Main menu

Background

Sunday, 30 Oct 2011

                  မုံရွာကုန်စည်ဒိုင်ပဲဈေးကွက်မှာ ဒေသထွက်အရောင်းသွက်တဲ့ Export ပဲအချို့လက်ကျန် ပြတ်သလောက် နည်းသွားချိန်မှာ ဒေသခံ ကုန်သည်အချို့နဲ့ ရန်ကုန်ဝယ်လက်ဝယ်လိုအားတက်လာခဲ့လို့ ယခင်အပတ်ကထက် အရောင်းအဝယ် အားကောင်း သွက်လက်ခဲ့ပါတယ်။ ယခုရက်ပတ်ထဲမှာ တစ်တင်းအနိမ့်ဆုံး ၁၂၅၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၃၅၀၀ ကျပ်ထိ ဈေးရလာခဲ့ပြီး၊ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် ကိုအိတ် ၁၅၀၀ ခန့်အထိ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ် ကွက်က ကြားသိရပါတယ်။ စီးဆင်းမှုအနေနဲ့ ရာသီဥတုနဲ့ လမ်းပန်းအခြေအနေ အရ မန္တလေးကို အိတ် ၁၀၀၀ ခန့်နဲ့ ရန်ကုန်ကို အိတ် ၁၂၀၀ ခန့်သာ စီးထွက်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်

Sunday, 30 Oct 2011

              ရန်ကုန်တိုင်းဒေသကြီးဘုရင့်နောင်ဈေးကွက်အတွင်းပဲအားလုံးထဲမှာ အရောင်း အဝယ်အသွက်ဆုံး ပဲကတော့ ယခုတစ်ပတ် ပဲစင်းငုံပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံနီ၊ ဖြူကြား အရောင်း အဝယ်ဖြစ်မှုဟာ အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အတွင်း တန်ချိန် ၁၂၀၀၀ ကျော်တဲ့အထိ စံချိန်တင် တိုးတက်ခဲ့တာတွေ့ရပါတယ်။                   အရောင်းအဝယ်ဖြစ်တဲ့ထဲမှာ ဈေးအနိမ့်ဆုံး ရှမ်းစတွေပိုများတယ်လို့ သိရပါ တယ်။ အိန္ဒိယဝယ်လက်များ လတ်တလောရောင်းဖို့အတွက် ချက်ချင်းသင်္ဘော တင်ဖို့ ဈေးအသက်သာဆုံးပဲများ ဝယ်ယူနေခြင်းဖြစ်တယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ အိန္ဒိယမှာလည်း လာမယ့်လတွေမှာ ပဲအသစ်ဝင်တော့မှာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးများ ယခင်တစ်ပတ်အတိုင်း အောက်တိုဘာလ ၂၈ ရက်မှာလည်း ပဲစင်းငုံနီ တစ်တန် ကန်ဒေါ်လာ ၅၆၀-၅၈၀၊ ဖြူနီ တစ်တန် ကန်ဒေါ်လာ ၄၆၀- ၄၈၀ နဲ့ ငုံနီ(အဟောင်း) တစ်တန် ကန်ဒေါ်လာ ၅၅၀-၅၇၀ ဖြစ်ပါတယ်။ MIRT-MAPT

