Main menu

Background

Monday, 13 Sep 2010

 ယခင်တစ်ပတ်ထက် မြေထောက်အတင်ပို    ပင်လယ်ရေကြောင်းက တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ရုရှားစတဲ့ နိုင်ငံတွေ ကို မြေထောက်ပဲတင်ပို့လျက်ရှိရာ ယခု စက်တင်ဘာလ ၂ ရက်မှ ၈ ရက်အထိ တစ်ပတ်အတွင်း တန်ချိန်  ၂၇ဝ ခန့် တင်ပို့မှုရှိခဲ့လို့ ယခင်တစ်ပတ်တင်ပို့မှု တန်ချိန် ၁၆ဝ ထက်ပိုလာတာတွေ့ရ ပါတယ်။ လအလိုက်တင်ပို့မှုကိုလေ့လာ ရာမှာသြဂုတ်လအတွင်း မြေထောက်ပဲ တန်ချိန် ၉ဝဝ ခန့်သာ တင်ပို့မှုရှိလို့ ဇူလိုင်လ တင်ပို့မှုတန်ချိန်  ၁၂ဝဝ ခန့်ထက်လျော့နည်းသလို ယခင်နှစ် သြဂုတ်လ တင်ပို့မှု တန်ချိန် ၁၁ဝဝ ကျော်ထက်လည်း လျော့ကျတာတွေ့ရ ပါတယ်။     ရန်ကုန် FOBဈေးအနေနဲ့ ပြောင်း လဲခြင်းမရှိဘဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၇ဝ-၆၈ဝ ရှိပြီး မွန်ဘိုင်း ဈေးကွက်မှာ  polished တစ်တန်ကို ရူပီး ၃၃၅ဝဝ (ကန်ဒေါ်လာ ၇၁၅ )၊ unpolished  တစ်တန်ကိုရူပီး ၃၂ဝဝဝ  (ကန်ဒေါ်လာ ၆၈၃ ) အသီးသီးရှိ တယ်လို့ သိရပါတယ်။ MIRT - MAPT

Monday, 13 Sep 2010

အိန္ဒိယကာနာတာကာမှ ပဲစင်းငုံအမြောက်အမြား ထွက်ရှိဖွယ်ရှိ      အိန္ဒိယနိုင်ငံ ပဲစင်းငုံစိုက်ဧရိယာရဲ့ ၁၅ ရာခိုင်နှုန်းခန့်ရှိတဲ့ ကာနာတာ ကာမှာ ယခုနှစ် အချိန်မှန်မိုးရွာသွန်းပြီး  မိုးရေအလုံအလောက် ရရှိတာကြောင့်  ပဲ အမြောက်အမြားထွက်ရှိမယ်လို့  ခန့်မှန်းထားပါတယ်။ ယခုနှစ်မိုးရာသီမှာ ပဲစင်းငုံ စိုက်ဧရိယာ ဟက်တာ ၈ ဒသမ ၄၆ သိန်းရှိလို့ ယခင်နှစ်စိုက်ဟက်တာ ၅ ဒသမ ၄၃ သိန်းထက် ပိုမိုတာကြောင့် တောင်သူများက အမြောက်အမြားထွက်ရှိမယ်လို့ မျှော်လင့်လျက်ရှိပါတယ်။ ကာနာတာကာမှာ ပဲမိုျးစုံစုစုပေါင်း စိုက်ဧရိယာရဲ့ ၅ဝ ရာခိုင်နှုန်းကျော်ဟာ ပဲစင်းငုံစိုက်ပိုျးထားတယ်လို့ သိရပါတယ်။ယမင်းခင်၊Sources: P T I

