Main menu

Background

Monday, 10 Oct 2011

                         အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဈေးအနိမ့်နဲ့ ဝယ်လိုအားတက်လာတာကြောင့် အိန္ဒိယကုလားပဲ လက်ငင်းဈေးအနည်းငယ်တိုးလာပါတယ်။ ဒါပေမဲ့ ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ ထွက်ရှိမှုကောင်းနိုင်တဲ့ သတင်းတွေအရ ကြိုပွိုင့်ဈေးကွက်မှာအောက်တိုဘာ ၆ ရက်နေ့က ဈေးကျဆင်းခဲ့ပါတယ်။                       NCDEX မှာအောက်တိုဘာလ စာချုပ် ကုလားပဲဈေးဟာ ၃ ဒသမ ၉၉ ရာခိုင်နှုန်းလျှော့ကျပြီး တစ်တန်ကို ရူပီး ၁၄၆၀၅ (ကန်ဒေါ်လာ ၂၉၇) ဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘီကနာမှာ သိုလှောင်မှု ပမာဏအပေါ် ကန့်သတ်ခြင်းနဲ့ ဝယ်ယူမှုကောင်းနေခြင်းတို့က ဈေးနှုန်းကျဆင်းမှုကို အထောက်အပံ့ပြုနေပါတယ်။ နောက်လအနည်းငယ်အတွင်း ကုလားပဲဈေး သိသိသာသာမြင့်တက်နိုင်တဲ့ အလားအလာအရ ပွဲတော်အတွက် အဝယ်ရှိပေမဲ့ အချို့ရောင်းချသူများက ဈေး မတက်မီ ရောင်းမထုတ်သေးကြောင်း သိရပါတယ်။ ပထမ အကြိမ် မိုးပဲထုတ်လုပ်မှု ခန့်မှန်းချက်အရ ယခင်နှစ်မှာ တန်ချိန် ၇ ဒသမ ၂ သန်းထွက်ရှိရာမှ ယခုနှစ်မှာ တန်ချိန် ၆ ဒသမ ၄၃ သန်းကို ကျဆင်းနိုင်ခြင်းက ကာလလတ်အတွင်း ကုလားပဲ ဈေးကို အထောက်အပံ့ပြုနိုင်ပါတယ်။ ယမင်းခင် Source: commodityonline

Monday, 10 Oct 2011

                  အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း ကုလားပဲ ဈေးဆက်တိုက်ကျ ဆင်းခဲ့ရာမှ ယခုသီတင်းပတ်နှောင်းပိုင်းမှာ လှောင်လက်များအဝယ်လိုက်လာလို့ ဈေးပြန်တက်လာပါတယ်။ အရောင်း အဝယ် ဖြစ်မှုအနေနဲ့ ကုလားပဲအမျိုးအစားနဲ့ အရည်အသွေးအလိုက် ဈေးကွာခြားမှု ရှိပါတယ်။ ဈေးကွက်တွေမှာ လက်ကျန် နည်းနေပြီဖြစ်လို့ လာမယ့်ရက်တွေမှာ ဈေးပြန် လည် မြင့်တက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိ ဆောင်းပဲစိုက်ပျိုးမှုမှာ အစိုဓာတ်ကောင်းမွန်ပြီး ရာသီဥတုသာယာနေတဲ့အတွက် ကုလားပဲစိုက်ဧရိယာ မနှစ်ကထက် ပိုနိုင် ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                  ဒေါ်လာ/ တန်                   ၅-၁၀-၁၁        ၄-၁၀-၁၁         ၃-၁၀-၁၁            ၁-၁၀-၁၁ဒေလီ           ၆၆၀-၆၆၆        ၆၇၃-၆၈၃        ၆၅၄-၆၇၀           ၆၃၃-၆၄၃ကန်ပါ            ၇၂၆                ၇၂၉              ၇၁၆-၇၂၁               ၆၆၈အာကိုလာ        ၇၂၁               ၇၃၄              ၇၁၆-၇၂၁           ၆၉၄-၆၉၉MIRT(MAPT)

