Background
မုံရွာခရိုင် ၈ မြို့နယ်ရဲ့ ယခုနှစ် ကုလားပဲစိုက်ဧက ၂ သိန်းကျော်အနက် ယခုအခါ ၄ ပုံ ၁ ပုံရိတ်သိမ်းပြီး ဖြစ်သလို မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ထဲကို ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက တဖြည်းဖြည်းဝင်ရောက်လာခဲ့တာ တွေ့ရပါတယ်။
အချို့ဈေးကွက်တွေကို ကုလားပဲအသစ်များ ဝင်ရောက်စပြုလာပြီဖြစ်လို့ ရန်ကုန် FOB ဈေးကွက်မှာလည်း ကုလားပဲဖြူလုံးကြီး အသစ်များ အရောင်း အဝယ်စပြီးပြန်ဖြစ်လာပါပြီ။ ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိ ကုလားပဲဖြူလုံးကြီးတန် ၃၆၀ အရောင်းအဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်တစ်ပတ် အရောင်းအဝယ်ပမာဏ တန် ၁၂၀ ထက် ပိုလာတာတွေ့ရပါတယ်။
ယခင်သီတင်းပတ်များက ရန်ကုန်တိုင်းဒေသကြီး FOB ဈေးကွက်မှာ ပဲစင်းငုံသာ အရောင်းအဝယ်သွက်ပြီး ပဲတီစိမ်း ပမာဏ အသင့်အတင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်မှာတော့ အရောင်းအဝယ် အကောင်းဆုံးပဲ ဖြစ်လာပါ တယ်။ ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ပဲတီရွှေဝါ တန်ချိန် ၁၅၀၀၀ ကျော်၊ ပဲတီစိမ်း တန် ၂၀၀၀ ခန့်နဲ့ စုစု ပေါင်းတန်ချိန် ၁၇၀၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲတီစိမ်းအဟောင်းနဲ့ အသစ်များ ဆက်လက်တင်ပို့နေရာ ယခုတစ်ပတ် (ဇန်နဝါရီ ၂၂ ရက်မှ ၂၇ ရက်) အတွင်းမှာ တန် ၃၀၀၀ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဝယ်လက်ကြိုက်တဲ့ ပဲတီစိမ်းအသစ်များ ဝင်ရောက်လာနေပြီ ဖြစ်လို့ တင်ပို့မှုအားကောင်းလာတော့မှာ ဖြစ်ပါတယ်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကနေ ဇန်နဝါရီလနောက်ဆုံးပတ် အတွင်းပဲလွန်းဖြူ တန်ချိန် ၁၅၃ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၁၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် ၆၇ တန်ခန့် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ မိမိဘက်ဈေးမှာ ကျဆင်း သွားပြီး တစ်ဖက်နိုင်ငံ ဈေးနှုန်းမှာ ပြောင်းလဲမှု မရှိတာ တွေ့ရပါတယ်-
ပဲလွန်းဖြူအသစ်များ ဈေးကွက်စုံ လာပြီဖြစ်လို့ ရန်ကုန် ၤဥြ ဈေးကွက် မှာအရောင်းအဝယ်ဖြစ်မှုပမာဏလည်း များလာပါတယ်။ ရန်ကုန် FOB ဈေး ကွက်မှာ နေ့စဉ်အရောင်းအဝယ်ရှိပြီး ဇန်နဝါရီ၂၇ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိ ပဲလွန်းဖြူ စုစုပေါင်း တန် ၂၀၀၀ ကျော် အရောင်းအဝယ် စာချုပ် နိုင်ခဲ့ကြောင်း သိရပါတယ်။
ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံကို အရောင်းအဝယ်သွက်နေဆဲဖြစ်ပါ တယ်။ အသစ်တွေ လှိုင်လှိုင်ဝင်လာနေပြီဖြစ်ပေမဲ့ ပြည်ပဝယ်လက်တွေက ပဲစင်းငုံ သစ်ဝယ်ယူမှုရှိသလို အဟောင်းကိုလည်း ပိုမိုဝယ်ယူကြတယ်လို့ သိရပါတယ်။ ဇန်န ဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံနီ၊ ဖြူနီနဲ့ ခွဲခြမ်း စုစုပေါင်း တန်ချိန် ၁၂၅၀၀ ခန့် အရောင်းအဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။
ယခင်သီတင်းပတ်များက ပဲစင်းငုံတန် တစ်သောင်းအထက်မှာ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ်(ဇန်နဝါရီလ ၂၃-၂၇) အတွင်းမှာတော့ တန် ၉၀၀၀ ခန့်သာ တင်ပို့မှု ရှိခဲ့ပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိပေမဲ့ တင်ပို့မှုမှာတော့ လျော့ကျခဲ့ပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်ဇန်နဝါရီ ၂၇ ရက်အထိ ပဲစင်းငုံ တန်ချိန် ၂၄၀၀၀၀ ခန့်တင်ပို့ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၄၅ သန်းခန့် ရရှိထားကြောင်း သိရပါတယ်။
ဟင်္သာတ ကုန်စည်ဒိုင်ဈေးကွက်သို့ မတ်ပဲအသစ်များ ဟင်္သာတမြို့အနီးရှိ ကျေးရွာများမှ တစ်ရက် အိတ် ၃၀၀ ခန့် ဝင်ရောက်ခဲ့တဲ့အတွက် ယခင်တစ်ပတ် မတ်ပဲသစ်ဝင်ရောက်မှု ပိုများလာပြီလို့သိရပါတယ်။ မတ်ပဲသစ်များ အဝင်များလာသ လို အဝယ်လည်း လိုက်လာပြီး ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှ အိတ် ၂၅၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။
ပြည်ပွဲရုံများသို့ ပတ်ဝန်းကျင်ရွာများမှ မတ်ပဲသစ်များ တစ်နေ့အိတ် ၁၅၀ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ ပဲကုန်သည်တွေရဲ့လက်မှာ ပဲဟောင်းလက်ကျန် လည်း ရှိနေသေးတဲ့အတွက် ရန်ကုန်ဝယ်လက်များအား ပဲသစ် ပဲဟောင်း နှစ်မျိုး စလုံး အဝယ်ရှိနေပါတယ်။ ပဲတစ်တင်းကို ၁၂၉၀၀ ကျပ်ဈေးနဲ့တစ်နေ့အိတ် ၇၀၀-၈၀၀ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။
