Background
World Gold Price March 2011 (USD/OZ)Date NY London Zurich7 1433 1434 14348 1427 1425 14269 1422 1423 142510 1426 1427 142711 1411 1412 1412Domestic Gold Price Kyats(Thousand)Date Yangon Mandalay7-3-2011 674.50 673.508-3-2011 673.90 673.209-3-2011 675.50 675.0010-3-2011 677.50 677.0011-3-2011 675.00 675.00
ကမ္ဘာ့စိန်ဈေးကွက် ၁၅ ရာခိုင်နှုန်း တိုးတက်ပေမယ့် ပြည်တွင်းစိန်ဈေးကွက် ငြိမ်သက်နေဆ လက်ရှိစိန်လောကတွင် ကမ္ဘာ့စိန်ဈေးကွက်မှာ ၁၅ ရာခိုင်နှုန်းအထိ တိုးတက် သွားခဲ့ကြောင်း စိန်လောကအသိုင်းအဝိုင်းမှတစ်ဆင့် သိရသည်။ ကမ္ဘာ့ရွှေဈေးနှင့် အပြိုင် စိန်ဈေးကွက်မြင့်တက်လာခဲ့သော်လည်း ယင်းကဲ့သို့ဈေးတက်မှုမှာ ပြည်တွင်း သို့ ရိုက်ခတ်ခြင်းမရှိသေးဘဲ မြန်မာနိုင်ငံ၏ စိန်ဈေးကွက်မှာ ဈေးနှုန်းငြိမ်သက် လျက်ရှိကြောင်း သိရသည်။ ထိုကဲ့သို့ ပြည်တွင်းစိန်ဈေးကွက် အတက်အကျမရှိဘဲ ပုံမှန်ရှိနေရခြင်းမှာ ရောင်းအားဝယ်အားကြောင့်ဖြစ်သည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ စိန်ဈေးမှာ ဒေါ်လာဈေးပေါ်မူတည်၍ ဒေါ်လာဈေးမြင့်တက်ပါက စိန်ဈေးနှုန်းများ ပါ မြင့်တက်လာကာ လွန်ခဲ့သည့်လများတွင်မူ ကမ္ဘာ့စိန်ဈေးသည်လည်း ပုံမှန်အတိုင်း သာရှိနေခဲ့သည်။ ကမ္ဘာအရပ်ရပ်ရှိနိုင်ငံများသို့ အိန္ဒိယနိုင်ငံမှတစ်ဆင့် စိန်များတင် သွင်း ရောင်းချလျက်ရှိပြီး ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်ခြင်းမှာ မသွေးရသေးသော စိန်ရိုင်းဈေးဖြစ်သည်။ မြန်မာပြည်သို့ တင်သွင်းရောင်းချနေသည့် စိန်များမှာလည်း အိန္ဒိယနိုင်ငံမှသာ အများဆုံးဖြစ်သည်ဟု သိရသည်။ ''စိန်ဈေးတွေ ၁၅ ရာခိုင်နှုန်းလောက် မြင့်တက်သွားပါတယ်။ ဒါပေမယ့် မြန်မာ ပြည်မှာတော့ မတက်ပါဘူး။ လောလောဆယ်ပြောတာပါ။ ဘာကြောင့်လဲဆိုရင် အခုစိန်တွေက အရောင်းအဝယ်အေးနေတယ်။ အဲဒီတော့ ဈေးမတက်ရဲကြသေးဘူး။ တကယ်လို့ အရောင်းအဝယ်လိုက်လာရင်တော့ ဈေးတက်လာမယ့် သဘောရှိ တယ်။ လတ်တလော ဈေးကွက်အတွင်းမှာ အရောင်းအဝယ်ဖြစ်နေတဲ့ စိန်အမျိုး အစားတွေကတော့ အဖြူနဲ့ အပွင့်ကြီးတွေ၊ အဖြူအသန့်တွေ စိတ်ဝင်စားကြတာ များတယ်''ဟု စိန်လောကသားတစ်ဦးကဆိုသည်။ မင်းချို
World Gold Price March 2011 (USD/OZ)Date NY London Zurich28 1412 1410 14101 1410 1412 14132 1430 1431 14333 1426 1429 14304 1412 1413 1413Domestic Gold Price Kyats(Thousand) Date Yangon Mandalay28-2-2011 670.50 669.601-3-2011 668.20 668.002-3-2011 674.00 672.503-3-2011 674.10 673.804-3-2011 671.50 670.70
