Main menu

Background

Monday, 23 Jan 2012

    အိန္ဒိယမတ်ပဲဈေးကွက်များမှာ ယခုရက်ပိုင်းအတွင်း ဈေးအနည်းငယ် ကျဆင်း မှု ရှိပေမဲ့ လာမယ့်ရက်တွေမှာတော့ ပဲခွဲစက်တွေက ဝယ်ယူမှုရှိနိုင်တာကြောင့် အမြင့်ဘက်ကိုသွားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

Monday, 23 Jan 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB  ဈေးကွက်မှာ မတ်ပဲက တော့ လေးလေးနဲ့ မှန်မှန်အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။ အိန္ဒိယက ဝယ်လက်တွေ နေ့စဉ်အဝယ်ရှိနေလို့ ယခုတစ်ပတ် (ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်) အတွင်း မတ်ပဲ SQ ၊ FAQ စုစုပေါင်းတန်ချိန် ၈၅၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Monday, 23 Jan 2012

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခုတစ်ပတ်အတွင်းပြန်တိုးတက် လာခဲ့ပါတယ်။ ယခင် သီတင်းပတ်က တန်ချိန် ၅၀၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခု တစ်ပတ် (ဇန်နဝါရီလ ၉ ရက်မှ ၁၃ ရက်)အတွင်းမှာတော့တန်ချိန် ၈၂၀၀ ကျော် ထိတိုးတက်လာခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် ဇန်ဝါရီလ ၁၃ ရက်နေ့အထိ မတ်ပဲ ပြည်ပတင်ပို့မှုကို ကြည့်ရင် တန်ချိန် ၅ သိန်းကျော်ပြီဖြစ်ပြီး ဝင်ငွေအားဖြင့် ကန် ဒေါ်လာ ၄၁၄ သန်းကျော်ရရှိပြီဖြစ်ကြောင်း သိရပါတယ်။

Monday, 16 Jan 2012

    ဇန်နဝါရီလ ၄ရက်မှ ၁၀ ရက်ထိကာလအတွင်း မြိတ်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၈၅၃ သန်းတန်ဖိုးရှိ RSS-3 ၁၇၅ တန်၊RSS-5 တန်၂၀၊ MSR-20 တန် ၁၀၀ ၊ Compound  MSR-20 တန် ၂၀ နှင့် ဃသာစသကညိ  RSS-3 တန် ၅၀ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က မြိတ်နယ်စပ်မှ အပို့မရှိခဲ့ပါဘူး။

Monday, 16 Jan 2012

    ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၁၃၄ တန်ကျော်၊ တန်ဖိုးကန်ဒေါ်လာ ၃ ဒသမ ၆၅၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်ကို တန် ၂၀၀၊ ဆွစ်ဇာလန်ကို တန် ၆၀ နဲ့ မလေးရှားကို ၈၇၄ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်ထက်တော့ တန် ၄၀၀ ကျော် ပိုမိုတင်ပို့လာနိုင်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၉၀၀ ကျော် ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ အနည်းငယ်ကျဆင်းသွားပြီး RSS - 3 တစ်တန်ကို (၃၁၀၀-၃၂၀၀) ဒေါ်လာနဲ့  RSS - 5 တစ်တန်ကို (၃၀၀၀-၃၁၀၀) ဒေါ်လာ ဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။                                                              K.Z.W

Monday, 16 Jan 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ကန်ပိုက်တီးနယ်စပ် ကုန်သွယ် ရေးစခန်းတို့မှ ကန်ဒေါ်လာ ၄ ဒသမ ၀၉၁ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၄၆၀၉ တန်ဝန်းကျင်ကို ဇန်နဝါရီလ ၄ ရက်မှ ၁၁ ရက်ထိကာလအတွင်း တင်ပို့မှုရှိခဲ့ရာ ယခုအပတ်နယ်စပ်မှ ပြောင်းအပို့ တန်ချိန် ၃၃၃၀ ခန့် ယခင်အပတ်တင်ပို့မှုအောက် လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ မိမိဘက်ပြောင်းဈေးများ မြင့်တက်နေတယ်လို့ သိရပါတယ်။ 

Monday, 16 Jan 2012

    ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၃၇၅ တန်၊ တန်ဖိုး ကန်ဒေါ်လာသုညဒသမ ၁၁၆ သန်းဖိုးကို ဖိလစ်ပိုင်တစ်နိုင်ငံ တည်းကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၂၀၀ ခန့် တင်ပို့မှုလျော့နည်း ခဲ့တာ တွေ့ရပါတယ်။ တရုတ်နယ်စပ်ကတော့ တန်ချိန် ၁၅၀၀၀ နီးပါးတင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ထက် တန်ချိန် ၃၀၀၀ လောက်လျော့နည်း တင်ပို့ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှု မရှိဘဲ တန်ချိန်ကို (၂၇၅ - ၂၉၅) ဒေါ်လာကြား ဈေးပေါက်လျက်ရှိပါတယ်။                                        K.Z.W

Monday, 16 Jan 2012

    ယခုလောလောဆယ်မှာတော့ ကလောမြို့နယ်တစ်ဝိုက်ကထွက်တဲ့ နနွင်းတွေသာ အောင်ပန်းဈေးကွက်မှာ အဝင်ရှိနေပါ သေးတယ်။ အစိုဓာတ်ကများနေတာကြောင့် အဝယ်ကလည်း သိပ်မရှိသေးပါဘူး။ ပင်လောင်းနနွင်းတွေကတော့ အခုမှစပြီး ဖော်မယ်လို့သိရပါတယ်။ ဟိုပုံးနနွင်းကတော့ ဈေးကွက်ကိုဝင်လာပြီး အစိုတစ်ပိဿာ ၁၀၀ ကျပ်သာရှိပါတယ်။

Monday, 16 Jan 2012

    ကန်ဒေါ်လာ သုည ဒသမ ၁၃၁ သန်းတန်ဖိုးရှိ နနွင်းတက် တန် ၂၀ ခန့် မူဆယ်နယ်စပ်မှ ဇန်နဝါရီလ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်း အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ၂ တန်ခန့် အပို့ပိုခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT)

Monday, 16 Jan 2012

    ယခုတစ်ပတ် ပြည်ဈေးကွက်ထဲသို့ နတ်မောက်၊ တောင်တွင်းဘက်မှ ငရုတ် ခြောက်ပိဿာ ၂၀ ဝင်အိတ် ၁၂၀ ခန့် ဝင်ရောက်လျက်ရှိပါတယ်။ အောင်လံ ဘက်မှ ငရုတ်ခြောက်များ အဝင်နည်းသွားပြီး၊ အောင်လံ ငရုတ်ခြောက်ကုန်ချိန်၊ နတ်မောက်ငရုတ်ပေါ်ထွက်စဖြစ်လို့ ဈေးကွက်အတွင်း အဝင်နည်းပြီး ဈေးမြင့် သွားပါတယ်။

Pages