Main menu

Background

Monday, 9 Jul 2012

    ဇွန် ၂၄ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့မှု တန် ၆၀၊ တန်ဖိုးဒေါ်လာ သုညဒသမ ၁၇၄ သန်းဖိုးကို မလေးရှားတစ်နိုင်ငံတည်းကိုတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ယခင်ရက်သတ္တပတ်ထက် ခုနှစ်ပုံတစ်ပုံသာ အပို့ ရှိခဲ့တယ်လို့သိရပါတယ်။ တရုတ်နယ်စပ်ကတော့ တင်ပို့မှု တန် ၁၉၀ သာရှိတဲ့ အတွက် တင်ပို့မှုလျော့ကျခဲ့ပါတယ်။ မိုးတွင်း ကာလ ရော်ဘာအစေးထုတ်လုပ်ငန်းများ ခေတ္တရပ်ဆိုင်း ထားတဲ့အတွက် တင်ပို့မှုနှောင့်နှေးနေခြင်းဖြစ်ကြောင်းသိရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-3   တစ်တန်ကို ဒေါ်လာ (၂၈၀၀-၂၉၀၀) ကြားနဲ့RSS-5  တစ်တန်ကိုဒေါ်လာ (၂၇၀၀-၂၈၀၀) ကြားဈေးရတယ်လို့ သတင်း ရရှိပါတယ်။                                                          KZW            

Monday, 9 Jul 2012

    ဇွန် ၂၄ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တင်ပို့မှုမရှိဘူးလို့ သိရပါတယ်။ ယခင်အပတ်ကလည်း စတိသာတင်ပို့မှုရှိခဲ့ပါတယ်။ တရုတ်နယ်စပ်ကတော့ တန် ၈၀၀၀ နီးပါးတင်ပို့မှုရှိတယ်လို့ သိရပါတယ်။ FOB (ရန်ကုန်)ဈေး ကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ဈေး ပေါက်တယ်လို့ သိရပါတယ်။                                KZW                                                                         

Sunday, 8 Jul 2012

    ဒီတစ်ပတ်ရှမ်းနနွင်းကို မန္တလေးဝယ်လက်တွေ ဝယ်ယူ နေတာကြောင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ မန္တလေးဝယ်လက်တွေကအောင်ပန်းဈေးကွက်မှာ ဆင် တောင်နနွင်းကိုအဓိကဝယ်ယူနေပေမယ့် ပင်လောင်းစတွေကို လည်းဈေး နည်းတာကြောင့် ဝယ်ယူမှုရှိနေတယ်လို့လည်း သိရပါတယ်။ ရိုးရိုးနနွင်းတွေကိုတော့ ဈေးပတ် သမားတွေက ဝယ်ယူနေတယ် လို့လည်း ဆိုပါတယ်။ အောင်ပန်းဈေးကွက် မှာ ပင်လောင်းနနွင်းက တစ်ပိဿာ ၃၅၀ ကျပ် - ၃၆၀ ကျပ်ဈေးရှိပြီး၊ ရိုးရိုးနနွင်းက ၆၀၀ ကျပ်ပတ်ချာလည်လောက် သာရှိပါတယ်။ ဆင်တောင်နနွင်းကတော့ အရင်ပတ်တွေ ကထက် ဈေးနည်းနည်းတက်လာပြီး၊ တစ်ပိဿာ ၁၀၀၀ ကျပ် - ၁၁၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။

Sunday, 8 Jul 2012

    မူဆယ်နဲ့ မြဝတီနယ်စပ်များမှ ဇွန်လ ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၅၀၀ သန်းတန်ဖိုးရှိ နနွင်းတက် ၃၂၁ တန်ကျော် အပို့ရှိခဲ့ပါတယ်။ မူဆယ်မှ ၂၉၁ တန်ကျော်နဲ့ မြဝတီမှ တန် ၃၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ်မှာ နနွင်းခေါင်းအပို့မရှိခဲ့ပါဘူး။ ဇွန်လတစ်လလုံးမှာတော့ နနွင်းခေါင်း ၅၃ တန်ကျော် တင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။ ဇွန်လတစ်လလုံးမှာ  ကန်ဒေါ်လာ ၁ ဒသမ ၈၅ သန်းတန်ဖိုးရှိ နနွင်းတက် ၁၁၉၁ တန် နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလမှ ဇွန်လထိဘဏ္ဍာနှစ်ပထမ ၃ လတာကာလမှာတော့ ၃၅၂၀ တန် နယ်စပ်မှ တင်ပို့ထားပြီးဖြစ် တယ်လို့ သိရပါတယ်။                           MIRT(DOBT)                                                                                              

