Main menu

Background

Tuesday, 7 Jun 2011

 အစ္စလာမ်မစ် စီးပွားရေးပွဲတော်နှင့် အစားအသောက်ပြပွဲ ၂ဝ၁၁                   အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ Jakarta Convention Centre (JCC)  မှာ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် "Islamic Halal Business Festival & Food Expo (IHBF)2011" ပြပွဲကို မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသဖို့ ဖိတ်ကြားလာပါတယ်။               ၎င်းပြပွဲတွင် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ၊ အားကစားပွဲများ၊ အစ္စလာမ်မစ် ယဉ်ကျေးမှုပွဲတော်နဲ့ ဖက်ရှင် ပြပွဲအစီအစဉ် (၆) မျိုးပါဝင်ကာ စားသောက်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အဝတ်အထည်နဲ့ အသုံး အဆောင်ပစ္စည်းများ၊ ဘဏ်လုပ်ငန်းနဲ့ အာမခံပစ္စည်းများ ပါဝင်ပြသကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပြပွဲကို ပါဝင်ပြသလိုပါက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းခုျပ်နဲ့ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ အသေး စိတ်သိရှိလိုပါက www.indonesiahalaexpo.com website  ကိုဝင်ရောက်ကြည့် ရှုနိုင်ပါတယ်။                                                        AMM(IT)

Tuesday, 7 Jun 2011

နိုင်ငံတကာမော်တော်ယာဉ်နှင့် မော်တော်ယာဉ် ပစ္စည်းပြပွဲ ၂ဝ၁၁ကျင်းပခြင်း                  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ပေကျင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာကုန်စည် ပြပွဲကျင်းပရေး ဗဟိုဌာနတွင် ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ မှ ၁ဝ ရက်နေ့အထိနိုင်ငံတကာမော်တော်ယာဉ်နှင့်မော်တော်ယာဉ်ပစ္စည်းပြ ပွဲ-၂ဝ၁၁ (China In't Auto Parts Expo)ကိုကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ပြပွဲသို့ကုမ္ပဏီ (၂ဝ)ကျော်နှင့်အထက် တက်ရောက်မည်ဆိုပါက ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အတွက်အသွား အပြန်လေယာဉ်ခအပါအဝင်စရိတ်စက အားလုံးကိုပြပွဲကျင်းပရေးကော်မတီမှ ကျခံပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။ ပြပွဲသို့သွားရောက်ပြသမည့် မြန်မာလုပ် ငန်းရှင်များအနေဖြင့် မိမိတို့နိုင်ငံထုတ် စက်မှုထုတ်ကုန်ပစ္စည်းများ၏အရည်အသွေးနှင့်ဆန်းသစ်မှုတို့အား ပြသခွင့်ရ နိုင်ငံတကာမော်တော်ယာဉ်နှင့် မော်တော်ယာဉ် ပစ္စည်းပြပွဲ ၂ဝ၁၁ကျင်းပခြင်း မည်ဖြစ်ပါသည်။ထို့အပြင် တရုတ်နိုင်ငံ ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့်အပို ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများကိုပါသိရှိနိုင်မည်ဖြစ်ပါသည်။ယခုအခါမြန်မာ နိုင်ငံတွင်လည်း စက်မှုဇုန်များမှမော် တော်ယာဉ်များကို ထုတ်လုပ်လျက်ရှိရာ လိုအပ်သောနည်းပညာများကုန်ကြမ်း ပစ္စည်းများအပြင်တရုတ်နိုင်ငံနှင့်ပူပေါင်း ဆောင်ရွက်နိုင်မှု အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍အဆိုပါ ပြပွဲသို့သွားရောက်ပြသလိုပါကပြသမည့် ပစ္စည်းအမျိုးအမည်၊ပြသမည့်အမည်စာ ရင်းများကို ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းခုျပ်သို့ ၅-၈-၂ဝ၁၁ နေ့နောက်ဆုံးထား၍ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Tuesday, 7 Jun 2011