Monday, 13 Sep 2010

 ဝယ်လိုအားမြင့်တက်လာတာကြောင့် အိန္ဒိယ ဈေးမြင့်     အိန္ဒိယပဲထုတ်လုပ်တဲ့ဒေသတွေက ပဲအဝင်နည်းနေတာရယ် ပွဲတော် အတွက် ဝယ်လိုအားတွေ မြင့်တက်နေတာရယ်ကြောင့် အိန္ဒိယပြည်တွင်း လက်ကား ဈေးကွက်တွေမှာ မတ်ပဲဈေးဟာ တစ်တန်ကို ရူပီး ၁ဝဝဝ  (ကန်ဒေါ် လာ ၂၁ ဒသမ ၆၄) ခန့် မြင့်တက်ခဲ့ပါတယ်။ ပဲအဓိကထုတ်လုပ်တဲ့ ဒေသတွေမှာ မိုးသည်း ထန်နေတာကြောင့် ပဲဝင်ရောက်မှုနည်းလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မတ်ပဲနဲ့ မတ်ပဲခွဲခြမ်းဈေးဟာတစ်တန်ကို ရူပီး ၁ဝဝဝ စီမြင့်တက်ခဲ့ပြီး ရူပီး ၅၅ဝဝဝ-၆ဝ၅ဝဝ (ကန်ဒေါ်လာ ၁၁၉ဝ-၁၃ဝ၉) နဲ့ ရူပီး ၅၉ဝဝဝ-၆၃ဝဝဝ  (ကန်ဒေါ်လာ ၁၂၇၇-၁၃၆၃) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ MIRT - MAPT  

Thursday, 9 Sep 2010

 အိန္ဒိယကာနာတာကာမှာ ပဲစင်းငုံစိုက်ပိုျးမှု ၂ ဆကျော်ပိုမို        အိန္ဒိယနိုင်ငံ ပဲစင်းငုံစိုက်ပိုျးမှု စုစုပေါင်းရဲ့ ၂ဝ ရာခိုင်နှုန်းစိုက်ပိုျးတဲ့ ကာနာတာကာရဲ့ အဓိကစိုက်ပိုျးတဲ့ ဒေသများမှာ အချိန်မှန် မိုးရွာသွန်းပြီး မိုးအလုံအလောက်ရရှိတာကြောင့် ယခုနှစ်အမြောက်အများထွက်ရှိမယ်လို့ ဆိုပါတယ်။ စိုက်ဧရိယာ အနေနဲ့ ယခင်နှစ်က ဟက်တာ ၃၅ဝဝဝဝ ရှိခဲ့ရာမှ ယခုနှစ်မှာ ၂ ဒသမ ၃ ဆပိုမိုပြီး ဟက်တာ ၈၃၃ဝဝဝ ထိစိုက်ပိုျးလာတာကြောင့် အထွက်မြင့်တက် မယ်လို့ မျှော်မှန်းခြင်းဖြစ်ပါတယ်။          ပြည်နယ်စိုက်ပိုျးရေးဌာနပြောကြားချက်အရ ဇွန်နဲ့ ဇူလိုင်လအတွင်း နေရာအနံှ့အပြား မိုးရွာတာကြောင့် စိုက်ဧရိယာ ပိုမိုလာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆီထွက်သီးနံှများအစား ပဲစင်းငုံနဲ့ အခြားသက်တမ်းတို သီးနံှတွေဖြစ်တဲ့ ပဲတီစိမ်းနဲ့ မတ်ပဲကို  အမြောက်အများပြောင်းလဲစိုက်ပိုျးလာကြတယ်လို့ ဆိုပါတယ်။        ၂ဝဝ၉-၂ဝ၁ဝ မှာ မိုးရွာသွန်းမှုနှေးကွေးခဲ့ပြီး စက်တင်ဘာမှ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထုတ်လုပ်မှု ကျဆင်းခဲ့ပေမဲ့ ယခုနှစ် မှာတော့ ပမာဏအမြောက်အများထွက်ရှိမယ်လို့ မျှော်လင့်ထားပါတယ်။ လယ်မြေ တစ်ဟက်တာကို ပျမ်းမျှ ထွက်ရှိမှု တန်ချိန် ဝ ဒသမ ၅ တန်နှုန်းနဲ့ ယခုနှစ်မှာ တန်ချိန် ၄ ဒသမ ၁ သိန်း ဝန်းကျင် ထွက်ရှိနိုင်ဖွယ်ရှိလို့ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ၁ ဒသမ ၆ သိန်းထက် ၂ ဒသမ ၅ ဆပိုမိုမယ်လို့ ဆိုပါတယ်။         ဒါပေမဲ့  အမှန်တကယ်ထုတ်လုပ်မှုကတော့ နောက်ထပ်ရွာသွန်းမယ့်မိုး၊ ဓါတ်မြေသြဇာထည့်သွင်းမှုစတဲ့ အခြားအကြောင်းအရာ တွေပေါ်မှာ မူတည်တာဖြစ်လို့ သီးနံှထွက်ရှိမှုကို ခန့်မှန်းဖို့စောနေပါသေးတယ်။ အဓိကစိုက်ပိုျးတဲ့ ဂူဘာကာ ခရိုင်မှာ ယခုနှစ်မိုးပိုမိုရွာ သွန်းခဲ့ပြီးဖြစ်လို့ လယ်သမားများဟာ ပေါင်းပင်ထခြင်း ပြဿနာနဲ့ ကြုံတွေ့နိုင်ပြီး ထုတ်လုပ်မှုကို ထိခိုက်စေနိုင်တယ်လို့ ကာနာတာကာစိုက်ပိုျးထုတ်လုပ်သူများအသင်း ဥက္ကဌ Basavaraj Ingin   ကပြောကြားပါတယ်။ ယမင်းခင် Sources: business standard