တရားမဝင် ရွှေတုံးရောင်းဝယ်မှုကို ဗီယက်နမ်ပိတ်ပင် အခက်အခဲနဲ့တွေ့ကြုံနေရတဲ့ နိုင်ငံ ရဲ့ ငွေကြေးကိုခိုင်မာအောင် ကြိုးပမ်း တဲ့အနေနဲ့ ရွှေတုံးတွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားတာကို ပိတ်ပင်ဖို့ ဗီယက်နမ်က စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ နိုင်ငံတော်မီဒီယာက ဖေဖော်ဝါရီလ ၂၈ ရက်က ပြောပါတယ်။ ရွှေဆိုင်တွေက ရွှေအတုံးလိုက် ရောင်းတာကိုပိတ်ပင်မယ့် ဒီဂရီအမိန့်ကို ထုတ်ပြန်ဖို့ ဗဟိုဘဏ်က ပြင်ဆင်နေ တယ်လို့ ဗီယက်နမ် နယူးစ်အေဂျင်စီ (VNA)က သတင်းကို ဖော်ပြထားပါ တယ်။ ဥပဒေကြမ်းကို ယခုနှစ် ဒုတိယ သုံးလပတ်မှာ အစိုးရကို တင်သွင်းဖို့ ရှိတယ်။ ဒီဥပဒေကြမ်းအရ လက်ဝတ် ရတနာတွေကို ရောင်းချခွင့်ပြုတယ်လို့ ဆိုပါတယ်။ ရွှေတုံးတွေကိုဝယ်ယူဖို့ အခက်အခဲ တွေကိုရောင်းချနိုင်ဖို့ တရားဝင် အဝယ် ဆိုင်တွေကို ဗဟိုဘဏ်က ဖွင့်လှစ်ပေး ရှိနိုင်ပေမယ့် ပြည်သူတွေရဲ့ ရွှေတုံး ပါမယ်။ စီးပွားရေး မရေရာမှုကို အကာအကွယ်ပေးဖို့အတွက် အကာ အကွယ်အနေနဲ့ ဗီယက်နမ်လူမျိုးတွေ က ကိုယ်ပိုင်ငွေကြေးထက် ဒေါ်လာနဲ့ ရွှေတုံးတွေကို စုဆောင်းတတ်ကြပါတယ်။ ရောင်းဝယ်မှုတွေမှာ စွန့်စားမှု တွေမြင့်တက်လာမှာကို ကာကွယ်တဲ့ အနေနဲ့ ဘဏ်တွေနဲ့ တခြားစီးပွားရေး လုပ်ငန်းတွေက ဆောင်ရွက်နေတဲ့ ရွှေရောင်းဝယ်ရေးဆိုင်တို့ကို ပိတ်သိမ်းဖို့ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီက အမိန့်ထုတ် ပြန်ခဲ့ပါတယ်။ အာဏာပိုင်တွေက ၂ဝဝ၉ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး ဗီယက်နမ်ငွေကြေးကို လေးကြိမ်တန်ဖိုးချခဲ့ပါတယ်။ ဗီယက်နမ် လူမျိုးတွေရဲ့ လက်ဝယ်မှာ ထိန်းသိမ်း ထားတဲ့ရွှေက တန်ချိန်ရာပေါင်းများစွာ ရှိတယ်လို့ VNA သတင်းမှာ ဖော်ပြထားပါတယ်။ Source : AFP, ဉာဏ်တင်
World Gold PriceFebruary 2011 (USD/OZ)Date NY London Zurich21 1393 1393 139222 1396 1398 139823 1396 1397 139724 1405 1407 140725 1404 1406 1406Domestic Gold PriceKyats(Thousand)Date Yangon Mandalay21-2-2011 669.00 668.0022-2-2011 675.00 675.5023-2-2011 671.00 672.0024-2-2011 673.50 672.0025-2-2011 665.00 665.00
World Gold Price February 2011 (USD/OZ)Date NY London Zurich14 1356 1358 135815 1360 1362 136216 1372 1373 137417 1373 1375 137518 1381 1381 1383Domestic Gold Price Kyats(Thousand)Date Yangon Mandalay14-2-2011 644.50 644.4015-2-2011 656.00 658.0016-2-2011 675.50 673.5017-2-2011 670.50 670.5018-2-2011 656.00 658.00
