Main menu

Background

Tuesday, 15 Feb 2011

အရပ်ဝယ်လက် အဝယ်လိုက်သဖြင့် ရွှေဈေးမြင့်လာ                ရန်ကုန်ရွှေဈေးကွက်အတွင်း အရပ်ဝယ်လက် အဝယ်လိုက်သဖြင့် ရွှေဈေး များမြင့်လာကြောင်း ရွှေကုန်သည်ကြီးများထံက ကြားသိရသည်။ ''အခေါက်ဈေးကွက်ထဲမှာ အရပ်ဝယ်လက်က အဝယ်လိုက်လာတယ်။ အရပ် ဝယ်လက်က ဝယ်လက်ကုန်သည်ကြီးတွေနဲ့မတူဘူး။ ရွှေဝယ်မယ်ဆိုရင် ရွှေကိုရ အောင်ဝယ်တာ။ ငွေဈေးအေးတာ၊ ကမ္ဘာ့ရွှေဈေး ဒေါ်လာဈေးနှုန်းတွေ ဘာမှမ ကြည့်ဘဲကို ဝယ်တာ။ သူတို့ရဲ့ဝယ်ယူမှုကို ကမ္ဘာ့ဈေး၊ အန်နီဈေး ဘယ်လိုကိစ္စကမှ မသက်ရောက်ဘူး။ သူတို့ဝယ်ပြီဆိုရင် တအားလိုက်ဝယ်တော့တာပဲ။ ဖေဖော်ဝါရီ ပထမပတ်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ၆၃ဝဝဝဝ ဝန်းကျင်နဲ့ ငြိမ်နေခဲ့ပြီး၊ ဖေဖော်ဝါရီ ၁ဝ ရက်က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၆၄၁ဝဝဝ-၆၄၁၅ဝဝ ရှိခဲ့ကာ၊ ဖေဖော်ဝါရီ ၁၂ရက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ၆၄၂ဝဝဝ-၆၄၄ဝဝဝ ကျပ်ရှိခဲ့ပါတယ်''ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။                 ကမ္ဘာ့ရွှေပေါက်ဈေးမှာ ဇန်နဝါရီပထမပတ်တွင် တစ်အောင်စကို ၁၃၄ဝ- ၁၃၅၁ ဒေါ်လာဝန်းကျင်ရှိခဲ့ပြီး ဇန်နဝါရီ ၁ဝ ရက်နဲ့ ၁၁ ရက်တို့တွင် ဒေါ်လာ ၁၃၆ဝ ဝန်းကျင်ရှိနေသည်ဟု ဆိုသည်။ ခင်မျိုးသွယ်

Sunday, 6 Feb 2011

World Gold Price        February 2011 (USD/OZ)Date NY London Zurich31 1335 1337 13371 1332 1334 13342 1334 1336 13363 1334 1336 13364 1347 1349 1353Domestic Gold Price                 Kyats(Thousand)Date          Yangon      Mandalay31-1-2011  629.00      628.201-2-2011    628.50      627.202-2-2011    628.00     627.903-2-2011    630.80     629.504-2-2011    631.50     630.60

