Main menu

Background

Tuesday, 3 Feb 2026

ရန်ကုန်မြို့  ပုဇွန်တောင်ဈေးအတွင်း  အခြေခံစား သောက်ကုန်ဈေးနှုန်းများဖြစ်သော  ဆန်ကြမ်း/ဆန်ချော အမျိုးအစားများအလိုက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ နောက်ဆုံး ပတ်တွင် ဧည့်မထ တစ်ပြည်လျှင် ကျပ် ၃၅၀ဝ၊ ငစိန်တစ်ပြည် လျှင် ကျပ် ၂၆၀ဝ၊  ဇီယာတစ်ပြည်လျှင် ကျပ် ၃၁၀ဝ မှ ၃၄၀ဝ ထိ၊  ပေါ်ကျွဲတစ်ပြည်လျှင် ကျပ် ၄၇၀ဝ၊  ပုသိမ်ပေါ်ဆန်း တစ်ပြည်လျှင် ကျပ် ၅၅၀ဝ၊ ဖျာပုံပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၆၇၅၀၊ ရွှေဘိုပေါ်ဆန်းမွှေး  တစ်ပြည်လျှင် ကျပ် ၈၀ဝ၀ မှ ၈၅၀ဝ တို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရ သည်။

Tuesday, 3 Feb 2026

ရာသီပေါ်သီးနှံများမှာ ရှမ်းပြည်နယ်ထွက် လိမ္မော်သီး များ လှိုင်လှိုင်ပေါ်ထွက်ပြီး‌ နေပြည်တော်ဈေးကွက်သို့ ရောက် ရှိလာပြီဖြစ်ပြီး ဖရဲသီးနှင့် သခွားမွှေးသီးများမှာ အောက်မြန်မာ ပြည်နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် စတင်ထွက်ရှိနေပြီဖြစ် သည်။  ဆီးချိုသီး၊ ဆီးချဉ်သီးနှင့် ဗမာဆီးသီးများလည်း ပေါ များသည့်ရာသီဖြစ်သည်။ ရာသီပေါ် ဟင်းသီးဟင်းရွက်များ လည်း  အလွန်ပေါများပြီး ဈေးနှုန်းသက်သာကာ လတ်ဆတ် သောအချိန်ဖြစ်သည်။ ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များသည် လည်း  ဆောင်းရာသီ၏ အဓိကသီးနှံများဖြစ်ပြီး အချိုဆုံး အချိန်ဖြစ်သည်။ အင်းလေးနှင့်  အညာဒေသထွက် ခရမ်းချဉ် သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်သကဲ့သို့

Monday, 1 Dec 2025

ယခု ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့  ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့်ရရှိရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည် များအသင်းမှ သိရသည်။
ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈၃ သန်း တင်ပို့ရန် လျာထားပြီး ယင်းမှ ပို့ကုန်ဝင်ငွေဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ခန့်ရရှိရန် မျှော်မှန်းထားသည်။
လက်ရှိတွင်ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ပဲမျိုးစုံကို အိန္ဒိယဈေးကွက်သို့ အဓိကတင်ပို့လျက်ရှိပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပါအဝင် ဥရောပဈေးကွက်သို့လည်း တင်ပို့ လျက်ရှိသည်။ 

Monday, 1 Dec 2025

ရော်ဘာစိုက်ပျိုးဧကများတွင် ပန်းတိုင် အထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် တစ် ဧက ပေါင် ၁၀ဝ၀ နှင့်အထက် ထွက်ရှိရေး စီမံ ချက် ရေးဆွဲဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး ဦးစီးဌာန (ရုံးချုပ်) နှစ်ရှည်သီးနှံဌာနခွဲက သိရ သည်။ မြန်မာနိုင်ငံ၌ ရော်ဘာ သီးနှံစိုက်ဧက  ၁ ဒသမ ၆ သန်း ဝန်းကျင်ရှိပြီး  တနင်္သာရီတိုင်း ဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အဓိက စိုက်ပျိုးနေခြင်းဖြစ်ကြောင်း သိရသည်။

