Background
ဇန်နဝါရီလ ၈ ရက်မှ ၁၄ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၄၄၄၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၂၆၉ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၃၇၅ တန်သာ တင်ပို့ခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုတွေကတော့ အိန္ဒိယကို ၈၇၂ တန်၊ အင်ဒိုနီးရှားကို ၁၆၄၈ တန်၊ စင်ကာပူကို ၁၀၀၈ တန်၊ ပိုလန်ကို ၆၂၅ တန်နဲ့ ဖိလစ်ပိုင်ကို ၂၈၈ တန် အသီးသီးတင်ပို့ခဲ့တာ တွေ့ရပါတယ်။ နယ်စပ်ကတော့ ပြောင်းအပို့ကျပြီး တန် ၁ သောင်းကျော်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို (၂၇၅-၂၉၅) ဒေါ်လာ ဈေးပေါက်လျက်ရှိပါတယ်။K.Z.W
ရှမ်းနနွင်းကတော့ အမှုန့်ကြိတ်ဖို့အတွက်သာ ရောင်း နေရ တယ်လို့သိရပါတယ်။ နနွင်းသစ်တွေပေါ်နေပေမဲ့ ဈေးကွက်မရှိ တာကြောင့် အများအပြားအရောင်းအဝယ် မဖြစ်ပါဘူး။ တောင်သူတွေကရောင်းချင်ပေမဲ့ ဈေးက မရှိ တော့ ထုတ်မရောင်းဖြစ်ကြလို့အရောင်းအဝယ်က အေးစက် စက် ဖြစ်နေပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ရိုးရိုးနနွင်း ခြောက်တွေက တစ်ပိဿာ ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ဈေးရှိပြီး၊ ဆင် တောင်နနွင်းက တစ်ပိဿာ ၁၅၀၀ ကျပ် ဈေးရှိပါတယ်။
ပြည်ငရုတ်ခြောက်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း နတ်မောက်ဘက်မှ ပိဿာ ၂၀ ဝင်အိတ် ၂၀၀ ခန့် ပုံမှန်အဝင်ရှိနေပါတယ်။ အရောင်းအဝယ်မှာ တစ်ပတ်ချင်း မှာယူတင်သွင်းသလောက်ကို လက်လီလက်ကား ရောင်း ဝယ်သူများနဲ့ သာ ပုံမှန်ရောင်းဝယ်မှုရှိပါတယ်။ ပြည်ဈေးကွက်ငရုတ်ခြောက်ဈေးမှာ တစ်ပိဿာ (အရှည်)၃၄၀၀ကျပ်၊ (မိုးထောင်) ၂၈၀၀ ကျပ်၊ (အပွ) ၄၂၀၀ ကျပ်တို့ရှိပြီး ဧရာဝတီ တိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ စားသုံးမှုအဖြစ် နေ့စဉ် အိတ် ၈၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ ဝင်းဝင်းခိုင်
ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း မန်ကျည်းစေ့ ၇၅ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက အင်ဒိုနီးရှားနိုင်ငံပဲ ဖြစ်ပါတယ်။ ယခင်သီတင်းပတ် စင်ကာပူနိုင်ငံကို ၁၂၅ တန် တင်ပို့နိုင်ခဲ့လို့ ဒီတစ်ပတ်မှာ မန်ကျည်း အပို့လျော့ခဲ့တယ်လို့ ဆိုရပါမယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၇၅၀ နဲ့တင်ပို့ခဲ့လို့ စုစုပေါင်း ပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ ငါးသောင်းခြောက်ထောင်ကျော် ရရှိခဲ့ပါတယ်။MIRT (DOT)