Thursday, 9 Sep 2010

ပဲမိုျးစုံပြတ်လပ်မှုကြောင့် ပါကစ္စတန်မှာ ဈေးနှုန်းထပ်မံမြင့်တက်         ပါကစ္စတန်နိုင်ငံရဲ့ ဥပုသ်လအတွင်း လက်လီရော၊ လက်ကားဈေးကွက်များမှာ ပဲမိုျးစုံပြတ်လပ်မှု ဖြစ်ပေါ်ကာ စားသုံးသူများ ဝယ်ယူဖို့ ခက်ခဲတဲ့ဈေးနှုန်းထိ  မြင့်တက်ခဲ့တယ်လို သိရပါတယ်။ ပဲအများဆုံးစိုက်ပိုျးတဲ့ ပန်ဂျပ်နဲ့  ဆင်းဒ် ပြည်နယ်များမှာ ရေလွှမ်းမိုး မှုကြောင့် အခိုျ့ပဲများရှားပါးလာခဲ့ပြီး ဈေးနှုန်းများ ခေါင်ခိုက်အောင်မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။          ပန်ဂျပ်ပဲစိုက်ပိုျးတဲ့ ဒေသများမှာ ပဲတီစိမ်းပင်များ ရေနစ်မြုပ်မှုကြောင့် လက်ကားဈေးကွက်များမှာ တစ်ကီလိုကို ရူပီး ၁၇ဝ (ကန်ဒေါ်လာ ၁ ဒသမ ၉၉) ၊ လက်လီဈေးမှာ တစ်ကီလိုကို ရူပီး ၁၇၅-၁၇၈ (ကန်ဒေါ်လာ ၂-၂ ဒသမ ဝ၈) ထိ မြင့်တက်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ နှစ်စဉ်ပဲတီစိမ်းထွက်ရှိမှု တန်ချိန် ၁၄ဝဝဝဝ-၁၅ဝဝဝဝ ရဲ့ ထက်ဝက်ခန့်ကို ပန်ဂျပ်မှာ ထုတ်လုပ်တယ်လို့ ပဲကုန်သည်တစ်ဦးကပြောကြားပါတယ်။ ပဲတီစိမ်းဈေးနှုန်း ယခုလို မြင့်တက်လာခြင်းဟာ ပန်ဂျပ်မှာ ရောင်းချမှုပြတ်လပ်ခဲ့တာကြောင့် လို့ ဆိုပါတယ်။     အလားတူမတ်ပဲထွက်ရှိမှုကလည်း နှစ်စဉ်အထွက်နှုန်းထက် လျော့ကျမယ့် ခန့်မှန်းချက်ကြောင့် ဈေးမြင့်တက် လာဖြစ်ပြီး ကုလားပဲခွဲခြမ်းဈေးဟာ တစ်ကီလိုကို ရူပီး ၇ဝ-၇၅  (ကန်ဒေါ်လာ ဝ ဒသမ ၈၂-ဝ ဒသမ ၈၈) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နှစ်စဉ်ကုလားပဲထွက်ရှိမှုဟာ တန်ချိန် ၅ဝဝဝဝဝ- ၅၅ဝဝဝဝ ရှိပေမဲ့ ပြည်တွင်းလိုအပ်ချက်က တန်ချိန် ၆ဝဝဝဝဝ- ၆၅ဝဝဝဝ ရှိတာ ကြောင့် လိုအပ်ချက်များကို မြန်မာနိုင်ငံနဲ့  သြစတြေးလျအပါအဝင် ပဲထုတ်လုပ်ရောင်းချတဲ့ နိုင်ငံများက တင်သွင်း နေရတယ်လို့ ဆိုပါတယ်။                                                                                                     ယမင်းရွှေစင်၊ှSources: daily news

