Main menu

Background

Sunday, 1 Jan 2012

    မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အတွင်း မိုးပဲစင်းငုံအားစိုက်ဧက ၁၄၀၀၀ ကျော် စိုက်ပျိုးထားခဲ့ရာ  ယခုအခါ ရာသီဥတုအခြေအနေကြောင့်အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ စဉ့်ကူးမြို့နယ်မှ ပဲစင်းငုံစိုက်တောင်သူတစ်ဦးရဲ့ ပြောပြချက် အရသိရှိရပါတယ်။

Sunday, 1 Jan 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ယခု တစ်ပတ်လည်း ပဲစင်းငုံကို တောက်လျှောက်အဝယ်ရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၃၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပြီး ယခုတစ်ပတ် (ဒီဇင်ဘာလ ၂၃ မှ ၂၉ ရက်) အတွင်းမှာ တန်ချိန် ၆၅၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင် ခဲ့တယ်လို့ သိရပါတယ်။

Sunday, 1 Jan 2012

    ပြည်ပဲဈေးကွက်မှာ မတ်ပဲအရောင်းအဝယ်အေးလျက်ရှိပြီး၊ တစ်တင်းကို ၁၃၂၀၀ ကျပ်သာရှိတယ်လို့သိရပါတယ်။အချို့ပွဲရုံတွေကတော့ ပဲဈေးက မကောင်း လို့ ပဲထုတ်ရောင်းချမှုမရှိတဲ့အတွက် ပွဲရုံတိုင်းမှာ အရောင်းအဝယ် မဖြစ်ဘူးလို့ သိရပါတယ်။

Sunday, 1 Jan 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲအရောင်းအဝယ် တက်လာကြောင်းသိရပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်မှ ၂၅ ရက်အတွင်း မတ်ပဲ SQ ၊ FAQ စုစုပေါင်း တန်ချိန် ၆၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်တစ်ပတ်အရောင်းအဝယ်ဖြစ်တဲ့ တန်ချိန် ၃၈၀၀ ထက် ပိုမိုရောင်းဝယ်နိုင်ကြောင်း သိရပါတယ်။

Sunday, 1 Jan 2012

    ပြည်ပကို မတ်ပဲတင်ပို့မှုက ယခုတစ်ပတ်မှာလည်း ပုံမှန်ပမာဏနဲ့ ဆက်လက် တင်ပို့ နေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈၂၀၀ ကျော်ထိ တင်ပို့မှု ရှိခဲ့ပြီး ယခု တစ်ပတ် ဒီဇင်ဘာလ ၁၉ ရက်မှ ၂၃ ရက်အတွင်းမှာ တန်ချိန် ၆၂၀၀ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

Monday, 26 Dec 2011

    ၂၀၁၂ ဒုတိယ ၃ လအတွင်း ကမ္ဘာ့သကြားဈေး အနိမ့်ဆုံးကို ကျဆင်းပြီး နောက် တတိယ ၃ လပတ်မှစပြီး၊ သကြားတစ်ပေါင်ကို ကန်ဒေါ်လာ ၂၅ ဆင့် (တစ်တန်ကန်ဒေါ်လာ ၅၅၁)အထက်ကို မြင့်တက်နိုင်တယ်လို့ Mocquarie  Group   မှ ပြောကြားပါတယ်။ ၂၀၁၂ ပထမ နှစ်ဝက်အတွင်းမှာတော့ ဥရောပသမဂ္ဂ၊ အမေရိကား အလယ်ပိုင်း၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံမှ သကြားရောင်းချမှုတိုးတာကြောင့် သကြားဈေး ဆက်လက်နိမ့်မယ်လို့ ဆိုပါတယ်။

Monday, 26 Dec 2011

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် စခန်း၊ ကန်ပိုက်တီးစခန်းနဲ့ မြန်မာ - ထိုင်း နယ်စပ်ရှိ မြဝတီနယ်စပ်စခန်းတို့မှ ကန်ဒေါ်လာ ၇ ဒသမ ၀၇၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၅၅၆၈ တန်ကို ဒီဇင် ဘာလ ၁၄ ရက်မှ၂၀ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်အပတ်က ထက်တန် ၁၅၀၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့မှုတွေ ကတော့ မူဆယ်မှ တန်ချိန် ၂၂၉၅၁၊ ချင်းရွှေဟော်မှ ၁၅၆၇ တန်၊ကန်ပိုက်တီးမှ တန် ၉၀၀ နဲ့ မြဝတီမှ တန် ၁၅၀ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။                                                    မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                    ယခု         ယခင်      ပြောင်းလဲမှု     %      ယခု    ယခင်    ပြောင်းလဲမှု    %ပြောင်းဖူးစေ့    ၂၂၅၄၃၅    ၂၃၉၅၃၇       ၁၄၁၀၂    ၆ .၂    ၃၀၈    ၃၀၃          ၅             ၁ .၆နံှစားပြောင်း    ၂၃၇၀၄၅    ၂၁၉၇၁၃       ၁၇၃၃၂     ၇ .၃    ၃၃၂     ၃၃၁         ၁              ၀ .၃MIRT (DOBT)

Monday, 26 Dec 2011

    ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်မှာ အိမ်ခြံမြေဈေးကွက်သတင်းတိုးတက်မှု ထုတ်ပြန် ချက်သတင်း အရ ကုန်ကြမ်းပစ္စည်းများ ဝယ်လိုအားမြင့်တက်မယ်မှန်းပြီး၊ ရော်ဘာဈေးနှုန်းမှာ တစ်ပတ်အတွင်း အမြင့်ဈေးဖြစ်လာခဲ့ပါတယ်။ တိုကျိုကုန်စည်ဒိုင်မှာ မေလကြိုရောင်းဈေးမှာ တစ်ကီလို ၂၇၇ ဒသမ ၉ ယန်းနဲ့ အရောင်းအဝယ်မဖြစ်မီ ၂၇၉ ဒသမ ၇ ယန်း (တစ်တန် ၃၅၉၇ ဒေါ်လာ )ဖြင့် ၃ ဒသမ ၁ ရာခိုင်နှုန်းဈေးတက်လာ ခဲ့ပါတယ်။

Monday, 26 Dec 2011

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကနေ ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၀၅၇ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၅၀၄ ဒသမ ၀၇၆ တန် တင်ပို့ခဲ့ပါတယ်။ ယခုအပတ်မူဆယ်နယ်စပ်မှ ရော်ဘာအဆင့်လိုက်တင်ပို့နိုင်မှုများကတော့ MSR-20 ၂၇၀ တန်၊  RSS-3  ၇၄၃ တန်နဲ့ MSR-50 တန် ၁၀၀ တို့ဖြစ်ပါတယ်။

Monday, 26 Dec 2011

    ရှမ်းနနွင်းကလည်း လက်လီသမားတွေသာ ဝယ်ယူမှုရှိတာကြောင့် အနည်းအကျဉ်းသာ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဟိုပုံးဈေးကွက်မှာ နနွင်း(စို)တစ်ပိဿာ ၇၀ ကျပ် - ၈၀ ကျပ်ဈေးသာရှိပါတယ်။ အခုလို ပေါ်ကာစ အစိုဓာတ်များချိန် နနွင်းခြောက်လုပ်ရင်လည်း ၇ ပိဿာပြုတ်မှ ၁ ပိဿာတင်ကျန်မှာဖြစ်တာကြောင့် ချင်းခြောက်ဈေးက တစ်ပိဿာကို ၇၀၀ ကျပ်ဈေးရှိနိုင်ပါတယ်။

Pages