ကလောမြို့နယ် နန်းတိုင်း၊ တီကျစ်နဲ့ ပင်းတယမြို့နယ်တွေကထွက်တဲ့ ချင်းတွေ ဟာ အောင်ပန်းဈေးကွက်ကို ပုံမှန်အဝင်ရှိနေပါတယ်။ ဈေးပတ်သမားတွေ ပြန်ဝယ် နေတာကြောင့် ပုံမှန်ပြန်ရောင်းထွက်နေပါတယ်။ ချင်းခြောက်ကတော့ ချင်းဈေးပေါ် မူတည်ပြီး ဝယ်ပြုတ်ရတာကြောင့် ဈေးကွက်ကိုသိပ်မဝင်လာသေးပါဘူး။
ယခုတစ်ပတ် ပြည်ချင်းဈေးမှာ ယခင်အပတ်ဈေးထက် အနည်းငယ်ကျပြီး၊ ယခင်တစ်ပတ်ကအောင်ပန်း ချင်းများ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်အဝင်ရှိပြီး၊ ယခုအပတ်မှာတော့ ၂၅၀ အိတ်ခန့် ထိ ဆက်လက် အဝင်များနေ ပါတယ်။ ပြည် ဈေးကွက်အတွင်း တစ်နေ့ပိဿာချိန် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး၊ ရခိုင်ဘက် သို့လည်း ပြည်ဈေးကွက်မှတစ်ဆင့် တစ်ရက်ပိဿာချိန် ၂၅၀ ခန့် စားသုံးမှုအဖြစ် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ တစ်ပိဿာကိုချင်း (ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်၊ ချင်းဓါးလှီး ၇၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိနေပါတယ်။ဝင်းဝင်းခိုင်
ကုလားပဲဖြူလုံးကြီး လက်ကျန်အတော်နည်းလာပြီဖြစ်ပြီး ပဲအသစ်လည်း ထွက် ပေါ်လာခြင်းမရှိသေးလို့ လက်ကျန်အနည်းငယ်သာ အရောင်းအဝယ်နဲ့ တင်ပို့မှုရှိခဲ့ တာ တွေ့ရပါတယ်။
ပဲခူးတိုင်းဒေသကြီးမှာ ဆောင်းသီးနှံပဲမျိုးစုံစိုက်ဧက ၁၇ ဒသမ ၃ သိန်းကျော် စိုက်ပျိုးတဲ့အနက် မတ်ပဲပြီးရင် ပဲတီစိမ်း စိုက်ဧက ၃ဒသမ ၈သိန်းနဲ့ ဒုတိယအများဆုံးစိုက်ပျိုးပါတယ်။ ပဲတီစိမ်းထဲက မျိုးကွဲတစ်မျိုးဖြစ်တဲ့ ပဲတီရွှေဝါကတော့ ဈေးကောင်း ပိုရလို့ စိုက်ပျိုးတောင်သူကြိုက်တဲ့ ပဲမျိုးဖြစ်ပေမဲ့ ရေမြေရာသီဥတု ပိုမိုကိုက်ညီတဲ့ ကဝ၊ သနပ်ပင်၊ ပဲခူး၊ ဝေါ၊ ဒိုက်ဦးမြို့နယ်များမှာ ပိုမိုဖြစ်ထွန်းပါတယ်။
အိန္ဒိယနိုင်ငံအထက်ပိုင်း ဈေးကွက်များနဲ့ ဒေလီမှာ ပဲတီစိမ်းရောင်းအားနည်းတာကြောင့် ပဲတီစိမ်းအချို့ ဈေးအနည်းငယ် တိုးလာပါတယ်။ယခင်ရက်များကဈေးကွက်များအတွင်း ဟင်းသီးဟင်းရွက် ဈေးလျော့တဲ့အတွက် ပဲဝယ်လိုအားနည်းပြီး ဈေး ကျဆင်းခဲ့ပါတယ်။
ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်းမှာတော့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာသုည ဒသမ ၈၉၁ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၁၁၄၉ တန်ဝန်းကျင် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၁၅၈ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၉ တန်ခန့် လျော့နည်းတင်ပို့နိုင်ခဲ့ပါတယ်။
