Main menu

Background

Sunday, 24 Jun 2012

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခုတစ်ပတ်လည်း ဆက်လက် ကျဆင်းလာပါတယ်။ ဇွန် ၁၁ ရက်မှ ၁၅ ရက်အထိတစ်ပတ်အတွင်းတန်ချိန် ၂၃၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်ဘက်ကို တင်ပို့ဖို့ ဝယ်လိုအားနည်းလာပြိး အိန္ဒိယကို တင်ပို့မှုအချို့သာရှိတယ်လို့ သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန်လ ၁၅ ရက်အထိ ပဲတီစိမ်း စုစုပေါင်း တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၉၁၀၀၀ ကျော်ရှိပြီး ရရှိတဲ့ဝင်ငွေမှာကန်ဒေါ်လာ ၆၇ သန်းကျော်ရရှိကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာ နှစ် ကာလတူမှာ တန်ချိန် ၇၅၀၀၀ ကျော် တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၈၅ သန်းခန့် ရရှိခဲ့လို့ ယခုနှစ်ကာလတူမှာ ပမာဏ ပိုမိုပေမဲ့ ဝင်ငွေလျော့ကျကြောင်း သိရပါ တယ်။MIRT - MAPT

Sunday, 24 Jun 2012

    ပြည်ပဲဈေးကွက်အတွင်း ပဲလွန်းဖြူ ဈေးမှာ ပဲလက်ကျန်နည်းလာခဲ့ပေမယ့် ဈေးနှုန်းအနေနဲ့ ဈေးပြန်မြင့်လာပြီး၊ ပဲတစ်တင်းကို ၁၆၅၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။အရောင်းအဝယ်ကတော့ နေ့ တိုင်းမဖြစ်ဘဲလက်လီသမားများ အဝယ် ရှိမှသာ ၁၄ အိတ် - ၁၅ အိတ်ခန့် ရောင်းဝယ်မှုရှိခဲ့ကြောင်း သိရပါတယ်။မိမိအေး

Sunday, 24 Jun 2012

    မူဆယ် ၁၀၅ မိုင်မှ တစ်ဖက် တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၀၂၈ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၄၂ တန်ခွဲကို ဇွန် ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်းမှာ  အပို့ရှိခဲ့ပါတယ်။ မိမိဘက် မြေပြင်ဈေးမှာ တစ်တန်ကို ၆၂၅၀၃၃ ကျပ် ရှိနေပြီး ဈေးမြင့်နေပါ တယ်။ တစ်ဖက်နိုင်ငံဈေး သိသိသာ သာ ပြောင်းလဲမှုမရှိဘဲ တစ်တန် ကန် ဒေါ်လာ ၇၄၄ ဒေါ်လာ ရှိနေပါတယ်။                              MIRT - DOBT

Sunday, 24 Jun 2012

    ပြည်တွင်းဈေးကွက်တွေမှာ လက် ကျန်နည်းလာပြီဖြစ်တဲ့ ပဲလွန်းဖြူကို တင်ပို့မှုရော ရောင်းဝယ်မှုပါ လျော့လာ တာ တွေ့ရပါတယ်။ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းက ပဲလွန်းဖြူတန် ချိန် ၇၀၀ တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (ဇွန် ၁၁-၁၅ ရက်) အတွင်းမှာ တန် ၆၀၀ ကျော်ကို ထပ်မံလျော့ကျ တင်ပို့ ခဲ့ပါတယ်။ ဇွန်လ ၁၅ ရက်အထိ ၂၀၁၂-၁၂ဘဏ္ဍာနှစ်အတွင်း ပဲလွန်းဖြူ တင်ပို့မှုမှာ တန်ချိန် ၁၂၈၀၀ ခန့်ရှိပြီး ကန်ဒေါ်လာ ၉ သန်း ကျော်ရရှိ ကြောင်းသိရပါတယ်။ ယခင်နှစ် ကာလ တူမှာ တန်ချိန် ၉၆၀၀ ခန့် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၈ ဒသမ ၆ သန်းကျော်ရရှိ ခဲ့လို့ ယခုနှစ်ကာလတူမှာ တန်ချိန် ၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

