Background
အိန္ဒိယပြည်တွင်းဈေးကွက်တွေကို အသစ်ထွက်တဲ့ ကုလားပဲဖြူလုံးကြီးဝင် ရောက်နေတာကြောင့် ယခုရက်ပိုင်းဈေးလျော့နေပါတယ်။ ဒါပေမဲ့ ရိုးရိုးကုလားပဲ ကိုတော့ ပြုပြင်ဖို့ ပဲခွဲစက်တွေက အဝယ်ရှိနေတဲ့အပြင် ကြိုပွိုင့်ဈေးကွက်မှာ ဈေး အနည်းငယ် တိုးလာတာကြောင့်လည်း လက်ငင်းဈေးအနည်းငယ်ကြွခဲ့ပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ ယခုတစ်ပတ်အတွင်း ပဲတီစိမ်းဈေးငြိမ်နေပြီး ဈေးကွက်တချို့သာ ဝယ်ယူမှုနည်းလို့ ဈေးအနည်းငယ်လျော့ကျခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းပဲတီစိမ်းများမှာ ဒေသအလိုက် အရည်အသွေးအရ ဈေးနှုန်းကွာခြားမှု ရှိနေပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခုတစ်ပတ် ပဲစင်းငုံဈေးနှုန်းငြိမ်နေရာ မှ သီတင်းပတ်နှောင်းပိုင်းမှာ ပြန်မာလာခဲ့ပါတယ်။ ပဲစင်းငုံခွဲခြမ်းတွေကို အဝယ် နည်းသလို ဂူဘာကာနဲ့ ကာနာတာကာက ပဲဝင်ရောက်မှု ပါးနေတယ်လို့ သိရပါ တယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုသီတင်းပတ်အတွင်း လှောင်လက် များက ရောင်းချမှုတွေရှိလာလို့ မတ်ပဲဈေးလျော့ခဲ့ပါတယ်။ ဒေလီဈေးကွက်မှာ လည်း မတ်ပဲလက်ကျန်အိတ် ၂ သိန်းခန့်ကျန်ရှိနေတယ်လို့ သိရပါတယ်။
ကမ္ဘာ့ထိပ်တန်း သကြားထုတ်လုပ်တဲ့ ဘရာဇီးရဲ့ ထွက်ရှိမှု အလားအလာအပေါ် စိုးရိမ်ခြင်းနဲ့ တရုတ်နိုင်ငံမှ တင်သွင်းသူ များကလက်ငင်းဈေးကွက်မှာ ဝယ်လိုအားခိုင်မာနေခြင်းတို့ကြောင့် ၇ ရက်ကြာလျော့ကျနေတဲ့ သကြားကြိုပွိုင့်ဈေးဟာ ဇန်နဝါရီလ ၃၀ ရက်မှာ ပြန်တက်လာခဲ့ပါတယ်။ ICE ကြိုပွိုင့်ဈေးကွက်မှာ မတ်လပို့ရမယ့် သကြားဈေးဟာ သုည ဒသမ ၄၁ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်ပေါင်ကန်ဒေါ်လာ သုည ဒသမ ၂၄၃၂(တစ်တန် ကန်ဒေါ်လာ ၅၃၆)ဈေးဖြစ်ခဲ့ပါတယ်။
တောင်အမေရိကတိုက်မှာ မိုးရွာသွန်းမှုခန့်မှန်းချက်နဲ့ ကောက်နှံထွက်ရှိမှု အလား အလာကောင်းတွေနဲ့ ကမ္ဘာ့ပြောင်းနဲ့ ပဲပုပ်အများဆုံးတင်ပို့တဲ့ အမေရိကန်ပြည်ထောင် စုရဲ့ပြောင်းကိုဝယ်လိုအားလျော့နည်းသွားနိုင်မှုတွေကြောင့် ပြောင်းနဲ့ပဲပုပ်ဈေးနှုန်းကျဆင်း သွားကြောင်းသတင်းရရှိတယ်။
ယခုတစ်ပတ်အတွင်း အိန္ဒိယနနွင်းဈေး တစ်တန်ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၂၀)ခန့်မြင့်တက်ခဲ့ပါတယ်။ မထင်မှတ်ဘဲ နနွင်းဝင်ရောက်မှုက အိတ် ၇၀၀၀ ထိ ကျဆင်းခဲ့ပြီး၊ လက်ကျန်ပမာဏရဲ့ ၆၀ ရာခိုင်နှုန်း ရောင်းချခဲ့ရတယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။ ဇန်နဝါရီ ၂၇ ရက်မှာ နနွင်းသစ်အိတ် ၅၀၀၀ နီးပါး ဝင်ရောက်ခဲ့တဲ့အနက် ၉၀ ရာခိုင်နှုန်းရောင်းချရတယ်လို့ ဆိုပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ရောင်းလိုအားနည်းလာတာကြောင့် ပဲတီစိမ်းဈေးအနည်းငယ် ခိုင်မာလာပါတယ်။ ပဲတင်သွင်းသူများမှ ဒေါ်လာတန်ဖိုးအားပျော့လာခြင်းကြောင့် ပဲတင်သွင်းမှုနည်းခြင်းနဲ့ ပဲခွဲစက်များမှလည်း လာမယ့်ရက်တွေမှာ အဝယ်တက်လာနိုင်လို့ ဈေးမကျဆင်းနိုင်ကြောင်း ခန့်မှန်းကြပါတယ်။
ဇန်နဝါရီလ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ်၊ မြဝတီနဲ့ စစ်တွေနယ်စပ်စခန်းများကတစ်ဆင့် တစ်ဖက်အိမ်နီး ချင်း နိုင်ငံများသို့ ပဲတီစိမ်းလုံးပြည့် ၅၀၆ တန်ကျော်၊ တန်ဖိုး ဒေါ်လာ သုည ဒသမ ၃၅၅ သန်းဖိုးနဲ့ ပဲတီစိမ်းလုံးခြမ်း ၆၄ တန်ကျော်၊ တန်ဖိုး ဒေါ်လာ သုညဒသမ ၀၆၁ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။
အိန္ဒိယပြည်တွင်းပဲမျိုးစုံဈေးကွက်ရှိ မွန်ဘိုင်းဈေးကွက်မှာ မတ်ပဲဈေးနှုန်းတွေ တည်ငြိမ်ခိုင်မာနေတယ်။ ပြည်တွင်းပဲခွဲစက် တွေက လက်ရှိမတ်ပဲဈေးနှုန်းကို နှစ်ခြိုက်ပြီး အဝယ်များနေခြင်းက ဈေးနှုန်းကျဆင်းမှုကို ထိန်းထား ကာတည်ငြိမ်ခိုင်မာ စေတယ်လို့ သိရတယ်။