Background
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဘက်နိုင်ငံသို့ ရော်ဘာတင်ပို့လျက် ရှိရာ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလမှာတော့ မူဆယ်မှ MSR-20 တန် ၁၄၀ ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၁၁၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၆၉၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၃၇၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဗီယက်နမ်ကို တန် ၁၆၀၊ စင်ကာပူကို ၂၄၂ တန်နဲ့ မလေးရှားကို ၂၉၂ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၂၂၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုလေးပုံသုံးပုံခန့် ကျဆင်းခဲ့တာ တွေ့ရပါတယ်။ တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ်ကတော့ ၈၉၃ တန် တင်ပို့နေတာ တွေ့ရပါတယ်။FOB (ရန်ကုန်)ဈေးနှုန်းကတော့ပြောင်းလဲမှုမရှိဘဲ RSS-3 တစ်တန်ကို (၃၆၀၀-၃၇၀၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၅၀၀-၃၆၀၀) ဒေါ်လာကြား ဈေးပေါက်နေတယ်လို့ သိရပါတယ်။ K.Z.W
မန္တလေးဈေးကွက်မှ မူဆယ်ဈေး ကွက်ကို ပြောင်းဖူးစေ့တင်ပို့မှုနည်းလာ ခဲ့ကြောင်း တွေ့ရပါတယ်။ သီးနှံသစ် စထွက်ချိန် ၂၀၁၁ သြဂုတ်လမှာ မူဆယ် ကို ပြောင်းဖူးစေ့ တန် ၂၁၈၀၀ ခန့်၊ စက်တင်ဘာမှာ တန်ချိန် ၁၅၀၀၀ ခန့်၊ အောက်တိုဘာလမှာ တန် ၁၁၀၀၀တင် ပို့နိုင်ခဲ့ပြီး၊ တင်ပို့မှုအရှိန် တဖြည်းဖြည်း လျော့လာခဲ့တာဟာ အခုနှစ် ဇန်နဝါရီ လမှာ ၁၂ တန်သာ တင်ပို့နိုင်ခဲ့ပြီး၊
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၈၂၈ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၅၂၈ တန်ကို ဖေဖေါ်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း မှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၆၂၀ ခန့် တင်ပို့မှု လျော့နည်းခဲ့ပါ တယ်။ ယခုအပတ်မှ မူဆယ်မှ ၆၀၇၇ တန်နဲ့ ချင်းရွှေဟော်မှ ၄၅၁ တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ မိမိဖက်မြေပြင်ဈေးမှာအနည်းငယ်လျော့နည်းလျက်ရှိပါတယ်။ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -
ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၄၅၆ တန်တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၁၂၅ သန်းဖိုး တင်ပို့ နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်ရက်သတ္တပတ်ကထက် သုံးပုံနှစ်ပုံခန့် အပို့လျော့ခဲ့ တာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံကတော့ ဖိလစ်ပိုင်တစ်နိုင်ငံထဲကို ဖြစ်တယ်လို့ သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ ၆၅၂၈ တန် တင်ပို့ခဲ့တာတွေ့ရ ပါ တယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ကန် ဒေါ်လာ(၂၇၅-၂၉၅)ကြား ဈေးပေါက်နေတယ်လို့ သိရပါတယ်။ K.Z.W
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမှ ကြက်သွန်နီများ ပြည်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း ၃၅ ပိဿာဝင်အိတ် ၁၂၅၀ ခန့်အဝင်ရှိပြီး၊ နေ့စဉ် အိတ် ၄၀၀ ခန့်နဲ့ အရောင်းသွက်နေပါတယ်။ သီးနှံများရင့်ချိန် ဈေးကွက်ဝင်ရောင်းပန်းလှတဲ့ အတွက် ဈေးကောင်းရပြီး ပြည်ပွဲရုံများမှာ ကြက်သွန်နီ (အကြီး) ၅၀၀ ကျပ်၊ (အလတ်) ၄၅၀ ကျပ်၊ (အသေး) ၄၀၀ ကျပ် တို့နဲ့ အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါတယ်။ ဝင်းဝင်းခိုင်
ပြည်ငရုတ်ခြောက်ဈေးကွက်သို့ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ဘက်မှ ငရုတ်ခြောက်များ ယခုတစ်ပတ်အတွင်း ၃၅ ပိဿာဝင်အိတ် ၃၀၀၀ ခန့် အဝင်များလာပြီး နေ့စဉ်အိတ် ၃၀၀ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ ဈေးကွက် အတွင်း ကျောက်ရဲငရုတ်ခြောက် (အရှည်) ၂၆၀၀ ကျပ်နဲ့ မြန်အောင်ငရုတ်ခြောက် (အရှည်) ၂၃၀၀ ကျပ်၊ (မိုးထောင်) ၂၉၀၀ ကျပ်၊ (အပွ) ၃၇၀၀ ကျပ်တို့နဲ့ရောင်းဝယ်နေပြီး ရခိုင် ပြည်နယ်သို့ နေ့စဉ်အိတ် ၄၀ ခန့် တင်ပို့တယ်လို့သိရပါတယ်။ဝင်းဝင်းခိုင်
ကျောက်ဆည်နယ်မှ ဗမာနနွင်းတက်များ ယခုရက်ပိုင်း လှောင်လက်အဝယ်ရှိလာတယ်လို့သိရပါတယ်။ ယခင်နှစ်က လောက် ဈေးကောင်းမရသော်လည်း ယခုရက်ပိုင်းလှောင်လက်အဝယ်ရှိလာလို့ ဈေးအနည်းငယ် ပိုလာတာကိုလည်း တွေ့ရပါ တယ်။ ယခင်ရက်ပိုင်းက တစ်ပိဿာ ၁၁၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး၊ ယခုရက်ပိုင်း ၁၃၀၀ ကျပ်ဝန်းကျင်ထိ ဈေးမြင့်လာပါတယ်။ နှစ်စဉ်ပြည်ပဝယ်လိုအားရှိခဲ့တဲ့အတွက် ယခုနှစ်မှာလည်း ပြည်ပဝယ်လက်ကို စောင့်မျှော်ဝယ်ယူနေကြောင်း ကုန်သည် ဈေးကွက်က သိရပါတယ်။ သင်းသင်းမြတ်
ဟိုပုံးနနွင်းကလည်း အဝင်သိပ်မများသေးပါဘူး။ သြင်္ကန်ပြီးလောက်မှသာ အဝင်များလာမှာဖြစ်ပါတယ်။ ခြံရှင်တွေက လည်း ဈေးကောင်းမရလို့ မဖော်ချင်ကြသေးပါဘူး။ မနှစ်ကဒီအချိန်မှာ နနွင်းဈေးကတစ်ပိဿာ ၁၇၀၀ ကျပ်၊ ၁၈၀၀ ကျပ်ဈေးရှိပေမဲ့ ဒီနှစ်ကတစ်ပိဿာ ၇၀၀ ကျပ်သာရတာကြောင့် မဖော်သေးပဲထားပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၆၀ သန်းတန်ဖိုးရှိ နနွင်းတက် ၉၄ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၈၀ ကျော် ယခုအပတ်မှာ တင်ပို့မှုပိုမိုခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ နနွင်းတက် စုစုပေါင်းတင်ပို့မှုမှာ တန် ၁၁၀ ကျော် ရှိပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီလထဲမှာတော့ ယခုအပတ်မှာ အများဆုံးတင်ပို့ခဲ့တာ တွေ့ရပါတယ်။MIRT(DOBT)
