Main menu

Background

Monday, 26 Dec 2011

    ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းဈေးကွက်တစ်ခုဖြစ်တဲ့ ဟိုပုံးချင်းဈေးကွက် မှာတော့ နမ့်ခုတ်ချင်းတွေသာအဝင်ရှိနေပြီး၊ ဟိုပုံးချင်းကတော့ အဝင်မရှိသေးပါ ဘူး။ နမ့်ခုတ်ချင်းတွေလည်း အဝင်နည်းနည်းများလာတော့ အရင်တစ်ပတ်ကထက် ဈေးကျလာပြီး၊ အခက်ကြီးပြီးလှရင် တစ်ပိဿာ၂၈၀ ကျပ်ရှိပေမယ့် အခက်သေး ရင်တော့ တစ်ပိဿာ ၂၀၀ ကျပ်ကျော်သာရှိပါတယ်။

Monday, 26 Dec 2011

               ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၈၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၇၅၀၀ ကျပ်နဲ့ ဈေးအနည်းငယ်ပြန်ကျ ခဲ့ပါတယ်။

Monday, 26 Dec 2011

    ပင်လယ်ရေကြောင်းက မြေထောက်ပဲနဲ့ ထောပတ်ပဲတင်ပို့မှုအနေနဲ့ ယခင် တစ်ပတ်က တန်ချိန် ၈၄ နဲ့ ၆၃ တန် အသီးသီးရှိခဲ့ရာမှ ယခုတစ်ပတ် (ဒီဇင်ဘာလ ၁၂-၁၆ရက်) အတွင်းမှာတော့ မြေထောက်ပဲတန်ချိန် ၁၇၂ တန်နဲ့ ထောပတ်ပဲ ၄၈ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မြေထောက်ပဲကို ထိုင်း၊ မလေးရှား၊ အိန္ဒိယနဲ့ စင်ကာပူကို တင်ပို့ခဲ့ပြီး ထောပတ်ပဲကိုတော့ တရုတ်နိုင်ငံကို တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။

Monday, 26 Dec 2011

    ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ပဲယင်း ၂၈ တန် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်းဖိုးနဲ့ ရိဒ်နယ်စပ်ကနေ ပဲယင်း ၃ ဒသမ ၈၄ တန် တန်ဖိုး ကျပ် ၂ ဒသမ ၄၉၆ သန်း တို့ တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ နယ်စပ်စခန်းများကနေ ပဲယင်း ၃၂ တန်နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။

Monday, 26 Dec 2011

    ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးကို ယခင်တစ်ပတ်က တန် ၂၅၀ ကျော်တင်ပို့မှုရှိခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ တင်ပို့မှုမရှိခဲ့ကြောင်း သိရပါတယ်။ FOB ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးကြီး တန် ၃၆၀ အရောင်းအဝယ် စာချုပ် ခဲ့ကြောင်း သိရပါတယ်။

Monday, 26 Dec 2011

    ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲတီစိမ်းဝင်ရောက်မှုမှာ တစ်ရက်အိတ် ၃၀၀ ကျော်သာ အဝင်ရှိခဲ့ပါတယ်။ မင်းတုန်း၊ ကံမဘက်မှ အဝင်နည်းလာခဲ့ကာ ဒေသတွင်း ပန်းတောင်း၊ ပေါက်ခေါင်းမှဝင်ရောက်ခဲ့တာဖြစ်ပြီး၊ အဝင်ရှိသလောက် အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။

Monday, 26 Dec 2011

    မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာတတိယပတ် ပဲဈေးကွက်မှာ ပဲတီစိမ်း အကြီး- အသေး နယ်စုံက အဝင်သွက်ခဲ့သလို အရောင်း လည်း သွက်ခဲ့တယ်လို့သိရပါတယ်။ ဈေးကွက်ထဲ ဝင်လာတဲ့ ပဲတီစိမ်းတွေဟာ ရာသီရဲ့ ဖျက်စီးမှု မခံခဲ့ရလို့ အရည် အသွေးပြည့်မီမှုရှိတယ်လို့ ကုန်သည်လောကမှ ပြောပါတယ်။ ဝယ်လက် အနေအထားအရ ပဲတီစိမ်းကြီးကို မန္တလေးလက်က အများဆုံး ဝယ်ယူခဲ့ကြပြီး၊ စိမ်းသေးကိုတော့ ရန်ကုန်က အများဆုံး ဝယ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 26 Dec 2011

    ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကနေ ပဲတီစိမ်း ၁၂၈၉ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၀၃၅ သန်းဖိုးနဲ့ ပဲတီစိမ်းလုံးခြမ်း ၉၅ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၀၉၂ သန်းဖိုး တင်ပို့ခဲ့ တာ တွေ့ရပါတယ်။ ယခင်အပတ်ကလည်း ပဲတီစိမ်း တန် ၁၁၀၀ ကျော်နဲ့ ပဲတီစိမ်းလုံးခြမ်း တန် ၁၀၀ ခန့် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။

Monday, 26 Dec 2011

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ အပတ်စဉ် တန် ၂၀၀၀ ဝန်းကျင်ဖြင့် တင်ပို့နေရာ ဒီဇင်ဘာလ ၁၂ ရက်မှ ၁၆ ရက်အတွင်းမှာလည်း တန် ၂၃၀၀ နဲ့ ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ အချို့ဒေသတွေက ပဲတီစိမ်းအသစ်အနည်းငယ် ဝင်ရောက်မှုရှိပေမဲ့ ပြည်ပတင်ပို့မှုကတော့ ယခင်နှစ်ပဲဟောင်းပါဝင်မှု ပမာဏများနေသေးကြောင်း သိရပါတယ်။

Monday, 26 Dec 2011

နိုင်ငံခြားငွေလိုင်စင်ရရှိသောဘဏ် များအနက် သမဝါယမဘဏ်၊ ကမ္ဘောဇ ဘဏ်၊ ဧရာဝတီဘဏ်နှင့်   အာရှ စိမ်းလန်းဖွံ့ဖြိုးမှုဘဏ်တို့မှ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့တွင် သွား ရောက်    အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများက  မြန်မာနိုင်ငံရှိ မိသားစုများထံသို့   ငွေလွှဲပို့မှုအစီ အစဉ်ကို ဆောင်ရွက်ရန် တင်ပြခြင်း အားဗဟိုဘဏ်မှခွင့်ပြုပေးခဲ့သည့်အတွက် စင်ကာပူ၊ ထိုင်း၊  မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှ လုံခြုံစိတ်ချစွာ ငွေလွှဲပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။

Pages