Sunday, 30 Oct 2011

                   ဟင်္သာတခရိုင်အတွင်း ဆောင်းသီးနှံဖြစ်တဲ့ မတ်ပဲကို တောင်သူများ အဓိက ထားစိုက်ပျိုးပါတယ်။ မတ်ပဲ စိုက်တဲ့ ရာသီနီးလာပြီဖြစ်လို့ ဟင်္သာတရဲ့ ကိုင်းမြေမှာ စိုက်ပျိုးတဲ့ တောင်သူများဟာ မတ်ပဲမျိုးများကို ဝယ်ယူ နေကြကြောင်း သိရပါတယ်။ မျိုးမတ်ပဲတစ်တင်း လက်ကားဈေးမှာ ၂၁၀၀၀ ကျပ်ရှိပြီး၊ လက်လီ ဝယ်ဈေးကတော့ တစ်တင်း ၂၂၀၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။ အရောင်း အဝယ်အများဆုံးဖြစ်တဲ့ မျိုးတွေကတော့ အထွက်နှုန်း ကောင်းတဲ့ဒေသမျိုး၊ ရေဆင်း၅ မျိုးတွေဖြစ်တယ်လို့ သိရပါတယ်။                     ယခုအပတ်မတ်ပဲဈေးကတော့ တစ်တင်း ၁၈၀၀၀ ကျပ်နဲ့ ဈေးအေးနေ တာတွေ့ရပါတယ်။ ပဲရောင်းဝယ်မှု အနေနဲ့ နေ့စဉ်ဖြစ်တဲ့ပေါက်ဈေးများနဲ့ ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်သို့ တစ်ပတ်အတွင်း ၁ တင်းခွဲဝင်အိတ် ၅၀၀၀ ခန့် တင်ပို့တယ်လို့သိရပါတယ။် အေးအေးခိုင်

Sunday, 30 Oct 2011

                  ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု အပတ်စဉ် တန်ချိန် နှစ်သောင်းဝန်းကျင်တင်ပို့နေရာမှ ယခင်တစ်ပတ်မှာ တန် ၅၅၀၀ ခန့် တင်ပို့မှုကျဆင်းခဲ့ပြီး ယခုတစ်ပတ် (အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ) အတွင်းမှာတော့ တန်ချိန် ၁၂၂၀၀ ကျော်ကို ပြန်လည်တိုးတက်တင်ပို့လာနိုင်ခဲ့ပါတယ်။ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၂၁ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၄၄၀၀၀၀ ကျော်ပြီဖြစ်ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၇၀ သန်းခန့် ရရှိနေပြီဖြစ်ပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှာ တန်ချိန် သုံးသိန်းကျော်၊ ဝင်ငွေအားဖြင့်ကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရရှိခဲ့လို့ ယခုနှစ်မှာ တင်ပို့မှု ပမာဏ အားဖြင့် တန်ချိန် ၁၄၀၀၀၀ ကျော်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုလတ် တလောအရောင်းအဝယ်ဖြစ်နေတာကြောင့် လာမယ့်သီတင်းပတ်မှာ လည်း ပုံမှန် တင်ပို့နိုင်မယ်လို့ ကုန်သည်များက ခန့်မှန်းထားပါတယ်။ MIRT- MAPT

Wednesday, 26 Oct 2011

            အောက်တိုဘာ ၉ ရက်မှ ၁၅ ရက် အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန်၁၇၅၉၊ တန်ဖိုး ဒေါ်လာ သုညဒသမ ၅၁၇ သန်းဖိုး အိန္ဒိယ၊ ဗီယက်နမ်၊စင်ကာပူ နိုင်ငံများကို တင်ပို့ခဲ့ပါတယ်။ယခင်အပတ်က တန် ၂၇၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခုအပတ်တန် ၁၀၀၀ ခန့် အပို့လျော့ခဲ့တာ တွေ့ရပါတယ်။ ပင်လယ်ရေကြောင်းမှ အပို့လျော့ပေမယ့် နယ်စပ်ကုန်သွယ်ရေးကနေ တန် ၁၄၀၀၀ ကျော် တင်ပို့နိုင်တာတွေ့ရပါတယ်။ လက်ရှိ FOB ရန်ကုန်ဈေးကတော့ ပြောင်းလဲမှု မရှိဘဲ ပြောင်းတစ်တန်ကို ဒေါ်လာ (၂၉၀ - ၃၀၅) ကြား ဈေးပေါက် လျက်ရှိပါတယ်။ KZW