ဂျပန်စားသောက်ကုန် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် မြန်မာကုမ္ပဏီ (၆) ခု ရွေးချယ်ခြင်းခံရ                     အာဆီယံ-ဂျပန်စင်တာမှ ကြီးမှူးပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ၃ဝ ရက်နေ့ အထိ ကျင်းပပြုလုပ်မည့် ASEAN Food & Beverage ပြပွဲနဲ့ ၂ဝ၁၂ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၉ ရက်နေ့ အထိ ပြုလုပ်မဲ့ ၤSpecial Exhibition Foodex  ပြပွဲတွေကို တက်ရောက်ဖို့ အတွက် မြန်မာကုမ္ပဏီ ၆ ခုကို မေလ 4၂ဝ ရက်နေ့မှာ ဂျပန်နိုင်ငံကျွမ်းကျင်သူ အဖွဲ့မှ လာရောက်ရွေးချယ်ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ် တိုကျိုမြို့မှာ ကျင်းပမဲ့ ASEAN Food & Beverage ပြပွဲအတွက် ရွေးချယ်ခြင်းခံရတဲ့ ကုမ္ပဏီ ၃ ခုမှာပျားရည်တင်ပို့တဲ့ Nay Phone Tauk Int'l Trading ရေထွက်ကုန် ပစ္စည်း ကုမ္ပဏီတွေဖြစ်တဲ့ Grand Wynn Manufacturing နဲ့ Min Zar Niတို့ဖြစ်ကြပါတယ်။ ၂ဝ၁၂ ခုနှစ် Chiba မြို့မှာ ကျင်းပမဲ့ ှSpecial Exhibition Foodex အတွက် သီဟိုဠ်စေ့ကုမ္ပဏီ Moe Hein  သကြားလုံးနဲ့ ဝေဖာထုတ်လုပ် တဲ့ Tin Ye Win Manufacturing (IBC Int'l) နဲ့ လယ်ယာနဲ့ ရေထွက်ကုန် ပစ္စည်းတင်ပို့တဲ့ Asia Winner Industrial ကုမ္ပဏီ (၃) ခုရွေး ချယ်ခြင်း ခံရပါတယ်။ ဂျပန်ကျွမ်းကျင် သူအဖွဲ့က ကုန်ပစ္စည်းအရည်အသွေး၊ ထုတ်လုပ်မှုစွမ်းအား၊ ထုပ်ပိုးမှုပုံစံ၊ ပြည်တွင်းပြည်ပဈေးကွက်ရရှိမှု၊ ကုန်ပစ္စည်း ထိန်းသိမ်း သိုလှောင်မှုစတဲ့ အချက်တွေအပေါ် အခြေခံပြီး ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။                     ရွေးချယ်ခြင်းခံရတဲ့ ကုမ္ပဏီတွေ က ၎င်း ကုန်စည်ပြပွဲတွေကို စရိတ်ငြိမ်း သွားရောက် ပြသခွင့် ရရှိမှာဖြစ်ပါ တယ်။ အလားတူ အခြားအာဆီယံ နိုင်ငံများမှလည်း စားသောက်ကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ တစ်စုတစ် စည်းတည်း ပါဝင်ပြသကြမှာ ဖြစ်ရာ မြန်မာလုပ်ငန်းရှင်များအနေနဲ့ ဂျပန် ဈေးကွက်အပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ကုန် ပစ္စည်းတွေကိုပါ ထိတွေ့ခွင့်ရရှိမှာ ဖြစ်ပါတယ်။ MMS(IT)

