Background
အတွဲ(၁၅)အမှတ်(၇)
အတွဲ(၁၅)အမှတ်(၇)
ယခုတစ်ပတ် ပြည်ဈေးကွက်မှာ နှမ်းအဝင်နည်းသွားသဖြင့် နှမ်းဈေး အနည်းငယ်ပြန်တက်လာပါတယ်။မြန်အောင်၊ ကြံခင်းဘက်မှ တစ် နေ့ကို နှမ်းအိတ် ၅၀၀ ခန့်သာ အဝင် ရှိပြီး ၊ အဝယ်အနည်းငယ်ပြန်ဖြစ်နေလို့ ဈေးပြန်လှုပ်လာပါတယ်။ရေသွင်းနှမ်း (နွေနှမ်း) စိုက်ပျိုး ချိန်ဖြစ်လို့ နှမ်းလက်ကျန်နည်းသွားချိန် အနီရော၊ အနက်ပါ ဈေးပြန်မြင့်လာပြီး နှမ်းနီတစ်တင်း ၃၀၀၀၀ ကျပ်နဲ့ နှမ်း နက်တစ်တင်း ၃၅၀၀၀ ကျပ်နဲ့ ယခင် တစ်ပတ်ထက် ဈေးအနည်းငယ်ပြန်မြင့် လာတာ တွေ့ရပါတယ်။
ဝေေ၀မင်း-ပြည်
အတွဲ(၁၅)အမှတ်(၇)
အတွဲ(၁၇)အမှတ်(၅)
အတွဲ(၁၅)အမှတ်(၇)
အတွဲ(၁၅)အမှတ်(၇)
အတွဲ(၁၅)အမှတ်(၇)
ပြည်ဈေးကွက် ဆန်စပါးလောက တွင်တိုင်းဒေသကြီး(ပြည်)အတွင်းမှတစ် နှစ်ကို တစ်သီးစားစိုက်ပျိုးထွက်ရှိတဲ့ နတ္တလင်းတောင်ပျံမွှေးစပါးဟာစပါးစပေါ်ချိန်မှယခုအချိန်ထိစပါးဈေးဟာတစ်ဆင့်ပြီးတစ်ဆင့် ဈေးကောင်းခဲ့တာ တွေ့ရပါ တယ်။ယခုစက်တင်ဘာလတွင် တောင်ပျံမွှေးစပါးဟာ တောင်သူလက်ဝယ်မရှိ တော့ဘဲအရောင်းအဝယ်သမားများထံမှာသာ လက်ကျန်ရှိတော့ပေမဲ့ ဈေးကတော့ ထိပ်ဆုံးရောက်နေဆဲပါပဲ၊ စိုက်တောင်သူရော၊ အရောင်းအဝယ်သမားပွဲစားများပါ အကျိုးအမြတ်များခံစားရတဲ့ စပါးဖြစ်ကြောင်းလည်း သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ စပါးဈေး ၄၆ ပေါင် ကိုက်ကို ၇၁၇၆၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဆက်လက်ဖြစ်ခဲ့ပါတယ်။ ယခုစက်တင်ဘာလမှာတော့ ၄၆ ပေါင်ကိုက်ကို ၇၃၆၀၀၀ကျပ်ဈးဖြင့်ဈေးမြင့်ကာအရောင်းအဝယ်ဖြစ်နေပါတယ်။လက်ကျန်စပါးနည်းနေချိန်ထိဈးကောင်းလျက်ရှိနေပါတယ်။




