Main menu

Background

Wednesday, 15 Sep 2010

 ဂျာမနီစီးပွားရေးခိုင်မာလာ၍ ယူရိုငွေတန်ဖိုးမြင့်လာ      ယူရိုငွေက အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာတွင်တန်ဖိုးမြင့်လာမှုက ရက် သတ္တပတ်နှစ်ပတ်ကျော်နီးပါး ကာလ အဖြစ်ရောက်ရှိလာခဲ့ပါတယ်။ ဂျာမနီရဲ့ စီးပွားရေး ပြန်လည်အားကောင်းလာမှု အရှိန်ရလာခြင်းကို ဖော်ပြမဲ့ အစီရင်ခံ စာထွက်ပေါ်မလာမီ     ယူရိုငွေတန်ဖိုး ဆက်လက်မြင့်မားလာခဲ့ပါတယ်။ဂျပန်ဗဟိုဘဏ်က  စက်တင်ဘာ လ ၆ ရက်မှစပြီး ၂ ရက်ကြာ အစည်း အဝေးကျင်းပခဲ့ပြီး မူဝါဒချမှတ်သူများ က ချေးငွေရရှိမှုပိုမိုအဆင်ပြေရေး စီမံ ကိန်းများချမှတ်ဖို့  ဆွေးနွေးခဲ့ကြပါ တယ်။ ဒါကြောင့်ယန်းငွေက အကိုျး အမြတ်များတဲ့  အခြားငွေကြေးများနဲ့ လဲလှယ်ရာတွင် တန်ဖိုးကျဆင်းသွားပြီး တောင်ကိုရီးယား ဝမ်ငွေကလည်း လေး ပတ်မြောက်ကာလအဖြစ် ဆက်လက် တန်ဖိုးမြင့်လာခဲ့ပါတယ်။       အမေရိကန်ဒေါ်လာက ဂျပန်ယန်း ငွေနဲ့ လဲလှယ်ရာတွင် တစ်ဒေါ်လာကို ၈၄ ဒသမ ၁၆ ယန်းအထိ ရောက်ရှိပြီး ဒေါ်လာတန်ဖိုး သုည ဒသမ ၂ ရာခိုင် နှုန်း အားနည်းခဲ့ပါတယ်။ တောင်ကိုရီး ယား ဝမ်ငွေကလည်း တစ်ဒေါ်လာကို ၁၁၆၉ ဒသမ ၂ဝ ဒေါ်လာဖြစ်လာရာ သြဂုတ်လ ၁ဝ ရက်မှစပြီး အမြင့်ဆုံး နှုန်းဖြစ်ကြောင်း သိရပါတယ်။Source:bloomberg.com, ပပ

