Background
မူဆယ် ၁၀၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာသုည ဒသမ ၀၄၈ သန်းတန်ဖိုးရှိ ပြောင်းဖူးမှုန့် ၁၃၇ တန်ကျော် အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်အထိအပို့ရှိခဲ့ပါတယ်။ ကန်ဒေါ်လာ ၃ ဒသမ ၆၅၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၃၀၉၈ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၈၂ သန်းတန်ဖိုးရှိ နှံစားပြောင်း ၂၆၈တန်အပို့ရှိခဲ့ပါတယ်။ မူဆယ်မှ ယခင်အပတ်က ပြောင်း ၁၄၂၅၆ တန် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်တင်ပို့မှုကတော့ ၈၈၉ တန်လျော့နည်း ခဲ့ပါတယ်။မိမိဘက်မှာရောတစ်ဘက်နိုင်ငံမှာပါပြောင်းဈေးမြင့်တက်နေပြီး တစ်ဘက် နိုင်ငံမှာတော့ နှံစားပြောင်းဈေး ကျလျက်ရှိပါတယ်။ နှစ်နိုင်ငံ မြေပြင်ပေါက်ဈေးများ ကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၆၂၅၅၉ ၂၂၈၃၆၅ ၃၄၁၉၄ ၁၃ ၂၉၂ ၂၈၂ ၁၀ ၄နှံစားပြောင်း ၂၅၉၀၀၀ ၂၅၃၀၀၀ ၆၀၀၀ ၂ ၃၆၁ ၃၆၇ ၆ ၂MIRT(DOT)
အောက်တိုဘာ ၂ ရက်မှ ၈ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၂၇၃၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၇၉၆ သန်းကို အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနဲ့ ဗီယက်နမ်နိုင်ငံ ၄ နိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၁၄၀၀ ကျော်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ နှစ်ဆနီးပါးပိုမိုတင်ပို့ နိုင်တာ တွေ့ရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း ပြောင်းဖူးစေ့ တန် ၁၃၀၀၀ ကျော် အပြင် ပြောင်းဖူးမှုန့် ၁၃၇ တန် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ပြောင်းဖူးစေ့ကို FOB စနစ်နဲ့ ပုံမှန်တင်ပို့ရာကနေ ဃှုၤ စနစ်နဲ့ တင်ပို့ ရန်ရှိကြောင်းလည်းသိရပါတယ်။လက်ရှိ FOB(ရန်ကုန်)ရဲ့ ဈေးနှုန်းကတော့ပြောင်းလဲမှုမရှိဘဲ၊ ဒေါ်လာ (၂၉၀-၃၀၅) ကြားဈေးပေါက်လျက်ရှိပါတယ်။ KZW
အောက်တိုဘာ ၁၀ ရက် အာရှရော်ဘာဈေးနှုန်းတွေက အောက်တိုဘာလဆန်းပိုင်းက နှုန်းထား ထက် ပိုမိုအားကောင်း လာတယ်။ ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုများ လျော့ကျသွားခြင်း ၊ ရေနံစိမ်းဈေးနှုန်း ပြန်လည်အားကောင်းလာခြင်းနဲ့ ရော်ဘာထုတ်လုပ်မှုအများဆုံး ထိုင်းနိုင်ငံမှာ ရေကြီးမှုဒဏ်ခံစားနေရခြင်းတို့ကြောင့် ရော်ဘာဈေးနှုန်း ဦးမော့လာတယ်လို့ သိရတယ်။ ဒါကြောင့် ယခင်အပတ် အောက်တိုဘာ ၃ ရက်က တစ်တန်ကို ၄၁၃၆ ဒေါ်လာရှိခဲ့တဲ့ ထိုင်းရော်ဘာ RSS-5 အမျိုးအစားက အောက်တိုဘာ ၁၀ ရက်မှာ တစ်တန်ကို ၄၁၇၀ ဒသမ ၅၀ ဒေါ်လာအထိ ရောက်ရှိခဲ့တယ်။ ဒါ့အပြင် မလေးရှား ရော်ဘာ ( Standard Malaysia Rubber-SMR 20) အမျိုးအစားကလည်း တစ်တန်ကို ၄၀၈၉ ဒေါ်လာမှ ၄၁၉၇ ဒသမ ၅၀ ဒေါ်လာအထိ ဈေးမြင့်လာတယ်။ ဒါ့အပြင် ကမ္ဘာ့ရော်ဘာသုံးစွဲမှု အများဆုံး တရုတ်နိုင်ငံက ရော်ဘာဈေးနှုန်းကျဆင်းနေချိန်မှာ ရော်ဘာ ဝယ်ယူသိုလှောင် ထားဖို့ စီစဉ်နေခြင်း ၊ ပြည်တွင်းကားအရောင်းနှုန်း မြင့်မားနေခြင်းကလည်း ရော်ဘာဈေးနှုန်းကို အထောက်အပံ့ပေးနေတယ်လို့ သိရပါတယ်။ ပပ၊ Source:rubberboard.org.in, bernama.com
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၆၇၉ သန်းတန်ဖိုးရှိ ရော်ဘာ ၃၇၈ ဒသမ ၅ တန်ကို အောက်တိုဘာလ ၅ ရက် မှ ၁၁ ရက်ထိကာလ အတွင်း တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့ မှုထက် ၉၂ တန်ခန့် လျော့နည်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ရော်ဘာအဆင့်အလိုက် တင်ပို့မှုများကတော့ RSS-3 ၂၁၁ တန်ခွဲ ၊MSR -20 ၁၀၈ တန်၊ MSR -50 ၁၉ တန်နဲ့ ချင်းရွှေဟော်မှ RSS-3 တန် ၄၀ အသီးသီးဖြစ်ပါ တယ်။ ယခင်အပတ်ကထက် မူဆယ်မှ ၄၈ တန်ကျော် အပို့ပိုမိုခဲ့သော်လည်း ချင်းရွှေဟော်မှ တန် ၁၄၀ ကျော်တင်ပို့မှု လျော့ နည်းခဲ့ပါတယ်။ မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာရော မြေပြင်ဈေးများ သိသိသာသာ ပြောင်းလဲမှုမရှိတာ တွေ့ရပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၃၄၁၃၈၀၀ ၃၄၁၃၈၀၀ - - ၄၁၅၈ ၄၁၅၉ ၁ ၀ .၀၂RSS - 5 ၃၃၀၀၃၁၉ ၃၃၀၀၃၁၉ - - ၄၀၀၁ ၄၀၀၂ ၁ ၀ .၀၂MIRT (DOBT)
အောက်တိုဘာ၂ ရက်မှ ၈ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂၀၁ တန်၊ တန်ဖိုး ကန် ဒေါ်လာ သုည ဒသမ ၈၈၇ သန်းတန်ဖိုးကို စင်္ကာပူသို့ တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၀ ခန့်သာ တင်ပို့ ခဲ့တာကြောင့် ယခု တစ်ပတ်မှာတော့ တင်ပို့မှုတိုးတက်လာ တာတွေ့ရပါတယ်။ ရော်ဘာစတင် ထွက်ရှိတဲ့ ရာသီကို ရောက်လာတာကြောင့် မကြာမီ ပိုမိုတင်ပို့နိုင်တော့မယ်လို့ သိရပါတယ်။ နယ်စပ်ကတော့ တန် ၄၀၀ နီးပါး ပုံမှန် တင်ပို့ နေတာတွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ၊RSS-3 , MSR-50 တစ်တန်ကို ဒေါ်လာ ၄၀၀၀ နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ ၃၉၀၀ အသီးသီးဈေးရှိကြောင်း သတင်းရရှိပါတယ်။ KZW