Sunday, 6 Feb 2011

ရွှေနဲ့ ငွေဈေး နှစ်လအတွင်း အနိမ့်ဆုံးသို့ကျ                  အာရှနဲ့ လန်ဒန်ဈေးကွက်မှာ ရွှေဈေးတွေ ဖေဖော်ဝါရီ ၄ ရက်က ဆက်လက်ကျဆင်းခဲ့ပါတယ်။ အာရှဈေးကွက် တွေမှာလည်း ဒေါ်လာနဲ့ ဖလှယ်နှုန်း တွေကျဆင်းနေတဲ့တိုင်အောင် ရွှေနဲ့ ငွေ သတ္တုဈေးနှုန်းတွေက နှစ်လအတွင်း အနိမ့်ဆုံးနှုန်းထိကျဆင်းခဲ့ပါတယ်။ လန်ဒန်မြို့နေ့လည် အရောင်းအ ဝယ်ဖြစ်ချိန်မှာ ၂ဝ၁၁ ခုနှစ် နှစ်သစ် အကူးမှာရှိခဲ့တဲ့ အမြင့်ဆုံးဈေးနှုန်းနဲ့နှိုင်းယှဉ်ရင် ရွှေဈေးနှုန်းက ဒေါ်လာနဲ့တန် ဖိုးသင့်ရင် ၆ ရာခိုင်နှုန်း၊ ယူရိုနဲ့ ၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဗြိတိသျှပေါင်စတာလင် နဲ့ ၉ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့ပါတယ်။ ထုံးစံအားဖြင့် တရုတ်နှစ်သစ်ကူး ချိန်မှာ အိမ်သုံးရွှေအဝယ်လိုက်တတ်ပါတယ်။ ဇန်နဝါရီကနေ မတ်လအထိကာ လမှာ ကျန်ကိုးလပျမ်းမျှနဲ့ စာရင် ရွှေ ရဲ့ပျမ်းမျှဈေးနှုန်း ၂၂ ရာခိုင်နှုန်းထိမြင့် တက်ခဲ့ကာ ၂ဝဝ၅ ခုနှစ်ကတည်းက တွက်ရင် ဖြစ်ပါတယ်။                တရုတ်နိုင်ငံရဲ့ သွင်းကုန်ကိန်း ဂဏန်းတွေကိုကြည့်ရင် ၂ဝ၁ဝ ပြည့်နှစ် ငွေသတ္တုတင်သွင်းမှုက ၂ဝဝ၉ ခုနှစ် တင်သွင်းတာထက် လေးဆမြင့်တက်ပြီး တန်ချိန်စုစုပေါင်း ၃၅ဝဝ ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံ ပြည်တွင်းငွေသတ္တုထုတ် လုပ်အားက လွန်ခဲ့တဲ့နှစ်အတွင်း ၈ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁၁၆၁၇ တန်ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ၂ဝဝဝ ပြည့်နှစ် ကစပြီး အစိုးရခုျပ်ကိုင်မှုကို လျှော့ချ ပေးခဲ့တဲ့အတွက် တရုတ်နိုင်ငံရဲ့ ငွေ သတ္တုပြည်ပတင်ပို့မှုဟာ ယခုနှစ်မှာ တန်ချိန် ၃ဝဝဝ ရှိခဲ့ပါတယ်။                 တရုတ်နိုင်ငံရဲ့ လက်ရှိလက်ဝတ် လက်စားနဲ့ အခြားရွှေအသုံးကတော့ တိုးတက်နေတာဖြစ်ပေမဲ့ အမှန်ပမာဏ ကိုခန့်မှန်းရခက်ပါတယ်လို့ ပေကျင်း Antaike Information Development  လုပ်ငန်းမှ လေ့လာဆန်းစစ်သူ တစ်ဦးက ပြောတယ်လို့ ဘလွမ်းဘတ် သတင်းဌာနကပြောပါတယ်။ Source:glodnews. bullionvault.com၊ ဉာဏ်တင် 

Sunday, 6 Feb 2011

 ပြည်တွင်းအခေါက်ရွှေ ပေါက်ဈေး ပြည်ပထက် ကျပ်တစ်သောင်းကျော်မြင့်နေ          ရန်ကုန်အခေါက်ရွှေဈေးကွက်အတွင်း ဖြစ်ပေါ်နေသော အခေါက်ရွှေ ပေါက် ဈေးများမှာ ပြည်ပအခေါက်ရွှေ ပေါက်ဈေးနှုန်းထက် ကျပ်တစ်သောင်းကျော် အမြင့်ဖြင့် ဈေးနှုန်းကွာဟမှုရှိနေကြောင်း ရွှေဘုံသာလမ်းရှိ ရွှေကုန်သည်များထံက သိရသည်။             ''ဖေဖော်ဝါရီလဆန်း တစ်ပတ်လုံးမှာ အခေါက်ရွှေပေါက်ဈေးအနေနဲ့ အနိမ့် ဆုံး ၆၂၉ဝဝဝ ကျပ်နဲ့ အမြင့်ဆုံး ၆၃၂၅ဝဝ ကျပ်ရှိနေတယ်။ အရောင်းအဝယ်တော့ အေးတယ် ပြောရမယ်။ ဒီရက်က တရုတ်နှစ်သစ်ကူးဆိုတော့ အဓိကဝယ်လက် ကြီးတွေ လုပ်ငန်းနားထားကြတယ်။ အရပ်ဝယ်လက်သမားတွေကလဲ ၆၂၈၅ဝဝ ကျပ်နဲ့ ၆၃ဝဝဝဝ ကျပ် ပေါက်ဈေးလောက်မှာ ဝယ်ဖြည့်ထားကြတဲ့အတွက် အဝယ် မရှိဘူး။ ဈေးကွက်ထဲကို ပြန်ထုတ်ရောင်းဖို့ ဈေးနှုန်းပြန်စောင့်ကြည့်နေတဲ့သဘော ရှိတယ်''ဟု ဝါရင့်ရွှေကုန်သည် ဦးမောင်အေးက ပြောပြသည်။            ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၃ဝဝဝဝ ကျပ်ရှိပြီး ညနေပိုင်းတွင် ၆၃၂၅ဝဝ ကျပ်တို့ ဖြစ်ပေါ်ခဲ့သည်။ အခေါက်ရွှေပေါက် ဈေးမှာ တစ်အောင်စလျှင် ၁၃၅၂-၁၃၄၈ ဒေါ်လာဖြစ်ခဲ့သည်။ ဖေဖော်ဝါရီ ၅ရက် တွင် ပြည်တွင်းအခေါက်ဈေးနှုန်းမှာ ၆၃၃ဝဝဝ ကျပ်ရှိသည်ဟု ဆိုသည်။ ခင်မျိုးသွယ်

