Main menu

Background

Monday, 14 Nov 2011

                    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် တောင်ငူပဲတီစိမ်းသစ်နဲ့ ပခုက္ကူ ပဲတီစိမ်းအချို့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၉၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်(နိုဝင်ဘာလ၄ ရက်မှ ၁၁ ရက်)အတွင်းမှာတန်ချိန် ၄၆၀၀ခန့်အရောင်းအဝယ် စာချုပ်နိုင်တယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တွေကို ဝင်လာတဲ့ ပဲတီစိမ်းအသစ်များမှာ အရည်အသွေးနိမ့်များပြီး အရည်အသွေးကောင်း နည်းတဲ့ အတွက် ဝယ်လက်များအနေနဲ့ အရည်အသွေးကောင်းပဲတီစိမ်းကို ဝယ်ယူလာဖွယ် ရှိကြောင်း ကုန်သည်များမှ ခန့်မှန်းကြ ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲမှုမရှိဘဲ FAQ (အညာ) တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ နဲ့ ပဲတီရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၈၈၀-၉၀၀ နဲ့ ငြိမ်နေကြောင်း သိရပါတယ်။ MIRT(MAPT)

Monday, 14 Nov 2011

              ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ တစ်ပတ်ထက်တစ်ပတ်လျော့ကျနေပါတယ်။ ယခင်သီတင်းပတ်မှာ တန် ၁၅၀၀ ခန့် တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်)အတွင်းမှာ တန် ၁၂၀၀ ကျော် သာ တင်ပို့နိုင်တာတွေ့ရပါတယ်။ အောက်တိုဘာလ တစ်လလုံးမှာ ပဲတီစိမ်းတန်ချိန် ၇၁၀၀ ကျော်သာတင်ပို့နိုင်ခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် ၁၄၀၀၀ ခန့်တင်ပို့ခဲ့ပါတယ်။ ၂၀၁၀ အောက်တိုဘာလအတွင်းမှာတော့ တန်ချိန် တစ်သောင်းကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်ကာလတူမှာ တင်ပို့မှု လျော့ကျတာ တွေ့ရပါတယ်။                   ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွင်း နိုဝင်ဘာလ ၄ ရက်နေ့အထိ ပဲတီစိမ်း တင်ပို့မှုတန်ချိန် နှစ်သိန်းကျော်ရှိပြီး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၁၉၈ သန်းကျော်ရရှိပါတယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုအနေနဲ့ တန်ချိန် ၁၅၂၀၀၀ ကျော် သာရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၈၀ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်တင်ပို့မှု ပမာဏ ၅ သောင်းကျော်ပိုမိုပေမဲ့ ဝင်ငွေအားဖြင့် လျော့ကျတာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာတော့ အနည်းငယ် ပိုတင်ပို့နိုင်မယ်လို့ ကုန်သည်များ ခန့်မှန်း ကြပါတယ်။MIRT- MAPT

Monday, 14 Nov 2011

                အရောင်းအဝယ် အသင့်အတင့်ရှိ ယခုတစ်ပတ် (အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်)အတွင်း ပင်လယ်ရေကြောင်းက မြေထောက်ပဲ တင်ပို့မှု ၂၆ တန်သာရှိခဲ့ပါတယ်။ တင်ပို့မှုအနေနဲ့ ယခင်တစ်ပတ် များထက် သိသိသာသာလျော့ကျခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ဖိလစ်ပိုင်နဲ့ အိန္ဒိယကို တင်ပို့တာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာတော့ မြေထောက်ပဲ တန် ၃၀၀ ကျော် အရောင်းအဝယ်ဖြစ်လို့ ယခင် သီတင်းပတ် အရောင်းအဝယ်ဖြစ်တဲ့ တန် ၁၃၅ ထက် ပိုမိုခဲ့ပါတယ်။ အောက်တိုဘာလ တစ်လလုံးမှာ မြေထောက်ပဲ တန်ချိန် ၉၃၀ ခန့်သာပြည်ပတင်ပို့နိုင်ပြီး စက် တင်ဘာလအတွင်းမှာ တန်ချိန် ၁၇၀၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။               အခြားပဲများထဲမှာ စင်ကာပူကို ပဲယင်း ၂၅ တန်နဲ့ စင်ကာပူနဲ့ မလေး ရှားကို ပဲကြီး ၅ တန်ကျော် တင်ပို့နိုင် ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ နိုဝင်ဘာလ ၁၁ ရက်မှာလည်း မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀၊ ပဲယင်း တစ်တန် ကန်ဒေါ်လာ ၄၈၀-၅၀၀ အသီးသီးရှိ ကြောင်း သိရပါတယ်။ MIRT(MAPT)

