Background
ပြည် မတ်ပဲဈေးကွက်သို့ ပဲအဝင်နည်းလာပြီး ပေါက်ခေါင်း၊ ကျီးသဲ၊ ရွှေ တောင်ဘက်မှတစ်နေ့အိတ် ၁၅၀၊ ၂၀၀ ခန့်သာဝင်တယ်လို့သိရပါတယ်။ ယခု တစ်ပတ် ပဲတစ်တင်းကို ၁၅၅၀၀ ကျပ်ဈေးနဲ့ ဈေးမြင့်အရောင်း အဝယ်ဖြစ် တယ်လို့သိရပါ တယ်။ ရန်ကုန်ဝယ်လက်ပုံမှန်ရှိသော်လည်း ပဲဈေးအမြင့်ကို ဆက်စောင့်နေပြီး ကုန်သည်များက ထုတ်မရောင်းကြသေးတာ ကို တွေ့ရပါ တယ်။ တစ်နေ့ကို အိတ် ၅၀၀ ခန့်သာ မတ်ပဲအရောင်း အဝယ်ဖြစ်ပြီး ပဲစီးဆင်း မှုမှာ တစ်နေ့ကို အိတ် ၁၂၀၀ ခန့်နဲ့၊ ပြည်၊ မင်းလှ၊ ကြို့ပင်ကောက်၊ လက်ပံတန်း ဘက်မှ ရန်ကုန်သို့ တင်ပို့တယ်လို့သိရ ပါတယ်။ မိမိအေး
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုညဒသမ ၀၃၇ သန်း တန်ဖိုးရှိ ပဲယင်း ၇၇ တန်ခန့်အပို့ရှိခဲ့ရာယခင်အပတ်ကထက်တန် ၄၀ ကျော် အပို့ ပိုခဲ့ပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးမှာလည်း ယခင်အပတ်ကထက် ဈေးအနည်း ငယ်မြင့်လျက်ရှိပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်နှစ်ဖက်မြေပြင်ပေါက်ဈေးများ ကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၄ ရက်မှ ၁၀ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၂၉၆ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၂၇၂၈ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ထက် ၆၂၇ တန် တင်ပို့ မှု ပိုမိုလျက်ရှိပါတယ်။ မိမိဘက်ပဲတီစိမ်းမြေပြင်ပေါက်ဈေးမှာ ယခင်အပတ်ကထက် ၁၀၆၆၇ ကျပ် မြင့်တက်လျက်ရှိပြီး တစ်ဖက်နိုင်ငံဈေး မှာ ငွေဈေး အတက်အကျ ကြောင့်သာ အနည်းငယ်ပြောင်းလဲမှု ရှိသော်လည်း တရုတ်ယွမ်ပေါက်ဈေးမှာမူ ပြောင်းလဲမှုမရှိပါဘူး။ ယခင်အပတ်က ပဲတီစိမ်းတစ်တန်ကို ၅၃၃၂ ယွမ်ပေါက်လျက် ရှိပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြ လိုက်ရပါတယ်-
ဇူလိုင်လ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ပဲလွန်းဖြူ၊ စွန်တာနီ/ပြာ၊ ထောပတ်ပဲနဲ့ ပဲနီကြားတင်ပို့မှုမှာ ယခင်အပတ် ကထက် အပို့ပိုတာတွေ့ရပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ သုညဒသမ ၀၃၉၂ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၅၈ တန်ခန့်၊ ကန်ဒေါ်လာသုညဒသမ ၀၃၅ သန်းတန်ဖိုးရှိ စွန်တာနီ/ပြာ ၅၃ တန်ကျော်၊ ကန်ဒေါ်လာသုညဒသမ ၀၂၁ သန်းတန်ဖိုးရှိ ထောပတ်ပဲ ၂၈ တန်ခန့်နဲ့ ကန်ဒေါ်လာသုညဒသမ ၀၇၅ သန်းတန်ဖိုးရှိ ပဲနီကြား ၉၆ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပဲလွန်းဖြူ ၁၀ တန်ခန့်၊ စွန်တာနီ/ပြာ ၅ တန်၊ ထောပတ်ပဲ ၂ တန်ကျော်နဲ့ ပဲနီကြား ၄၁ တန်ကျော် အပို့ ပိုခဲ့တယ်လို့ သိရှိရပါတယ်။MIRT(DOBT)
ပြည်ဈေးကွက်သို့ ယခုဇူလိုင်လဆန်းတွင် ပဲတီစိမ်းသစ် များ စတင်ဝင်ရောက်ပြီဖြစ်ပါတယ်။ မင်းတုန်း၊ ကံမဖက်မှ ဝင်ရောက်လာတာဖြစ်ပြီး ဒေသတွင်းမြို့နယ်များမှထွက်ရှိမှု နည်းနေခဲ့သေးတဲ့အတွက် တစ်ရက် အိတ် ၄၀ ကျော် ၅၀ ခန့် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းရော်ဘာထုတ်လုပ်သူများက ရော်ဘာဈေးနှုန်း တွေထက်ဝက်ခန့်ကျဆင်းနေတာကြောင့် အခြားအဓိက ရော်ဘာ ထုတ်လုပ်တဲ့နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ မလေးရှား နိုင်ငံတို့နဲ့ဆွေးနွေးညှိနှိုင်းဖို့ အင်ဒိုနီးရှား အစိုးရကိုတိုက်တွန်း လိုက်ကြောင်း သိရပါတယ်။ ကမ္ဘာ့ဈေးကွက်မှာရော်ဘာ ဈေး နှုန်းတွေ အချိန်ကြာမြင့်စွာ အနိမ့်ဆုံးနှုန်းဖြစ်နေတာကို ပြောင်းလဲဖို့အတွက် အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ ဆွေးနွေးသင့်ကြောင်း အင်ဒိုနီးရှားရော်ဘာအသင်း Gap Kindo ရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။
