Background
ယခုရက်အတွင်းမှာ ပြည်ပဲ ဈေး ကွက်ကို ပဲလွန်းဖြူ အဝင်အနည်းငယ် ရှိလာခဲ့ပါတယ်။ ရွှေတောင်၊ ကျီးသဲ၊ ညောင်စာရေးဘက်မှ တစ်နေ့ကို အိတ် ၄၀ - ၅၀ ခန့် အဝင်ရှိပါတယ်။ လက်လီ သမားများနဲ့ ရန်ကုန်ဝယ်လက် လည်း အနည်းငယ်အဝယ်ရှိပြီး၊ ပဲတစ်တင်း ၁၂၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါ တယ်။မိမိအေး
ကမ္ဘာ့ ပဲဈေးကောင်းမွန်ချိန်က ထိပ်ဆုံးစာရင်းဝင် ပဲစင်းငုံနီဟာ ယခုအခါ ဈေးကွက်ရှာရောင်းနေရတဲ့ အခြေအနေထိ ဝယ်လက်ပျောက်နေလို့ မုံရွာကုန်စည် ဒိုင် နှစ်သစ်ကူးပြီး ရက်သတ္တပတ်မှာ ဈေးဆက်လက်ကျဆင်း လျက်ရှိပါတယ်။ မုံရွာကုန်စည်ဒိုင်ပေါက်ဈေးဟာ ရံဖန်ရံခါ ရန်ကုန်ပေါက်ဈေးထက် ပိုမြင့်နေပြီး၊ ရန်ကုန်အဝယ် မရှိသလို ရောင်းလက်သမားတွေ အနေနဲ့လည်း မူလဝယ်ရင်း ဈေး တောင် မမီလို့ ထုတ်မရောင်းနိုင်ကြလို့ ဈေးကွက်ပျောက်သလောက် ဖြစ်ခဲ့ရ ကြောင်း၊
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြင်္ကန် မတိုင်မီ ဧပြီလ ၂ ရက်မှ ၉ ရက်အတွင်း ပဲစင်းငုံ တန်ချိန် ၈၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြင်္ကန်အပြီး ဧပြီလ ၂၃ ရက်မှ ၂၇ ရက်အထိ တစ်ပတ် အတွင်းမှာတော့ ပဲစင်းငုံဖြူနီ၊ အနီ တန်ချိန် ၁၁၅၀၀ ကျော်အရောင်း အဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုအနေနဲ့ သြင်္ကန်မတိုင်မီ ဧပြီလ ပထမ ပတ် (၂ ရက်မှ ၆ ရက်) အတွင်း ပြည်ပကို တန် ၅၀၀၀ ခန့်တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ မတ်လကုန်ပတ်မှာ တန်ချိန် ၄၄၀၀ တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ ဧပြီလ၂ ရက်မှ ၂၀ ရက်အထိ စုစုပေါင်းတင်ပို့မှုအနေနဲ့ပဲစင်းငုံတန် ၉၀၀၀ ကျော် တင်ပို့မှုရှိခဲ့လို့ ဧပြီလ ၉ ရက်မှ သြင်္ကန်ကာလအတွင်း တန် ၄၀၀၀ ခန့် တင်ပို့နိုင်ခဲ့ ကြောင်း သိရပါတယ်။
သြင်္ကန်အပြီးရက်များမှာ ပြည်ပဲပွဲရုံများကို ရေလမ်း၊ ကားလမ်းနဲ့ မတ်ပဲအဝင် များ လာပါတယ်။ ရွှေတောင်၊ ညောင်စာရေး၊ ဝက်ထီးကန်၊ ပေါင်းတလည်၊ ကံမ၊ မင်းတုန်း၊ ဥသျှစ်ပင်ဘက်မှ တစ်နေ့ကို အိတ် ၄၀၀-၅၀၀ ခန့် အဝင်ရှိနေပါတယ်။ ပဲလှောင်သမားများ၊ ရန်ကုန်ဝယ်လက်များလည်း အဝယ်များပြီး၊ ပဲတစ်တင်းကို ၁၂၃၅၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ပါတယ်။
ဟင်္သာတပဲဈေးကွက်မှာ မတ်ပဲဈေးမှာ သြင်္ကန်အပြီးဈေးအနည်းငယ် တက်လာရာ ယခုတစ်ပတ်မှာ မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၁၂၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခင်တစ်ပတ်ထက် အနည်းငယ်ဈေးမြင့်လာ တာတွေ့ရ ပါတယ်။ မတ်ပဲအရောင်းအဝယ်ဖြစ်မှုကတော့ သြင်္ကန်ကာလအလွန်မှာ ပိုများလာ ပြီး တစ်ရက်ကို ပျမ်းမျှ အိတ် ၄၀၀၀ ခန့် ဝင်ရောက်နေကြောင်း သိရပါတယ်။ မတ်ပဲစီးထွက်မှုအနေနဲ့ ရန်ကုန် ဘုရင့်နောင်ဈေးကွက်ကို နေ့စဉ် ပျမ်းမျှ အိတ် ၄၀၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ အေးအေးခိုင်