Tuesday, 7 Sep 2010

နနွင်းစိုက်တောင်သူများတိုးစိုက်၊ ကြိုပွိုင့်ဈေးကျဆင်း     အိန္ဒိယနိုင်ငံရဲ့ နနွင်းဒုတိယအများဆုံးစိုက်ပိုျးတဲ့ အီရော့ခရိုင်မှာ ယခုနှစ် နနွင်းစိုက်ဧရိယာဟာ ၂ ဆ နီးပါးမြင့်တက်ခဲ့တယ် လို့သိရပါ တယ်။ ယခုရက်ပိုင်းအထိ တောင်သူများစိုက်ပိုျးမှုဟာ ဟက်တာ ၉၅ဝဝ ကျော်ပြီလို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် အဲဒီခရိုင်အတွင်း ဟက်တာ ၅ဝဝဝ-၆ဝဝဝ ခန့်သာ စိုက်ပိုျးခဲ့တယ်လို့သိရပါတယ်။     လွန်ခဲ့တဲ့လအနည်းငယ်က နနွင်းတစ်တန်ကို ရူပီး ၁၅ဝဝဝဝ (ကန်ဒေါ်လာ ၃၂ဝ၅) ဝန်းကျင်ဈေး ရရှိခဲ့ခြင်းက တောင်သူများ နနွင်းပိုစိုက်ဖို့ အားသန်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ်အတွင်း ဟက်တာ ၁ဝဝဝဝ ကျော်ထိ စိုက်ပိုျး လာနိုင်တယ်လို့ အစိုးရအရာရှိများမှ ခန့်မှန်းကြပါတယ်။ ယခုနှစ်မှာ ငှက်ပျော စိုက်ပိုျးသူများကလည်း နနွင်းကိုပြောင်းလဲစိုက်ပိုျးလာကြတယ်လို့ ဆိုပါတယ်။     ၂ဝ၁၁ မှာလည်း နနွင်းဈေးတည်ငြိမ်မယ်လို့ ကုန်သည်အခိုျ့က မျှော်လင့်ကြပေမဲ့ ရောင်းချမှုပိုမယ်ဆိုရင် ဈေးနှုန်းကျဆင်းနိုင်ပါတယ် လို့လည်း အခိုျ့ကခန့်မှန်းကြပါတယ်။ လတ်တလောမှာတော့ အထွက်မြင့်တက်မယ့် မျှော်လင့်ချက်များကြောင့် လက်ငင်းဝယ်လိုအား ကျဆင်းတာကြောင့် ကြိုပွိုင့်ဈေး ကွက်မှာ စက်တင်ဘာလ ၁ ရက်နေ့ကဝဒသမ၅၃ရာခိုင်နှုန်းကျဆင်းပြီး၊ အောက်တိုဘာ စာခုျပ်ဈေး ဟာ တစ်တန်ကို ရူပီး ၁၂၃၁ဝဝ (ကန်ဒေါ်လာ ၂၆၃၁) ကို ကျဆင်းခဲ့တယ်လို့သိရပါတယ်။                                                                                                                         ယမင်းခင်၊Source: PTI

Tuesday, 7 Sep 2010

 မိုးရာသီပဲမျိူးစံရောင်းချမှုကြောင့် အိန္ဒိယကုလားပဲဈေးကွက်       မိုးရာသီပဲမိုျးစုံအသစ်များ စတင်ဝင်ရောက်နေပြီဖြစ်ပြီး အဓိကဈေးကွက်များကိုအဝင်အားကောင်းလာတာကြောင့်စက်တင်ဘာလ  ၂ ရက်နေ့ ကုလားပဲ ကြိုပွိုင့်ဈေးဟာ တစ်တန်ကို ရူပီး ၂ဝဝ (ကန်ဒေါ်လာ ၄ ဒသမ ၃) ကျဆင်းခဲ့ တယ်လို့သိရပါတယ်။ အဓိကပဲ ထွက်ရှိရာဒေသများမှာ ပဲတီစိမ်းနဲ့ မတ်ပဲအရောင်း သွက်နေတာကြောင့် ဒေလီဈေးကွက်ကို နေ့စဉ် ပဲဝင်ရောက်မှုဟာ မော်တော်ကား ၃၅ စီးမှ ၅ဝ စီးအကြား  ဝင်ရောက်တယ်လို့ သိရပါတယ်။     အိန္ဒိယနိုင်ငံတောင်ပိုင်းနဲ့ အနောက်ပိုင်းဒေသများမှာ မိုးအချိန်မှန် ဝင်ရောက်မှုကြောင့် မိုးပဲစိုက်ဧရိယာ တိုးတက်ခြင်းကလည်း ဈေးကွက်တွေမှာ ရောင်းချမှုကို အားကောင်းစေခဲ့ပါတယ်။ စိုက်ပိုျးရေးဝန်ကြီးဌာနရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ စာရင်းအရ ၂ဝ၁ဝ သြဂုတ်လ ၂၇ ရက်အထိ မိုးပဲမိုျးစုံစိုက်ပိုျးမှုဟာ ဟက်တာ ၁ဝ၉ ဒသမ ဝ၄ သိန်းရှိပြီး ယခင်နှစ်ကာလတူက ဟက်တာ ၈၉ ဒသမ ၃၃ သိန်းရှိတယ်လို့ သိရပါတယ်။ NCDEX ကုန်စည်ဒိုင်မှာ စက်တင်ဘာ အခြေခံ စာခုျပ်ဈေးဟာ ရူပီး ၂၂၁၅ဝ (ကန်ဒေါ်လာ ၄၇၈) နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ယမင်းခင်Sources: Business standard

Tuesday, 7 Sep 2010

တရုတ်ဘက်မှာ ပဲတီစိမ်းစထွက် နယ်စပ်မှာဈေးကျ                      သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက် တရုတ်နိုင်ငံသို့ ပဲတီစိမ်း ၁၅၆၈ ဒသမ ၉၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၈ဝ၄ သန်း ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလမှာတော့ ပဲတီစိမ်း ၁၆၁၃ တန် တင်ပို့ နိုင်ခဲ့ပါတယ်။ တစ်ဘက်နိုင်ငံမှာ ပဲတီစိမ်းများ စတင် ထွက်ရှိနေ ပြီဖြစ်ခြင်း၊ ရာသီဥတုအေးလာတဲ့အတွက် ပဲတီစိမ်းစား သုံးမှုနည်းပါး လာခြင်း၊ ကမ္ဘာ့ပဲဈေးနှုန်းကျဆင်း ခြင်းနဲ့အတူ တရုတ်နယ်စပ် မှာလည်း ပဲဈေးနှုန်းများကျဆင်းခြင်း၊ ပြည်တွင်းဝယ်ယူချိန်နဲ့ တစ်ဘက်နိုင်ငံသို့ ရောင်းချ ချိန်အကြား သယ်ယူစရိတ်ဈေးကျပြီး အရှုံးပေါ်ခြင်းတို့ကြောင်း ရောင်းဝယ်မှုများကျဆင်းခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ လာမဲ့အပတ်မှာ ရောင်းဝယ်မှု ဆက်လက်လျော့ ကျ နေအုံးမယ်လို့ခန့်မှန်းကြောင်း ပဲတီစိမ်းကုန်သည်တစ်ဦးက ပြောပါတယ်။ ယခုသြဂုတ်လမှာ နယ်စပ်  မှ ပဲတီစိမ်း ၁၃၉ဝ၄ တန် တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လမှာ ၁၉၅၂၁ တန်တင်ပို့ခဲ့ တဲ့အတွက် တန်ချိန် ၅၆၁၇ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ ဧပြီလ မှ သြဂုတ်လ ကုန်ထိ နယ်စပ်မှ ပဲတီစိမ်း စုစုပေါင်း ၆၅၈ဝဝ ကျော် တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ယခု အပတ်နဲ့ ယခင်အပတ် မြန်မာတရုတ်နယ်စပ်ရှိ ပဲတီစိမ်း မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ် -               မိမိဘက်(ကျပ်/တန်)    ပြောင်းလဲမှု      ရာခိုင်နှုန်း        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ပြောင်းလဲမှု     ရာခိုင်နှုန်းယခုအပတ်        ၇၂၄၈၇၆                                                                     ၁၂၅၅ယခင်အပတ်      ၉၅၇၉ဝ၂                    ၂၃၃ဝ၂၆          ၃၂                          ၁၃၃၁                    ၇၆         ၇၆                                                                                                                                        MIRT(DOBT)