Tuesday, 14 Sep 2010

 ယခုနှစ်ဆန်တင်ပို့မှုတိုးလာမည့် ဗီယက်နမ်နိုင်ငံ     ကမ္ဘာ့ဆန်တင်ပို့သည်ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်ဗီယက်နမ်နနိုင်ငံအနေဖြင့်ယခုနှစ်တွင် ပြည်ပ တင်ပို့မည့် ဆန်ပမာဏ လျော့နည်းမည်မဟုတ်ကြောင်း သိရှိရပါတယ်။ပြည်ပဝယ်လိုအားခိုင်မာလာခြင်းသည် ပြည်ပတန်းဝင်ဆန် ဈေးနှုန်းကိုတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅ဝ တိုးမြင့်လာစေတယ်လို့ နိုင်ငံ၏စိုက်ပျိုရေးဝန်ကြီးဌာနမှ သတင်းတစ်ရပ်အရ သိရပါတယ်။ယခုအချိန်တွင် ဆန်တန် ၁ သန်းလက်ဝယ်ရှိနေပြီးလာမည့်စပါးရိတ်သိမ်းရာသီတွင် ဈေးကွက်ဝင်ဆန်ပမာဏ ပိုမိုတိုးလာမှာ ဖြစ်ကြောင်း၊ လာမည့် စပါးရိတ်သိမ်းသည့်ကာလတွင် ဆန်တန်ချိန် ၃.၅သန်း ထပ်မံရရှိမည်ဟု မျှော်လင့် ထားပြီး၊ယင်းတွင် ဈေးကွက်တင်ပို့မည့်ဆန် တန် ၁.၅သန်းခန့်ရှိမှာဖြစ်ကြောင်း၊ ယခုနှစ်ကုန်အထိ ပြည်ပတင်ပို့မည့်ပမာဏကို ဆုံးဖြတ်ရန် အခြေအနေကို ချိန်ဆရ လိမ့်မည်ဖြစ်ကြောင်း၊ အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ပြည့်စုံလုံလောက်သော စာရင်းများရှိစေကာမူ၊ ယခုနှစ် ပြည်ပတင်ပို့မည့် ဆန်ပမာဏမှာ တန်ချိန်(၇)သန်းထိ စံချိန်တင် ရောက်ရှိနိုင်မည်ဟူသော ခန့်မှန်းချက်များအပေါ် တစ်စုံတစ်ရာ ထင်မြင်သုံးသပ်ချက်ပေးရန်ကိုမူ ယင်းဝန်ကြီးဌာနက ငြင်းဆိုခဲ့ပါတယ်။ ဇွန်လက ဗီယက်နမ်အစားအစာ အဖွဲ့အစည်း (VFA)က ပြည်ပဆန်တင်ပို့မှုကို တန်ချိန်သန်းတစ်ဝက်တိုးပြီး ၆.၅သန်းသို့ ရည်မှန်းချက်ထားရှိ မြှင့်တင်ရန်အကြံပြုခဲ့ပါတယ်။ ယခုနှစ်ဇန်နဝါရီလမှ သြဂုတ်လအထိ ကာလအတွင်းဆန်တန်ချိန် ၄.၈ သန်း တန်ဘိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ဘီလံျကျော် တင်ပို့ခဲ့ကြောင်း၊လက်ရှိကာလတွင် ဆန်တင်ပို့သူများသည် ပြည်ပ ဝယ်လိုအားမြင့်မားလာခြင်းကြောင့် လယ်သမားများထံမှ ပိုမို ဝယ်ယူလျက်ရှိပါတယ်။ သြဂုတ်လတွင် (VFA) အနေဖြင့် ဆန်ဈေးနှုန်းကို သုံးကြိမ်မြှင့်တင်ခဲ့ပြီး၊ တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၅ဝ တိုးမြှင့်ခဲ့ပါတယ်။ဆန်ဖြု၅% အတွက် တစ်တန်ဈေး အမေရိကန်ဒေါ်လာ ၄၅ဝနှင့်ဆန်ဖြူ ၂၅%အတွက် တစ်တန်ဈေး အမေရိကန်ဒေါ်လာ ၄၁ဝ ထားရှိခဲ့ကြောင်း၊ ဆန်တင်ပို့သူ များအနေဖြင့် အဆိုပါဈေးနှုန်းဖြင့် စာခုျပ်ခုျပ်ဆိုမှုအေးလျက်ရှိကြောင်း သိရှိရပါတယ်။HS,Source: http://uk.ibtimes.com/

