Background
အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၈၂၀ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၀၅၀တန်ခန့်အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် တန် ၂၀၀ ခန့် လျော့နည်းခဲ့ပါတယ်။ ယခုအပတ် ပဲတီစိမ်း ကုန်တက်လည်းနည်းတယ်လို့ ၁၀၅ မိုင်ရှိ ပဲ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ မိမိဘက် မြေပြင် ဈေးအနည်းငယ်မြင့်သော်လည်း တစ်ဘက်နိုင်ငံဈေးကတော့ ပြောင်းလဲမှုမရှိပါဘူး။ ယခုအပတ် နှစ်နိုင်ငံ မြေပြင်ပေါက် ဈေးများကို ယခင်အပတ်ဈေးနဲ့ နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၇၀၂၅၂၇ ၆၅၃၅၀၀ ၄၉၀၂၇ ၈ ၈၉၄ ၈၉၄ - -MIRT (DOBT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပြည်ပဝယ်လိုအားနည်းတာကြောင့် ပဲတီစိမ်းတန် ၂၀၀၀ ခန့်၊ ပဲတီရွှေဝါတန် ၆၇၀ ကျော်နဲ့ ပဲတီစိမ်းခွဲခြမ်း ၁၃၀ ခန့် စုစုပေါင်း တန် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ပဲတီစိမ်းအသစ်တွေ ဝင်ရောက်မှုရှိနေဆဲဖြစ်ပြီး ပဲတီစိမ်း အဝင်ရပ်မယ့် လာမယ့်လများမှာတော့ မြန်မာပဲတီစိမ်းကိုအဝယ်ပြန်လိုက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယခုတစ်ပတ် အတွင်း ပဲတီရွှေဝါကို အရောင်းအဝယ် ဖြစ်မှု များတာ တွေ့ရပါတယ်။ အရောင်းအဝယ်ဖြစ်မှုနည်းပြီး ပို့ကုန်ဝင်ငွေ တစ်ဒေါ်လာ တန်ဖိုး လျော့ကျမှုကြောင့် FOB ဈေးလည်း အနည်းငယ် လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/တန် ပဲတီစိမ်းအညာ ပဲတီရွှေဝါအသေး ပဲတီရွှေဝါအကြီး၁၄-၁၀-၁၁ ၇၅၀-၇၇၀ ၈၀၀-၈၂၀ ၁၀၀၀-၁၀၂၀၇-၁၀-၁၁ ၇၈၀-၈၀၀ ၈၄၀-၈၆၀ ၁၀၂၀-၁၀၄၀MIRT(MAPT)
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းကန်ဒေါ်လာသုည ဒသမ ၁၁၇၉ သန်းတန်ဖိုးရှိ ပဲယင်း ၂၃၄ တန်ခန့် အပို့ရှိခဲ့ပြီး ယခင် အပတ်ကထက် ၁၁ တန်ခန့် ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ မြေပြင် ပဲယင်းဈေး ဟာ မိမိဘက်မှာ မြင့်တက်သော်လည်း တစ်ဘက်နိုင်ငံဈေးမှာ ပြောင်းလဲမှု မရှိဘူးလို့သိရပါတယ် မိမိဘက် (ကျပ်/ တန်) ယခု ယခင် ပြောင်းလဲမှု %၃၇၈၀၀၀ ၃၅၈၀၀၀ ၂၀၀၀၀ ၆ တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ၄၈၆ ၄၈၆ - -MIRT(MAPT)
ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၁၈၀ ခန့်သာရှိခဲ့ရာမှ ယခု အောက်တိုဘာလ ပထမပတ် (အောက်တိုဘာ ၂ ရက်မှ ၇ ရက်) အတွင်းမှာ တော့ တန်ချိန် ၄၁၀ ကျော်ထိ တင်ပို့မှု တိုးတက်ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် အတွင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၁၅၂၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူအောက်တိုဘာ၇ ရက်အထိ မှာ တန်ချိန် ၁၅၇၀၀ ခန့်ရှိလို့ ယခုနှစ်မှာ အနည်းငယ်လျော့ကျတင်ပို့မှု ရှိခဲ့တာ တွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး FOB ဈေး ကွက်မှာ ယခုတစ်ပတ် (အောက်တို