Sunday, 30 Jan 2011

World Gold Price                      January 2011 (USD/OZ)Date NY    London      Zurich24 1347     1348        134925 1328     1330        133126 1332     1334        133527 1313     1314        131528 1310     1311        1313Domestic Gold Price                              Kyats(Thousand)Date                Yangon           Mandalay24-1-2011        633.50          632.9025-1-2011        631.50          630.8026-1-2011        630.00          629.6027-1-2011        633.00          632.0028-1-2011        628.00           627.40

Sunday, 30 Jan 2011

တရုတ်နှစ်သစ်ကူးအမီ ကျောက်စိမ်းနှင့်ကျောက်များ အဝယ်လိုက်၍ စိန်အရောင်းပါးလျက်ရှိ            မန္တလေးစိန်ဈေးကွက်တွင် တရုတ်နှစ်သစ်ကူးပွဲတော်အမီ ကျောက်စိမ်းနဲ့ အနီ၊ အပြာကျောက်များ အဝယ်လိုက်၍ စိန်အရောင်းအဝယ်ပါးလျက်ရှိကြောင်း သိရပါတယ်။ Mandalay Gems Center မှ စိန်ကုန်သည်တစ်ဦးက ''ဒီလဆန်းပိုင်းက စိန်အရောင်းအဝယ်ရှိခဲ့ပြီး၊ လလယ်မှအရောင်းအဝယ်ပါးလာတာ။ တရုတ်နှစ်ကူး အမီ လက်ဆောင်ပေးဖို့အတွက် တွင်းထွက်ကျောက်နဲ့ ကျောက်စိမ်းအဝယ်လိုက် လာတယ်။ ကျောက်စိမ်းတော်တော်လေးကိုရောင်းရတယ်။ မိုးကုတ်ဥဒေါင်းကျောက်ရွှေဝါရောင်အထည်ရော၊ အလွတ်ရောရောင်းရတယ်။ ပြောင်ခေါင်းစိမ်းလည်း ကြိုက်ကြတယ်။ စိန်ကဝယ်လိုအား နဲနဲပါးနေတာ။ စိန်ဈေးလည်းနဲနဲတက်တော့ အပွင့်ကြီးရင် ဈေးတက်တာသိသာတယ်။ ဒါကြောင့် ဒီရက်ပိုင်း အရောင်းအဝယ် ပါးနေတာ' လို့ပြောပါတယ်။       လတ်တလောမှာ ကျောက်စိမ်းအများဆုံးဝယ်ယူမှုရှိပြီး တစ်ပွင့်ကိုတစ်သိန်း၊ နှစ်သိန်းဝန်းကျင်တန်များ၊ ကျောက်နီ၊ အပြာများမှာ တစ်ကလပ်လျှင် သောင်း ဂဏန်း ဝန်းကျင်တန်၊ ပြောင်ခေါင်းစိမ်းတစ်ကလပ်လျှင် နှစ်သောင်း၊ သုံးသောင်း ဝန်းကျင်ရှိ ကျောက်အသေးများ အရောင်းသွက်ကြောင်းသိရပါတယ်။ ဇူးဇူး 