ရွှေဝယ်လိုအား ၁ဝ နှစ်အတွင်း အမြင့်ဆုံးဖြစ် ရွှေဈေးကို ဝယ်လိုအားက ၂ဝ၁ဝ ပြည့်နှစ်က ဆယ်နှစ်အတွင်းအမြင့်ဆုံး ဈေးနှုန်းကိုရောက်ခဲ့ရာကနေ ယခုနှစ် အတွင်းမှာ ထပ်ပြီးမြင့်တက်နိုင်တယ်လို့ ကမ္ဘာ့ရွှေကောင်စီက ပြောပါတယ်။ လက်ဝတ်ရတနာပြုလုပ်သူတွေနဲ့ အီ လက်ထရွန်းနစ်စက်အစိတ်အပိုင်းထုတ် လုပ်သူတွေရဲ့ ဝယ်လိုအားမြင့်တက်လာ တဲ့အတွက် ရွှေဈေးဟာ ၂ဝ၁ဝ ပြည့် နိုဝင်ဘာလက တစ်အောင်စကို ၁၄၂၁ ဒေါ်လာထိမြင့်တက်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နံှမှုဘက်မှာလည်း ရွှေ ရဲ့ဝယ်လိုအားက မြင့်တက်ခဲ့ပါတယ်။ ၂ဝ၁ဝ ပြည့်မှာ ဗဟိုဘဏ်တွေက ရွှေ ရောင်းသူအဖြစ်ကနေ ရွှေဝယ်သူအဖြစ် ကိုပြောင်းလဲလာပါတယ်။ ဒါကြောင့်ဈေးကွက်မှာ ဈေးနှုန်း တွေထူးထူးကဲကဲမြင့်တက်လာပါတယ်။ ဗဟိုဘဏ်တွေနဲ့ ရင်းနှီးမြှုပ်နံှသူတွေက ငွေကြေးဖောင်းပွမှာကို ကာကွယ်တဲ့အ နေနဲ့ ဝယ်ယူလာတဲ့အတွက် ရွှေဟာလူ ကြိုက်များတဲ့ ကုန်ပစ္စည်းအဖြစ် တစစ ပြောင်းလဲလာပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လှည့်လည်ငွေကြေး တိုးတက်လာအောင် ဆောင်ရွက်နေတာတွေကလည်း ရွှေ ဈေးနှုန်းတက်အောင် မီးထိုးပေးသလို ဖြစ်နေပါတယ်။ ကမ္ဘာ့ရွှေကောင်စီရဲ့ အဆိုအရ နှစ်စဉ် ရွှေဝယ်လိုအားက ၃၈၁၂ တန်ရှိပြီး တန်ဖိုးအားဖြင့် ဒေါ်လာဘီလီယံ ၁၅ဝ နီးပါးရှိလို့ ၁ဝ နှစ်အတွင်း အမြင့်ဆုံးဖြစ်ပါတယ်။ အာရှဒေသမှာ ရွှေကိုရုပ်ဝတ္ထုပစ္စည်းအဖြစ် ရင်းနှီးမြှုပ်နံှစရာလို ယူဆထားရာ ဒီအ ယူအဆက ပြောင်းလဲသွားနိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောပါ တယ်။ ယခုအခါ ရွှေကိုကုမ္ပဏီရှယ်ယာ တွေလို နိုင်ငံခြားငွေရောင်းဝယ်ရေးရန် ပုံငွေအဖွဲ့တွေကတစ်ဆင့် ဝယ်လို့ရောင်း လို့လွယ်ကူနေတဲ့အတွက် ငွေဖြစ်လွယ် တဲ့ပစ္စည်းတစ်ခုဖြစ်လာပါပြီလို့ ကမ္ဘာ့ ရွှေကောင်စီ (အရှေ့ဖျား) ပီတီအီးလီမိ တက်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာအယ်လ်ဘတ်ချန်းက ပြောပါတယ်။ Source:CNA ဉာဏ်တင်
ဒေါ်လာဈေးနှုန်းနှင့်အတူ ရွှေဈေးနှုန်းများ မြင့်လာ ရန်ကုန်ရွှေဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်းနှင့်အတူ ရွှေဈေးနှုန်းများ မြင့်လာကြောင်း ရွှေကုန်သည်များထံက သိရသည်။ ''ဖေဖော်ဝါရီ ၁ဝ ရက်နောက်ပိုင်းကစပြီး ရွှေဈေးနှုန်းတွေ ခပ်စိပ်စိပ် တက်လာတာ တွေ့ရတယ်။ ဒေါ်လာဈေးနှုန်းတွေလဲ တက်လာတယ်။ အရပ်ဝယ် လက်တွေရဲ့ ရွှေအဝယ်က အခုထိရှိနေတယ်။ ဖေဖော်ဝါရီ ၁၆ ရက်က အခေါက်ရွှေ ဈေးက တစ်ကျပ်သားကို ကျပ် ၆၈ဝဝဝဝ ဖြစ်ခဲ့တယ်''ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖေဖော်ဝါရီ ၁၇ ရက်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၅၇ဝဝဝ- ၆၅၃၅ဝဝ ဖြစ်ခဲ့ပြီး ၁၈ ရက်က ကျပ် ၆၅၆ဝဝဝ-၆၅၃ဝဝဝ ဖြစ်ပေါ်ခဲ့သည်။MN
