာဆို လိမ္မော်တွေ ရှားလာတဲ့အတွက် ဈေးကောင်းမယ်။  ယခုချိန် လိမ္မော်ဈေးမှာ အချိန် ၁၀၀ ကို ၄၅၀၀၀ ကျပ်ကနေ ၈၀၀၀၀ ကျပ်ထိရှိပါတယ်။

Monday, 16 Jan 2012

အနီရောင်ပေါ် အနက်စက်လေးပါတဲ့ ရွေးလေးအဖြစ်  အသိများတဲ့ ဆင်ရွေးစေ့ပင်ရဲ့ အရွက်နဲ့ အစေ့ဟာ ဆေးဘက်ဝင်တဲ့အတွက် ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုဖို့ တရုတ်နိုင်ငံမှ ဝယ်ယူလာရာ ဈေးကောင်း ရလာခဲ့ ပါတယ်။ ဒါကြောင့် ယခင်က အလေ့ကျပေါက်ရာမှ ယခုအခါ အရာတော်မြို့နယ်မှ စနစ်တကျ စိုက်ပျိုးပြီး၊ အများဆုံး စိုက်တဲ့ ကံသာနဲ့တောင်မွှာကျေးရွာများအပါအဝင် စိုက်ဧကပေါင်း ၇၀၀ ကျော်ရှိကြောင်း သိရပါတယ်။

Monday, 16 Jan 2012

မန်းပန်းဈေးကွက်သို့ ပုသိမ်ကြီးနယ်တစ်ဝိုက် ကျောက်မီးလက်ကောင်း၊ ထုံးဘို၊ မတ္တရာနယ်များမှ ပန်းများ ဝင်ရောက်ပါတယ်။ ပန်းဈေးနှုန်းမှာ ကြွေဖြူနှစ်ရိုးကပ် ၅ ပွင့်၊ ၆ ပွင့် တစ်စည်း ၃၅၀ ကျပ်၊ ှကာာနမ အဝါရောင် ၁၀ ပွင့်-၁၂ ပွင့်တစ်စည်း ၄၀၀ ကျပ်၊ ၅၀၀ ကျပ်၊Lucky  အဖြူနှစ်ရိုးကပ် ၁၀ ပွင့်၊ ၁၂ ပွင့် ၅၀၀ ကျပ်၊ ၆၀၀ ကျပ်၊ ကီလိုအုပ်စုရောင်စုံလက်ဆုတ်တစ်စည်း ၁၅၀၀ ကျပ်ဈေးများနဲ့ လက်လီရောင်းဝယ်နေကြပြီး၊ ကြွေဖြူ ၂၅ စည်း တစ်ထုံး ၇၅၀၀ ကျပ်၊  Summer  ၂၅ စည်းတစ်ထုံး ၁၁၀၀၀ ကျပ်၊  Luckyတစ်ထုံး ၁၂၅၀၀ ကျပ်ဈေးများနဲ့ နေ့စဉ် ပန်းဒိုင်များသို့ အထုံး ၃၀၀ မှ ၃၅၀ အတွင်းဝင်ရောက်ပြီး၊ ပန်းဒိုင်များမှ အနီးဝန်းကျင်မြို့များသို့ ပြန်လည်ဖြန့်ဖြူးရောင်းချကြောင်း သိရပါ တယ်။                                                                         တင်ဇာမျိုး

Sunday, 8 Jan 2012

             ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာမှာ နဂါးမောက်စိုက်ပျိုးသူများလာကြောင်း သိရပါတယ်။ နဂါးမောက် ဈေးကွက်မှာ နဂါးမောက်သီးတစ်လုံး အနည်းဆုံး ၅၀၀ ကျပ်နဲ့ အများဆုံး ၃၀၀၀ ကျပ်ရှိပြီး၊ နဂါးမောက်သီး အနည်းဆုံးဈေးက ပန်းသီးဈေးနဲ့ ကွာဟမှုနည်းတာကြောင့် စားသုံးမှုများလာကြောင်း သိရပါတယ်။

Wednesday, 4 Jan 2012

မူဆယ်ဈေးကွက်မှာ ဖရဲ၊ သခွားတွေဈေးအေးနေတယ်လို့သိရပါတယ်။ မနှစ်ကဒီအချိန် မူဆယ်မှာ ဖရဲတစ်ကီလို တရုတ်ငွေ ၅ ယွမ် (၆၄၅ ကျပ်)၊ ရွှေသခွားတစ်ကီလို ၆ ယွမ် (၇၇၄ ကျပ်)၊ ပိုက်သခွားတစ်ကီလို ၅ ယွမ် (၆၄၅ ကျပ်)ကျော်နဲ့ မရဘူးတဲ့ဈေးတွေရခဲ့ပါတယ်။

Tuesday, 3 Jan 2012

ပဲခူးတိုင်းဒေသကြီး၊ ပြည်အတွင်း ရွှေတောင်မြို့နယ်မှာ အာလူးဧက ၆၀၀ ခန့် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒေသတွင်းထွက်ရှိတဲ့ အာလူးများကို ပြည်ဈေးကွက်သို့ ဒီဇင်ဘာလ တတိယပတ်မှစပြီး ယခုတစ်ပတ်အထိ နေ့စဉ် ပိဿာ ၄၀ ဝင်အိတ် ၂၀၀ ခန့် တင်သွင်းရောင်းဝယ်လျက်ရှိပါတယ်။

Pages