၂၀၁၂-၁၃ ဘဏ္ဍာနှစ်ရဲ့ အစပိုင်း ဧပြီလ ပထမပတ်အတွင်း ပင်လယ်ရေ ကြောင်းက မတ်ပဲတန်ချိန် ၁၃၀၀၀ ကျော်တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ သြင်္ကန်ကာလအတွင်းမှာလည်း သင်္ဘောတင်ပို့မှုအချို့ရှိခဲ့လို့ဧပြီလ ၁ ရက်မှ ၂၀ ရက်အထိ စုစုပေါင်းမတ်ပဲ တန်ချိန် ၂၅၀၀၀ နီးပါးအထိ တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ ယခင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ သြင်္ကန်ကာလ တင်ပို့မှု ရပ်နားထားတဲ့အတွက် စုစုပေါင်းတန်ချိန် တစ်သောင်းကျော်သာ တင်ပို့မှုရှိခဲ့ တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်းမှာဖြစ်ပေါ်တဲ့ ရောင်းဝယ်မှုအခြေအနေအရ လာမယ့် သီတင်းပတ်မှာလည်း တင်ပို့မှုအားကောင်းနိုင်ကြောင်း ခန့်မှန်းရပါတယ်။MIRT - MAPT
တရုတ်နိုင်ငံမှ ဝယ်လိုအားလျော့ချလိုက်ပေမယ့်လည်း အချိန်အခါမဟုတ်မိုးရွာသွန်းမှုများက ရော်ဘာ အစေးထွက် ကို ထိခိုက်စေတာကြောင့် ယခုနှစ်မှာ ခန့်မှန်းထားတာထက် ပိုပြီး သဘာဝရော်ဘာ ရောင်းလိုအား နည်းနိုင်ကြောင်း ရော်ဘာ ထုတ်လုပ်သော နိုင်ငံများ အသင်း ANRPC က ပြော ကြားခဲ့ပါတယ်။
၂၀၁၂ ဇန်နဝါရီမှမတ်အထိ ပထမသုံးလပတ်မှာ သဘာဝရော်ဘာဝယ်လိုအား ၃ ဒဿမ ၁ ရာခိုင်နှုန်း ခန့် မြင့်တက် ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်တစ်နှစ်လုံးမှာအိန္ဒိယရဲ့သုံးစွဲမှုက ၄ ဒဿမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီးယခင်နှစ်က ၁ ဒဿမ ၄ ရာခိုင်နှုန်းသာ တိုးတက်မှုရှိခဲ့ကြောင်း ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း ANRPC ကပြောကြားခဲ့ပါတယ်။
ဟင်္သာတ ကုန်စည်ဒိုင်ဈေးကွက်ကို အစေ့ထုတ်ပြောင်းများ မတ်လဒုတိယ ပတ်မှ ဈေးကွက်ကို စတင်ဝင်ရောက်လာပြီး၊ ပိဿာ ၂၀ ဝင်တစ်တင်းကို ၅၂၀၀ ကျပ် နဲ့ ဈေးဖွင့်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ အစေ့ထုတ်ပြောင်းဈေးမှာ တစ်တင်းကို ၄၉၀၀ ကျပ်နဲ့ ဈေးအေးသွားသော်လည်း၊ ပြောင်းဈေးကွက်ကို ဝင်ရောက် မှုမှာ တစ်ရက်ကို အိတ် ၂၀၀၀ ခန့် ရောင်းဝယ်မှုပြုနေတယ်လို့ သိရပါတယ်။ ရန်ကုန် ဝယ်လက် အစာစပ်လုပ်ငန်း ကုန်သည်ကြီးများရဲ့ ဝယ်လိုအားကြောင့် တစ်ရက်ကို ပျမ်းမျှအိတ် ၁၅၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။အေးအေးခိုင်
