Background
ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း မန်ကျည်းစေ့ ၇၅ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက အင်ဒိုနီးရှားနိုင်ငံပဲ ဖြစ်ပါတယ်။ ယခင်သီတင်းပတ် စင်ကာပူနိုင်ငံကို ၁၂၅ တန် တင်ပို့နိုင်ခဲ့လို့ ဒီတစ်ပတ်မှာ မန်ကျည်း အပို့လျော့ခဲ့တယ်လို့ ဆိုရပါမယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၇၅၀ နဲ့တင်ပို့ခဲ့လို့ စုစုပေါင်း ပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ ငါးသောင်းခြောက်ထောင်ကျော် ရရှိခဲ့ပါတယ်။MIRT (DOT)
ကလောမြို့နယ် နန်းတိုင်း၊ တီကျစ်နဲ့ ပင်းတယမြို့နယ်တွေကထွက်တဲ့ ချင်းတွေ ဟာ အောင်ပန်းဈေးကွက်ကို ပုံမှန်အဝင်ရှိနေပါတယ်။ ဈေးပတ်သမားတွေ ပြန်ဝယ် နေတာကြောင့် ပုံမှန်ပြန်ရောင်းထွက်နေပါတယ်။ ချင်းခြောက်ကတော့ ချင်းဈေးပေါ် မူတည်ပြီး ဝယ်ပြုတ်ရတာကြောင့် ဈေးကွက်ကိုသိပ်မဝင်လာသေးပါဘူး။
ယခုတစ်ပတ် ပြည်ချင်းဈေးမှာ ယခင်အပတ်ဈေးထက် အနည်းငယ်ကျပြီး၊ ယခင်တစ်ပတ်ကအောင်ပန်း ချင်းများ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်အဝင်ရှိပြီး၊ ယခုအပတ်မှာတော့ ၂၅၀ အိတ်ခန့် ထိ ဆက်လက် အဝင်များနေ ပါတယ်။ ပြည် ဈေးကွက်အတွင်း တစ်နေ့ပိဿာချိန် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး၊ ရခိုင်ဘက် သို့လည်း ပြည်ဈေးကွက်မှတစ်ဆင့် တစ်ရက်ပိဿာချိန် ၂၅၀ ခန့် စားသုံးမှုအဖြစ် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ တစ်ပိဿာကိုချင်း (ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်၊ ချင်းဓါးလှီး ၇၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိနေပါတယ်။ဝင်းဝင်းခိုင်
ကုလားပဲဖြူလုံးကြီး လက်ကျန်အတော်နည်းလာပြီဖြစ်ပြီး ပဲအသစ်လည်း ထွက် ပေါ်လာခြင်းမရှိသေးလို့ လက်ကျန်အနည်းငယ်သာ အရောင်းအဝယ်နဲ့ တင်ပို့မှုရှိခဲ့ တာ တွေ့ရပါတယ်။
ပဲခူးတိုင်းဒေသကြီးမှာ ဆောင်းသီးနှံပဲမျိုးစုံစိုက်ဧက ၁၇ ဒသမ ၃ သိန်းကျော် စိုက်ပျိုးတဲ့အနက် မတ်ပဲပြီးရင် ပဲတီစိမ်း စိုက်ဧက ၃ဒသမ ၈သိန်းနဲ့ ဒုတိယအများဆုံးစိုက်ပျိုးပါတယ်။ ပဲတီစိမ်းထဲက မျိုးကွဲတစ်မျိုးဖြစ်တဲ့ ပဲတီရွှေဝါကတော့ ဈေးကောင်း ပိုရလို့ စိုက်ပျိုးတောင်သူကြိုက်တဲ့ ပဲမျိုးဖြစ်ပေမဲ့ ရေမြေရာသီဥတု ပိုမိုကိုက်ညီတဲ့ ကဝ၊ သနပ်ပင်၊ ပဲခူး၊ ဝေါ၊ ဒိုက်ဦးမြို့နယ်များမှာ ပိုမိုဖြစ်ထွန်းပါတယ်။
အိန္ဒိယနိုင်ငံအထက်ပိုင်း ဈေးကွက်များနဲ့ ဒေလီမှာ ပဲတီစိမ်းရောင်းအားနည်းတာကြောင့် ပဲတီစိမ်းအချို့ ဈေးအနည်းငယ် တိုးလာပါတယ်။ယခင်ရက်များကဈေးကွက်များအတွင်း ဟင်းသီးဟင်းရွက် ဈေးလျော့တဲ့အတွက် ပဲဝယ်လိုအားနည်းပြီး ဈေး ကျဆင်းခဲ့ပါတယ်။
ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်းမှာတော့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာသုည ဒသမ ၈၉၁ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၁၁၄၉ တန်ဝန်းကျင် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၁၅၈ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၉ တန်ခန့် လျော့နည်းတင်ပို့နိုင်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အသစ်ဝင်လာတဲ့ ပဲတီစိမ်းတွေ အဝယ်ရှိလာလို့ ယခုတစ်ပတ် (ဇန်နဝါရီလ ၁၃-၁၉)အတွင်းမှာတန်ချိန် ၅၀၀၀ခန့်အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပဲခူး၊ တောင်ငူစ များ အရောင်းအဝယ်ဖြစ်နေပြီဖြစ်ပြီး နောက်လမှာ စထွက်မယ့် ခရမ်းစတွေကိုလည်း ဝယ်လက်တွေ စိတ်ဝင်စား နေကြတယ်လို့ သိရပါတယ်။
ပြည်ပကို ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခင်သီတင်းပတ်တွေက တန် ၂၀၀၀ အထက်မှာ ပုံမှန် ပမာဏသာတင်ပို့ရာမှ ယခုတစ်ပတ်မှာ အနည်းငယ်ပိုတင်နေတာတွေ့ရပါတယ်။ ဇန်နဝါရီလ ၉ ရက်မှ ၁၃ ရက်အတွင်း ပဲတီစိမ်း တန်ချိန် ၄၀၀၀ နီးပါးတင်ပို့နိုင်ခဲ့လို့ ယခင်တစ်ပတ် တင်ပို့တဲ့ တန်ချိန် ၂၀၀၀ ကျော်ထက် ပိုမိုတာတွေ့ရပါတယ်။
ပဲလွန်းဖြူတစ်တင်းကို ၁၇၅၀၀ ကျပ်ဈေးနဲ့ ပြည်ဈေးကွက်မှာ ယခင် တစ်ပတ်ထက် ဈေးအနည်းငယ် လျော့ နည်း သွားတာကိုတွေ့ရပါတယ်။ နတ် တလင်း၊ တာပွန်၊ မိုးညိုဘက်မှထွက်တဲ့ ပဲလွန်းဖြူမှာ ရန်ကုန်ကို တင်ပို့မှု များ နေပြီး၊ ရွှေတောင်ဘက်မှဝင်တဲ့ ပဲလွန်း ဖြူများသာ ပြည်ဈေးကွက်ကို တင်ပို့မှု များတယ်လို့ သိရပါတယ်။