Tuesday, 14 Sep 2010

 အင်ဒိုနီးရှားက သကြားတန်ချိန် ၄ သိန်း တင်သွင်းသွားမယ်    အင်ဒိုနီးရှားအစိုးရဟာ လာမယ့်နှစ် ပြည်တွင်းလိုအပ်ချက်ကို ဖြည့် ဆည်းဖို့ သကြားဖြူတန်ချိန် ၄ သိန်းတင်သွင်းဖို့ အစီအမံကို  တရားဝင်ခွင့်ပြုခဲ့ တယ်လို့ စိုက်ပိုျးရေးဝန်ကြီး Suswono  က စက်တင်ဘာ ၆ ရက်နေ့မှာ ပြော ကြားခဲ့ပါတယ်။    ဒီတင်သွင်းမှုပမာဏက ၂ဝ၁၁ ခုနှစ် ပထမ ၅ လအတွင်း ရောင်းချမှု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်လိမ့်မယ်လို့ ဆိုပါ တယ်။ ယင်းသကြားကို ဒီဇင်ဘာလ ဒါမှမဟုတ် ဇန်နဝါရီလမှာ စတင်ဖြန့်ဖြူးသွားဖွယ်ရှိတယ်လို့လည်းဆိုပါတယ်။    အင်ဒိုနီးရှားသကြားနဲ့ အမှုန့်ကုန်သည်များအသင်း (Apegti) ရဲ့ ပြောကြားချက်အရ ယခုနှစ်ကုန်မှာ ပြည်တွင်း သကြား လက်ကျန်ပမာဏဟာ တန်ချိန် ၈ သိန်းခန့်ရှိမယ်လို့ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ  တစ်လကို တန်ချိန် ၂ သိန်းဝန်း ကျင်သုံးစွဲတာဖြစ်လို့ ဇန်နဝါရီလမှ လာမယ့်နှစ် မေလတိုင်အောင် ပြည်တွင်း လိုအပ်ချက်ပြည့်ဝဖို့ အစိုးရ မှတင်သွင်း သွားမှာဖြစ်ပါတယ်။    သကြားဈေးတစ်တန်ကို ကန်ဒေါ်လာ ၅၅ဝ ဝန်းကျင်ဈေးထိ လျော့ကျ မယ်ဆိုရင် အစိုးရအနေနဲ့ သကြားဝယ်ယူမှု စာချုပ်ချုပ်ဆိုသွားသင့်တယ်လို့ ဗစနါအင ဥက္ကဌ Natsir Mansyur ကပြောကြားပါတယ်။ အကယ်လို့ အစိုးရအနေနဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ ဝယ်ယူမယ်ဆိုရင် သကြားတစ်တန်ကို ကန်ဒေါ်လာ ၇၅ဝ ဝန်းကျင်ထိ မြင့်တက်သွား နိုင်တယ်လို့လည်းဆိုပါတယ်။     ၂ဝ၁ဝ အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံဟာ ယခုနှစ် ပထမ ၅ လရဲ့လိုအပ်ချက်အတွက် တန်ချိန် ၅ သိန်း တင်သွင်းခဲ့ပြီး၊ ၂ဝဝ၉ ခုနှစ်မှာ တန်ချိန် ၂၅ဝဝဝဝ သာတင်သွင်းခဲ့တယ်လို့သိရပါတယ်။ အစိုးရအနေနဲ့ လာမယ့်နှစ် တွေမှာ သကြား တင်သွင်းမှုလျော့ချရေး၊ အထွက်နှုန်းတိုးမြင့်ရေးနဲ့ စက်ရုံများ ပိုမိုကောင်းမွန်အောင် အပါအဝင် စီမံချက် အမျိုး မျိုးချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမဲ့ ရာသီဥတုဆိုးဝါးခြင်းက တောင်သူများရဲ့အထွက်ကို ထိခိုက်စေလျက် ်ရှိတယ်လို့ ကုန်သွယ်ရေးဝန်ကြီးက ပြောကြားပါတယ်။  ယမင်းခင်၊Source: the Jakarta Post

Tuesday, 14 Sep 2010

 ပင်လယ်ရေကြောင်းက ပဲယင်းအပို့နည်း     ပင်လယ်ရေကြောင်းက ပဲယင်းတင်ပို့မှုအနေနဲ့ သြဂုတ်လတင်ပို့မှုကို ကြည့်မယ်ဆိုရင် ၂ဝဝ၉ ခုနှစ်မှာ  တန်ချိန် ၅၉ဝ ခန့်တင်ပို့ခဲ့ပြီး ယခုနှစ် သြဂုတ်လမှာ တန်ချိန် ၃၃ဝ ခန့်ကို လျော့ကျလာတာတွေ့ရပါတယ်။ ယခုနှစ်ဇူလိုင်လ တင်ပို့မှုတန်ချိန် ၃၆ဝ ခန့်ရှိလို့ ဇူလိုင်လထက်လည်း သြဂုတ်လမှာ လျော့နည်းတင်ပို့ခဲ့ပါတယ်။ အပတ်စဉ်တင်ပို့မှုအနေနဲ့ စက်တင်ဘာလ ၂ ရက်မှ ၈ ရက်အထိ တစ်ပတ် အတွင်း တန်ချိန် ၂၂ဝ ခန့်တင်ပို့မှု ရှိခဲ့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၈ဝ ရှိတယ်လို့ သိရပါတယ်။                                                                                 MIRT - MAPT