ဘာ ၇ ရက်မှ ၁၃ ရက်) အတွင်း တန် ချိန် ၁၃၀ ကျော် အရောင်းအဝယ် စာချုပ် ချုပ်နိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ ၁၃ ရက်အထိမှာတော့ တန် ချိန် ၅၂၀ ကျော် အရောင်းအဝယ် ရှိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၄ ရက် FOB ဈေးမှာ ယခင်သီတင်း ပတ် ဈေးအတိုင်း FAQ တစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ နဲ့ ငြိမ်နေ ကြောင်း သိရပါတယ်။ MIRT-MAPT
ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်မှာ FOB ဝယ်လက်မရှိလို့ အရောင်းအဝယ်မဖြစ်သလောက်ပါးခဲ့ကာဈေးလည်းတစ်ရက်ထက်တစ်ရက် ကျဆင်းသွားခဲ့တာတွေ့ရပါတယ်။ ယခုလထဲမှာ တစ်တင်း ၁၄၂၀၀ ကျပ်ထိ အမြင့် ဆုံးပေါက်ခဲ့ရာက ယခုတစ်ပတ်မှာ တစ်တင်း ၁၃၁၀၀ ကျပ်ထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ မန္တလေးလက်အနည်းငယ်နဲ့ ပခုက္ကူလက်အဝယ် အနည်းငယ်ရှိခဲ့လို့ တစ်ရက်တင်း ၂၀၀၊ ၃၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ မုံရွာ ကုန်စည်ဒိုင်ဈေးကွက်ထဲမှာ ဒေသခံကုန်သည် အချင်းချင်း ကြိုက်ရောင်း ကြိုက်ဝယ် အသင့်အတင့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အတွင်း စီးဆင်းမှု အနေနဲ့ မန္တလေးကို တင်း ၁၀၀၀ ခန့်နဲ့ ပခုက္ကူကို တင်း ၁၂၀၀ ခန့်ရှိခဲ့ ကြောင်း သိရပါတယ်။ ထွန်းလှိုင်
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်မှာ ပဲစင်းငုံနီကို FOB အရောင်းအဝယ် မရှိသလောက်နည်းတာ တွေ့ရပါတယ်။ ယခင် သီတင်းပတ်က တန်ချိန် ၁၄၀၀ ခန့် ပြည်ပအရောင်းအဝယ် စာချုပ်ခဲ့ပေမဲ့ ယခုသီတင်းပတ် (အောက်တိုဘာ လ ၇ ရက်မှ ၁၃ ရက်) အတွင်းမှာတော့ ပဲစင်းငုံနီခွဲခြမ်း တန်၅၀ခန့်သာ အရောင်းအဝယ်စာချုပ်ခဲ့ပြီး ပဲစင်းငုံဖြူနီနဲ့ အနီမှာ အရောင်းအဝယ်ဖြစ်မှုမရှိကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက်များအနေနဲ့ ပြည်တွင်းမှာ ဈေးကျဆင်းနေခြင်း၊ ပဲအသစ်မထွက်မီ ဈေးသက်သာတဲ့ အာဖရိကပဲစင်းငုံကို ဝယ်ယူဖို့ စောင့်ကြည့်နေခြင်း တို့ကြောင့် မြန်မာပဲစင်းငုံ အဝယ်နည်းသွားခြင်းဖြစ်ပါတယ်။ အရောင်းအဝယ်နည်း ပြီး ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး ကျဆင်းခြင်းတို့ကြောင့် ရန်ကုန် FOB ဈေးလည်း ကျခဲ့ပါတယ်။ ပဲစင်းငုံနီ ဖြူနီ ငုံနီ(အဟောင်း)၁၄-၁၀-၁၁ ၅၈၀-၆၀၀ ၄၈၀-၅၀၀ ၅၇၀-၅၉၀၇-၁၀-၁၁ ၅၉၅-၆၁၅ ၄၇၀-၄၉၀ ၅၈၀-၆၀၀MIRT(MAPT)
ယခင်သီတင်းပတ်များက ပြည်ပကို ပဲစင်းငုံတန်ချိန် ၆၀၀၀ ကျော်၊ ၇၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုသီတင်းပတ် (အောက်တိုဘာလ ၂ ရက်မှ ၇ ရက်) အတွင်း မှာတော့ တန်ချိန် ၅၁၀၀ ကျော်ကို လျော့ကျလာခဲ့ပါတယ်။ ပြည်ပဝယ်လိုအား နည်းတာကြောင့် တင်ပို့မှုလျော့ကျလာခြင်းဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင် ဘာလ ၇ ရက်နေ့အထိ ပဲစင်းငုံတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၂၅၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက တန်ချိန် ၅၈၀၀၀ ကျော်ရှိလို့ ယခုနှစ်ကာလတူမှာ တစ်ဆကျော်ပိုတင်ပို့လာနိုင်တာတွေ့ရပါတယ်။ လတ်တလောမှာ ပြည်ပအရောင်း အဝယ်နည်းလို့ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။ MIRT-MAPT