Tuesday, 23 Nov 2010

ဂျပန်ယန်းငွေ တန်ဖိုးကျဆင်းမှုနှင့် ရောင်းလိုအားကျဆင်းမှုကြောင့် ရော်ဘာဈေးတက်၏        တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးတွင် ရော်ဘာဈေးနှုန်းက နှစ်ရက်ဆက်တိုက်ကျဆင်းနေရာမှ အောက်တိုဘာ လ ၁၅ ရက်နေ့တွင် ဂျပန်ယန်းငွေက အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာတွင် တန်ဖိုးကျဆင်းသွားတာကြောင့် ရော်ဘာဈေးနှုန်း ပြန်တက်သွားကြောင်း သတင်းရရှိပါတယ်။ တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးတွင် ဧပြီလသင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက ၂ ဒသမ ၈ ရာခိုင်နှုန်းဈေးတက်သွားပြီး တစ်တန်ကို ကန်ဒေါ်လာ ၄၃၇၅ ကိုရောက်ရှိသွားခဲ့ပါတယ်။ ရှန်ဟိုင်းကြိုပွိုင့် ရောင်းဝယ်ရေးတွင် မေလ သင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက ၃ ဒသမ ၃ ရာခိုင်နှုန်းဈေးတက်သွားပြီး တစ်တန်ကို ကန်ဒေါ်လာ ၅၂၄၁ နဲ့ ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။        ဂျပန်ယန်းငွေတန်ဖိုးကျဆင်းခြင်းက ဈေးကွက်ဝယ်လိုအားကိုတက်သွားစေခဲ့ကြောင်း DS Futures Co မှသုတေသီ Chaiwat Muenmee  မှပြောကြားလိုက်ပါတယ်။ ဒါ့ပြင် ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့မှ ရောင်းလိုအား တင်းကြပ်မှု ကြောင့်လည်း ရော်ဘာဈေးနှုန်းကို တွန်းအားပေးလိုက်ပါတယ်။          ယခုနှစ်တွင် ရော်ဘာကြိုပွိုင့်ဈေးနှုန်းများ ၃ဝ ရာခိုင်နှုန်းတက်သွားရခြင်းမှာ အရှေ့တောင်အာရှနိုင်ငံများ တွင် မိုးရွာ သွန်းမှုနဲ့ ရေလွှမ်းမိုးမှုကြောင့် ရော်ဘာထုတ်လုပ်မှုထိခိုက်ခဲ့ရာ ရော်ဘာထုတ်လုပ်သူများမှ ရော်ဘာ ဝယ်လိုအားကို ပြည့်မီအောင် ရောင်းချနိုင်ခြင်း မရှိခြင်းကြောင့် ဖြစ်ပါတယ်။           ထိုင်းနိုင်ငံတွင်လည်း စတုတ္တလေးလပတ်တွင် ရော်ဘာထုတ်လုပ်မှုက ၁ဝ ရာခိုင်နှုန်းကျဆင်းသွားကာ တန်ချိန် ၈၇ဝဝဝဝ သာရောက်ရှိနိုင်ပြီး တစ်နှစ်လုံးအတွက်မူ ထုတ်လုပ်မှု ၅ ရာခိုင်နှုန်းကျဆင်းကာ တန်ချိန် ၃ သန်းသာရှိနိုင်ကြောင်း ထိုင်း ရော်ဘာအသင်းရဲ့ ခန့်မှန်းချက်အရသိရှိရပါတယ်။ လာမဲ့ ၇ နှစ်အတွင်းတွင် ထိုင်းနိုင်ငံ ရဲ့နှစ်စဉ်ရော်ဘာရောင်းလိုအားက အပင်သစ်များမရင့်မချင်း တန်ချိန် ၅ဝဝဝဝ ကျော်ကျဆင်းသွားနိုင်ကြောင်း ထိုင်းနိုင်ငံရော်ဘာအသင်းဥက္ကဌ ူLuckchai Kittipol  မှသုံးသပ်လိုက်ပါတယ်။          နိုဝင်ဘာလ ၁၅ ရက်နေ့က ထိုင်းရော်ဘာလက်ငင်းဈေးနှုန်းက တစ်ကီလိုဂရမ်ကို သုည ဒသမ ၈ ရာခိုင်နှုန်း ဈေးကျ သွားကာ တစ်တန်ကို ကန်ဒေါ်လာ ၄၃၇ဝ နဲ့အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ထိုင်းရော်ဘာသုတေသန တက္ကသိုလ်အရ သိရှိရပါတယ်။ ထိုင်းနိုင်ငံရဲ့ ရောင်းလိုအားက ဆက်လက်ကျဆင်းနေဦးမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။          ဂျပန်နဲ့ တရုတ်နိုင်ငံတို့တွင် ရော်ဘာသိုလှောင်ထားမှုလက်ကျန်လျော့နည်းလာခြင်းမှာ စဉ်ဆက်မပြတ် ဝယ်ယူမှုများ ကြောင့် ဖြစ်ကြောင်း DS Futures  ကြိုပွိုင့်ရောင်းဝယ်ရေးအရ သိရှိရပါတယ်။ ဂျပန်နိုင်ငံရဲ့ ကုန်သိုလှောင် ထားမှုက နိုဝင်ဘာလ ၁ဝ ရက်နေ့က တန်ချိန် ၇၅၅၂ သာရှိတော့ကြောင်း ဂျပန်ရော်ဘာသတင်းအချက်အလက်များအရ သိရှိရပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန်သိုလှောင်ရုံများတွင်လည်း ရော်ဘာသိုလှောင်ထားမှုက လျော့နည်းသွားခဲ့ကြောင်း သုတေသနပြူမှုများ အရ သိရှိရပါတယ်။ Source:bloomberg.com, အေးမွန်မွန်လှိုင် 

