Main menu

Background

Sunday, 1 Jul 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ အရောင်းအဝယ်ဖြစ်မှု လျော့ကျနေ ပါတယ်။ ပြည်တွင်းမှာ လက်ကျန် နည်းလာပြီ ဖြစ်သလို ပြည်ပကလည်း ဝယ်လိုအားနည်းနေပါတယ်။ ဗီယက်နမ်မှ တစ်ဆင့် တရုတ်ကို တင်ပို့မှုလည်း လျော့ကျလာတဲ့အတွက် အရောင်းအဝယ်လည်း လျော့ကျလာကြောင်း သိရပါတယ်။

Sunday, 1 Jul 2012

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ တန် ၃၀၀၀ အောက်မှာ မှန်မှန်သာ တင်ပို့နေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၂၃၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ် ဇွန် ၁၈ ရက်မှ ၂၂ ရက်အတွင်းမှာတော့ တန်ချိန် ၂၉၀၀ ကျော် တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ ပြည်ပဝယ်လက်အနည်းငယ်သာရှိတဲ့အတွက် တင်ပို့မှုမှာလည်း နည်း နေတာဖြစ်ပါတယ်။

Sunday, 1 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ် လာ သုည ဒသမ ၀၃၆ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၅၂ တန်ကျော်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ အပို့ ရှိခဲ့ပါတယ်။  ယခုအပတ်မှာ မိမိ ဘက်မြေပြင်ပဲလွန်းဖြူဈေး မြင့်တက် လျက်ရှိတယ်လို့ သိရပါတယ်-

Sunday, 1 Jul 2012

    ပြည်တွင်းဈေးကွက်မှာ ဝယ်လို အားကောင်းနေတဲ့ ပဲလွန်းဖြူက လက် ကျန် နည်းပါးလာပြီဖြစ်ပါတယ်။ ဒါ ကြောင့်လည်းယခုလပိုင်းတွေမှာ ပဲလွန်း ဖြူ တင်ပို့မှုရော FOB ရောင်းဝယ်မှုပါ ကျဆင်းလာခဲ့ပါတယ်။ ပင်လယ်ရေ ကြောင်း တင်ပို့မှုအနေနဲ့ ဇွန် ၁၈ ရက်မှ ၂၂ ရက်အထိ တစ်ပတ်အတွင်း ပဲလွန်းဖြူ တန်ချိန် ၄၂၀ ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။

Sunday, 1 Jul 2012

    မုံရွာကုန်စည်ဒိုင် ဇွန်လစတုတ္ထပတ် ပဲစင်းငုံနီဈေးကွက်မှာ ရန်ကုန်ကုန်သည်နဲ့ ဒေသခံကုန်သည်တွေ ပစ္စည်းဖြည့်ဖို့ အဝယ်လိုက်လာတဲ့အတွက် နေ့စဉ်တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့သိရပါတယ်။  ပြီးခဲ့တဲ့ မေ ထဲမှာ တစ်တင်း ၁၄၀၀၀ ကျပ်သာ အမြင့်ဆုံးပေါက်ဈေးဖြစ်ခဲ့ရာက ဇွန်လထဲမှာတော့ ပထမပတ် အတွင်းတစ်တင်း ၁၄၁၀၀ ကျပ်၊ဒုတိယပတ် အတွင်းတစ်တင်း ၁၄၇၀၀ ကျပ်၊ တတိယပတ်အတွင်းတစ်တင်း ၁၅၇၀၀ ကျပ်နဲ့ စတုတ္ထပတ်အတွင်းတစ်တင်း ၁၆၈၀၀ ကျပ်ထိ အသီးသီးအမြင့်ဈေးဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။