Friday, 28 Jan 2011

 ရွှေဈေးကွက် ရက်သတ္တသုံးပတ် ဆက်တိုက်ကျဆင်း          ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန် ထူလာမှုကြောင့် ချေးငွေကုန်ကျစရိတ် များ မြင့်တက်လာလိမ့်မည်ဟု တွက်ဆ လာကြတဲ့အတွက် ရွှေဈေးက ရက်သတ္တသုံးပတ်မြောက် ဆက်တိုက်ကျဆင်း မဲ့ အခြေအနေကိုတွေ့ရပါတယ်။ ရွှေကို ရင်းနှီးမြှုပ်နံှဖို့အတွက် သဘောကျနှစ် ခြိုက်နိုင်မယ့် အခြေအနေကိုလည်း ကျဆင်းလာခဲ့ပါတယ်။ ငွေသတ္တုရဲ့ တန်ဖိုး ကလည်း ရက်သတ္တခုနစ်ပတ်အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။         နယူးယောက်ဈေးကွက်မှာ ဖေဖော်ဝါရီအတွက် ကြိုပွိုင့်ဈေးက ဇန်နဝါရီ ၂ဝရက် နံနက် ၁ဝနာရီ ၃၈မိနစ်က ရွှေတစ်အောင်စလျင် ၃ ဒသမ ၈ဝ ဒေါ်လာ (သုည ဒသမ ၃ရာခိုင်နှုန်း) ကျဆင်းပြီး တစ်အောင်စကို ၁၃၄၂ ဒသမ ၇ဝ ဒေါ်လာနှုန်းဖြစ်ခဲ့ပါတယ်။ ရက်သတ္တပတ်အလိုက်ကြည့်ပါက ၁ ဒသမ ၃ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒီဇင်ဘာ ၇ရက်က ရွှေတစ်အောင် စကို ၁၄၃၂ဒသမ ၅ဝ ဒေါ်လာနှုန်းနဲ့ အမြင့်ဆုံးကို ရောက်ခဲ့ပြီး ဇန်နဝါရီ ၂၁  ရက် နံနက်ပိုင်းမှာ တစ်အောင်စကို ၁၃၃၇ဒေါ်လာနှုန်းဖြစ်ရာ နိုဝင်ဘာ ၁၈ ရက်နောက်ပိုင်း အနိမ့်ဆုံးဈေး ဖြစ်ခဲ့ပါ တယ်။           နယူးယောက်ဈေးကွက်မှ ငွေသတ္တု ရဲ့ မတ်လကြိုပွိုင့်ဈေးက တစ်အောင်စ ကို ၂၇ဒသမ ၂၀ထိရောက်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၉ရက်နောက်ပိုင်း အနိမ့်ဆုံး ဈေးဖြစ်ပါတယ်။ ငွေသတ္တုက တတိယ ရက်သတ္တမြောက်ဈေးနှုန်း ကျဆင်းခဲ့ တာဖြစ်ပြီး မတ်လနောက်ပိုင်း ကျဆင်း မှုကာလ အရှည်ကြာဆုံးဖြစ်ခဲ့ပါတယ်။ ဉာဏ်တင်၊ Socurce : bloomberg.com

Tuesday, 25 Jan 2011

World Gold Price                   January 2011 (USD/OZ)Date        NY         London        Zurich17         1359         1358          136018         1362         1363          136319         1370         1372          137220         1360         1361          136521         1344         1345          1343Domestic Gold Price                          Kyats(Thousand)Date                  Yangon               Mandalay17-1-2011          630.30                629.6018-1-2011           633.50               635.0019-1-2011           635.10                635.0020-1-2011            637.00               636.8021-1-2011            641.50                642.0s0

Sunday, 16 Jan 2011

World Gold Price                  January 2011 (USD/OZ)Date    NY         London      Zurich10       1376       1377        137711       1372       1374        137412       1381       1382        138313       1384       1383        138314       1373       1375        1375Domestic Gold Price                     Kyats(Thousand)Date               Yangon            Mandalay10-1-2011        634.20          633.8011-1-2011        630.00          629.7012-1-2011        631.50          631.7013-1-2011        634.00           633.9014-1-2011         633.80          633.60

