Main menu

Background

Monday, 4 Jun 2012

    မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ် တို့မှာ မန်ကျည်းမှည့်များကို မေ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ အပို့ရှိတဲ့ ပမာဏကတော့ ၁၉ တန်ဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းဖြစ်ပါတယ်။ နယ်စပ်မှ မန်ကျည်းသီးမှည့် တန် ၁၈၀ ကျော် မေလအတွင်း မှာ တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။             MIRT(DOBT)

Monday, 4 Jun 2012

    ပြည်ပကို မေ ၂၀ ရက်မှ ၂၆ ရက်တာကာလအတွင်း မန်ကျည်းတင်ပို့ မှုက ၇၂၂ တန်ရှိခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်က ပါကစ္စတန်နိုင်ငံကို ၁၂၅ တန်၊ ဗီယက်နမ်နိုင်ငံကို တန် ၅၀၊ မလေးရှားနိုင်ငံကို ၂၄၆ တန်၊ စင်ကာပူ နိုင်ငံကို ၃၀၁ တန်ဖြစ်ပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုကို ကြည့်ရင် စင်ကာပူ နိုင်ငံကို အများဆုံးတင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုက တန် ချိန်ငါးရာခုနှစ်ဆယ်ကျော်ရှိခဲ့တာကြောင့်ဒီတစ်ပတ်တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် တစ်ရာ့ ငါးဆယ်လောက်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ FOB  ဈေး တစ်တန်ကို ကန်ဒေါ် လာ ၄၅၀-၄၉၀ ဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ သုံးသိန်း ငါးသောင်းကျော်ရရှိခဲ့ပါတယ်။                                    MIRT (DOT)

Monday, 4 Jun 2012

    အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ် ချင်း(စို)တွေ အဝင်နည်းနေတယ်လို့ ဆိုပါ တယ်။ မိုးရွာနေပြီဖြစ်လို့ တူးရခက်လာတာကြောင့် အဝင်နည်းလာတာဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်ချင်းဈေးကလည်း သိပ်မကောင်းတာ ကြောင့် တောင်သူတွေ လက်ထဲမှာလည်း အတော်ကျန်နေသေးတယ်လို့ သိရပါတယ်။

Monday, 4 Jun 2012

    ယခုတစ်ပတ်အတွင်း အောင်ပန်းချင်းများ ပြည်ဈေးကွက်ကို ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်ရှိပြီး၊ ယခင် တစ်ပတ်ကထက် အိတ် ၅၀ ခန့် ပိုမိုဝင်ရောက်လာပါ တယ်။ အဝင်များပေမယ့် ဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း ချင်းရှယ်တစ်ပိဿာ ၇၀၀ ကျပ်၊ ဂျွန် ၅၅၀ ကျပ်တို့နဲ့ ဈေးငြိမ်နေပြီး၊ အရောင်းအဝယ်မှာလည်း ဈေးကွက် အတွင်း တစ်နေ့ ပိဿာချိန် ၄၀၀ ခန့် ပုံမှန်အရောင်း အဝယ်ဖြစ်နေ ပါတယ်။ ဈေးကွက်မှတစ်ဆင့် ဧရာဝတီနဲ့ ရခိုင်ပြည်နယ် ဘက်ကို စားသုံးမှုအဖြစ် ပိဿာချိန် ၂၀၀ ခန့် တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်

Monday, 4 Jun 2012

    မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီဒေသထွက်ချင်းခြောက် ၁၈ တန်ခန့် တန်ဖိုး အားဖြင့်ကန်ဒေါ်လာသုည ဒသမ ၀၄၂ သန်းဖိုးကို မေလ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် သုံးဆ ပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ ချင်းစို အပို့မရှိဘူးလို့သိရပါတယ်။ MIRT(DOBT)

Monday, 4 Jun 2012

    ပြည်ဈေးကွက်အတွင်း ကုလားပဲတစ်တင်းကို ယခင်တစ်ပတ်က ၂၀၂၀၀ ကျပ်၊ ယခုတစ်ပတ်မှာ တစ်တင်း ၂၀၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ရှိပါတယ်။ တိုင်းအတွင်း ပန်းတောင်း၊ ကံမဘက်မှ အိတ်အနည်းငယ်သာအဝင်ရှိ ကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း ရခိုင်ပြည်နယ်အတွက် ဝယ်လက်နဲ့ ခွဲစက်သမားများမှာသာ အဝယ်ရှိကြောင်းသိရပါတယ်။ နေ့တိုင်း အဝယ်မရှိပေမယ့် တစ်ပတ်အတွင်း အိတ် ၃၀၀-၄၀၀ ခန့် အရောင်းအဝယ်ရှိ ကြောင်းသိရပါတယ်။        လွင်လွင်ဆန်း

Monday, 4 Jun 2012

    မုံရွာကုန်စည်ဒိုင် မေလ လကုန်ပတ် ကုလားပဲဈေးကွက်အနေနဲ့ ထိုင်ဝမ်နဲ့ 929 ဝယ်လက်အေးသွားပေမဲ့ V2 ကတော့ အဝယ်အရောင်းအားကောင်းနေဆဲဖြစ် တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။     ဝယ်လက်အားဖြင့် V2 ကို ရန်ကုန်သမားအဆွဲများပြီး၊ မုံရွာကုန်စည်ဒိုင်ဈေး ကွက်မှာ တစ်ရက် အိတ် ၁၀၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

Monday, 4 Jun 2012

    ပြည်တွင်းဈေးကွက်တွေမှာ ကုလားပဲလက်ကျန်နည်းလာပြီဖြစ်လို့ FOB ဈေးကွက်မှာ အရောင်း\အဝယ် ဖြစ်မှုေ ရာ ပြည်ပတင်ပို့မှုပါ ယခင်သီတင်းပတ်ထက် လျော့ကျခဲ့ပါတယ်။ ပင်လယ်ရေကြောင်းကတင်ပို့မှု အနေနဲ့ မေလ ၂၁ ရက်မှ ၂၅ ရက် အတွင်း ကုလားပဲရိုးရိုး၊ ကုလားပဲဖြူလုံးကြီး စုစုပေါင်း တန်ချိန် ၄၆၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

Monday, 4 Jun 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၅၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၂၃၅၆ တန်ကျော်ကို  မေလ၂၃ ရက်မှ ၂၉ရက်ထိကာလအတွင်းမှာတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

Monday, 4 Jun 2012

    ပင်လယ်ရေကြောင်းက ပဲတီစိမ်း၊ ပဲတီရွှေဝါ တင်ပို့မှုကတော့ ပုံမှန်ပမာဏအတိုင်းသာ သွားနေပါတယ်။ ယခင်တစ်ပတ် အလားတူ မေ၂၁-၂၅ ရက်အတွင်းမှာလည်းတန်ချိန် ၉၂၀၀ ကျော်သာတင်ပို့မှုရှိခဲ့ပါတယ်။အဓိကတော့ ဗီယက်နမ်မှတစ်ဆင့် တရုတ် ကို တင်ပို့မှုများကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက်တွေက ပြည်တွင်းမှာ ပဲတီစိမ်းအသစ်ထွက်နေလို့ အရည်အေ သွး ကောင်းတဲ့ ပဲတီရွှေဝါ တချို့သာ ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။

Pages