Sunday, 8 Jul 2012

    ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ နနွင်း ၁၆ ဒသမ ၅ တန် ကိုဒီတစ်ပတ်ဖြစ်တဲ့ ဇွန် ၂၄ ရက်မှ ၃၀ ရက်နေ့တာကာလအတွင်း ထိုင်းနိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် တန် သုံးဆယ်တင်ပို့နိုင်ခဲ့လို့ ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုလျော့ခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇွန်လနနွင်းတင်ပို့မှု က ၇၆ ဒသမ ၄၆ တန်ရှိခဲ့ပြီး မေလတင်ပို့မှုက ၁၀၂ ဒသမ ၉၈ တန်ရှိခဲ့တာကြောင့် ဇွန်လမှာ နနွင်းတင်ပို့မှု ၂၆ ဒသမ ၅၂ တန်လျော့နည်းပြီး တင်ပို့နိုင်ခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ငါးရာဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်းပို့ကုန် ဝင်ငွေကန်ဒေါ်လာ ရှစ်ထောင့်နှစ်ရာကျော်ရရှိခဲ့ပါတယ်။   MIRT(DOT)

Sunday, 8 Jul 2012

    ပြည်ပဈေးကွက်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန် ၂၄ ရက်မှ ၃၀ ရက်တာ ကာလအတွင်း မန်ကျည်း ၁၆၂ တန်တင်ပို့ခဲ့ပါတယ်။ စင်ကာပူနိုင်ငံ ကို ၆၆ တန်နဲ့ မလေးရှားနိုင်ငံကို ၉၆ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ်မှာလည်း ၁၆၉ တန်ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ မန်ကျည်းတင် ပို့မှုက ၇ တန်လျော့နည်းခဲ့ပါတယ်။ ဇွန်အတွင်းမှာ မန်ကျည်းတင်ပို့ခဲ့တဲ့နိုင်ငံတွေ က စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ဖြစ်ပါတယ်။

Sunday, 8 Jul 2012

    အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ)တွေအဝင်များနေပါတယ်။ တစ်ရက်ကို ပိဿာချိန် ၅၀၀၀ - ၁၀၀၀၀ ခန့် ဝင်နေတာကြောင့် အဝင်လှိုင်တယ်လို့ ဆိုရပါမယ်။ အဝင်များပေမယ့် ဝယ်လိုအားကတော့ ပုံမှန်သာရှိပါတယ်။ ဥမတွေ အဝင်လှိုင်နေ တာကြောင့် ချင်းတက်တွေကိုလည်း ထပ်မဖော်ကြပါဘူး။ တချို့ ချင်းတက်တွေ ကတော့ နှစ်ထပ်ချင်းတွေဖြစ်ကုန်ပြီလို့လည်း သိရပါတယ်။ ချင်းတက်ကမဖော်ဘဲ တစ်နှစ်လောက်ထားလို့ရပါတယ်။ ချင်းဥမ ကိုဆယ်ရင် အပင်ပိုသန်တာကြောင့် ချင်းဥမတွေကိုတော့ မဖော်မဖြစ် ဖော်ကြတာလို့လည်းသိရပါတယ်။ ဥမက အဝင် များလာလို့ ဈေးနည်းနည်းကျလာပြီး၊ တစ်ပိဿာကို ၁၀၀ ကျပ် - ၁၅၀ ကျပ်ဈေးရှိပါ တယ်။ချင်းတက်ကတော့ တစ်ပိဿာ ၂၀၀ ကျပ်မှ ၃၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါ တယ်။