Monday, 14 Nov 2011

                ဈေးကွက်တွေထဲမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲလွန်းဖြူဟာ တင်ပို့မှုလည်း လျော့နည်းလာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၈၅ တန်ခန့် တင်ပို့မှုရှိခဲ့ရာမှ ယခုသီတင်းပတ် (အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်)အတွင်း မှာ ၇၆ တန်သာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ မလေးရှားနဲ့ တောင်ကိုရီးယား တို့ဖြစ်ပါတယ်။                    အောက်တိုဘာလ တစ်လလုံး အတွင်း ပဲလွန်းဖြူ တန်ချိန် ၁၂၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် ၆၆၀ခန့်သာတင်ပို့နိုင်တာတွေ့ ရ ပါတယ်။ ၂၀၁၀ အောက်တိုဘာလ အတွင်းမှာတော့ ပဲလွန်းဖြူတန် ၈၅၀ ခန့် တင်ပို့တာတွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ နိုဝင်ဘာ ၄ ရက်မှ ၁၁ ရက်အတွင်း တန် ၁၉၀ ခန့်ရှိပြီး FOB ဈေးများအနေနဲ့ ယခင်သီတင်းပတ်အတိုင်း နိုဝင်ဘာလ ၁၁ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၀၀-၉၂၀ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT(MAPT)

Monday, 14 Nov 2011

                  မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလပထမပတ် ပဲဈေးကွက်မှာ အဓိက Export ပဲတွေဖြစ်ကြတဲ့ ပဲတီစိမ်းကြီး၊ မတ်ပဲနဲ့ V2 တို့ ပစ္စည်းလက်ကျန်မရှိ ဈေးကွက် ပျောက်ချိန်မှာ ဒေသခံကုန်သည်တွေရဲ့ စိတ်ဝင်စားမှုက ပဲစင်းငုံနီ ထံ ရောက်ခဲ့ကာ ရန်ကုန်အဝယ်အော်ဒါရှိသူရော၊ ဒေသကုန်သည်ပါ အဝယ်အရောင်းရှိခဲ့လို့ ဈေးကွက်သက်ဝင် လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်မှာ ပဲစင်းငုံနီ တစ်တင်းအနိမ့်ဆုံး ၁၂၉၀၀ ကျပ်မှ အမြင့်ဆုံး ၁၃၇၀၀ ကျပ်အတွင်း ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး၊ ရန်ကုန်ဝယ်လက်က ကြိုက်ဈေးရရင် ဝယ်ယူ အားကောင်းလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် တင်း ၁၀၀၀ မှ ၁၅၀၀ ကြား အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။                   ယခုတစ်ပတ်အတွင်း စီးဆင်းမှုအနေနဲ့ ကုန်းလမ်းကနေ မန္တလေးကို တင်း ၁၅၀၀ ခန့်နဲ့ ရေလမ်းကနေ တင်း ၅၀၀၀ ခန့် ရှိခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်

Monday, 14 Nov 2011

                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်အတွင်း အရောင်းအဝယ် အဖြစ်ဆုံးက ပဲစင်းငုံဖြစ်ပါတယ်။ အခြား ပဲများ အရောင်းအဝယ်နည်းပေမဲ့ယခုတစ်ပတ် (နိုဝင်ဘာလ ၄ မှ ၁၁ ရက်) အတွင်းမှာ ပဲစင်းငုံတန်ချိန် ၈၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပါတယ်။ လတ်တလော အိန္ဒိယဈေးကွက်တွေမှာ ပဲစင်းငုံလက်ကျန်နည်းပြီး အသစ် ဝင်ရောက်မှုနည်းသေးတဲ့အတွက် လတ်တလောလိုအပ်ချက်အတွက် ဝယ်ယူနေ ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့်လတွေမှာ အိန္ဒိယပဲစင်းငုံ အသစ်များ လှိုင်လှိုင်ဝင်ရင်တော့ အဝယ်အေးသွား ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ အရောင်း အဝယ် အသင့်အတင့်ရှိလို့ ပဲစင်းငုံ FOB ဈေးအနည်းငယ် တိုးလာ ပါတယ်။                                                    ဒေါ်လာ/တန်                          ပဲစင်းငုံနီ            ဖြူနီ            ငုံနီ(အဟောင်း)၁၁-၁၁-၁၁         ၅၈၀-၆၀၀     ၄၈၀-၅၀၀           ၅၇၀-၅၉၀၄-၁၁-၁၁           ၅၆၀-၅၈၀       ၄၆၀-၄၈၀         ၅၅၀-၅၇၀MIRT(MAPT)