Monday, 10 Oct 2011

                 အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ယခုသီတင်းပတ်အစပိုင်းမှာ ပဲစင်းငုံဈေး ပြန်မာခဲ့ရာမှ သီတင်းပတ်နှောင်းပိုင်းမှာ သိုလှောင်ထားတဲ့ ပဲများဈေးကွက်ကို ဝင်ရောက်မှု ရှိလာလို့ ဈေးပြန်ဆင်းခဲ့ပါတယ်။ အစောပိုင်း ရက်များက ပဲခွဲစက်တွေက အဝယ်ရှိခဲ့တဲ့အပြင် ရူပီးတန်ဖိုး ကျဆင်းလာတဲ့အတွက် တင်သွင်းပဲစင်းငုံဈေး မြင့် တက်လာခြင်းဖြစ်ပါတယ်။ အမ်ရာဝါတီနဲ့ ဂူဘာကာတို့မှာ သိုလှောင်ပဲများ ထုတ်လုပ်ရောင်းချမှုတွေရှိလာလို့ ယခုရက်ပိုင်း ဈေးပြန်ကျလာခြင်းဖြစ်ပြီး ရာဂျက် စသန်နဲ့ ဥတ္တရာပရာဒေ့ရှ်က ပဲအသစ်များ နောက် ရက် ၂၀-၂၅ ရက်အတွင်း ဝင်ရောက်ဖွယ်ရှိလို့ ကာလလတ်အတွင်း ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                        ဒေါ်လာ/ တန်                            ၅-၁၀-၁၁          ၄-၁၀-၁၁       ၃-၁၀-၁၁          ၁-၁၀-၁၁မွန်ဘိုင်း                     ၆၃၀               ၆၃၂-၆၃၇        ၆၃၄                 ၆၃၃ဒေလီ                     ၆၇၉-၆၈၁          ၆၈၇-၆၈၉      ၆၈၀-၆၈၅          ၆၇၁-၆၇၃ချန်နိုင်း                       ၆၆၀                   ၆၆၀            ၆၃၄                  ၆၂၂MIRT(MAPT)

Monday, 10 Oct 2011

                  အိန္ဒိယဈေးကွက်အများစုမှာ သီတင်းပတ်အစပိုင်းက မတ်ပဲဈေးကျဆင်းနေ ခဲ့ရာမှ သီတင်းပတ်နှောင်းပိုင်း မှာတော့ ပြန်လည်ဦးမော့လာပါတယ်။ ဒေသတွင်း ကုန်သည်များနဲ့ နိုင်ငံအထက်ပိုင်းလှောင်လက်များ ဝယ်ယူမှုကြောင့် ပြည်တွင်းမတ်ပဲ ရောပြည်ပကတင်သွင်းမတ်ပဲပါ ဈေးမြင့်လာခြင်းဖြစ်ပါတယ်။ ပြည်တွင်းမတ်ပဲ အသစ်များမှာ အရည်အသွေးပေါ်လိုက်ပြီး ဈေးအတိုးအလျော့ရှိတယ်လို့ သိရပါတယ်။ယခုတစ်ပတ်အတွင်း မတ်ပဲဈေးငြိမ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် အသီးသီးမှာ ဖြစ်ပေါ်တဲ့ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်          ဒေါ်လာ/ တန်                       ၅-၁၀-၁၁         ၄-၁၀-၁၁       ၃-၁၀-၁၁            ၁-၁၀-၁၁မွန်ဘိုင်း           ၇၇၂-၇၇၇         ၇၆၉-၇၇၅      ၇၆၂-၇၆၇              ၇၇၅ဒေလီ               ၅၈၉-၆၉၁         ၅၉၁-၆၉၃      ၅၉၃-၆၉၀          ၅၉၂-၆၇၃ချန်နိုင်း             ၈၃၈-၈၄၃            ၈၂၆             ၈၃၈                    ၈၄၂MIRT(MAPT)