Tuesday, 14 Sep 2010

 ပြည်ကုလားပဲဈေး အနည်းငယ်လှုပ်     ပြည်ကုလားပဲဈေးမှာ ယခင်အပတ်က တစ်တင်း ၂ဝ၂ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ရာမှ ယခုစက်တင်ဘာ ဒုတိယပတ်မှာ ၂ဝ၃ဝဝ ကျပ်ဖြင့် ဈေး အနည်းငယ်မြင့်လာပါတယ်။ လှောင်လက်သမားများမှ အဝယ်အနည်းငယ်ရှိလာပြီး အမှုန့်ကြိတ်စက်သမား များမှလည်း အမှုန့်ရောင်းအားကောင်းလို့ ပဲအဝယ် လိုက် ခဲ့ပါတယ်။ ပြည်မှရန်ကုန်သို့ ကုလားပဲအိတ် ၆၅ဝ တင်ပို့ ရောင်းချခဲ့ရပြီး တိုင်း အတွင်းမှာ နေ့စဉ်အိတ် ၁၅ဝ ခန့် အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။လွင်လွင်ဆန်း

Tuesday, 14 Sep 2010

 ပဲဝင်ရောက်မှုများလို့ အိန္ဒိယကုလားပဲလက်ငင်းဈေးကျ    အိန္ဒိယနိုင်ငံ ဒေလီလက်ငင်းဈေးကွက်ကို စက်တင်ဘာလ ၉ ရက်အတွင်း မော်တော်ကား အစီး ၃ဝ ဝန်းကျင်ထိ ပဲဝင်ရောက်လာတာကြောင့် တစ်တန်ကို ရူပီး ၂၅ဝ (ကန်ဒေါ်လာ ၅ ဒသမ ၄၁) လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ရာဂျက် စသန်၊ ကန်တီဝါလာ ကုလားပဲဈေးဟာ တစ်တန်ကို ရူပီး ၂၂၂၅ဝ  (ကန်ဒေါ်လာ ၄၈၁) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။    NCDEX ကြိုပွိုင့်ဈေးကွက်မှာ စက်တင်ဘာလဈေးဟာ တစ်တန်ကို ရူပီး ၂၂ဝဝဝ (ကန်ဒေါ်လာ ၄၇၆) နီးပါးဈေးဖြစ်ခဲ့ပါတယ်။ ကာလရှည်မှာတော့ မိုးရွာသွန်းနေခြင်းက ဆောင်းသီးနံှစိုက်ပိုျးဖို့ အစိုဓါတ်ရရှိစေတာကြောင့် အထွက် ပိုမယ့် မျှော်လင့်ချက်များက ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေနိုင်ပါတယ်။ စတုတ္ထ အကြိမ်ခန့်မှန်းချက်အရ ၂ဝဝ၉-၂ဝ၁ဝ အတွင်း ကုလားပဲထုတ်လုပ်မှုဟာ တန်ချိန် ၇ ဒသမ ၃၅ သန်းခန့်ရှိလို့ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ၇ ဒသမ ဝ၆ သန်းထက် ပိုမိုတယ်လို့ ဆိုပါတယ်။ယမင်းခင်၊ှSources: commodityonline

Tuesday, 14 Sep 2010

 ဈေးအေးလာတဲ့ မန်းပဲတီစိမ်း     တရုတ်ဈေးကွက်ကို အများဆုံးရောင်းဝယ်တင်ပို့နေကြတဲ့ မန်းပဲတီစိမ်းဈေးကွက်ဟာ သြဂုတ်လထက် စက်တင်ဘာ လမှာ တဖြည်းဖြည်းဈေးနိမ့် အရောင်းအဝယ်ဖြစ်နေကြပါတယ်။ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်မှာ တရုတ်ယွမ်ငွေ ဈေးကျ ဆင်းလာတဲ့အတွက် ရောင်းဝယ်မှုအေးလာတယ်လို့ ကုန်သည်တခိုျ့ကပြောပါတယ်။ စက်တင်ဘာလ ဒုတိယပတ်မှာ ပဲတီစိမ်း ထိပ်စ တစ်ပိဿာ ၁ဝ၆၇ ကျပ်၊ လတ်စ ၉၇၈ ကျပ်၊ အောက်စ ၉ဝ၇ ကျပ်ဝန်းကျင်ဖြင့်သာ ရောင်းဝယ်နေကြပြီး ဈေးကွက်အတွင်းတရုတ်ဝယ်လက်နှင့်ရန်ကုန်ဝယ်လက်တို့ဝယ်ယူမှုရှိနေသော်လည်း ရောင်းဝယ်မှုကခပ်အေးအေး ပဲရှိနေပါတယ်။ တရုတ်တင်ပို့မှု အနေဖြင့် တစ်ပတ်အတွင်း ၃၈၉ တန်သာတင်ပို့မှုရှိခဲ့ပြီး မန်းပဲတီစိမ်းဈေးကွက်တွင် ရောင်းဝယ်မှုကတော့ဆက်လက်ပြီးအရောင်းအေးဈေးလည်းအေးနေဦးမယ်လို့ရောင်းဝယ်ကြတဲ့ကုန်သည်တချို့က ပြောကြားနေကြောင်း သိရပါတယ်။                                                                                   ကျော်ကျော်မိုး