Tuesday, 23 Nov 2010

RSS(၃) နဲ့ (၅) နယ်စပ်မှ တင်ပို့မှုမြင့်       RSS (1) (3) (5)၊ MSR (20) (50) စသဖြင့် ရော်ဘာအဆင့်စုံများကို မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်တွေက တစ်ဆင့်တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ နိုဝင်ဘာလ ၁ဝ ရက်မှ ၁၆ ရက်ထိကာလ အတွင်းမှာRSS (3)  တန်ချိန် ၃ဝဝ ကျော်နဲ့ RSS (5)  တန်ချိန် ၁၂ဝ ကျော် ယခင်အပတ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဘက်နိုင်ငံ ရာသီဥတုအခြေအနေပြောင်းလဲမှုကြောင့် ရော်ဘာထွက်ရှိမှု လျော့နည်းခဲ့သလို အခြားရော်ဘာ ထွက်ရှိတဲ့ နိုင်ငံများမှာလည်းရော်ဘာထွက်နှုန်း လျော့တာကြောင့်မို့ ဝယ်လို အားတက်နေတယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ရော်ဘာ တင်ပို့နိုင်မှု ကတော့RSS (1)  ၁၅ တန်၊ RSS (3)  ၅၅၇ ဒသမ ၈ တန်ကျော်၊ RSS (5) တန် ၁၁ဝ၊ MSR (20) တန် ၃၈ဝ နဲ့ MSR (50)  တန် ၄ဝ တင်ပို့နိုင်ခဲ့ပြီး ချင်းရွှေဟော်နယ်စပ်မှ RSS (3) ၁၆၇ တန်ကျော်၊ RSS (5) တန် ၄ဝ နဲ့ MSR (50)  ၂၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ စုစုပေါင်း အခုအပတ်မှာ နယ်စပ်မှ ရော်ဘာ တန် ၁၃၃ဝ တန်ကျော် တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၄ ဒသမ ၁၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက်တန် ၅ဝဝ ကျော် တင်ပို့မှုပိုမိုခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်                                                            မိမိဘက်(ကျပ်/တန်)                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု              ယခင်         ပြောင်းလဲမှု       %         ယခု           ယခင်   ပြောင်းလဲမှု      %RSS(3)       ၃၂၅၆၄၄၅        ၃၂၃၆၈ဝဝ       ၁၉၆၄၅       ဝ .၆      ၃၆၁၄         ၃၅၈၄         ၃ဝ         ဝ .၈RSS(5)       ၃၁၂ဝ၇၅၉       ၃၁ဝဝ၈ဝဝ        ၁၉၉၅၉       ဝ .၆      ၃၄၆၄          ၃၄၃၄         ၃ဝ        ဝ .၉MIRT (DOBT)