Sunday, 16 Jan 2011

၂ဝ၁ဝ ခုနှစ်က ဖြစ်ပေါ်ပြောင်းလဲခဲ့သော ကမ္ဘာ့ရွှေဈေးကွက်အခြေအနေနှင့် ၂ဝ၁၁ ခုနှစ်အတွက် ရွှေဈေးကွက် အလားအလာ ၂ဝ၁ဝ ခုနှစ်၏ ကမ္ဘာ့ရွှေဈေးနှုန်း                ၂ဝ၁ဝ ခုနှစ်တွင်လ အလိုက်ပြောင်းလဲခဲ့သော လန်ဒန်နှင့် နယူးယောက် ပျမ်းမျှရွှေဈေးနှုန်း ပြောင်းလဲမှုအခြေအနေကို အောက်ပါဇယားနှင့် ဂရပ်အရ သိရှိရသည်- (တစ်အောင်စ- ကန်ဒေါ်လာ)Market    JAN      FEB       MAR      APR      MAY      JUN      JUL      AUG       SEP      OCT     NOV      DECLondon   ၁၁၂ဝ ၁ဝ၉၁   ၁၁ဝ၈  ၁၁၄၉     ၁၂ဝ၃   ၁၂၃၅    ၁၁၉၅   ၁၂၁၇    ၁၂၇၂   ၁၃၄၇   ၁၃၇၃    ၁၃၉၂New York၁၁၂၂ ၁ဝ၉၂    ၁၁ဝ၉  ၁၁၄၉     ၁၂ဝ၄   ၁၂၃၅    ၁၁၉၅   ၁၂၂ဝ   ၁၂၇၄   ၁၃၄၈    ၁၃၇၅    ၁၃၉၃Source: Bloomberg.com , Xe.com                  ၂ဝ၁ဝ ခုနှစ် ဇူလိုင်လနောက်ပိုင်းမှစတင်ကာ ရွှေဈေးနှုန်း တစ်ရိပ်ရိပ် မြင့်တက်ခဲ့ပြီး ၂ဝ၁ဝ ဒီဇင်ဘာလကို ရွှေဈေးနှုန်းအမြင့်ဖြင့် အဆုံးသတ်လိုက်သည်။ မေလကတည်းကဖြစ်ပေါ်ခဲ့သော ဥရောပငွေကြေး အကျပ်အတည်းသည် ပိုမိုဆိုး ရွားလာမည်ဟူသော စိုးရိမ်မှုများကြောင့်လည်း ပိုမိုခိုင်မာစိတ်ချရသည့် ရွှေဝယ် လိုအားတက်သွားကာ ဒီဇင်ဘာလတွင် ရွှေဈေးနှုန်းစံချိန်တင်မြင့်တက်ခဲ့ကာ ဒီဇင်ဘာလ ၃၁ ရက်က နယူးယောက်မာကန်တိုင်း ရောင်းဝယ်ရေးတွင် ရွှေဈေးနှုန်းသည် တစ် အောင်စလျှင် ကန်ဒေါ်လာ ၁၄၂၁ ဒသမ ၄၁ ဖြင့် ခုျပ်ဆိုခဲ့ကြောင်း သတင်း ရရှိသည်။ ၂ဝ၁ဝခုနှစ်အတွက် ရွှေဈေးနှုန်းသည်၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ ၁ဝ နှစ်ဆက်တိုက် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ၂ဝ၁၁ ခုနှစ်၏ ရွှေဈေးကွက်အလားအလာ          ၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာ့ရွှေဈေးနှုန်းသည် ပျမ်းမျှ တစ်အောင်စလျှင် ကန် ဒေါ်လာ ၁၄၅ဝ တွင်ရှိနေမည်ဖြစ်ပြီး ယခင်နှစ်ဈေးနှုန်းထက် ၁၉ ရာခိုင်နှုန်းမြင့် တက်နိုင်ကြေင်း လန်ဒန်ကျွမ်းကျင်သူများမှ ခန့်မှန်းလိုက်သည်။ ဗဟိုဘဏ်၏ ရွှေ ဝယ်ယူမှုအခြေအနေ၊ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းအပြောင်းအလဲနှင့် ရင်းနှီး မြှုပ်နံှသူများ၏ ဝယ်လိုအားအခြေအနေတို့သည် ရွှေဈေးနှုန်းကိုပြောင်းလဲစေသော အကြောင်းများဖြစ်ကြသည်။ ထို့ပြင် တရုတ်၊ အိန္ဒိယနှင့် ရုရှားကဲ့သို့နိုင်ငံကြီးများ၏ ဗဟိုဘဏ်များမှ ရွှေကိုဝယ်ယူစုဆောင်းမှုကြောင့်လည်း ရွှေဈေးနှုန်းမှာ အမြင့်ဘက် သို့ဦးတည်နေခဲ့ပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာမှုကြောင့်လည်း ၂ဝ၁၁ ခုနှစ်အတွက် ရွှေဈေးနှုန်းမှာ အမြင့်ဘက်သို့သာဆက်လက် ဦးတည်နေဦးမည် ဖြစ်ကြောင်း ခန့်မှန်းရသည်။ ှSource:bloomberg.com, အေးမွန်မွန်လှိုင်

Pages