Monday, 24 Oct 2011

                  ၂၀၁၀-၂၀၁၁ မှာ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ရော်ဘာစိုက်ဧက ၉၅၅၊ အစေးခြစ်ဧက ၈၇၊ အထွက်နှုန်း ၇၉၉ ပေါင်နဲ့ စုစုပေါင်းအထွက်ပေါင် ၇၀၀၀၀ ( ၃၁ ဒသမ ၅ မက်ထရစ်တန်)ထွက်ခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်မှာ စိုက်ဧက ၁၀၀၀ မှ ၂၀ ရာခိုင်နှုန်းခန့်တောမီးများကြောင့် မီးလောင်ဆုံးရှုံးခဲ့သော်လည်း စိုက်ဧက ၈၀၀ ကျော်မှ ၉၂ ဧက အစေးခြစ်နိုင်ပြီး ယခင်နှစ်ကထက် အစေးခြစ်ဧက ပိုလာပါတယ်။ ယခုနှစ်မိုးများခြင်းကြောင့် ဧပြီလမှ သြဂုတ်လကုန်အထိ ပေါင် ၄၀၀၀ သာထွက်ပြီး အထွက်နှုန်း ၈၉၀ ဒသမ ၉၂ ပေါင် ထွက်ရှိပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ၂၀၁၁-၂၀၁၂ ခုနှစ် ရော်ဘာအထွက် လျာထားမှုမှာ ပေါင် ၈၀၀၀၀ ဖြစ်ပါတယ်။ အစေးခြစ် ဧက ၉၂ ဒသမ ၅ မှ အထွက်နှုန်း ၈၉၀ ဒသမ ၉၂ ပေါင်ဖြင့်တွက်ပါက အထွက် ၈၂၄၁၀ ပေါင် (၃၇ ဒသမ ၃၉ မက်ထရစ်တန်)ဖြစ်လို့ လျာထားချက်ထက် ပိုထွက်နိုင်မှာဖြစ်ပါတယ်။ ရော်ဘာဟာ အခွန်ကင်းလွတ်ခွင့်ရ သီးနှံဖြစ်ပြီး ဒေသတွင်းရော်ဘာပေါက်ဈေး အနေနဲ့ တစ်ပေါင် ၁၂၀၀ ကျပ်မှ ၁၈၀၀ ကျပ်ပေါက်ဈေးရှိရာ ရှမ်းပြည်နယ် တောင်ပိုင်းအနေနဲ့ နှစ်စဉ်ရော်ဘာစိုက်ဧကနဲ့ အထွက်များ တိုးတက်လျက်ရှိကြောင်း သိရပါတယ်။ သန်းတိုး

Monday, 24 Oct 2011

                     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများ မှတစ်ဆင့် ကန်ဒေါ်လာ ၁ ဒသမ ၄၆၈ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၃၃၂ တန်ကို အောက်တိုဘာလ ၁၀ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း အပို့ ရှိခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုများကတော့ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၀၈ သန်းတန်ဖိုးရှိ RSS-3 ၂၄ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၉၀၈ သန်းတန်ဖိုးရှိ MSR -20  ၂၀၄ တန်၊ ကန်ဒေါ်လာ သုညဒသမ ၁၉၁ သန်းတန်ဖိုးရှိ MSR -50 ၄၄ တန်နဲ့ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၆၁ သန်းတန်ဖိုးရှိRSS-5 ၆၀ တန် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် ၄၆ တန် အပို့လျော့ခဲ့ပြီး ရော်ဘာအဆင့်လိုက် နှိုင်းယှဉ်မယ်ဆိုလျှင် RSS-3 ၂၂၈ တန် အပို့လျော့ပြီး MSR -20 ၉၆ တန်၊MSR -50 ၂၅ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ သယ်ယူပို့ဆောင်စရိတ်များ  မြင့်တက် နေတဲ့အတွက် ရော်ဘာအပို့လျော့ည်းလျက်ရှိပါတယ်။ ရော်ဘာ ၁ ပိဿာလျှင် သယ်ယူစရိတ် ၈၀ ကျပ်နှုန်းဖြစ်ပြီး ယခင်အပတ်ကထက် ၁၀ ကျပ် ပိုမိုခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-                                          မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု               ယခင်        ပြောင်းလဲမှု   %      ယခု       ယခင်   ပြောင်းလဲမှု     %RSS - 3     ၃၄၂၅၈၆၀     ၃၄၁၃၈၀၀     ၁၂၀၆၀     ၀ .၄    ၄၁၅၇     ၄၁၅၈         ၁         ၀ .၀၂RSS - 5    ၃၃၁၂၃၇၉     ၃၃၀၀၃၁၉      ၁၂၀၆၀     ၀ .၄    ၄၀၁၁      ၄၀၀၁         -           -MIRT (DOBT)