Tuesday, 7 Jan 2025

အိန္ဒိယနိုင်ငံအပါအဝင် ဖိလစ် ပိုင်၊ ဗီယက်နမ် နိုင်ငံများ၏ ဝယ်လိုအား မြင့်တက်လာမှုကြောင့်     ပြည်တွင်း ဈေးကွက်တွင်  မြန်မာ့ပြောင်းဆန် ဈေး ကောင်းရနေကြောင်း ပြောင်းလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရ သည်။
လက်ရှိတွင် အိန္ဒိယ၊ ဖိလစ်ပိုင် နိုင်ငံများမှ အဝယ်လိုက်နေပြီး  ပြောင်း ဈေး တက်ရိပ်ပြနေကာ ဈေးတက်နိုင် ဖွယ်ရှိကြောင်း သိရသည်။
ပြည်တွင်း ပြောင်းဆန်ဈေးအနေ ဖြင့် အောက်တိုဘာလတွင် ပြောင်းဆံ တစ်ပိဿာ ကျပ် ၁၃၅၀ မှ နိုဝင်ဘာလ တွင် ကျပ် ၁၅၅၀ ဝန်းကျင်အထိ မြင့် တက်ခဲ့ပြီး ဒီဇင်ဘာလအတွင်း တစ် ပိဿာ ကျပ် ၁၆၇၀ အထိ ပေါက်ဈေးရှိ နေကြောင်း သိရသည်။

Monday, 6 Jan 2025

ပြည်ခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့်မြေပဲများကို စိုက်ပျိုးထားရှိပြီး အထွက်နှုန်းအနေဖြင့်လည်း လျာထား ချက်အောက်  မလျော့သော အထွက်နှုန်းများ ထွက်ရှိကြောင်းသိရသည်။ ဈေးနှုန်းများအနေဖြင့်လည်း နှစ်အလိုက် မြင့်တက်လာ ခဲ့သည်။ ပြည်မြို့ ဈေးကွက်များနှင့် ပွဲရုံများတွင်ဖြစ်ပေါ်ခဲ့သော ဆီထွက်သီးနှံများ၏ နှစ်အလိုက်ဖြစ်ပေါ်သော ဒီဇင်ဘာလ နောက်ဆုံးပတ်၏ ကာလတူ ဈေးနှုန်းနှိုင်ယှဉ်ချက်များအား အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်- 
တစ်တင်း/ကျပ်
    အမျိုးအမည်      ၂၀၂၁ ခုနှစ်     ၂၀၂၂ ခုနှစ်     ၂၀၂၃ ခုနှစ်     ၂၀၂၄ ခုနှစ်

Monday, 6 Jan 2025

ပြည်တွင်းတွင်  ထုတ်လုပ်သော ကုန်ပစ္စည်းအချို့ကို နိုင်ငံခြား ကုမ္ပဏီများအား တင်ပို့ခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည်  ပြည်တွင်းအရည် အသွေးမြင့်ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ ချဲ့ထွင်တင်ပို့ ခြင်းဖြင့် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်၊  ပြည်ပဈေးကွက် ပိုမိုရရှိရန်နှင့် ထုတ်လုပ်သူများ၏ ရောင်းဈေးပိုမိုရရှိစေရန်အလို့ငှာ ပို့ကုန်သွင်းကုန်  ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အမိန့်ကြော်ငြာ စာကိုထုတ်ပြန်လိုက်ကြောင်း သိရသည်။  

Monday, 6 Jan 2025

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာ လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘို ပေါ်ဆန်း (စပါး)(ဟောင်း)  တင်း ၁၀ဝ လျှင် ကျပ် ၄၈၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀ဝ လျှင် ကျပ် ၃၂၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀ဝ လျှင် ကျပ် ၂၂၀ဝ၀ဝ၀၊ ဧရာမင်းဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၀၅၀ဝ၀ ဖြင့်  အရောင်းအဝယ်  ဖြစ်နေ ကြောင်း သိရသည်။

Tuesday, 5 Nov 2024

ကြံထွက်ရှိရာဒေသများဖြစ်ကြသည့် ကသာ၊ ထီးချိုင့်၊ တွင်းငယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာမြို့နယ်နှင့် ပြင်ဦးလွင်ခရိုင်စသည့် ကြံစိုက် သည့်ဒေသ တို့တွင် ကြံများကို သြဂုတ်လမှ အောက်တိုဘာလတို့အထိ  စိုက်ပျိုးကြသည်။ 

Monday, 7 Oct 2024

ပခုက္ကူမြို့မ စည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့ တွင် မန္တလေးတိုင်းဒေသကြီး  ကျောက်ပန်းတောင်း ပုပ္ပားဒေသမှ ထွက်ရှိ သော နဂါးမောက်သီးများ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ နဂါး မောက်သီးကို နာတာရှည်ရောဂါ ခံစားနေရသူများ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါ၊ သွေး တိုးရောဂါနှင့် အစာအိမ်အူလမ်းကြောင်း ရှိသူများ ဝယ်ယူ စားသုံးသော အသီးအနှံတစ်မျိုးလည်းဖြစ်သည်။ 
နဂါးမောက်သီးကို ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားနယ်များတွင် တစ်ကွင်းတစ်စပ် အများဆုံးစိုက်ပျိုးကြကြောင်း၊ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း မြို့မ ဈေးသည်များထံမှ သိရသည်။ 

Pages