Background
တနင်္သာရီတိုင်းဒေသကြီးမှာ ရော်ဘာစေးခြစ်ယူဖို့ ပြင်ဆင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်မှာ စိုက်ဧက ၂ ဒသမ ၂ သိန်းခန့်ရှိပြီး၊ အစေးလှီးဧက ၁ဒသမ ဝ သိန်းမှ တစ်ဧကပျမ်းမျှအထွက်နှုန်း ၄၉၅ ပေါင်ထွက်ရှိလို့ စုစုပေါင်းထွက်ရှိမှုပေါင် သိန်း ၅ဝဝခန့် ထွက်ရှိခဲ့ကြောင်းသိရပါတယ်။ ယခုနှစ် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာ အစေးခြစ်ထုတ်လုပ်နိုင်ရန်အတွက် ရော်ဘာခြံရှင်များ မိမိတိုခြံများအားဓါတ်မြေ သြဇာကျွေးခြင်း၊ ပေါင်းရှင်းခြင်း၊ တောခုတ်ခြင်းများဆောင်ရွက်ပြီးစီးတဲ့ခြံများရှိသလို အချို့ခြံများမှာလည်းဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ ဒေသအတွင်း ရော်ဘာ ခြံကြီးများအနေနဲ့ အလုပ်သမားငှားရမ်းထားရှိမှုကြောင့် ယခုမိုးမရွာတဲ့ ရက်များကစတင်ပြီး ရော်ဘာ အစေးခြစ်ယူတော့မယ်လို့ သိရပါတယ်။ မျိုးအေး
ယခုတစ်ပတ် နယ်စပ်မှ ရော်ဘာတင်ပို့မှုလျော့ စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ရော်ဘာအဆင့်စုံ ၅၉၄ တန်ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က RSS (၃) တစ်မိုျးတည်း ၇၈၂ တန်နီးပါး တင်ပို့ခဲ့ခြင်းဖြစ်တဲ့အတွက် ယခုအပတ်မှာ ၁၈၈ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ်တင်ပို့နိုင်ခဲ့တဲ့ ရော်ဘာတွေကတော့ RSS (၃)တန် ၄၃ဝ ခန့်၊ RSS (၅) တန် ၁၃ဝ ခန့်နဲ့ MSR (၅ဝ) ၃၅ တန် အသီးသီး ဖြစ်ပါတယ်။ ၂ဝ၁ဝ ဧပြီလမှ သြဂုတ်လအထိ ကာလအတွင်း နယ်စပ်မှ ရော်ဘာအဆင့်စုံ တန်ချိန် ၁၁၉၇ဝ ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခုအပတ်မှာ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံရော်ဘာဈေးများတည်ငြိမ်လျက် ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာပေါက်ဈေးများကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ယွမ်/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ွှRSS(၃) ၃ဝ၅၇၁၁၃ ၃ဝ၄၈၁၁၃ ၉ဝဝဝ ဝ .၃ ၂ဝဝဝဝ ၂ဝဝဝဝ -RSS(၅) ၂၉၃၅၄၃၃ ၂၉၂၇၆၁ဝ ၇၈၂၃ ဝ .၃ ၁၈၅ဝဝ ၁၈၅ဝဝ -
ပင်လယ်ရေကြောင်း မလေးရှား ကို အဓိကပို့ စက်တင်ဘာ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၉ဝ၃ တန်၊ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၆၇၉ သန်းတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁ဝ၇၆ တန် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ၁၇၆ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံများကတော့ ဗီယက်နမ်ကို RSS (၃) တန် ၂၂ဝ၊ တရုတ်ကို MSR (၂ဝ) တန် ၄ဝ ၊ ပါကစ္စတန်ကို RSS (၃) ၉၇ တန်နဲ့ မလေးရှားကို RSS (၃) ၁၆၅ တန်၊ RSS (၅) ၃၆၅ တန်နဲ့ MSR (၂ဝ)၁၆ တန် အသီးသီးဖြစ်ပါတယ်။ KZW