Sunday, 2 Oct 2011

လာမည့်နှစ် အိန္ဒိယ သကြားထုတ်လုပ်မှု မြင့်မားမည်ခန့်မှန်း                     အိန္ဒိယမှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်မဲ့ ၂၀၁၁-၂၀၁၂ သီးနှံဈေး ကွက် နှစ်အတွင်း သကြား ထုတ်လုပ်မှုတန်ချိန် ၂၄ ဒသမ ၆ သန်း ဝန်းကျင်အထိ ရောက်ရှိမယ် ခန့်မှန်းရာ ၂၀၁၀-၂၀၁၁ ထုတ်လုပ်မှု ပမာဏနဲ့ ယှဉ်ရင် ၁ ဒသမ ၂ ရာခိုင်နှုန်းမျှသာ ပိုမိုကြောင်း စားနပ်ရိက္ခာဝန်ကြီး KV Thomas က စက်တင်ဘာ ၂၁ ရက်က ပြောကြားခဲ့တယ်။ ကြံစိုက်ဧကတိုးချဲ့ထားလို့ အထွက် တိုးမယ် ခန့်မှန်းကြောင်း ၊ လာမယ့်နှစ်အတွက် အထွက်နှုန်းကို ပထမဆုံးအကြိမ် ခန့်မှန်းခြင်းဖြစ်ပြီး ရာသီဥတုအခြေအနေအရ အပြောင်းအလဲရှိနိုင်ကြောင်း Thomas  က ပြောကြားတယ်။ ပပ၊ Source:business-standard.com

Sunday, 2 Oct 2011

ဈေးနှုန်းများ ကျဆင်းနေမှုကြောင့် နိုင်ငံတကာရော်ဘာအသင်းအနေဖြင့် ရော်ဘာစိုက်ပျိုးသူများနှင့် တင်ပို့သူများအား ကုန်စည်များကို သိုလှောင်ထားရန်နှင့် လိုအပ်သောပမာဏသာ ရောင်းချရန် တိုက်တွန်းသွားမည်                        ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေချိန်မှာ ဥရောပကြွေးမြီ အကျပ်အတည်းပြဿနာအပေါ် စိုးရိမ်ပူပန်မှုပိုလာခြင်း ကြောင့် ကမ္ဘာ့စတော့ရှယ်ယာတန်ဖိုးများ ၊ ရေနံအပါအဝင် ကုန်စည်ဈေးနှုန်းများ ကျဆင်းသွားတာနဲ့ တစ်ပြိုင်နက် အာရှ ရော်ဘာ ဈေးနှုန်းတွေလည်း ယခင်တစ်ပတ် ဈေးနှုန်းအောက်ကို ကျဆင်းသွားတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ကအထိ တစ်တန်ကို ၄၇၁၆ ဒေါ်လာရှိနေတဲ့ ထိုင်း RSS-5  က စက်တင်ဘာလ ၂၆ ရက်နေ့မှာ တစ်တန်ကို ၄၃၉၉ ဒသမ ၅၀ ဒေါ်လာအထိ တစ်ပတ်အတွင်း ၃၁၆ ဒသမ ၅၀ ဒေါ်လာဈေး ကျသွားတယ်။ ဒါ့အပြင် ကာလအတွင်း မလေးရှား SMR- 20 (Standard Malaysia Rubber -20) အမျိုးအစားမှာလည်း တစ်တန်ကို ၄၆၁၀ ဒသမ ၅၀ ဒေါ်လာမှ ၄၃၅၈ ဒသမ ၅၀ ဒေါ်လာအထိ ၂၅၂ ဒေါ်လာတန်ဖိုးကျဆင်းသွားတယ်။ ဂျပန်တိုကျိုကုန်စည်ရောင်းဝယ်ရေးမှာလည်း ဖေဖော်ဝါရီလ အရောက်ပို့စာချုပ်ဈေးနှုန်းက တစ်ကီလိုကို ၁၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းကာ ၃၀၂ ဒသမ ၅ ယန်း (တစ်တန်ကို ၃၉၆၆ ဒေါ်လာဝန်းကျင်) အထိ ကျဆင်းသွားပြီးနောက် တစ်ကီလိုကို ၃၀၃ ယန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ၂၀၁၀ ခုနှစ် ၊ စက်တင်ဘာလ ၁၇) ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်း ဖြစ်လာတယ်။                ဒီလိုဈေးနှုန်းတွေကျဆင်းနေမှုကြောင့် နိုင်ငံတကာရော်ဘာအသင်းအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရှိ ရော်ဘာ စိုက်ပျိုးသူတွေနဲ့ တင်ပို့သူတွေကို ကုန်စည်တွေကိုသိုလှောင်ထားဖို့နဲ့ လိုအပ်တဲ့ပမာဏသာ ရောင်းချဖို့ တိုက်တွန်း သွားမယ်လို့ အတွင်းရေးမှူးချုပ် Yium Tavanolit  က ပြောကြားတယ်။ တရုတ်နိုင်ငံရှိ အထင်ကရ ရော်ဘာ ဂိုဒေါင် ၁၀ လုံးကို လေ့လာချက်အရ ရော်ဘာသိုလှောင်ထားရှိမှုမှာ တန်ချိန် ၃၀၅ တန် တိုးလာပြီး ၃၃၇၆၆ တန်အထိ မြင့်မားလာရာ မတ်လနောက်ပိုင်း အမြင့်ဆုံးသိုလှောင်ထားမှုပမာဏဖြစ်လာတယ်လို့ စက်တင်ဘာလ ၂၃ ရက်နေ့ က ထုတ်ဝေခဲ့တဲ့ ရှန်ဟိုင်းကြိုပွိုင့်ရောင်းဝယ်ရေး ရဲ့ အပတ်စဉ်အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ဒီလိုတရုတ်နိုင်ငံရဲ့ ရော်ဘာသိုလှောင်ထားရှိမှု မြင့်မားလာခြင်းကလည်း ရော်ဘာဈေးနှုန်းကို ဖိအားဖြစ်စေခြင်း အကြောင်းရင်း တစ်ရပ်ပဲဖြစ်တယ်။ ပပ၊Source:Bloomberg.com, rubberboard.org.in 

