Main menu

Background

Sunday, 8 Apr 2012

    မတ်လ ၂၅ ရက်မှ ၃၁ ရက် ကာလအတွင်းမှာ ချင်းတင်ပို့မှုပျောက်ခဲ့ပါတယ်။ မတ်လအတွင်း ချင်းတစ်ကြိမ်သာတင်ပို့နိုင်ခဲ့ပြီး တန်ချိန်က ၁၅ ဒသမ ၅ တန်ဖြစ် ပါတယ်။ ဖေဖော်ဝါရီလရဲ့ချင်းတင်ပို့မှုကိုကြည့်ရင် ၁၈ တန်ရှိခဲ့တာကြောင့် မတ်လ မှာ ချင်းတင်ပို့မှုအားနည်းခဲ့ပါတယ်။                         MIRT (DOT)

Sunday, 8 Apr 2012

    ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၅၇၀၀ ကျပ်ဖြင့် အရောင်း အဝယ်ရှိပြီး၊ ယခုတစ်ပတ်အတွင်း တစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် အရောင်းအဝယ် ရှိပါတယ်။ ကုလားပဲသစ်များမှာ အဝင်များပြီ ဖြစ်တဲ့အတွက် ပဲဈေးမှာ ဈေးကျသွား ခဲ့ပါတယ်။ ပန်းတောင်း၊ ကံမမှတစ်နေ့ကို အိတ် ၅၀၀ ခန့် အဝင်ရှိကြောင်း သိရပါ တယ်။ ခွဲစက်သမားများနဲ့ လှောင်လက်သမားများ ပုံမှန်အဝယ်ရှိတဲ့အတွက် အဝင် ရှိသလောက် အရောင်းအဝယ်လည်း ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေနဲ့ တစ်နေ့အိတ် ၅၀၀ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။လွင်လွင်ဆန်း

Sunday, 8 Apr 2012

    သြင်္ကန်ပွဲတော်မတိုင်မီ ဧပြီ ပထမပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး  V2   ဈေးဆက်လက်မာလျက်ရှိပါတယ်။ ခွဲစက်၊ ကြာဇံစက်၊ ပဲကြော်ဖို စတဲ့ ဒေသတွင်းလုပ်ငန်းသုံးအဖြစ် မပါမဖြစ်ပဲဖြစ်လို့ လုပ်ငန်းသမားတွေ ဝယ်လိုအား မြင့်လာကာ ယခုလိုဈေးမာနေခြင်းဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။

Sunday, 8 Apr 2012

    ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့ရာမှာ မတ်လ တစ်လလုံးတန်ချိန် ၁၂၀၀၀ ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ တန်ချိန် ၁၄၀၀ ခန့်သာ တင်ပို့ နိုင်ခဲ့ပြီး ၂၀၁၁ မတ်လ တစ်လလုံးမှာ တန်ချိန် ၄၅၀၀ ခန့်တင်ပို့ခဲ့ကြောင်း သိရပါ တယ်။ မတ်လ ၂၆ ရက်မှ ၃၁ ရက်အထိတစ်ပတ်အတွင်းမှာလည်းတန်ချိန် ၂၈၀၀ ကျော် တင်ပို့မှုရှိတာ တွေ့ရပါတယ်။

Sunday, 8 Apr 2012

    မတ်လ ၂၈ ရက်မှ ဧပြီလ ၃ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၃၆ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၈၉ တန် ခန့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၃၇ တန် ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။ မတ်လအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၀၃၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၃၈၁ တန် တင်ပို့နိုင်ခဲ့ ပါတယ်။

Sunday, 8 Apr 2012

    ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် (မတ် ၃၁- ဧပြီလ ၅ ရက်) အတွင်း ပဲတီစိမ်း တန် ၅၀၀၀ ခန့်သာ အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က တန် တစ်သောင်းနီးပါးရှိခဲ့လို့ ယခု တစ်ပတ်မှာ ထက်ဝက်ခန့်လျော့ကျရောင်းဝယ်ခဲ့ကြောင်း သိရပါတယ်။

Sunday, 8 Apr 2012

    ပင်လယ်ရေကြောင်းက ပဲမျိုးစုံတင်ပို့ရာမှာ မတ်လအတွင်း ပဲတီစိမ်းတင်ပို့မှုက စံချိန်တင်များပြားခဲ့ပါတယ်။ ၂၀၁၂ မတ်လမှာ ပဲတီစိမ်းတန်ချိန် ၅၄၀၀၀ နီးပါးရှိပြီး ဖေဖော်ဝါရီလမှာ တန်ချိန် ၄၆၀၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၁ မတ်လအတွင်းမှာ ပဲတီစိမ်းတန်ချိန် သုံးသောင်းနီးပါးတင်ပို့ခဲ့လို့ ယခုနှစ် မတ်လမှာ တန်ချိန် ၂၄၀၀၀ ကျော်ပိုမို တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

Sunday, 8 Apr 2012

    ဟင်္သာတ ဈေးကွက် အတွင်း ပဲလွန်းဖြူဈေးဟာ စပေါ်ခါစ ဒီဇင်ဘာ လဆန်းမှာပဲလွန်းဖြူ တစ်တင်း ၁၈၀၀၀ ကျပ်ဈေးရှိခဲ့ပါတယ်။ ဇန်နဝါရီလရဲ့ ဒုတိယပတ်မှာ ဈေးအနည်းငယ် တက် လာပြီး ဇန်နဝါရီလ စတုတ္ထပတ်မှာ တစ် တင်းကို ၁၆၅၀၀ကျပ်နဲ့ ဈေးပြန်ကျသွား ပါတယ်။

Sunday, 8 Apr 2012

    ၂၀၁၂ ခုနှစ် မတ်လအတွင်း ပဲလွန်းဖြူ တင်ပို့မှုမှာတန်ချိန် ၈၀၀၀ ရှိ ပြီးဖေဖော်ဝါရီလမှာတန်ချိန် ၄၈၀၀ ခန့် တင်ပို့ခဲ့လို့ မတ်လမှာ ၁ ဆနီးပါးပိုမို တင် ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၁ မတ်လအတွင်းမှာ ပဲလွန်းဖြူ စုစု ပေါင်း တန်ချိန် ၆၅၀၀ ကျော်တင်ပို့မှု ရှိခဲ့လို့ ယခုနှစ် ကာလတူတင်ပို့မှု ပိုများ လာခဲ့ပါတယ်။

Sunday, 8 Apr 2012

    ကယားပြည်နယ်၊ လွိုင်ကော်ပဲစင်းငုံဈေးကွက်မှာ ဧပြီပထမပတ်အတွင်း အနီ တစ်ပိဿာ ၆၈၀ ကျပ်၊ အဖြူလုံးကြီးတစ်ပိဿာ ၅၄၀ ကျပ်နဲ့ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ပတ်ဝန်းကျင်မြို့ရွာများမှ လွိုင်ကော်ဈေးကွက် ကို ပဲစင်းငုံဝင် ရောက် မှုအနေနဲ့ တစ်ရက်ပိဿာ ၃၀ ဝင် ၂၀၀ အိတ် ဝန်းကျင်သာ ဝင်ရောက်မှု ရှိနေ တာကြောင့် အခုလို အဝင်နည်းလာခြင်းမှာ

Pages