Background
ယခင်တစ်ပတ်ထက် ပဲတီစိမ်းပိုတင်လာ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၂၅၀၀ ခန့်သာ ရှိခဲ့ပေမဲ့ ယခုသီတင်းပတ် စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်အတွင်းမှာတော့ တန်ချိန် ၄၅၀၀ ထိ ပိုတင်လာတာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၁၀ ရက်အထိ စုစုပေါင်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၈၀၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့မှု တန်ချိန် ၁၂၀၀၀၀ ကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ကုန်သည်များက ဆိုပါတယ်။ MIRT- MAPT
လက်ကျန်ပြတ်လို့ ပြည်ပဲလွန်းဖြူ ဈေးမာ ပြည်ဈေးကွက်အတွင်း ပဲလွန်းဖြူမှာ ပစ္စည်းပြတ်သလောက်ရှိနေပြီး၊ အခြားဒေသကြီးများမှလည်း ပဲအဝင် မရှိတော့ဘဲ မြို့တွင်းမှ ပဲလက်ကျန် အနည်း ငယ်သာ အရောင်းအဝယ် ရှိတယ်လို့ သိရပါတယ်။ ပဲတစ်တင်းကို ၁၈၅၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ မိမိအေး
ပဲလွန်းဖြူ တင်ပို့မှုရော FOB အရောင်းအဝယ်ပါလျော့ ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုဟာ ယခင်တစ်ပတ်က တန် ၂၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အတွင်း တန်ချိန် ၁၇၅ တန်ကျော်သာ တင်ပို့နိုင် တာတွေ့ရပါတယ်။ ၂၀၁၁-၁၂ လက်ရှိ ဘဏ္ဍာနှစ် စက်တင်ဘာလ ၁၀ ရက် အထိ ပဲလွန်းဖြူတင်ပို့မှု တန်ချိန် ၁၄၄၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁၅၀၀၀ ခန့်ထက် အနည်းငယ်လျော့ကျတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ စက်တင်ဘာလ ၈ ရက်မှ ၁၅ ရက် အထိ အရောင်းအဝယ်ဖြစ်မှုကလည်း တန်ချိန် ၁၃၇ သာရှိပြီး စက်တင်ဘာလ ၁ ရက်မှ ၁၃ ရက်အထိ စုစုပေါင်း တန် ချိန် ၂၀၀ သာ အရောင်းအဝယ်ရှိတယ် လို့သိရပါ တယ်။ ပြည်တွင်းလက်ကျန် နည်းလာပြီဖြစ်လို့ အရောင်းအဝယ် ဖြစ်မှုနည်းသလို တင်ပို့မှုလည်း လျော့ ကျလာတာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်းပတ် အတိုင်း ပြောင်းလဲခြင်းမရှိဘဲ FAQ တစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀၊ SQ တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ နဲ့ ငြိမ်နေကြောင်း သိရပါတယ်။ MIRT- MAPT
ကုန်သည်လက်ပြောင်း နဲ့ အဝယ်အရောင်းနွှေးတဲ့ ပဲစင်းငုံ မုံရွာကုန်စည်ဒိုင်ရဲ့ စက်တင်ဘာလဝက် ပဲစင်းငုံနီဈေးကွက်အနေနဲ့ ပြီးခဲ့တဲ့ လကထက် ဈေးအနည်းငယ် မြင့်လာပြီး၊ ကုန်သည်အချင်းချင်းလက်ပြောင်းကာ အေးနေတဲ့ အဝယ်အရောင်းကို နွှေးနေခဲ့ကြကြောင်း ကုန်သည် ရပ်ကွက်ကဆိုပါ တယ်။ ဒေသခံ ကုန်သည်တချို့ကတော့ ယုံကြည်ရသူအချင်းချင်း ပစ္စည်းအပ်ဖို့မလို