Wednesday, 1 Sep 2010

အိန္ဒိယမိုးရာသီပဲမိုျးစုံစိုက်ဧရိယာပိုမိုခြင်းနဲ့ ဒေသတွင်း လှောင်လက် များက ဝယ်လိုအားနည်းပါး နေခြင်းကြောင့် ကုလားပဲဈေး သိသိသာသာ ကျဆင်း ခဲ့ပါတယ်။ ဃြီနဌ ကုန်စည်ဒိုင်မှာ စက်တင်ဘာလ ကြိုပွိုင့်ဈေးဟာ တစ်တန်ကို ရူပီး ၅ဝဝ  (ကန်ဒေါ်လာ ၁၁) ကျဆင်းပြီး၊ ရူပီး ၂၁၆၅ဝ (ကန်ဒေါ်လာ ၄၆၅)၊ အောက်တိုဘာလကြိုပွိုင့်ဈေးဟာ ရူပီး ၂၂၄၁ဝ (ကန်ဒေါ်လာ ၄၈၁) နဲ့ ဈေးပိတ် ခဲ့တယ်လို့ သိရပါတယ်။     အလားတူ လက်ငင်းဈေးကွက်မှာလည်း ကာဘူလီကုလားပဲခွဲခြမ်းဈေးဟာ တစ်တန်ကို ရူပီး ၁ဝဝဝ(ကန်ဒေါ်လာ၂၁) ကျဆင်းပြီး ရူပီး ၄၆ဝဝဝ-၄၇ဝဝဝ  (ကန်ဒေါ်လာ ၉၈၈-၁ဝဝ၉)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မိုးရာသီ ပဲမိုျးစုံ ဝင်ရောက် ်မှုစတင်လာပြီဖြစ်ပြီး မိုးရေအလုံအလောက်ရရှိတာကြောင့် အထွက်တိုးတက်နိုင်ဖွယ်ရှိခြင်းက ဈေးနှုန်းမတက်အောင် ထိန်းထားခြင်းဖြစ်ပါ တယ်။     ဒါပေမဲ့ ပြည်တွင်းလှောင်လက်များက ဈေးအကျမှာ ပြန်လည်ဝယ်ယူ ဖွယ်ရှိပြီး ပွဲတော်အတွက် အဝယ်လည်း တက်နိုင်တာကြောင့် စက်တင်ဘာလလယ်  ကာလလတ်အတွင်း ဈေးပြန်လည်ခိုင်မာလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။                                                                                                                  ယမင်းခင်။ Sources: commodityonline

Wednesday, 1 Sep 2010

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ပဲတီစိမ်းစိုက်ပိုျးထွက်ရှိမှုအား ကောင်းသကဲ့သို့ ဈေးနှုန်းများလည်း တည်ငြိမ်နေ လျက်ရှိပါတယ်။ ဈေးကွက်မှာ ဒေသထွက်ပဲနဲ့ မြန်မာပဲ (၂)မိုျးသာရှိပြီး ဒေသထွက်ပဲများကို ပိုမို ကြိုက်နှစ်သက်စွာ စားသုံး ကြပါတယ်။ တရုတ်ပြည် ဒေသထွက်အရည်အသွေးမီ ပဲတီစိမ်းများမှာ လက်လီ  (၁) ကီလိုကို  (၂၃) ယွမ်ရှိပြီး မြန်မာ့ပဲ လက်လီဈေးမှာ(၁) ကီလိုကို (၁၆ မှ ၁၈) ယွမ်အတွင်း ရောင်းဝယ်မှု ရှိနေတယ်လို့ သိရပါတယ်။ ယခင်နှစ် ပဲတီစိမ်းဈေးကွက်တွင် တရုတ်ပြည်တွင်းထွက်ပဲများမှာ မြန်မာ့ပဲတီစိမ်းထက် အရည်အသွေးပိုမိုသော်လည်း ဈေးနှုန်းမှာ (၁) ကီလို (၁) ယွမ်သာ ပိုမိုခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ကူမင်း ဈေးကွက်အတွင်း  (၁) ကီလို (၅) ယွမ်ခန့် ကွာခြားနေတယ်လို့ သိရပါတယ်။ မြန်မာ့ပို့ကုန်ပဲတီစိမ်း တရုတ်ဈေးကွက် မှာ နေရာယူနိုင်ဖို့အတွက်အရည်အသွေးတိုးမြှင့်ထိန်းသိမ်းဖို့လိုအပ်နေပြီဖြစ်ကြောင်းအသိပေးလိုက်ရပါတယ်။                                                                                                                     စမ်းစမ်းအေး၊ Sources: ယူနမ်ချွမ်းချိန်ဝမ်ပေါင်