Monday, 24 Oct 2011

                   အောက်တိုဘာလ ၉ ရက်မှ ၁၅ ရက်အထိ ကာလ အတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၄၃၃ တန် မလေး ရှားနဲ့ စင်ကာပူကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတန် ၂၀၀ ခန့်သာ တင်ပို့ခဲ့ပါတယ်။ ရော်ဘာ စတင်ထွက်တဲ့ရာသီဖြစ် တာကြောင့် တင်ပို့မှု တဖြည်းဖြည်း တက်လာတာဖြစ်ကြောင်း သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ ၃၃၂ တန် တင် ပို့ပြီး မှန်မှန်လေးသွားနေတာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတောRSS-3, MSR -20 တစ်တန်ကို ဒေါ်လာ ၄၀၀၀ နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ ၃၉၀၀ အသီးသီး ဈေးရှိကြောင်း သတင်းရရှိပါတယ်။ KZW

Monday, 24 Oct 2011

                အရင်နှစ်တွေမှာ ရှမ်းနနွင်းက ပုံမှန်အရောင်းအဝယ်ဖြစ်ပြီး၊ ရောင်းသူဝယ်သူမျှတဲ့နှစ်ဖြစ်ခဲ့ပေမဲ့ ဒီနှစ်ကတော့ ဝယ်သူလျော့တဲ့နှစ်လို့ဆိုရမှာဖြစ်ပါတယ်။ ပေါ်ကာစမှာ နနွင်းသန့်ကို ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ပြည်ပဝယ်လိုအားမရှိတာကြောင့် ဈေးငြိမ်နေခဲ့ပါတယ်။ အရင်တစ်ပတ်မှာ နနွင်းခါးက အဝယ်လိုက်ခဲ့ပေမဲ့ ဒီတစ်ပတ်တော့ နည်းနည်းငြိမ်သွားပါတယ်။ အခုလောလော ဆယ်မှာတော့ ပြည်တွင်းဝယ်လက်တွေက နနွင်းမှုန့်ပြုလုပ်ဖို့နဲ့ အရောင်တင်ဆီအတွက် အသုံးပြုဖို့ ဝယ်ယူလာတာကြောင့် ဆင်တောင် နနွင်းက ပြည်ပတင်ပို့ရန်အထိတော့ တန်ချီပြီးမရှိတော့ ဘူးလို့ နနွင်းပွဲရုံတွေက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာဒီတစ်ပတ်နနွင်းပေါက်ဈေးကတော့ ပင်လောင်းနနွင်းကတစ်ပိဿာ ၃၅၀-၄၀၀ ကျပ်၊ ဟိုပုံးနနွင်းက ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်၊ ဆင်တောင်နနွင်းက ၂၈၀၀-၃၂၀၀ ကျပ်နဲ့ ပင်လောင်း နနွင်းခါးက တစ်ပိဿာ ၂၅၀-၃၀၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်

Monday, 24 Oct 2011

                မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၉၆၃ တန်ဖိုးရှိ နနွင်းတက် ၆၁ တန်ကျော် အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၀ ကျော် တင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)

Pages