စာရွက်ကိုသာ ဝယ်ခဲ့ကြပြီး၊ တစ်နေ့တင်း ၁၀၀၀ ကျော် အရောင်းအဝယ်ဖြစ်နေ တယ်လို့ ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင် ဈေးကွက်မှာ ယခုလ ၁၅ ရက်ပတ်အတွင်း ပဲစင်းငုံနီတစ်တင်း အနိမ့်ဆုံး ၁၂၇၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၃၄၀၀ ကျပ်အထိ တဖြည်းဖြည်းဈေးရလာခဲ့တာ တွေ့ရပါတယ်။ မန္တလေး၊ ရန်ကုန်ဝယ်လက် အနည်းငယ်သာဆွဲလျက်ရှိလို့ ယခုလ လဝက်အတွင်း တင်း ၃၀၀၀ ခန့်သာ မုံရွာ ဈေးကွက်က စီးထွက်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ပဲစင်းငုံ FOB အရောင်းအဝယ် ပုံမှန်သာရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ စက်တင်ဘာလ ၂ ရက်မှ ၈ ရက်အတွင်း ပဲစင်းငုံတန်ချိန် ၇၅၀၀ ကျော်အရောင်း အဝယ် ဖြစ်ခဲ့ပြီး ယခုတစ်ပတ်စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အတွင်းမှာလည်း တန်ချိန် ၆၃၀၀ ကျော်သာ ပုံမှန်အရောင်းအဝယ်ရှိခဲ့ပါတယ်။ သင်္ဘောတင် ကွန်တိန်နာ ငှားရမ်းခ ဈေးကြီးမြင့်ပေမဲ့ အိန္ဒိယဝယ်လက်တွေ ပဲစင်းငုံကို အဝယ်ရှိနေတယ်လို့ သိရပါတယ်။ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး မြင့်တက်လာလို့ အခြား FOB ဈေးများမြင့် လာပေမဲ့ ပဲစင်းငုံဈေးကတော့ ငြိမ်နေတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ စက်တင်ဘာလ ၁၆ ရက်မှာလည်း ယခင်တစ်ပတ် ဈေးအတိုင်း ပဲစင်းငုံနီ တစ်တန် ကန်ဒေါ်လာ ၆၀၀-၆၂၀၊ ဖြူနီ တစ်တန် ကန်ဒေါ်လာ ၄၈၀-၅၀၀ နဲ့ ငုံနီ (အဟောင်း) တစ်တန် ကန်ဒေါ်လာ ၅၉၀-၆၁၀ ရှိကြောင်း သိရပါတယ်။ MIRT- MAPT
ပဲစင်းငုံ တင်ပို့မှု သိသိသာသာမြင့်တက် ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ အပတ်စဉ် တန်ချိန် ၃၀၀၀ ကျော်၊ ၄၀၀၀ ခန့်သာ မှန်မှန်တင်ပို့ခဲ့ရာမှ စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်ထိ တစ်ပတ်အတွင်းမှာတော့ တန်ချိန် ၁၀၅၀၀ ခန့်အထိ သိသိသာသာ မြင့်တက် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် စက်တင်ဘာ ၁၀ ရက် အထိ ပဲစင်းငုံတင်ပို့ပြီးစီးမှု တန်ချိန် တစ်သိန်းနီးပါးရှိပြီး ယခင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ငါးသောင်းကျော်ထက် ထက်ဝက်ပိုတင်ပို့ လာနိုင်တာ တွေ့ရပါတယ်။ ပြည်ပအဝယ်ရှိတဲ့ ကာလဖြစ်လို့ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု ပုံမှန် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