Sunday, 2 Oct 2011

အိန္ဒိယရဲ့ ကြက်သွန်နီပြည်ပဈေးကွက်များ တရုတ်နဲ့ ပါကစ္စတန်ကို ဆုံးရှုံး                  အိန္ဒိယအစိုးရက ကြက်သွန်နီတင်ပို့မှုပိတ်ပင်ခြင်းကို ပြန်ဖွင့်ခဲ့ပေမဲ့ တင်ပို့ဈေးနှုန်းမြင့်တက်ခြင်းနဲ့ မရေရာတဲ့ မူဝါဒများကြောင့် ၎င်းင်းရဲ့ပြည်ပဈေးကွက်များဟာ အိမ်နီးချင်းပြိုင်ဖက် တရုတ်နဲ့ပါကစ္စတန်ကို ဆုံးရှုံးနေရတယ်လို့ ပြည်ပ တင်ပို့သူ များကဆိုပါတယ်။ ကြက်သွန်နီ ပြည်ပတင်ပို့မှု ပိတ်ပင်ခြင်းပြန်ဖွင့်ခဲ့တဲ့ စက်တင်ဘာ၂၀ ရက်မှ ၂၇ ရက်ထိ ယခင် သီတင်းပတ်အတွင်း ကြက်သွန်နီတန်ချိန် ၄၀၀၀-၅၀၀၀ မျှသာ တင်ပို့နိုင်ခဲ့တယ်လို့ မွန်ဘိုင်း အခြေစိုက်စိုက်ပျိုးရေး ထုတ်ကုန်တင်ပို့သူများအသင်း (AEA) အရာရှိတစ်ဦးကဆိုပါတယ်။                  အိန္ဒိယကြက်သွန်နီ ပုံမှန်အားဖြင့် ပင်လယ်ကွေ့နိုင်ငံများ၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာတို့က ဝယ်ယူပေမယ့် ယခုအခါ ဈေးအနိမ့်နဲ့ရောင်းချနေတဲ့ တရုတ်နဲ့ပါကစ္စတန်ကြက်သွန်နီနဲ့ ယှဉ်ပြိုင် ရောင်းချဖို့ ခက်ခဲနေပြီလို့ဆိုပါတယ်။ အိန္ဒိယဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာမှာ ကြက်သွန်နီ ဒုတိယအများဆုံး ထုတ်လုပ်သူဖြစ်ပါတယ်။ အိန္ဒိယအစိုးရက စက်တင်ဘာလ ၂၀ ရက်က ကြက်သွန်တင်ပို့မှု ပြန်လည်ခွင့်ပြုပြီးနောက် ပြည်ပတင်ပို့မှု အနိမ့်ဆုံးဈေး (MEP)ကိုတစ်တန်ကန်ဒေါ်လာ ၄၇၅ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ်စက်တင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ ကြက်သွန် တင်ပို့မှုပိတ်ထားစဉ် စင်ကာပူကုန်သည် တော်တော်များများဟာ အိန္ဒိယကြက်သွန်နီအစား တစ်လစာအတွက် တရုတ် တင်ပို့သူတွေနဲ့ စာချုပ်ခဲ့တယ်လို့ဆိုပါတယ်။ နိုင်ငံတကာဈေးကွက်မှာ တရုတ်နဲ့ ပါကစ္စတန်တို့က ကြက်သွန်နီတစ်တန် ကန်ဒေါ်လာ ၃၀၀ နဲ့ ၃၂၅ ဈေးအသီးသီးရောင်းချနေတဲ့အတွက် လက်ရှိ အိန္ဒိယ (MEP) ဈေးနှုန်းနဲ့ မယှဉ်နိုင်ဘူးလို့ဆိုပါတယ်။                ပုံမှန်အချိန်တွေမှာ အိန္ဒိယက လစဉ်တန်ချိန် ၇၀၀၀၀ ထိ တင်ပို့မှုရှိတယ်လို့ဆိုပါတယ်။ ယခုနှစ်အစောပိုင်းက ဒူဘိုင်းနိုင်ငံ ဟာ အိန္ဒိယကြက်သွန်နီတွေ အလျှံပယ်သုံးစွဲခဲ့ပေမဲ့ ယခုအခါ ပါကစ္စတန်နဲ့ အီရန်အပါအဝင် အခြား ၆ နိုင်ငံက ကြက်သွန်နီများ ရှာဖွေတော့မယ်လို့ AEA  ကဆိုပါတယ်။ စိုက်ပျိုးရေးသမအေဂျင်စီဖြစ်တဲ့ Nafed မှ ထုတ်ပြန်ပြောကြားချက်အရ ယခုနှစ် ပထမနှစ်ဝက်အတွင်း ကြက်သွန်နီတင်ပို့မှုဟာ ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် ထက်ဝက်ကျော် ပိုနေတယ်လို့ဆိုပါတယ်။                 ဧပြီလ ၁ ရက်နဲ့ စက်တင်ဘာလ ၂၆ ရက်အတွင်း ကြက်သွန်နီတန်ချိန် ၅ ဒသမ ၅၈ သိန်း တင်ပို့ပြီးသွားပြီလို့ဆိုပါတယ်။ အလားတူကာလ နှိုင်းယှဉ်မှုအနေနဲ့ ၂၀၀၉ ခုနှစ်မှာ တန်ချိန် ၁၁ ဒသမ ၂၁ သိန်း တင်ပို့ခဲ့ပြီ၊ ၂၀၁၀ ကာလတူမှာ တန်ချိန် ၉ ဒသမ ၃၄ သိန်းတင်ပို့ပြီးပြီလို့ဆိုပါတယ်။ အစိုးရက လက်လီဈေးကွက်မှာ ကြက်သွန်တစ်ကီလို ရူပီး ၂၅ (ကန်ဒေါ်လာ ၀ ဒသမ ၅၁) ထိ မြင့်တက်ခဲ့စဉ် စက်တင်ဘာလ ၉ ရက်နေ့မှာ ကြက်သွန်နီ တင်ပို့မှုပိတ်ခဲ့တာဖြစ်ပါတယ်။ ယမင်းခင်၊Source: ndtu.com 