ဒီတစ်ပတ် နယ်စပ်က ဘိလပ်မြေအသွင်းပို စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများမှ ဘိလပ်မြေ ၂ဝ၃ဝဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၁၃၇ သန်းဖိုးတင်သွင်း နိုင်ခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းမှုများကတော့ မူဆယ်မှ၁ဝ၇၂ တန်၊ ကန်ပိုက်တီးမှ ၁၈၇ဝ၆တန်၊ တာချီလိတ်မှ ၃၉၆ တန်ကျော်နဲ့ မြိတ်မှ၁၂၇တန်နီးပါး အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၄၁၇၃ တန် နီးပါးတင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၁၆၁၂ဝ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ပိုက်တီးနယ်စပ်စခန်းမှတစ်ဆင့် မြစ်ဆုံနဲ့ ချီဗွေရေအားလျှပ်စစ်စီမံကိန်း အတွက် ဘိလပ်မြေများ တင်သွင်းခဲ့ခြင်းကြောင့် ယခင်အပတ်ကထက် သိသိသာသာ တင်သွင်းမှုပိုမိုခဲ့ရခြင်းဖြစ်ပါတယ်။MIRT(DOBT)
ဒီတစ်ပတ် နယ်စပ်က ဓာတ်မြေသြဇာ တန် ၂၄ဝဝဝကျော် တင်သွင်း စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှဓာတ်မြေသြဇာ ၂၄၂၇၇တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ ဒသမ ၇၉၉သန်းဖိုးတင်သွင်းခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုများ ကတော့ မူဆယ်မှ ၂၄ဝ၃၁ တန်၊ တာချီလိတ်မှ ၂၆ တန်၊ ရိဒ်မှ ၅၁ တန်ကျော်နဲ့မောင်တောမှ ၁၆၈ တန်ကျော် အသီးသီး တင်သွင်းခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှတင်သွင်းတဲ့ ဓာတ်မြေသြဇာအချို့ရဲ့ ဈေးနှုန်းများ ကိုဖော်ပြပေး လိုက်ပါတယ်နယ်စပ် အမျိုးအစား တစ်ဖက်နိုင်ငံဈေး(ဒေါ်လာ/တန်)မူဆယ် Single Super Phosphate ၁၂၀ Compound Seed (Npk) ၁၃ဝ Potassium Nitrate ၂ဝ၇့ Urea Fertilizer ၂၂ဝၤ Foliar Fertilizer ၂၂၅ Nitric Phosphate ၂၅ဝွှ Triple Super Phosphate ၂၆ဝယခင်အပတ်က နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ ၁၉၄၂၁ တန် တင်သွင်းခဲ့တဲ့အတွက် တန်ချိန် ၄၈၅၆ တန် ယခုအပတ်မှာ တင်သွင်းမှုပိုမိုခဲ့ပါတယ်။MIRT(DOBT)
ပင်လယ်ရေကြောင်းက ထိုင်းဓာတ်မြေသြဇာဝင် ပင်လယ်ရေကြောင်းလမ်းကနေ စက်တင်ဘာလ ၁၃ ရက်မှ ၁၉ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ အဝင်တန်ချိန် ၆ဝဝ တန်၊ တန်ဖိုး ကန်ဒေါ်လာ၁၈၉ဝဝ ဖိုးတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က မြေသြဇာ ၂၆၄ တန် အဝင်ရှိခဲ့ပြီးဒီတစ်ပတ် ၆ဝဝ တန်တင်သွင်းခဲ့တဲ့အတွက် တန်ချိန် ၃၃၆ တန်ပိုမိုတင်သွင်းလာတာတွေ့ရပါတယ်။ ဒီတစ်ပတ်အဝင် ကုန်သွယ်ဘက် နိုင်ငံကတော့ ထိုင်းနိုင်ငံဘက်မှတင်သွင်းလာတာဖြစ်ပြီး ယခင်သွင်းနေကျ ဗီယက်နမ်၊ တရုတ်၊ ဘူဂေးရီးယား နိုင်ငံများ ဘက်ကမဝင်ဘဲ ထိုင်းနိုင်ငံကပဲ တစ်တန်ကို အက်ဖ်အိုဘီ ၃၁၅ ဒေါ်လာနှုန်းနဲ့တင်သွင်းလာတာ တွေ့ရပါတယ်။MIRT(DOT)