ပြည်ပွဲရုံတွေရဲ့ မတ်ပဲဈေးမှာ ယခင်တစ်ပတ်ကဈေးအတိုင်း ငြိမ်နေပြီး၊ ပဲတစ်တင်း ၁၈၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ သီတင်းကျွတ်ပွဲတော်ရက် ဖြစ်လို့အရောင်းအဝယ်အေးနေပြီး၊ ဈေးလည်းအေးနေပါတယ်။ မြို့ခံပဲကုန်သည် များမှ တစ်နေ့ ပဲအိတ် ၄၀၀-၅၀၀ ခန့် ရန်ကုန်ဝယ်လက်အဝယ်ရှိပြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်၊ လက်ပံတန်း၊ အုတ်ဖို၊ ကြို့ပင်ကောက်ဘက်မှ ရန်ကုန် ဘုရင့်နောင် သို့ တစ်နေ့ကို ပဲအိတ် ၂၀၀၀ ခန့် တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ မိမိအေး
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲအရောင်းအဝယ်ဖြစ်မှုကတော့ ယခင်သီတင်းပတ်ထက် ထက်ဝက်ခန့် လျော့ကျလာပါတယ်။ အိန္ဒိယဝယ်လက်များ အဝယ်နှေးတာကြောင့် ယခင်သီတင်း ပတ်က တန်ချိန် တစ်သောင်းကျော်အရောင်းအဝယ်စာချုပ်ခဲ့ရာမှ ယခုသီတင်းပတ် (အောက်တိုဘာ လ ၇ ရက်မှ ၁၃ ရက်) အတွင်းမှာတော့ သီတင်းကျွတ်ပိတ်ရက် ရှိခြင်းကြောင့် တန်ချိန် ၅၀၀၀ ကျော်သာ အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပါတယ်။ လတ်တလော အိန္ဒိယဈေးကွက်တွေမှာ မတ်ပဲအသစ်တွေ ရောင်းချနေလို့ မြန်မာမတ်ပဲ အဝယ်အေးနေတာဖြစ်ပေမဲ့ လာမယ့်လများမှာ မတ်ပဲသစ် ဝင်ရောက် မှု ပြီးဆုံးသွားရင်တော့ မြန်မာမတ်ပဲ အဝယ်ပြန်လိုက်လာနိုင်တယ်လို့ ကုန်သည်ကြီး များက ခန့်မှန်းထားပါတယ်။ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး အနည်းငယ်ကျဆင်း ခဲ့သလို ပြည်ပအဝယ်နှေးတာကြောင့် ရန်ကုန် FOB ဈေးလည်း အနည်းငယ်လျော့ ကျခဲ့ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၄-၁၀-၁၁ ၇၄၀-၇၆၀ ၈၁၅-၈၃၅၇-၁၀-၁၁ ၇၅၅-၇၇၅ ၈၃၀-၈၅၀MIRT(MAPT)
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်များက တန်ချိန် နှစ်သောင်းကျော်ရှိခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၂ ရက်မှ ၇ ရက်) အတွင်းမှာတော့ တန်ချိန် ၁၆၀၀၀ ကျော်ကို လျော့ကျတင်ပို့ခဲ့ တာ တွေ့ရပါတယ်။ လတ်တလော အရောင်းအဝယ်ဖြစ်မှုနည်းတဲ့အတွက် ယခင်အရောင်းအဝယ် ဖြစ် ထားတဲ့ ပဲများတင်ပို့နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာလ ၇ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့မှု ဟာ တန်ချိန် ၄၂၀၀၀၀ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၇၅၀၀၀ ကျော်သာရှိတာ တွေ့ရပါတယ်။ အိန္ဒိယမှာ မတ်ပဲအသစ်ဝင်တဲ့ကာလဖြစ်လို့ ဝယ်လို အားနည်းပြီး တင်ပို့မှုနည်းခြင်းဖြစ်ပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ကုန်သည်ကြီးများက ခန့်မှန်းထားပါတယ်။ MIRT-MAPT