Wednesday, 1 Sep 2010

အိန္ဒိယပြည်တွင်းပဲအဓိကစိုက်ပိုျးတဲ့ ဒေသတွေရဲ့ ဈေးကွက်အတွင်းကို ပဲတီစိမ်းအသစ်ဝင်ရောက်မှု အရှိန်အဟုန် ကောင်းလာပြီဖြစ်လို့ ပဲတီစိမ်းဈေး ကျဆင်းနေတာတွေ့ရပါတယ်။ လက်ငင်းဈေးကွက်မှာ တစ်တန်ကို ရူပီး ၂ဝဝဝ  (ကန်ဒေါ်လာ ၄၃) ကျဆင်းပြီး ရူပီး ၂၈ဝဝဝ-၃၆ဝဝဝ  (ကန်ဒေါ်လာ ၆ဝ၁-၇၇၃) ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။ အင်ဒိုရီ ဈေးကွက်အတွင်းကို သြဂုတ်လ ၂၆ ရက်နေ့က ပဲတီစိမ်းအသစ်အိတ် ၁၃ဝဝ ခန့်ဝင်ရောက်ခဲ့ပါတယ်။ ပဲအသစ်တွေ ရှေ့ဆက် တိုးတက်ဝင်ရောက်တော့မှာဖြစ်လို့ ပဲမိုျးစုံဈေးအကျဘက်ကို ဆက်ဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။                                                                                                              MIRT-MAPT

Wednesday, 1 Sep 2010

သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း  ပဲတီစိမ်း ၁၆၁၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၉၂၂၉ သန်းဖိုးမူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပဲတီစိမ်း ၄၂၆၃ တန်နဲ့ ပဲတီစိမ်းလုံးခြမ်း ၁၄၄ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၂၆ဝဝ ကျော်လျော့နည်းခဲ့ပါတယ်။ယခုအပတ်မှာ တင်ပို့မှု လျော့ကျသော်လည်း မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲဈေးများ အနည်းငယ်တက်လျက် ရှိတယ်လို့ သိရပါတယ်။ ပဲတီစိမ်း ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -                                  မိမိဘက်       ပြောင်းလဲမှု     ရာခိုင်နှုန်း      တစ်ဘက်နိုင်ငံ         ပြောင်းလဲမှု         ရာခိုင်နှုန်း                               (ကျပ်/တန်)                                        (ဒေါ်လာ/တန်)ဇူလှိုင်လ တတိယပတ်       ၁၃၂၂၆၅၀                                             ၁၃၀၅                သြဂုတ်လ ဒုတိယပတ်       ၁၁၀၄၈၆၂      ၂၁၇၇၈၈          ၁၅              ၁၀၉၇                 ၂၀၈                  ၁၉သြဂုတ်လ တတိယပတ်      ၁၁၂၂၉၄၈        ၁၈၀၈၆            ၂             ၁၁၁၄                   ၁၇                    ၂                                                                                                                               MIRT(DOBT)

Wednesday, 1 Sep 2010

ပဲတီစိမ်းတင်ပို့မှု လျော့ကျဆဲပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခုတစ်ပတ် (သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်) အတွင်းမှာ လည်း တန်ချိန် ၂၆ဝဝ ခန့်သာရှိလို့ တင်ပို့မှု လျော့ကျနေဆဲဖြစ်ပါတယ်။ ပြည်ပဝယ်လက်တွေအနေနဲ့ တင်ဒါအတွက်ဝယ်ယူမှုကလွဲပြီး အဝယ်ရပ်ထားကြောင်း သိရပါတယ်။ အိန္ဒိယဈေးကွက်တွေကို ပဲတီစိမ်းအသစ် တွေ ဝင်ရောက်မှု တိုးတက်လာတာကြောင့်လို့ သိရပါတယ်။ လတ်တလောအနေနဲ့ တရုတ်ဘက်ကလည်း အဝယ်ပြန်အေးသွားတာကြောင့် ပြည်တွင်းဈေးကွက်တွေမှာ ဈေးလျော့လာတာတွေ့ရပါတယ်။ ရန်ကုန်FOB ဈေးကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                            FAQ(အညာ)           FAQ(ပခုက္ကူ)                 ပဲတီစိမ်းရွှေဝါအသေး၂၆-၈-၁ဝ                 ၉၅ဝ-၉၇ဝ              ၁၁၅ဝ-၁၁၆ဝ                 ၂၅ဝ-၁၂၆ဝ၁၉-၈-၁ဝ                 ၁၁၅ဝ-၁၁၆ဝ           ၁၂၇ဝ-၁၂၉ဝ                  ၁၃၈ဝ-၁၄ဝဝ                                                                                                                    MIRT(MAPT)

Pages