Monday, 14 Nov 2011

                ယခုသီတင်းပတ်အတွင်း အခြားပဲများ တင်ပို့မှုလျော့ကျနေပေမဲ့ ပဲစင်းငုံကတော့ စံချိန်တင်ပမာဏနဲ့ တင်ပို့နိုင်ခဲ့ပါတယ်။ မတ်ပဲ၊ ပဲတီစိမ်းများ တင်ပို့မှု အားကောင်းချိန်မှာ ပဲစင်းငုံတင်ပို့မှုနည်းပြီး ယခုအခြားပဲတင်ပို့မှု ကျဆင်းချိန်မှာ ပဲစင်းငုံကယခုတစ်ပတ်(အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်) အတွင်း မှာတော့ တန်ချိန် တစ်သောင်းခန့်အထိ တင်ပို့နိုင်တာတွေ့ရပါတယ်။ အောက်တိုဘာလ တစ်လလုံးတင်ပို့မှုကို လေ့လာကြည့်ရင် ပဲစင်းငုံတန်ချိန် ၁၅၅၀၀ ခန့်ရှိပြီး စက်တင်ဘာလမှာ တန်ချိန် ၃၃၀၀၀ ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ ၂၀၁၀ အောက်တိုဘာလအတွင်းမှာတော့ တန်ချိန် ၈၀၀၀ နီးပါးသာ တင်ပို့မှုရှိလို့ ယခုနှစ်အောက်တိုဘာမှ ၁ ဆခန့် ပိုတင်ပို့လာနိုင်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ နိုဝင်ဘာလ ၄ ရက်နေ့အထိ စုစုပေါင်းပဲစင်းငုံတင်ပို့မှု တန်ချိန် ၁၄၃၀၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၉၀ သန်းကျော်ကာ ယခင် ဘဏ္ဍာနှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၆၅၀၀၀ ကျော်ထက် တစ်ဆပို တင် လာနိုင်ခဲ့ပါတယ်။ လတ်တလောပဲစင်းငုံအဝယ်ရှိနေတဲ့အတွက် လာမယ့် သီတင်းပတ်မှာ လည်း ဆက်လက်တင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ MIRT- MAPT

Monday, 14 Nov 2011

                ဟင်္သာတခရိုင်တွင် ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံ့ခင်း၊ အင်္ဂပူမြို့နယ်များပါဝင်ပြီး၊ ပဲသီးနှံအုပ်စုတွင် အဓိက စိုက်ပျိုးရောင်းဝယ်မှု ပြုလုပ် ကြတဲ့ မတ်ပဲကို နှစ်စဉ် နိုဝင်ဘာလမှာ စတင်စိုက်ပျိုးကြကာ ဖေဖော်ဝါရီ လမှာ စတင်ထွက်ရှိ ရောင်းဝယ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်မှာ ဟင်္သာတခရိုင် အတွင်း မတ်ပဲ ဧက ၄ ဒသမ ၀၆ သိန်း စိုက်ပျိုးခဲ့ပြီး၊ တင်းသိန်းပေါင်း ၄၅ သိန်းကျော်ထွက်ခဲ့ ပါတယ်။ ၂၀၁၁-၁၂ ခုနှစ်တွင် မတ်ပဲ ၄၀ ဒသမ ၇၁ ဧက စိုက်ပျိုးရန်လျာထား ဖြည့်စွက်လျက်ရှိရာ နိုဝင်ဘာလမှာ မတ်ပဲဧက သုည ဒသမ ၂၇၃ သိန်း စိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါတယ်။ အေးအေးခိုင်

Monday, 14 Nov 2011

                    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ လတ်တလော သီတင်းပတ်များမှာ မတ်ပဲအရောင်းအဝယ်အေးစက်နေပါတယ်။ အဓိက ဝယ်လက်ဖြစ်တဲ့ အိန္ဒိယက အဝယ်ပါးတာကြောင့် ယခုတစ်ပတ် နိုဝင်ဘာလ ၄ ရက်မှ ၁၁ ရက်အတွင်းမှာ မတ်ပဲ SQ ၊ FAQ စုစုပေါင်း တန် ၅၀၀၀ နီးပါးသာ အရောင်းအဝယ် စာချုပ်နိုင်တယ်လို့ သိရပါတယ်။ အဝယ်အေးတဲ့အပြင် ပို့ကုန် ဝင်ငွေ တစ်ယူနစ်တန်ဖိုး အနည်းငယ်ကျဆင်းခြင်းကြောင့် လည်း ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်ထက် လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/တန်                          မတ်ပဲ(FAQ)              မတ်ပဲ(SQ)၁၁-၁၁-၁၁           ၇၃၀-၇၅၀                ၈၀၀-၈၂၀၄-၁၁-၁၁              ၇၄၀-၇၆၀               ၈၀၀-၈၂၀MIRT(MAPT)

Tuesday, 8 Nov 2011

                အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်း မှ ကန်ဒေါ်လာ သုည ဒသမ ၆၂၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၁၇၈ တန်ကို ဗီယက်နမ်နဲ့ စင်္ကာပူနိုင်ငံတို့သို့ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပြောင်းဖူး စေ့တန် ၂၆၂၆ တန် အပို့လျော့ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံအလိုက် တင်ပို့နိုင်မှု တွေကတော့ ဗီယက်နမ်သို့ ၁၅၆၈ တန်နဲ့ စင်္ကာပူသို့ တန် ၆၁၀ ဖြစ်ပါတယ်။ ယခု အပတ်နယ်စပ်မှ ပြောင်း ၁၈၁၉၃ တန်အပို့ရှိပြီး ယခင်အပတ်ကထက် ၇၂၉၉ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ FOB(ရန်ကုန်)ဈေးကတော့ ပြောင်းတစ်တန် ကန် ဒေါ်လာ၂၈၅ မှ ၃၀၅ ကြား ဈေးပေါက်လျက် ရှိပါတယ်။ KZW

Pages