Sunday, 1 Jul 2012

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု ယခုတစ်ပတ်မှာလည်း ဆက်လက် ကောင်းပေမဲ့ ယခင်တစ်ပတ် တင်ပို့မှုထက်တော့ အနည်းငယ်လျော့ကျပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၄၅၀၀ ကျော်တင်ပို့မှု ရှိခဲ့ရာမှ ယခုတစ်ပတ် (ဇွန်လ ၁၈-၂၂) အတွင်းမှာ တန်ချိန် ၁၁၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန် ၂၂ ရက်အထိ စုစုပေါင်း ပဲစင်းငုံတန်ချိန် ၉ သောင်းနီးပါး တင်ပို့ခဲ့ပြီး ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၅၀ ကျော်ပြီဖြစ်ကြောင်း သိရပါ တယ်။ယခင်နှစ်ကာလတူမှာတန်ချိန် ၄၂၀၀၀ တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၃၁ သန်း ကျော်ရရှိလို့  ယခုနှစ်မှာ ပမာဏထက်ဝက်ကျော် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါ တယ်။ လာမယ့် သီတင်းပတ်မှာလည်း တင်ပို့မှုဆက်လက်ကောင်းဖွယ်ရှိကြောင်း ခန့်မှန်းရပါတယ်။ MIRT - MAPT

Sunday, 1 Jul 2012

    ဟင်္သာတပဲဈေးကွက်မှာ မတ်ပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၁၂၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် နေပြီး၊ ယခုတစ်ပတ်မှာ တစ်တင်းကို ၁၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ပြုလုပ်ကြတာကြောင့် တစ်တင်းကို ၁၂၀၀ ကျပ်ပို လာ ကြော င်း တွေ့ရပါတယ်။ မတ်ပဲဈးမြင့်တက်လာတာကြောင့် ကုန်စည်ဒိုင်ဈေး ကွက်ကို လာရောက်ရောင်းချနေကြောင်း တွေ့ရ ပါတယ်။ မတ်ပဲစီးထွက်မှုအနေနဲ့ ရန်ကုန် ဘုရင့်နောင်ဈေးကွက်ကို တစ်နေ့ အိတ် ၂၀၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။အေးအေးခိုင်

Sunday, 1 Jul 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် တစ်ပတ်လိုပဲ ယခုတစ်ပတ်မှာလည်း မတ်ပဲရောင်းဝယ်မှု ဆက်လက် တိုးတက်နေ ပါတယ်။ အိန္ဒိယမှာ လက်ရှိမိုးရာသီမတ်ပဲစိုက်ပျိုးမှု လျော့ကျနေတဲ့အတွက် မြန်မာ မတ်ပဲများ ဝယ်ယူမှု အားကောင်းနေကြောင်း သိရပါတယ်။ ဒါ့အပြင် ပို့ကုန် ဝင်ငွေ တစ်ဒေါ်လာ တန်ဖိုးခိုင်မာနေခြင်းကလည်း ပို့ကုန်သမားတွေအတွက် ရောင်း ဝယ်မှုကို အားပေးနေပါတယ်။

Sunday, 1 Jul 2012

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်တစ်ပတ်က တစ်သောင်း အောက်ကို လျော့ကျခဲ့ရာမှ ယခုတစ်ပတ် မှာ ပြန်လည်တိုးတက်လာခဲ့ပါတယ်။ ဇွန် ၁၈ ရက်မှ ၂၂ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၅၃၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင်သီတင်း ၂ ပတ်ခန့်ကပြည်ပအဝယ်လျော့ ခဲ့ရာမှ ယခုနောက်ပိုင်းမှာ ဝယ်လိုအား ပြန်ကောင်း လာတဲ့အတွက် တင်ပို့မှု ပြန်တက် လာခြင်းဖြစ်ပါတယ်။

Friday, 29 Jun 2012

    ရှမ်းနနွင်းကတော့ ခပ်အေးအေးသာအရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်တွင်းသုံးအတွက် ဈေးပတ်သမားတွေ ဝယ်လာ တာကြောင့် အဝယ်နည်းနည်းဖြစ်လာတယ်လို့ သိရပါတယ်။ ဈေးကွက်မှာတော့ အမှုန့်ကြိတ် ဖို့နဲ့ ပရဆေးအတွက် အရည် အသွေးကောင်းတဲ့ နနွင်းကိုရွေးဝယ်ပြီး ခြင်ဆေးခွေပြုလုပ်ဖို့အတွက် နနွင်းညံ့တွေ ဝယ်ယူနေကြပါတယ်။

Pages