Tuesday, 14 Sep 2010

 ဝယ်လိုအားနည်းတာကြောင့် အိန္ဒိယပဲတီစိမ်းဈေးနှုန်းကျ    အိန္ဒိယပြည်တွင်းလက်ကားဈေးကွက်တွေမှာ လက်ရှိအမြင့်ဈေးနဲ့ အဝယ်မရှိတာကြောင့် ပဲတီစိမ်း တစ်တန်ကို ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၃ ဒသမ ၂၈) လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်တွေကို ပဲဝင်ရောက်မှု တိုးတက်လာပြီ ဖြစ်ပြီး ဈေးကွက်တွေမှာ သိုလှောင်လက်ကျန်ရှိနေတာကြောင့်လည်း ဈေးကျဆင်းလာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းနဲ့ ပဲတီစိမ်းခွဲခြမ်းဈေးဟာ တစ်တန်ကို ရူပီး ၂ဝဝဝ  ကျဆင်းပြီး ရူပီး ၄၈ဝဝဝ-၅၂ဝဝဝ  (ကန်ဒေါ်လာ ၁ဝ၃၉-၁၁၂၅) နဲ့ ရူပီး ၅၇ဝဝဝ-၆၁ဝဝဝ  (ကန်ဒေါ်လာ၁၂၃၃-၁၃၂ဝ) ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။MIRT - MAPT

Tuesday, 14 Sep 2010

 တရုတ်မှာ ပဲတီစိမ်းအသစ်ထွက်လို့ `နယ်စပ်အပို့လျော့     တစ်ဘက်နိုင်ငံမှာ ပဲတီစိမ်းထွက်ရှိနေခြင်း၊ ပဲဈေးနှုန်းအတက်အကျ မြန်ဆန်ခြင်းတို့ကြောင့် ဈေးကွက် လို အပ်ချက်အရ ဝယ်ယူရောင်းချနေကြတဲ့အတွက် စက်တင်ဘာလလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ပဲတီစိမ်း တင်ပို့မှု သိသိသာသာ လျော့ကျသွားတယ်လို့ မူဆယ်နမ့်ခမ်းကုန်သည်အသင်းမှ သိရပါတယ်။  စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း  ပဲတီစိမ်း ၂၄၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၂၃ဝ သန်းဖိုးနဲ့ ပဲတီစိမ်းလုံးခြမ်း ၁၇၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၅၅ သန်းဖိုး နှစ်မိုျးပေါင်းကန်ဒေါ်လာ ဝ ဒသမ ၄၃၆ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလ အတွင်းကတော့ ပဲတီစိမ်း ၁၅၆၉ တန်ခန့် တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာတော့ ပဲတီစိမ်းတန် ၁၃၂ဝ လျော့နည်း တင်ပို့ခဲ့တယ်လို့သိရပါတယ်။ နှစ်ဖက်မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက် ပါတယ် -                 မိမိဘက်(ကျပ်/တန်)      ပြောင်းလဲမှု     ရာခိုင်နှုန်း    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)     ပြောင်းလဲမှု    ရာခိုင်နှုန်းယခုအပတ်      ၇၂၁၇၂၂                    ၃၁၅၄           ဝ .၄                   ၁ဝ၄၉                        ၂ဝဝ            ၁၇ယခင်အပတ်    ၇၂၄၈၇၆                                                                ၉၄၉                                                                                      MIRT (DOBT)