World Gold Price February 2011 (USD/OZ)Date NY London Zurich7 1348 1346 13488 1353 1354 13549 1360 1361 136110 1358 1359 136011 1359 1360 1361Domestic Gold Price Kyats(Thousand)Date Yangon Mandalay7-2-2011 629.30 629.008-2-2011 632.00 631.509-2-2011 635.50 635.3010-2-2011 639.50 639.3011-2-2011 643.30 643.20
၂ဝ၁ဝ ပြည့်နှစ် ကမ္ဘာ့ရွှေထုတ်လုပ်မှုမှာ တရုတ်နိုင်ငံ ထိပ်ဆုံးရောက်လာ ၂ဝဝ၇ ခုနှစ်ကစပြီး ကမ္ဘာ့ရွှေထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ ၂ဝ၁ဝ ပြည့်နှစ်မှာ သူ့ရဲ့အနေအထား ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပြီး နှစ်အလိုက် တိုးတက်မှုနှုန်း ၂ ဒသမ ၅၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ပမာဏအားဖြင့် ၃၄ဝ ဒသမ ၈၈ တန်ရှိခဲ့တယ်လို့ တရုတ်ရွှေအသင်းက ဖေဖော်ဝါရီ ၆ ရက်က ပြောကြားပါ တယ်။ ရွှေထုတ်လုပ်မှု တိုးတက်ခဲ့တဲ့ အတွက် ဘဏ္ဍာရေးစွန့်စားရမှုနဲ့ ငွေ ဖောင်းပွမှုအန္တရာယ်က လွတ်ကင်း အောင် အကာအရံအဖြစ် ဆောင်ရွက် နိုင်ခဲ့သလို စီးပွားရေးကို အန္တရာယ်လုံခြုံ မှုရှိအောင် ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ အသင်းက ပြောပါတယ်။ ရွှေထုတ်လုပ်သူ အရေအတွက်က ၂ဝဝ၂ ခုနှစ်က ၁၂ဝဝ ခန့်ရှိခဲ့ရာမှ ၂ဝ၁ဝ ပြည့်နှစ်ကုန်မှာ ၇ဝဝ ပတ်ဝန်း ကျင်အထိ ကျဆင်းခဲ့ပါတယ်။ လောလောဆယ်မှာ တရုတ်နိုင်ငံမှာရှိတဲ့ တရုတ်ထိပ်တန်း ရွှေထုတ်လုပ်ရေး လုပ်ငန်း ၁ဝ ခုက တရုတ်ရွှေစုစုပေါင်း ထုတ်လုပ်မှုရဲ့ ၄၉ ဒသမ ၁၉ ရာခိုင်နှုန်းကို ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ ရှန်ဒေါင်း၊ ဟီနန်၊ ကျန်စီ၊ ယူနန်နဲ့ ဖူကျန်ပြည်နယ်ငါးခုက အဓိကရွှေ့ထုတ် လုပ်ရာ ပြည်နယ်ကြီးတွေဖြစ်ပြီး စုစုပေါင်းရွှေထုတ်လုပ်မှုရဲ့ ၅၉ ဒသမ ၈၂ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။ ဘဏ္ဍာရေး အကျပ်အတည်း ကြောင့် ရယူပိုင်ခွင့် စာချုပ်စာတမ်းတွေ ရဲ့ ဈေးနှုန်းတွေ အတက်အကျကြမ်းခဲ့ တဲ့အတွက် ရွှေကို လုံခြုံစိတ်ချစရာ ပစ္စည်းအဖြစ် တရုတ်ရင်းနှီးမြုပ်နံှသူ တွေရဲ့ ဝယ်လိုအားက မြင့်တက်ခဲ့ရပါ တယ်။ ဉာဏ်တင် Source : Xinhua