၂၀၁၂ မှာတော့ ရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်း ANRPC အသင်းဝင်နိုင်ငံများရဲ့ ထုတ်လုပ်မှုက တန်ချိန် ၁၀ ဒသမ ၈ သန်းကိုရောက်ရှိမယ်လို့သိရပါတယ်။ လွန်ခဲ့တဲ့နှစ်ထက် ၄ ဒသမ ၉ ရာခိုင်နှုန်းထုတ်လုပ်မှု မြင့်တက်ခဲ့ပါတယ်။ ဒီလိုအထွက်နှုန်း တက်ခဲ့တာကတော့ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့မလေးရှားမှာ ထုတ်လုပ်မှု မြင့်တက်ခဲ့တာကြောင့်ဖြစ်ပါတယ်။ အင်ဒိုနီးရှားရဲ့ ထုတ်လုပ်မှုကတော့ ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် ၈ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီးတန်ချိန် ၃ ဒသမ ၂၆၁ သန်း ကို ရောက်ရှိ ခဲ့တယ်လို့သိရပါတယ်။ ဗီယက်နမ်ကတော့ ၂၀၁၂ မှာတန်ချိန် ၉၁၅၀၀၀ ထုတ်လုပ်ဖို့ခန့်မှန်းထားပြီး ယခင်နှစ်က ၈၆၀၀၀၀ တန် ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂ မှာ မလေးရှားရဲ့ထုတ်လုပ်မှုကတန်ချိန် ၁ သန်းရှိပြီး နှစ်စဉ်တိုးတက်မှု သုည ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ သွင်းကုန်အနေနဲ့ကတော့ ANRPC အဖွဲ့ဝင်နိုင်ငံတွေရဲ့ ၂၀၁၂ ဒုတိယ ၃ လပတ် တင်သွင်းမှုက တန်ချိန် ၁ ဒသမ ၀၈၃ သန်းရှိကြောင်းသိရပါတယ်။Source: European Rubber Journal ,KZW
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ယခုအပတ်ရော်ဘာတင်ပို့နိုင်မှု ၉၇ တန်ရှိတဲ့အတွက် ယခင် အပတ် ကထက် ၁၇ တန် အပို့ပိုခဲ့ပါတယ်။ မူဆယ်နယ်စပ်ကတော့ ၉၄ တန်ကျော်သာ အပို့ရှိခဲ့တဲ့အတွက် ယခင်အပတ်ကထက် ၁၃၆ တန် အပို့လျော့ခဲ့ပါတယ်။ ယခုအပတ် ဇွန်လ ၂၇ ရက်မှ ဇူလိုင် ၃ ရက်ထိကာလအတွင်း နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၆၈၈ သန်းတန်ဖိုးရှိ ရော်ဘာ ၁၉၁ တန် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၅၉ တန် အပို့လျော့ခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မှာ မြိတ်နဲ့လွယ်ဂျယ်စခန်းများမှ ယခင်အပတ်ကကဲ့သို့ တင်ပို့နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ယခုအပတ်မှာ မိမိဘက်ရော တစ်ဘက်နိုင်ငံ မှာပါ ရော်ဘာဈေးများ အနည်းငယ်မြင့်လျက်ရှိပါတယ်။ ယခင်အပတ်ပေါက်ဈေးများနဲ့ နှိုင်းယှဉ်ဖော်ပြပေး လိုက်ရပါတယ်-
ဇွန် ၂၄ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့မှု တန် ၆၀၊ တန်ဖိုးဒေါ်လာ သုညဒသမ ၁၇၄ သန်းဖိုးကို မလေးရှားတစ်နိုင်ငံတည်းကိုတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ယခင်ရက်သတ္တပတ်ထက် ခုနှစ်ပုံတစ်ပုံသာ အပို့ ရှိခဲ့တယ်လို့သိရပါတယ်။ တရုတ်နယ်စပ်ကတော့ တင်ပို့မှု တန် ၁၉၀ သာရှိတဲ့ အတွက် တင်ပို့မှုလျော့ကျခဲ့ပါတယ်။ မိုးတွင်း ကာလ ရော်ဘာအစေးထုတ်လုပ်ငန်းများ ခေတ္တရပ်ဆိုင်း ထားတဲ့အတွက် တင်ပို့မှုနှောင့်နှေးနေခြင်းဖြစ်ကြောင်းသိရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-3 တစ်တန်ကို ဒေါ်လာ (၂၈၀၀-၂၉၀၀) ကြားနဲ့RSS-5 တစ်တန်ကိုဒေါ်လာ (၂၇၀၀-၂၈၀၀) ကြားဈေးရတယ်လို့ သတင်း ရရှိပါတယ်။ KZW
ဇွန် ၂၄ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တင်ပို့မှုမရှိဘူးလို့ သိရပါတယ်။ ယခင်အပတ်ကလည်း စတိသာတင်ပို့မှုရှိခဲ့ပါတယ်။ တရုတ်နယ်စပ်ကတော့ တန် ၈၀၀၀ နီးပါးတင်ပို့မှုရှိတယ်လို့ သိရပါတယ်။ FOB (ရန်ကုန်)ဈေး ကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ဈေး ပေါက်တယ်လို့ သိရပါတယ်။ KZW