Monday, 13 Sep 2010

 မလေးရှားအစိုးရ ရော်ဘာကဏ္ဍမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နံှရန် တွန်းအားပေး    မလေးရှားအစိုးရဟာ ရော်ဘာကဏ္ဍမှာ ပုဂ္ဂလိကမှ ရင်းနှီးမြှုပ်နံှမှုများပိုမိုဆောင်ရွက်ရန်အတွက် ဆွဲဆောင်စည်းရုံးမှာဖြစ်ပြီး ရော်ဘာနှင့် ဆက်စပ်နေတဲ့စက်မှုကဏ္ဍ ကလည်း တိုင်းပြည်ရဲ့အနာဂတ်အလားအလာအတွက် အရေးကြီးကြောင်း ပြောကြား ခဲ့ပါတယ်။ ရော်ဘာနဲ့ ရော်ဘာဆက်စပ် ပစ္စည်းတင်ပို့မှု လဟာ ၂ဝ၁ဝ ပထမ နှစ်ဝက်မှာ ၃ဝ ရာခိုင်နှုန်းတိုးတက်ကာ ရင်းဂစ် ၉ ဒဿမ ၂၃ ဘီလီယံ (ဒေါ်လာ ၂ ဒဿမ ၉၅၈ ဘီလီယံ ) ရှိပြီး လွန်ခဲ့တဲ့နှစ် အလားတူ ကာလက ရင်းဂစ် ( ၆ ဒဿမ ၉) ဘီလီယံ (ဒေါ်လာ ၂ ဒဿမ ၂၁၁ ဘီလီယံ) ရှိကြောင်းအပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးနဲ့စက်မှုလုပ်ငန်းဝန်ကြီးက ပြော ကြား ခဲ့ပါတယ်။ ၂ဝ၁ဝ မှာ ပြည်တွင်း ရင်းနှီးမြှုပ်နံှမှု ရင်းဂစ် ၄၂၅ ဒဿမ ၈ သန်း (ဒေါ်လာ ၁၃၆ ဒဿမ ၄၇၄ သန်း ) ဆောင်ရွက်မှာ ဖြစ်ပြီး အထူးသဖြင့် ရော်ဘာလက်အိတ်ထုတ်လုပ်ရေးမှာ မြှုပ်နံှမှာဖြစ်တယ်လို့ ဝန်ကြီးက ဆက်လက် ပြောကြားခဲ့ပါတယ်။ ၂ဝ၂ဝ မှာ ရော်ဘာလက်အိတ်လုပ်ငန်းတွေကနေ ရင်းဂစ် ၃ဝ ဘီလီယံ (ဒေါ်လာ ၉ ဒဿမ ၆၁၅ ဘီလီယံ) ရရန်ရည်ရွယ်ပြီး အခုကတော့ ရင်းဂစ် ၁ဝ ဘီလီယံ (ဒေါ်လာ ၃ ဒဿမ ၂ဝ၅ ဘီလီယံ) ရရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ဝန်ကြီးကဆက်လက် ပြောကြားရာမှာ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာကမ္ဘာမှာ ရော်ဘာ ထုတ်လုပ်မှု အများဆုံးနိုင်ငံများဖြစ်တာကြောင့် အစိုးရအနေနဲ့ ရော်ဘာနဲ့ ရော်ဘာအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်မှာ ဖြစ်ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နံှ သူတွေကို  ပုဂ္ဂလိကရင်းနှီးမြှုပ်နံှမှုတွေလုပ်ဖို့ ဦးစားပေးမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တာယာတင်သွင်းမှုတွေ များလာပြီး သွင်းကုန်ပမာဏ တက်လာတာကို ဝန်ကြီးဌာနအနေနဲ့ စုံစမ်း စစ်ဆေးမှု တွေ လုပ်လိမ့်မယ်လို့ ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။ မိမိတို့က ပြဿနာရဲ့အဖြေကို အောက်ခြေအထိ လေ့လာ စုံစမ်းမှာဖြစ်ပြီး ဒါဟာ စက်မှုလုပ်ငန်းတွေအတွက် အရေးကြီးပြီး တရားမျှတမှု မရှိကြောင်းပြောကြားခဲ့ပါတယ်။ စုံစမ်း စစ်ဆေးမှု ကို ကုန်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး အကောက်ခွန်ဌာန၊ ဘဏ္ဍာရေးနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာန များလည်း ပါဝင်မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ှSource: Berrama.com,  KZW

Pages