ပဲစင်းငုံဈေး အနည်းငယ်လျော့ အိန္ဒိယလက်ငင်းဈေးကွက်တွေမှာ ပဲခွဲစက်များက အဝယ်ရှိနေတာကြောင့် အခြားပဲဈေးတွေ ကျပေမဲ့ ပဲစင်းငုံဈေးက အနည်းငယ်သာ လျော့ခဲ့တာတွေ့ရပါတယ်။ ပဲစင်းငုံစိုက်ပျိုးမှု ကယခင်နှစ်ထက် သိသိသာသာပိုလို့ အထွက်မြင့်တက် မယ်လို့ခန့်မှန်းတဲ့အပြင် လာမယ့်ရက်တွေမှာ အခြားမိုးပဲများက ဈေးကွက်တွေကို အရှိန်အဟုန်နဲ့ ဝင်ရောက်တော့မှာဖြစ်လို့ ဈေးကျဆင်းဦးမယ်လို့ ခန့်မှန်းကြပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့စာရင်းအရ အင်ဒရာပရာဒေ့ရှ်မှာ ပဲစင်းငုံစိုက်ဟက်တာ ၆ ဒသမ ၃၂ သိန်းရှိပြီး ယခင်နှစ်ကာလတူ ဟက်တာ၄ ဒသမ ၃၉ သိန်းရှိလို့ ဟက်တာ ၂ သိန်းနီးပါးပိုမိုတာ တွေ့ရပါတယ်။ လက်ရှိရာသီဥတုက ပဲစင်းငုံအထွက်ကောင်းဖို့ အခြေအနေရှိနေပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်။ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၁၆ .၉ .၁ဝ ၁၅ .၉ .၁ဝ ၁၄ .၉ .၁ဝ ၁၃ .၉ .၁ဝမွန်ဘိုင်း (မြန်မာပဲစင်းငုံ) ၇၆၇-၇၇၂ ၇၆၆-၇၇၁ ၇၈၂ ၇၇၇ဒေလီ (မြန်မာပဲစင်းငုံ) ၇၈၂ ၇၇၆ ၇၈၇ ၈၂၁ချန်နိုင်း( မြန်မာပဲစင်းငုံ) ၇၇၂ ၇၆၆ ၇၆၆ ၇၆၇ Source: agriwatch.com , MIRT (Yangon)
ကုလားပဲလက်ရှိဈေးဝန်းကျင်မှာ ပြောင်းလဲမှုဖြစ် ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်း ကုလားပဲလက်ငင်းဈေးကွက်များမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးဝန်းကျင်မှာဘဲ အပြောင်းအလဲဖြစ်နေပါတယ်။ အခြားမိုးပဲတွေ ဈေးကွက်ထဲဝင်လာပြီဖြစ်လို့ကုလားပဲ လှောင်လက်များ ထုတ်ရောင်းမှု တွေရှိတာကြောင့် အချို့ရက်တွေမှာ ဈေးလျော့ကျမှုတွေရှိသလို အချို့ရက်တွေမှာ အဝယ်ရှိလို့ ဈေးပြန်မာလာတာတွေ့ရပါတယ်။ ဒါပေမဲ့ လက်ရှိမိုးရွာသွန်းမှုက ပျမ်းမျှမိုးရေချိန်ထက် ပိုမိုနေလို့ ဆောင်းရာသီစိုက်ပျိုးချိန်မှာအစိုဓာတ်ကောင်းကောင်းရရှိမယ့် မျှော်မှန်းချက်များက ဈေးနှုန်းကျဖို့ဖိအားဖြစ်စေပါတယ်။ လာမယ့်ရက်တွေမှာ အခြား မိုးပဲအသစ်တွေဈေးကွက်ထဲ အရှိန်အဟုန်နဲ့ ဝင်လာမှာဖြစ်လို့ ကုလားပဲဈေး ဆက်လက်လျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန်ဈေးကွက် ၁၆ .၉ .၁ဝ ၁၅ .၉ .၁ဝ ၁၄ .၉ .၁ဝ ၁၃ .၉ .၁ဝမွန်ဘိုင်း ၄၈၂-၄၈၃ ၄၈ဝ ၄၈ဝ-၄၈၁ ၄၈ဝ-၄၈၆ဒေလီ ၄၈၁ ၄၈ဝ ၄၈၁ ၄၈ဝ-၄၈၆ကန်ပါ ၄၈၆-၄၈၇ ၄၈၇ ၄၈၈ ၄၈၉