Sunday, 2 Oct 2011

အိန္ဒိယနနွင်း ဈေးမာ                အိန္ဒိယနနွင်းလက်ငင်းဈေးကွက်များအတွင်း နနွင်းတောင်သူများမှ နနွင်းသယ်ယူရောင်းချမှု နည်းတာကြောင့် စက်တင်ဘာ ၂၈ ရက်မှာ နနွင်းတစ်တန် ရူပီး ၂၅၀၀ မှ ၆၀၀၀ (ကန်ဒေါ်လာ ၅၁ - ၁၂၃) ထိမြင့်တက်လာခဲ့ပါတယ်။ တောင်သူတွေက ကုန်ပစ္စည်းများများ ဈေးကွက်အတွင်းဝင်ရောက်ရင် ဈေးလျော့ကျတဲ့အတွက် အနည်းငယ်စီသာ ထုတ်ရောင်းလာကြတဲ့အတွက် ဈေးမြင့်တဲ့ အကျိုးရရှိလာခြင်းဖြစ်တယ်လို့ အီရော့ နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာ ကဆိုပါတယ်။ ဈေးအနည်းငယ် တိုးလာလို့ တောင်သူတွေပျော်နေပေမဲ့ ကုန်သည်တွေကတော့ အိန္ဒိယမြောက်ပိုင်းက ကုန်သည်တွေရဲ့ အမှာအသစ်များကို စောင့်မျှော်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။                  နနွင်းအိတ် ၄၆၀၀ ဝင်ရောက်တဲ့အနက် ၆၀-၇၀ ရာခိုင်နှုန်းခန့် ရောင်းချရတယ်လို့ ဆိုပါတယ်။ ခုလို ဈေးတက်ခြင်းဟာ ယာယီမျှသာဖြစ်ပါတယ်။ အောက်တိုဘာလကုန်ထိ ခုလိုအတက်အကျ အနည်းငယ်သာ ရှိနိုင်ပြီး ထုတ်လုပ်မှုများတာကြောင့် မနှစ်ကလို ဈေးများများတက်နိုင်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ ဒီနှစ်က မနှစ်ကထက် ထုတ်လုပ်မှု ပိုမိုမြင့်တက်မယ်လို့လည်း မစ္စတာ ရာဗီရှန်ကာ ကထပ်လောင်း ပြောကြားပါတယ်။                 အရည်အသွေးကောင်း နနွင်းဝင်ရောက်မှုကြောင့် ဈေးကွက်ထိန်းသိမ်းရေးကော်မတီဝင်းမှာ နနွင်းတစ်တန် ရူပီး ၆၀၀၀ (ကန်ဒေါ်လာ ၁၂၃) မြင့်တက်ခဲ့ပြီး အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်း လက်ချောင်းဈေး တစ်တန် ရူပီး ၃၅၀၉၀-၄၇၆၆၀ (ကန်ဒေါ်လာ ၇၁၇-၉၇၅) ၊ နနွင်းဥဈေးက ရူပီး ၃၃၁၀၀-၄၂၆၆၀ (ကန်ဒေါ်လာ ၆၇၇-၈၇၂) ဈေးဖြစ်ခဲ့ တယ်လို့ သိရပါတယ်။   ယမင်းခင်၊Source: businessline 

Sunday, 2 Oct 2011

တရုတ်နှင့် ပါကစ္စတန် ကြက်သွန်နီများထက် အိန္ဒိယကြက်သွန်နီ ကြမ်းခင်းဈေး ပိုမိုနေ                       အိန္ဒိယက ပြည်တွင်းကြက်သွန်နီဈေးနှုန်းတွေ မြင့်မားလာမှုကြောင့် စက်တင်ဘာလအတွင်း ကြက်သွန်နီ ပြည်ပတင်ပို့မှုကို ပိတ်ပင်လိုက်ပြီး နှစ်ပတ်အကြာ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပြည်ပကို တင်ပို့ဖို့ ပြန်လည် ခွင့်ပြုပေးခဲ့တယ်။ ဒါပေမဲ့လည်း ပြည်ပတင်ပို့ဖို့ ကြမ်းခင်းဈေးကို တစ်တန်ကို ၄၇၅ ဒေါ်လာ (FOB နှုန်း) အထိ သတ်မှတ်လိုက်ရာ တရုတ်နဲ့ ပါကစ္စတန်မှ ကြက်သွန်နီတွေထက် ဈေးမြင့်နေရာ ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်း ကျဆင်းကာ ပြည်ပမှ ဝယ်လိုအားများစွာ မရှိကြောင်း သိရတယ်။                        ကမ္ဘာ့ဈေးကွက်မှာ တရုတ်နဲ့ ပါကစ္စတန်ကြက်သွန်နီ ပြည်ပတင်ပို့တဲ့ ဈေးနှုန်း (FOB နှုန်း)များမှာ တစ်တန်ကို ၃၀၀ ဒေါ်လာနဲ့ ၃၂၅ ဒေါ်လာစီ အသီးသီး ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ပပ၊Source:tribune.com.pk

Pages