Background
လှောင်လက်များဝယ်ယူမှုကြောင့် အိန္ဒိယမတ်ပဲဈေး မာလာလှောင်လက်များဝယ်ယူသိုလှောင်မှုကြောင့် လက်ငင်းဈေးကွက်အတွင်း မတ်ပဲဈေးတစ်တန်ကို ရူပီး ၁ဝဝဝ ခန့် မြင့်တက်ပြီး ရူပီး ၅၁ဝဝဝ-၅၂ဝဝဝ (ကန် ဒေါ်လာ ၁၁ဝဝ-၁၁၂၁) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ ဈေးမြင့်တက်လာပေမဲ့ ပဲစိုက်ဧရိယာမြင့်တက်တာကြောင့် ကုန်သည်များက ဈေးနှုန်း ကျဆင်းမယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ ကုလားပဲ လှောင်လက်များဟာ လက်ထဲမှာရှိတဲ့ ကုလားပဲတွေထုတ်ရောင်းပြီး မတ်ပဲနဲ့ ပဲတီစိမ်း တွေ ပြန်လည်ဝယ်ယူသိုလှောင်မှုတွေ ရှိလာလို့ ဈေးမြင့်တက်လာခြင်း ဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ မတ်ပဲခွဲခြမ်းဈေးဟာ တစ်တန်ကို ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ ၆၅) မြင့်တက်ပြီး ရူပီး ၇၅ဝဝဝ (ကန်ဒေါ်လာ ၁၆၁၇) နဲ့ ဈေးပိတ်ခဲ့ တယ်လို့ သိရပါတယ်။ ယမင်းခင်Sources: P T I
ကမ္ဘာ့ရေနံစိမ်းဈေးကွက်မှာတော့ အိုပက်အဖွဲ့ရဲ့ (၁၅၆)ကြိမ်မြောက် အစည်းအဝေးမှာ လက်ရှိထုတ်လုပ်မှု ကိုတာကို မပြောင်းလဲဘဲ ဆက်ထုတ်ဖို့ သဘော တူညီခဲ့ပါတယ်။ ဒါ့အပြင် အာရှတိုက်ရဲ့ ရေနံဝယ်လိုအားကို လေ့လာရင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ရဲ့ စီးပွားရေးနာလန်ထူလာမှုတို့ကြောင့် ရေနံဈေးကွက်မှာ ဝယ်လိုအားတိုးလာမှာလို့ တွက်ဆ ကြပါတယ်။
ယခုလတ်တလော ရွှေဈေးနှုန်းများထပ်မံကျဆင်းလာပြီး အရောင်းအဝယ်မှာလည်း အေးလျက်ရှိကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောကြားပါတယ်။
ယခုတစ်ပတ် စိန်ဈေးကွက်အတွင်း အရောင်းအဝယ်မှာ ပုံမှန်သာရှိနေပြီး၊ ဈေးနှုန်းမှာလည်း ပြည်ပနိုင်ငံတွင် ဈေးတက်သော်လည်း ပြည်တွင်းဈေးကွက်တွင် ငွေကြေး ခိုင်မာမှုကြောင့် ဈေးငြိမ်နေကြောင်း စီအမ်စိန်ရောင်းဝယ်ရေးပိုင်ရှင် ဦးရွှေကြည်က ပြောကြားသည်။
တာချီလိတ်နယ်စပ်စခန်းက ယခုတစ်ပတ်မှာ ဒီဇယ်ဆီ ၇၇၃၃၃ ဂါလန် တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ဝ ဒသမ ၁၅၆ သန်းဖိုး၊ ဓာတ်ဆီ(နီ) ၇၈၂၂၂ ဂါလန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၁၄၆ သန်းဖိုး တာချီလိတ်ဒေသသုံးစွဲရန် တင်သွင်းခဲ့ပါတယ်။
ပြည်တွင်းဒေသများရဲ့ တစ်ဂါလန် လက်လီအရောင်းအဝယ်ဈေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-၂ဝ၁ဝ ဓာတ်ဆီ(ဂါလန်/ကျပ်) ဒီဇယ်(ဂါလန်/ကျပ်) မတ် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး ၂၂ ၃၅ဝဝ ၃၇ဝဝ ၃၂ဝဝ ၃၄ဝဝ ၂၃ ၃၅ဝဝ ၄ဝဝဝ ၃၂ဝဝ ၃၃ဝဝ ၂၄ ၃၅ဝဝ ၄ဝဝဝ ၃၂ဝဝ ၃၃ဝဝ ၂၅ ၃၅ဝဝ ၃၈ဝဝ ၃၁ဝဝ ၃၃ဝဝ ၂၆ ၃၅ဝဝ ၃၈ဝဝ ၃၁ဝဝ ၃၃ဝဝ
ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီဈေးမှာ ဈေးမာလျက်ပင်ရှိနေပါ တယ်။ ဒီဇယ်ဈေးကတော့ ယခင်ဖေဖော်ဝါရီလက ရောင်းချခဲ့တဲ့ ဈေးဖြစ်တဲ့ တစ်ပေပါလျှင် ကျပ် ၁၅ဝဝဝဝ မှ ၁၅၅ဝဝဝ ဝန်းကျင်အတွင်းမှာပင် ဈေးကွက်တွင် ရောင်းချနေပါတယ်။ ဓာတ်ဆီဈေးက ယခင်လရောင်းဈေးထက် ဈေးပိုမိုကာ တစ် ပေပါလျှင် ကျပ် ၁၇ဝဝဝဝ မှ ၁၈၅ဝဝဝ အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ပြည်တွင်းမြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ ကနေ အက်ဖ်အီးစီဖြင့် ရောင်းချပေးနေသော စက်သုံးဆီဈေးမှာ ယခုအပတ် အတွင်း ဓာတ်ဆီ၊ ဒီဇယ် တစ်ဂါလန်လျှင် အက်ဖ်အီးစီ ၃ ဒသမ ၂ ဒေါ်လာဝန်းကျင်ဖြင့် ဈေးတန်းငြိမ်ငြိမ်ရောင်းချနေပါတယ်။ ဒါပေမဲ့ ပြင်ပ ဈေးကွက်မှာတော့ သြင်္ကန်ကာလနီးကပ်လာပြီဖြစ်တဲ့အတွက် ယခင်နှစ်များကဲ့သို့ ဈေးအတက် မကြမ်းနိုင်ပေမဲ့ အဝယ်အဆွဲကောင်းမှာဖြစ်တဲ့အတွက် တက်ရိပ်ရှိနေကြောင်း ဈေးကွက်ဝယ်လက်များက မှန်းဆပြောဆိုခဲ့ပါတယ်။
နေ့အလိုက် နယ်စပ်စခန်းများရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ လက်လီဈေးများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-၂ဝ၁ဝ ဓာတ်ဆီ(ဂါလန်/ကျပ်) ဒီဇယ်(ဂါလန်/ကျပ်) မတ် တရုတ် ထိုင်း တရုတ် ထိုင်း ၂၂ ၃၂ဝဝ ၃၂ဝဝ ၃၄ဝဝ ၃၂ဝဝ ၂၃ ၃၂ဝဝ ၂၉ဝဝ ၃၄ဝဝ ၂၉ဝဝ ၂၄ ၃၂ဝဝ ၂၉ဝဝ ၃၄ဝဝ ၂၉ဝဝ ၂၅ ၃၂ဝဝ ၂၉ဝဝ ၃၄ဝဝ ၂၉ဝဝ ၂၆ ၃၂ဝဝ ၂၉ဝဝ ၃၄ဝဝ ၂၉ဝဝ
ယခင်သီတင်းပတ်ထက် ဒီဇယ်ဆီအဝင်ပို ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းကနေ ဒီဇယ်ဆီအဝင် တန်ချိန် သုံးသောင်းသုံးထောင်ကိုးရာကျော် (ပီပါ ၂၅၄၇ဝဝ) ကိုတင်သွင်းလာခဲ့ပါတယ်။ ဖေဖော်ဝါရီလ အတွင်းက ဒီဇယ်တင်သွင်းမှု ပျမ်းမျှတန်ချိန် တစ်ပတ်ကို နှစ်သောင်းနဲ့ နှစ်သောင်းခွဲဝန်းကျင်မှာရှိပြီး မတ်လမှာ ဒီဇယ်ဆီအဝင် ပျမ်းမျှ နှစ်သောင်းခွဲကနေ သုံးသောင်းဝန်းကျင် ရှိနေပါတယ်။ ဒီအပတ်အတွင်း ဒီဇယ်ဆီအဝင်က ပြီးခဲ့တဲ့ အပတ်ထက် တန်ချိန် ကိုးထောင်ကျော်ပိုဝင်လာခဲ့ကြောင်း သိရပါတယ်။
Price Change Change %Brent Crude Futr (USD/bbl) 80.080 0.470 0.59Gas Oil Fut (ICE) (USD/MT) 662.500 0.500 0.08Gasoline Rbob Fut (Cent/gal) 222.760 0.990 0.45Heating Oil Futr (Cent/gal) 208.050 1.120 0.54Natural Gas Futr (USD/MMBtu) 3.979 -0.002 -0.05WTI Crude Future (USD/bbl.) 81.000 0.470 0.58