Sunday, 8 Jul 2012

    ပြည်မြို့ချင်းဈေးကွက်အတွင်း တစ်ရက်ကို ချင်း(တက်)နဲ့ ချင်း(ဥမ)များ ပိဿာ ချိန် ၅၀၀ ခန့်နဲ့ ပုံမှန်အရောင်း အဝယ်ဖြစ်နေပြီး၊ ယခုတစ်ပတ်မှာ အောင်ပန်း တောင်ကြီးဘက်မှ ချင်း(ဥမ)များသာ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့် အဝင်ရှိပြီး၊ ချင်းအတက်များ အဝင်မရှိတော့ကြောင်း သိရပါတယ်။ ဝယ်လက်များကလည်း လက်ကျန်ချင်းတက်များကို အဝယ်နည်းနေပြီး၊ ချင်း(ဥမ)များကို အဝယ်များနေတယ် လို့ ချင်းပွဲရုံများက သိရပါတယ်။ ဈေးကွက်အတွင်း ယခုတစ်ပတ် ချင်းဈေးမှာ ချင်း(ဥမ) တစ်ပိဿာကို ၃၅၀ ကျပ်၊ ချင်းအတက်(ဂျွန်) ၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေ လျက် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကို ပိဿာချိန် ၁၅၀၀ ခန့် ဈေးကွက်မှတစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။               ဝင်းဝင်းခိုင်

Sunday, 8 Jul 2012

    ပြည်တွင်းလက်ကျန်နည်းလာပြီဖြစ်သလို လှောင်လက်များက ဈေးထိန်းပြီးရောင်းနေကြတဲ့အတွက် ဝယ်သူတစ်ဈေး ရောင်းသူ တစ်ဈေးဖြစ်နေလို့ အရောင်းအဝယ်ရော တင်ပို့မှုပါ လျော့နေကြောင်း သိရပါတယ်။ ယခုတစ်ပတ် ဇွန် ၂၅-၂၉ ရက်အတွင်း ကုလားပဲတန်ချိန် ၆၀၀ ကျော်သာ တင်ပို့မှုရှိခဲ့ပြီး ဇွန်လ တစ်လလုံးမှာ တန်ချိန် ၅၈၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။မေအတွင်းမှာတန်ချိန် ၂၁၀၀၀ ကျော်ထိတင်ပို့မှုတိုးတက်ခဲ့ပြီး ၂၀၁၁ ဇွန်အတွင်းမှာ တန်ချိန် ၇၃၀၀ ကျော် တင်ပို့နိုင်ခဲ့လို့ ယခုနှစ်ဇွန်လအတွင်းမှာ တင်ပို့မှု ကျဆင်းလာခဲ့ပါတယ်။

Sunday, 8 Jul 2012

    ဝမ်းတွင်းဈေးကွက်ကို ဧပြီလအတွင်း ရေသွင်းစိုက်ပျိုးခဲ့တဲ့ ပဲတီစိမ်းနဲ့ နွေနှမ်း များဝင်ရောက်လာပြီဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း ဈေးကွက်ကို ပဲတီစိမ်းတင်း ၃၀ - ၄၀ ခန့် နေ့စဉ်ဝင်ရောက်ပြီး၊ ဈေးကွက်ပေါက်ဈေးမှာ ပဲတီစိမ်း(စိမ်းပြောင် လုံးကြီး)တစ်ပိဿာ ၁၀၃၅ ကျပ်၊ အစိမ်းလုံးသေး တစ်ပိဿာ ၈၉၅ ကျပ်၊ နွေနှမ်း (အညို) တစ်ပိဿာ ၁၆၀၀ ကျပ်၊ နှစ်ဟောင်းနှမ်း တစ်ပိဿာ ၁၄၀၀ ကျပ်ဖြစ်ပြီး၊ ကုလားပဲ (V2)တစ်ပိဿာ ၁၀၂၅ ကျပ်၊ ထိုင်ဝမ် တစ်ပိဿာ ၁၀၁၅ ကျပ်၊ ပဲစင်းငုံ (နီလုံးသေး) တစ်ပိဿာ ၈၅၀ ကျပ်၊ အလတ် တစ်ပိဿာ ၇၇၅ ကျပ် ဖြစ်ကြောင်း သိရပါတယ်။                                      ခင်စန်းမြင့်-ဝမ်းတွင်း

Pages