ယခင်နှစ်က အကျိုးအမြတ်ရရှိခဲ့တာကြောင့် တောင်သူများစိုက်ဧရိယာတိုးချဲ့လာတဲ့အတွက် ယခု မိုးရာသီမှာ နနွင်း အမြောက်အမြားထွက်ရှိနိုင်တယ်လို့သိရပါတယ်။ ၂၀၀၉-၁၀မှာ နနွင်းတစ်အိတ် ၇၅ ကီလိုပါ အိတ်ပေါင်း ၄ ဒသမ ၈သန်း ထွက်ရှိခဲ့ပြီး ၂၀၁၀-၁၁ မှာအိတ်ပေါင်း ၆ ဒသမ ၅ သန်းထွက်ရှိခဲ့လို့ ယခုနှစ်မှာ အိတ်ပေါင်း ၈ ဒသမ ၅ သန်းဝန်းကျင် ထွက်ရှိနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ အစောပိုင်းက တောင်သူတွေဟာ နနွင်းတစ်ကီလို ရူပီး ၂၀-၃၅ (ကန်ဒေါ်လာ ၀ ဒသမ ၄၁-၀ ဒသမ ၇၁) ဝန်းကျင် ရရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း တောင်သူများအနေနဲ့ တစ်ကီလိုကို ရူပီး ၁၇၅-၂၂၅ (ကန်ဒေါ်လာ ၃ ဒသမ ၅၆-၄ ဒသမ ၅၇) အထိ အကျိုးအမြတ်များစွာရရှိခဲ့တယ်လို့ မွန်ဘိုင်းအခြေစိုက်ကုန်သည် Manubhai Shah ကဆိုပါတယ်။ တမီလ်နာဒူးမှာ ယခင်နှစ်က အိတ်ပေါင်း ၃ ဒသမ ၅ သန်းထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ အိတ် ၄ ဒသမ ၅ သန်းအထိ ထွက်ရှိ နိုင်တယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က နနွင်းဈေးကောင်းနဲ့ ရောင်းချရတဲ့အတွက် အင်ဒရာပရာဒေ့ရှ်နဲ့ တမီလ်နာဒူးပြည်နယ်က တောင်သူများ ဟာ စိုက်ဧကတွေတိုးချဲ့ခဲ့ပါတယ်။ ဈေးနှုန်းတွေကျဆင်းလာတဲ့တိုင် ၂၀၁၀ ခုနှစ်အတွင်းမှာ နနွင်းတစ်တန် ရူပီး ၁၆၀၀၀၀ (ကန်ဒေါ်လာ ၃၂၅၃)အထိအမြင့်ဆုံးဈေးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ ယခင်နှစ်ထုတ်လုပ်မှုနဲ့ ဝင်ရောက်မှုအများဆုံးဖြစ်တဲ့ ဇန်နဝါရီလ ကထဲက ဈေးနှုန်းကျဆင်းခဲ့တာဖြစ်ပါတယ်။ ယခုနှစ်လက်ကျန်အိတ်ပေါင်း ၁ ဒသမ ၅ သန်းနဲ့ ၂ သန်းထိရှိနိုင်တဲ့အတွက် ၂၀၁၁-၁၂ ရဲ့ နှစ်ကုန်လက်ကျန်ဟာ အိတ်ပေါင်း ၁၀ သန်းအထိ မြင့်တက်နိုင်တယ်လို့သိရပါတယ်။ ရာသီဥတုအခြေအနေ ကောင်းလာတာနဲ့အမျှ စိုက်ပျိုးမှုကလည်း မြင့်တက်နေဆဲဖြစ်ပြီး၊ နနွင်းသစ်များ ဈေးကွက်ကို ဇန်နဝါရီလမှာ စတင်ဝင်လာတော့မှာဖြစ်ပါတယ်။ ကုန်သည်များနဲ့ လေ့လာ ဆန်းစစ်မှုများရဲ့ ခန့်မှန်းချက်အရ ပြည်တွင်းနဲ့ နိုင်ငံတကာဝယ်လိုအား ကောင်းမွန်လာမှုအရ နောက်သီတင်းပတ်အနည်းငယ်မှာ နနွင်းဈေးမြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နနွင်းအမြောက်အမြား မကြာခင်ထွက်ရှိတော့မှာဖြစ်လို့ ကာလတိုအတွင်း နနွင်းသစ်ရာသီမှာ ဈေးကျဆင်းမှုဖြစ်လာနိုင်တယ်လို့လည်းဆိုပါတယ်။ လတ်တလော ပွဲတော်ရာသီဖြစ်တာကြောင့် အိန္ဒိယမြောက်ပိုင်းနဲ့ ပြည်တွင်းဝယ်လိုအားခိုင်မာနေပြီး၊ စင်ကာပူနဲ့မလေးရှား တို့ကလည်း ပြည်ပအဝယ်တက်လာတယ်လို့ Angel Commodities မှ သုတေသနလေ့လာ ဆန်းစစ်သူ Malini Rao မှ ပြောကြားပါတယ်။ ယခုနှစ်ဧပြီလမှ သြဂုတ်လအတွင်း နနွင်းတင်ပို့မှုတန်ချိန် ၃၆၅၀၀ ရှိတာကြောင့် ယခင်နှစ်ထက် ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ လက်ငင်းဈေးကွက်မှာ နနွင်းဈေးဟာ အရည် အသွေးပေါ်မူတည်ပြီး တစ်တန် ရူပီး ၆၀၀၀၀-၇၂၀၀၀(ကန်ဒေါ်လာ ၁၂၂၀- ၁၄၆၄) ရှိတယ်လို့သိရပါတယ်။ လှောင် လက်များနဲ့ လက်လီရောင်းချသူများက ဝယ်လိုအားရှိပြီး ဈေးကွက်ကို ဝင်ရောက်မှုနည်းခြင်းက ဈေးနှုန်းမြင့် တက်လာနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ယမင်းခင်၊ Source: businessstandard
ရှမ်းနနွင်း(ခါး)တွေကို ပရဆေးဖော်ဖို့အတွက် မူဆယ်ဝယ်လက်တွေ ဝယ်ယူနေတာကြောင့် အရောင်း အဝယ် နည်းနည်း ဖြစ်နေတယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။ ဒီနှစ်တော့ နနွင်းသစ်တွေလည်း ဈေးကွက်ကို တော်တော်နဲ့ ဝင်လာမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ နနွင်းက အစိုအတိုင်း ရောင်းလို့မရတာကြောင့် အခြောက်ပြုလုပ်ပြီးမှသာ ဈေးကွက်ကို ဝင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဈေးမရှိရင် ဖော်ပြီးအခြောက်မပြုလုပ်တော့ဘဲ မြေကြီးထဲမှာသာ ထားကြမယ်လို့သိရပါတယ်။ မြေထဲမှာလည်း ၃ နှစ်လောက်အထားခံတာကြောင့် အဲဒီမြေပေါ်မှာ အခြားသီးနှံတွေပြန်မစိုက်မချင်း ထားနိုင်တယ်လို့ တောင်သူတွေထံက သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးကတော့ ပင်လောင်းနနွင်းက တစ်ပိဿာ ၂၅၀ ကျပ်၊ ရိုးရိုးနနွင်းက ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်နဲ့ ဆင်တောင် နနွင်းဈေးက တစ်ပိဿာ ၃၂၀၀ ကျပ်ဈေးရှိပါတယ်။ ပရဆေးဖော်ဖို့အတွက် အသုံးပြုတဲ့ ပင်လောင်းနနွင်းခါးက တစ်ပိဿာ ၃၀၀ ကျပ်၊ ၃၅၀ ကျပ်ဈေးရှိတယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
