Background
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အသစ်ဝင်လာတဲ့ ပခုက္ကူ၊ မုံရွာ ပဲတီစိမ်းစတွေ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က တန် ၂၈၀၀ ကျော် အရောင်းအဝယ်ဖြစ်ရာမှ ယခုတစ်ပတ် (ဒီဇင်ဘာလ ၃၀ မှ ဇန်နဝါရီလ ၆ ရက်)အတွင်းမှာ တန်ချိန် ၄၄၀၀ ခန့်ထိ တိုးတက်ရောင်းဝယ်ခဲ့ကြောင်း သိရပါတယ်။
ပဲတီစိမ်း ပင်လယ်ရေကြောင်းက တင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း ပုံမှန်သာတင်ပို့နေတာ တွေ့ရပါတယ်။ ဒီဇင်ဘာ လ ၂၆ ရက်မှ ၃၀ ရက်အတွင်းမှာ ပဲတီစိမ်းတန်ချိန် ၂၆၀၀ ခန့် တင်ပို့ခဲ့ပါတယ်။ ဒီဇင်ဘာလ တစ်လလုံးမှာ ပဲတီစိမ်းတင်ပို့မှုာ တန်ချိန် တစ်သောင်းကျော်သာရှိပြီး နိုဝင်ဘာလမှာ တန်ချိန် ၁၈၅၀၀ ခန့်အထိ တင်ပို့နိုင်ခဲ့ပါတယ်။
ဟင်္သာတဈေးကွက်ရဲ့ ပဲလွန်းဖြူ ဈေးမှာ ယခင်အပတ်က ပိဿာ ၂၀ ဝင်တစ်တင်းကို ၁၇၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ် ပတ်မှာ ၁၈၂၀၀ ကျပ်ဈေးသို့မြင့်တက် လာပြီး၊ အရောင်းအဝယ်လည်း ဖြစ် လျက် ရှိပါတယ်။
ပြည်ပဲလွန်းဖြူဈေးကွက်ကို ပန်း တောင်းဘက်မှ ပဲလွန်းဖြူအသစ်များ တစ်နေ့ ၂၅ အိတ်ခန့် အဝင်ရှိခဲ့ပါတယ်။ ပဲဈေးတစ်တင်း ၁၇၅၀၀ ကျပ်ဈေးရှိ တယ်လို့သိရပါတယ်။ နယ်စုံမှ ပဲအသစ် များဝင်ရောက်မှု နည်းသေးတာကြောင့် ပဲရောင်းဝယ်မှုကတော့ မြို့တွင်း လက် လီသမားများ ရောင်းဝယ်မှုသာ ရှိတယ် လို့ သိရပါတယ်။ မိမိအေး
ယခုတစ်ပတ်အတွင်း ရန်ကုန် FOB ဈေးကွက်မှာ ပဲလွန်းဖြူ တန် ၂၂၇ အထိ အရောင်းအဝယ် ပိုဖြစ်လာခဲ့ သလို ပြည်ပတင်ပို့မှုမှာလည်း ယခင် တစ်ပတ်က တန် ၁၂၂ တန်တင်ပို့မှု ထက် အနည်းငယ်ပိုပြီး ဒီဇင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အတွင်း တန် ၁၅၀ ခန့် အထိတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ယခု တစ်ပတ်တင်ပို့တဲ့ နိုင်ငံကတော့ အိန္ဒိယ နဲ့ စင်ကာပူကို ဖြစ်ပါတယ်။
နှစ်သစ်မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်မှာ ပဲဟောင်းအရောင်းအဝယ် သွက်သလို ပဲသစ်လည်း ဝင်သလောက်အရောင်းသွက်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ နယ်ခံကုန်သည်တွေအနေနဲ့ ပဲစင်းငုံနီ အဟောင်း ရောင်းထွက်ခဲ့သလို ပဲသစ်လည်း ယခုအပတ်မှာ ဈေးမြောက်လာလို့ ပစ္စည်းအဝင်သွက်လာသလောက် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံ အရောင်းအဝယ် သွက်နေပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်မှ ဇန်နဝါရီလ ၆ ရက် အထိ နေ့စဉ်အရောင်းအဝယ်ဖြစ်ကာ စုစုပေါင်း တန်ချိန် ၁၇၀၀၀ ခန့် အရောင်း အဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။
ယခုတစ်ပတ်အတွင်း အခြားပဲတင်ပို့မှု လျော့ကျမှုရှိပေမဲ့ ပဲစင်းငုံကတော့ ဆက်လက်တင်ပို့မှုအားကောင်းနေဆဲဖြစ်ပါတယ်။ဒီဇင်ဘာလ ၂၆ ရက်မှ ၃၀ ရက် အတွင်းပဲစင်းငုံတန်ချိန် ၇၈၀၀ ကျော်တင်ပို့နိုင်ခဲ့လို့ ယခင် တစ်ပတ်တင်ပို့မှု တန် ချိန် ၆၉၀၀ ထက် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။
ပြည်ပဲဈေးကွက်မှာ မတ်ပဲဈေးဆက်လက်အေးပြီး ပဲတစ်တင်း ၁၃၅၀၀ ကျပ် သာရှိပါတယ်။ ယခုနှစ်အတွင်း ပဲဈေးမကောင်းတာကြောင့် ပဲပွဲရုံတွေမှာရှိတဲ့ လက် ကျန်ပဲတွေကို ထုတ်မရောင်းကြတဲ့အတွက်အရောင်းအဝယ် သိပ်မဖြစ်တာကို တွေ့ရ ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်တွင် မတ်ပဲကိုဆောင်းသီးနှံအဖြစ် ၂၀၁၁-၁၂ ခုနှစ်မှာ ဧက ၄ ဒသမ ၀၆ သိန်းကျော် စိုက်ပျိုးပြီးဖြစ်ပါတယ်။ ခရိုင် အတွင်း အများဆုံးစိုက်ပျိုးတဲ့ မြို့နယ်များက ဟင်္သာတ၊ ဇလွန်၊ မြန်အောင်မြို့နယ် များ ဖြစ်ပြီး၊ ခရိုင်အတွင်းစိုက်ပျိုးတဲ့ ဆောင်းမတ်ပဲများက ဇန်နဝါရီလနောက်ဆုံး ပတ်မှာ စထွက် တော့မှာဖြစ်ပြီး၊