စားနပ်ရိက္ခာဈေးနှုန်းများအပေါ်အခြေခံတဲ့ ဈေးနှုန်းဖောင်းပွမှုဟာ စက်တင်ဘာလ ၄ ရက်နေ့မှာကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း ၁၅ ဒသမ ၁ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဟင်းသီးဟင်းရွက်၊ မတ်ပဲနဲ့ ဟင်းခတ်အမွှေးအကြိုင်ဈေးက ၁ ရာခိုင်နှုန်းစီမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲစင်းငုံက ၅ ရာခိုင်နှုန်း၊ ပြောင်း၊ ဘာလီနဲ့ ပဲတီစိမ်းကတော့ ၁ ရာခိုင်နှုန်းစီ ကျဆင်းခဲ့တယ်လို့သိရပါတယ်။မတ်ပဲဈေးပြန်လည်ဆင်းလာ ယခင်သီတင်းပတ်များမှာ အိန္ဒိယ ပြည်တွင်းဈေးကွက်များအတွင်း မတ်ပဲဈေး ဆက်လက်မြင့်တက်ခဲ့ပေမဲ့ ယခု တစ်ပတ်မှာတော့ ပြန်လည်ကျဆင်းလာတာ တွေ့ရပါတယ်။ ပဲအဓိကစိုက်ပျိုးတဲ့ မဟာရပ်ရှတရာနဲ့ မဒ္ဒရာပရာဒေ့ရှ်တို့က ပဲအသစ် ဝင်ရောက်မှုတွေ တိုးတက်လာလို့ ရောင်းအားများနေချိန်မှာ ဝယ်လိုအား နည်းနေတဲ့အတွက် ဈေးလျော့ကျ လာတာဖြစ်ပါတယ်။ မတ်ပဲအထွက် မြင့်တက်မယ့် မျှော်လင့်ချက်များကြောင့် ကာလတိုအတွင်းမှာ ဈေးထပ်မံ ကျဆင်း နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကိုဇယား(၁)နဲ့ ဖော်ပြထားပါတယ်- ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၁၆ .၉ .၁ဝ ၁၅ .၉ .၁ဝ ၁၄ .၉ .၁ဝ ၁၃ .၉ .၁ဝမွန်ဘိုင်း ၁ဝ၉၁ ၁၁၂၁ ၁၁၂၇ ၁၁၃၄ဒေလီ ၁၁ဝ၁ ၁၁၁၁ ၁၁၃၂ ၁၁၈၈ချန်နိုင်း ၁ဝ၃၇-၁၂၅၃ ၁ဝ၆၈-၁၂၆၂ ၁ဝ၈၄-၁၂၇၂ ၁၁ဝ၇-၁၃ဝ၆
အမေရိကန်နှင့် တရုတ်နိုင်ငံများ၏လောင်စာဝယ်လိုအား မြင့်မားမည် မျှော်မှန်းကြ၍ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ဒုတိယမြောက်နေ့အဖြစ်မြင့်မားလာ ကမ္ဘာ့ရေနံသုံးစွဲမှုအများဆုံး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ လောင်စာဝယ်လိုအားမြင့်မားမယ်မျှော်မှန်းကြပြီး နယူးယောက်တွင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများဒုတိယမြောက်နေ့အဖြစ် မြင့်မားလာပါတယ်။ သြဂုတ်လအတွင်း က အမေရိကန်ရဲ့လက်လီအရောင်းနှုန်းများ ဒုတိယမြောက်လအဖြစ် ထပ်မံမြင့်မားခဲ့ဖွယ်ရှိတယ်ဆိုတဲ့ခန့်မှန်းချက် ကရေနံစိမ်းဈေးနှုန်းကို ထပ်မံမြင့်မားစေပါတယ်။တရုတ်နိုင်ငံရဲ့ ရေနံစိမ်းတင်သွင်းမှုမြင့်မားလာခြင်းနဲ့ ကနေဒါမှရေနံကို အမေရိကန်ပြည်ထောင်စုအလယ် တကြောရှိ ရေနံချက်စက်ရုံများကိုပို့ပေးတဲ့ ပိုက်လိုင်းကိုပိတ်လိုက်ခြင်းတို့ကလည်း ရေနံစိမ်းဈေးနှုန်းကို မြင့်မားစေအောင် အထောက်အပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့် အောက်တိုဘာလတင်ပို့မဲ့ ရေနံစိမ်းက တစ်စည်ကို ၈၈ ဆင့်(၁ ဒသမ ၂ ရာခိုင်နှုန်း) မြင့်မားကာ ၇၇ ဒသမ ၃၃ ဒေါ်လာနဲ့ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးတွင် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အောက်တိုဘာလတွင် ငွေချေရမဲ့ ဘရန့်အမျိုးအစား ရေနံစိမ်းမှာလည်း တစ်စည်ကို ၆ဝ ဆင့် (သုညဒသမ ၈ ရာခိုင်နှုန်း) မြင့်မားကာ ၇၈ ဒသမ ၇၆ ဒေါ်လာနဲ့ လန်ဒန် ICEကFutures Europe Exchange တွင် အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ှSource:bloomberg.com, ပပ