ကျောက်ဆည်မြို့နယ်ရှိ ဗမာနနွင်းတက်မှာ ယခုတစ်ပတ်အရောင်းအေးနေဆဲဖြစ်ပြီး၊ ယခင်တစ်ပတ်ထက် ဈေးဆက်လက် ကျဆင်းလာတယ်လို့ သိရပါတယ်။ မူဆယ်ဝယ်လက်သာ အဆွဲရှိပြီး၊ ယခုတစ်ပတ် ၆ ဘီးကား တစ်စီးနဲ့ ကုန်ချိန်ပိဿာ ၈၀၀၀ ဝန်းကျင်သာတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကားသယ်ခနှုန်းထားများလည်း ယခင်ကထက် မြင့်တက်လာသော်လည်း မူဆယ်ဝယ်လက် အဝယ်အေးတာကြောင့် ယခုတစ်ပတ် ကျောက်ဆည် နနွင်းတက်မှာ ဒေသဈေး ၁၅၀၀ ကျပ် ဝန်းကျင်နဲ့ ယခင်တစ်ပတ်ကထက် ဈေးကျလာတယ်လို့ နနွင်းတက် ဈေးကွက်က သိရပါတယ်။ သင်းသင်းမြတ်
ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ အောက်တိုဘာ ၂ ရက်မှ ၈ ရက် နေ့တာကာလအတွင်း နနွင်း ၁၇ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံပဲ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ၁၆ ဒသမ ၅ တန်သာအပို့ရှိခဲ့ လို့ ဒီတစ်ပတ်မှာလည်း ပုံမှန်အပို့ရှိခဲ့တယ်လို့ ဆိုရပါမယ်။ တစ်တန်ကို အက်ဖ်အို ဘီဈေး ကန်ဒေါ်လာ ၁၅၀၀ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန် ဒေါ်လာ ၂၅၅၀၀ ရရှိခဲ့ပါတယ်။ MIRT (DOT)
တောင်ကြီးဈေးကွက်မှာ ဇူလိုင်လကနေ အောက်တိုဘာလဆန်းအထိ တစ်ပိဿာကို ၅၀၀ ကျပ်မှ ၁၁၀၀ ကျပ်ဈေးပတ်ချာလည် နဲ့ ဈေးငြိမ်နေတဲ့ ကြက်သွန်ဖြူက ဒီတစ်ပတ်မှာ ဈေးပြန်တက်လာပါတယ်။ တစ်ပိဿာကို ၁၀၀ ကျပ် -၁၅၀ ကျပ်ခန့် ဈေးတက်လာနေတာကြောင့် လှောင်လက်အချို့တွေက ထုတ်ရောင်းနေပါတယ်။ မုံရွာဝယ်လက်တွေက အိန္ဒိယကို ပို့ဖို့အတွက် ဝယ်ယူ နေတာရယ်၊ လက်ကျန်လည်းနည်းလာတာရယ်ကြောင့် ဈေးတက်လာတယ်လို့ သိရ ပါတယ်။ တောင်သူတွေကတော့ ဒီသီတင်းကျွတ်လဆန်းမှာပြန်ပြီး စိုက်နေကြပါတယ်။ စိုက်ဧကကလည်း မနှစ်ကလိုဘဲ ပုံမှန်ပြန်စိုက်ပါတယ်။ ဒီနှစ်က ဈေး မကောင်းဘူးဆိုပေမယ့် ပြည်တွင်းသုံးအတွက် ရန်ကုန်-နေပြည်တော်က ဝယ်ယူနေ တာကြောင့် တစိမ့်စိမ့်ရောင်းနေရတယ်လို့လည်း သိရပါတယ်။ တောင်ကြီး ပွဲရုံ တွေမှာတော့ လက်ကျန်ပိဿာချိန် ၂ သိန်းခန့်ကျန်နေသေးတယ်လို့ ဒေသခံပွဲရုံ တွေက သိရပါတယ်။ ဒီတစ်ပတ် တောင်ကြီးဈေးကွက်မှာ ကြက်သွန်ဖြူ(လတ်ခြား) တစ်ပိဿာ ၇၀၀ ကျပ် (ထူး-၁) ၈၀၀ ကျပ်၊ (ထူး -၂) ၁၀၀၀ ကျပ်၊ (ထူး-၃) ၁၁၀၀ ကျပ်၊ (ထူး -၄) ၁၃၀၀ ကျပ် ဈေးရှိပါတယ်။ လဲချားအပင်ပါကတော့ တစ်ပိဿာ ၆၅၀ ကျပ်-၇၀၀ ကျပ်ဈေးရှိပြီး၊ အောင်ပန်းဈေးကွက်မှာတော့ (လတ်ခြား) ၇၀၀ ကျပ်(ရှယ်) ၈၀၀ ကျပ် (ထူး-၁) ၉၀၀ ကျပ်၊ (ထူး -၂) ၁၀၀၀ ကျပ်၊ (ထူး -၃) ၁၁၀၀ ကျပ်၊ (ထူး -၄) ၁၃၀၀ ကျပ်မှ ၁၄၀၀ ကျပ်ဈေးရှိပါတယ်။ (ထူး -၄)ကို ပြန်လည်ပြုပြင်ပြီးရောင်းရင် တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်