Tuesday, 7 Sep 2010

ပင်လယ်ရေကြောင်းက ဂျပန်ကိုပိုသွားတဲ့ နှမ်း          ယခုတစ်ပတ်အတွင်း (သြဂုတ်လ ၂၃ ရက်မှ ၂၉ ရက်)မှာ ပင်လယ် ရေကြောင်းက နှမ်းတန်ချိန် ၂၃ဝ ကျော်တင်ပို့ခဲ့တဲ့ အနက် ဂျပန်နိုင်ငံကို နှမ်းတန်ချိန် ၁ဝဝ ကျော်နဲ့ ပမာဏပိုမိုတင်ပို့ခဲ့တာတွေ့ရပါတယ်။ ဒီတစ်ပတ်မှာတော့ အခြား တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်နဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေး အနေနဲ ပြောင်းလဲခြင်းမရှိဘဲ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၃၅ဝ-၁၄၅ဝ၊ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ် လာ ၁၇ဝဝ-၁၈ဝဝ ဖြစ်ကြောင်း သိရပါတယ်။                                                                                                          MIRT - MAPT

Monday, 6 Sep 2010

 ဒီတစ်ပတ်တန်ချိန် နှစ်သောင်းကျော်ဝင်ခဲ့   သြဂုတ်လ ၂၃ ရက်နေ့ကနေ ၂၉ ရက်နေ့ကာလအတွင်း ပင်လယ်ရေကြောင်းလမ်းနဲ့ဘိလပ်မြေကုန်သွယ်မှု ကတော့တန်ချိန် ၂၁၃၅ဝ တန် တန်ဖိုးကန်ဒေါ်လာ ၁၇၆၉ဝဝဝ ဖိုးတင်သွင်းလာခဲ့ပါတယ်။ တင်သွင်းတဲ့ကုန်သွယ်ဖက်နိုင်ငံတွေကတော့ ထိုင်းနိုင်ငံ ကအများစုသွင်းခဲ့တာဖြစ်ပြီး တစ်တန်ကို အက်ဖ်အိုဘီပျမ်းမျှ ၈၂ ဒသမ ၈၆ ဈေးနဲ့ ဖြန့်ချီဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ယခင်သြဂုတ်လ ၁၆ ရက်နေ့ကနေ ၂၂ ရက်ကာလအတွင်း ဘိလပ်မြေမဝင်ပေမဲ့ တစ်ပတ်ခြားကြာပြီးနောက် ယခုအပတ်ပြန်လည် တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။                                                                                                                 MIRT (DOT) ယခုအပတ် ဘိလပ်မြေတင်သွင်းမှုလျော့     သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း  ဘိလပ်မြေ ၃၄ဝ၉ ဒဿမ ၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၃၂၄ သန်းဖိုး တင်သွင်းနိုင်ခဲ့ ပါတယ်။ ယခင်အပတ်က ၄၅ဝ၄ တန် တင်သွင်းခဲ့တဲ့ အတွက် ယခုအပတ်မှာ ၁ဝ၉၅ တန်  လျော့နည်းတင်သွင်းခဲ့ပါတယ်။ယခုအပတ်မှာ မြဝတီမှ တင်သွင်းခဲ့ခြင်း မရှိဘဲ ကန်ပိုက်တီးနဲ့ တာချီလိတ်နယ်စပ်စခန်းများမှလည်း ယခင်အပတ်ကထက် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက်တင်သွင်းမှုများကတော့ မူဆယ်မှ ၅၅၉ တန်၊ လွယ်ဂျယ်မှ တန်၅ဝဝ၊တာချီလိတ်မှ ၈၅၃ ဒဿမ ၅ တန်၊ ကော့သောင်း မှ တန် ၁ဝဝ၊ စစ်တွေမှ ၃၅ တန်၊ မောင်တောမှ ၁ဝ၃ တန်၊ ကန်ပိုက်တီးမှ တန် ၇၆ဝ နဲ့  မြိတ်မှ ၄၉၉ ဒဿမ ၁ဝ တန် အသီးသီး တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေ ပေါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ်-     စခန်း                       တံဆိပ်             ဈေးနှုန်း    မူဆယ်                ဆင်၊ ကမ္ဘာလုံး            ၈၅    လွယ်ဂျယ်               XiLin ၄၂ .၅            ၈၅    မြဝတီ                      ဆင်                   ၉ဝ    ကော့သောင်း             ဆင်                  ၁ဝဝ    တာချီလိတ်               ကျား၊ ငှက်             ၆၈                                                                MIRT(DOBT)

Pages