    မြင်းခြံခရိုင်မှာ ပဲစင်းငုံကို အဓိကထား စိုက်ပျိုးခဲ့ရာမှ စိုက်ဧကပေါင်း ၂၈၀၀၀၀ ဧက စိုက်ပျိုးဖို့ လျာထားတဲ့အနက် ၁၁၅၆၀၀ ဧက စိုက်ပြီးခဲ့ပါပြီ။ ဒီလအကုန်မှာ အားလုံးစိုက်ပြီးမယ်လို့ တောင်သူများက ဆိုပါတယ်။ ပဲစင်းငုံဈေး မှာလည်း ယခင်လ ထက် ဈေးအနည်းငယ်မြင့်လာပါတယ်။

Sunday, 24 Jun 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် ပဲစင်းငုံကို ပြည်ပဝယ်လက်အဝယ်သွက်နေတယ်လို့ သိရပါတယ်။ ပြည်ပ ဝယ်လက်အဝယ်သွက်လျက်ရှိလာတဲ့အတွက် တချို့ကုန်သည်များက လက်ကျန် နည်းလာပြီဖြစ် သလို ဈေးပိုမိုလာ မယ့် ခန့်မှန်းချက်အရ ရောင်းချမှုနည်းလာတယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်းမှာ ပဲစင်းငုံလက်ကျန်နည်းနေပြီး တင်ဒါခေါ်ယူမှုများ လည်းရှိလို့ ပြည်ပဝယ်လက် အဝယ်သွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

    ဟင်္သာတပဲဈေးကွက် မတ်ပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၁၂၂၀၀ ကျပ်ဈေးနဲ့အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ၁၂၆၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ပြုလုပ်ကြတာကြောင့် ဈေးအနည်းငယ်မြင့်လာ ပါတယ်။ မတ်ပဲဈေးမြင့်တက်လာသော်လည်း ကုန်စည်ဒိုင်မှာ ပဲအရောင်းအဝယ်ဖြစ်မှုမှာ နည်းပါးသွားပြီး၊ တင်ပို့မှု လည်းယခင်တစ်ပတ်ထက် လျော့နည်းသွားကြောင်း တွေ့ရပါတယ်။ ရန်ကုန်ဝယ်လက်ကုန်သည်ကြီးများရဲ့ ဈေးပေးဝယ်ယူမှုကြောင့် ပဲစီးဆင်းမှုမှာ တစ်နေ့ကို ပျမ်းမျှအိတ် ၁၅၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။            အေးအေးခိုင်

Sunday, 24 Jun 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲရောင်းဝယ်မှု အားပြန်ကောင်းလာခဲ့ပါတယ်။ အိန္ဒိယဝယ်လက် အဝယ်ပြန်လိုက်လာတဲ့အတွက် ဈေးကွက်မှာ အရောင်းအဝယ်သွက်နေပါတယ်။ ဒါပေမဲ့ အိန္ဒိယ ရူပီးဈေးက ဆက်လက်နိမ့်ကျနေတာကြောင့် မတ်ပဲဈေးက တက် သင့်သလောက် များများမတက်ဘူးလို့ သိရပါတယ်။

Sunday, 24 Jun 2012

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခုတစ်ပတ်အတွင်း တန် တစ်သောင်းအောက်ကို လျော့ကျလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၂၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဇွန် ၁၁-၁၅ ရက်) အတွင်းမှာ တန်ချိန် ၉၁၀၀ ကျော်သာ တင်ပို့ခဲ့ကြောင်း သိရပါတယ်။

Sunday, 24 Jun 2012

        အောင်ပန်းဈေးကွက်မှာတော့ နနွင်းအဝင်က ပုံမှန်ရှိနေပါတယ်။ တစ်ရက်ကို ပျမ်းမျှပိဿာချိန် ၃၀ဝ ခန့် အဝင်ရှိနေ တယ်လို့လည်း အောင်ပန်းဈေးကွက်က သိရပါတယ်။ ပြည်တွင်းဈေးကွက်မှာ အသုံးပြုဖို့ (အမှုန့်ကြိတ်ပြီး ရောင်းဖို့) အတွက်၊ ဖြူး၊ တောင်တွင်းကြီး၊ ပြည်ဘက်က အဝယ်ရှိလာတယ်လို့လည်း သိရပါတယ်။

Pages