ပြည်မတ်ပဲဈေးအေးသလို အရောင်းအဝယ်လည်းအေး ပြည်ပဲဈေးကွက်မှာ မတ်ပဲဈေးမှာ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးသိပ် မကွာလှတာ ကို တွေ့ရပါ တယ်။ ပြည်ပွဲရုံများသို့ ပဲအဝင်ပါးနေပြီး၊ လက်ကျန်ပဲ များကိုသာ ကုန်သည်များက ထုတ်ရောင်းကြတယ်လို့ သိရပါတယ်။ တစ်နေ့ကို အိတ် ၃၀၀-၄၀၀ ခန့် ရန်ကုန်ဝယ်လက်အဝယ်ရှိတယ်လို့ သိရပါတယ်။ ယခုရက် အတွင်းမှာ ရန်ကုန် တင်ပို့မှုလည်း နည်းနေပြီး ဘုရင့်နောင်သို့ တစ်နေ့ကို အိတ် ၈၅၀ ခန့်သာ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး
ပြောင်းထွက်ရှိမှု အလားအလာကောင်း တောင်အာဖရိကနိုင်ငံက ပြောင်းရိတ်သိမ်းချိန်ကာလအတွင်း နိုင်ငံရဲ့ အချို့ နေရာတွေမှာ မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် ၎င်းရဲ့ ၂ဝ၁ဝ-၂ဝ၁၁ ရာသီ ပြောင်းထွက်ရှိမှု ခန့်မှန်းချက်မှာ လျော့နည်းခဲ့တယ်။ CEC က ယခင်က ပြောင်းထွက်ရှိမှုကို မက်ထရစ်တန်ချိန် ၁ဝ ဒသမ ၈၅၄ သန်း ခန့်မှန်းထားရာမှ ယခု မက်ထရစ်တန်ချိန် ၁ဝ ဒသမ ၆၇၉ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားတယ်။ အာဖရိကတိုက်ရဲ့ ပြောင်းအများဆုံးထုတ်လုပ်တဲ့ တောင်အာဖရိကနိုင်ငံက ၂ဝဝ၉-၂ဝ၁၁ ရာသီမှာ ပြောင်းမက်ထရစ်တန်ချိန် ၁၂ ဒသမ ၈၁၅ သန်း ရိတ်သိမ်းနိုင်ခဲ့ပြီး၊ ၎င်းပမာဏက ၁ဝ စုနှစ်ကာလ ၃ စုအတွင်း အများဆုံးဖြစ်ခဲ့တယ်။ ရုရှားနိုင်ငံက ယခုနှစ်အတွင်း ပြောင်းတင်ပို့မှုကို ပြန်လည်ပြုလုပ်လိမ့်မှာဖြစ်ကြောင်း ရုရှားနိုင်ငံ ကောက်ပဲသီးနံှအသင်း ဥက္ကဋ္ဌက ပြောကြားခဲ့တယ်။ ရုရှားနိုင်ငံက ယခုနှစ်မှာ ပြောင်းမက်ထရစ်တန်ချိန် ၅ ဒသမ ၈ သန်းမှ ၆ သန်း ထွက်ရှိလိမ့်မှာ ဖြစ်ပြီး စားသုံးမှုမှာ မက်ထရစ်တန်ချိန် ၃ ဒသမ ၅ သန်း ရှိလိမ့်မှာဖြစ်ကြောင်း၎င်းက ခန့်မှန်းထားတယ်။ ရုရှားနိုင်ငံက ၂ဝဝ၈-၂ဝဝ၉ သီးနံှရာသီနှစ်မှာ ပြောင်းကို မက်ထရစ်တန်ချိန် ၇ ဒသမ ၅ သိန်းကျော် တင်ပို့နိုင်ခဲ့တယ်။ ဒါပေမဲ့ယမန်နှစ်က ပြောင်းကို မက်ထရစ် တန်ချိန် ၁ သိန်းခန့်သာ တင်ပို့နိုင်ခဲ့တယ်။ ဂျပန်နိုင်ငံက (၂ဝ၁၁ ခုနှစ် ၊ အောက်တိုဘာလ- ဒီဇင်ဘာလ) အတွင်း တိရစ္ဆာန်အစားအစာ ပြောင်းတင်သွင်းမှု လိုအပ်ချက်ရဲ့ ၆ဝ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းရလိမ့်မှာဖြစ်တယ်။ ဂျပန် နိုင်ငံက ၃ လပတ်တိုင်း တိရစ္ဆာန်အစားအစာ ပြောင်းကို မက်ထရစ်တန်ချိန် ၃ ဒသမ ၂ သန်းတင်သွင်းနေရပြီး အမေရိကန်နိုင်ငံမှ အများဆုံး ဝယ်ယူလျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာ ပြောင်းကို မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ စိုက်ပျိုးလျက်ရှိပြီး ပြည်တွင်းစားသုံးမှု ပိုလံျှတာတွေကို နယ်စပ်ကုန်သွယ်ရေးနည်းလမ်းနဲ့ သာမက ပင်လယ်ရေကြောင်းမှ တစ်ဆင့် ပြည်ပဈေးကွက်တွေကို တင်ပို့လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှ ပြောင်းကို ပင်လယ်ရေကြောင်းမှတစ်ဆင့် စင်ကာပူ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ တရုတ်၊ တောင်ကိုရီးယားအစရှိတဲ့ နိုင်ငံတွေကို တင်ပို့လျက်ရှိရာ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁၁၂ဝဝ ကျော် ၊ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ တန်ချိန် ၄၄၈ဝဝ ကျော်နဲ့ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် (၂၆-၈-၂ဝ၁၁ ထိ) မှာ တန်ချိန် ၁၂၂၉ဝဝ ကျော် တင်ပို့နိုင်ခဲ့ရာ ယခုနှစ်မှာ ယမန်နှစ်တွေထက် ပိုမိုတိုးတက်နိုင်မဲ့ အလားအလာကောင်းတွေ ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ အရည်အသွေးကောင်း ပြောင်းသီးနံှတွေကို ယခုထက် ပိုမိုတိုးတက် တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားနိုင်ဖို့ ရေးသားတင်ပြလိုက်ပါတယ်။ စန္ဒာထွန်း
ပြောင်းသစ်ပေါ်စ နယ်စပ်မှ အဝယ်အေး သြဂုတ်လ ၂၄ ရက်မှ ၃ဝ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၁၂၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့၇၅၇၈ တန်ကျော်နဲ့ကန်ဒေါ်လာ ဝ ဒသမ ၁၂၃ သန်းတန်ဖိုးရှိ နံှစား ပြောင်း ၄ဝ၄ တန်အပို့ရှိခဲ့ပါတယ်။ ပြောင်းမှာ စတင်ပေါ်ပြီဖြစ်သော်လည်း စက်တင်ဘာလမှသာ လှိုင်လှိုင်ပေါ် မှာဖြစ်ပါတယ်။ လတ်တလောမှာ တစ်ဖက်နိုင်ငံ၌ ပြောင်းဈေးကျခြင်းနဲ့ ငွေဈေးကျခြင်းတို့ကြောင့် ပြောင်းတင်ပို့မ ှုလျော့နည်းနေတယ် လို့ သိရပါတယ်။ စက်တင်ဘာလ လှိုင်လှိုင်ပေါ်ချိန်နဲ့ ဈေးကွက်အခြေအနေကို ကြည့် ပြီး ပြောင်းတင်ပို့မှုများ ပြောင်းလဲလာနိုင်ဖွယ်ရှိပါတယ်။ သြဂုတ်လအတွင်း နယ်စပ်မှ ပြောင်းတင်ပို့မှု တန် ၄၁၁၅ဝ ကျော်ရှိပြီဖြစ်ပါတယ်။ ပြောင်းဖူးဈေးများ ဟာ မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ သိသိသာသာ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၁၉၅၈၉၅ ၁၉၅၈၉၅ - - ၂၇၄ ၂၆၇ ၇ ၃နံှစားပြောင်း ၂၁၁၇၇ဝ ၂၁၁၇၇ဝ - - ၃၁၁ ၃၁၄ ၃ ၁MIRT (DOBT)
ပင်လယ်ရေကြောင်း တင်ပို့မှု ၅ ဆခန့်မြင့်တက် သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၅၉၁ဝ တန်၊ တန်ဖိုးဒေါ်လာ ၁ ဒသမ ၇၁၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တန် ၁ဝဝဝ ကျော်သာတင်ပို့ ခဲ့တာကြောင့် တင်ပို့မှု ၅ ဆ ကျော်မြင့်တက်ခဲ့တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်ကို ၄၂၃ တန်၊ အိန္ဒိယကို ၈၁ တန်၊ အင်ဒိုနီးရှားကို ၄၃၂ တန်၊ မလေးရှားကို ၂၁၆ တန်၊ စင်ကာပူကို ၃၇၃၇ တန်၊ ဘိုလီးဗီးယားကို ၅ဝ၄ တန်နဲ့ ဗီယက်နမ်ကို ၅၁၇ တန် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ် ရေးကတော့ တင်ပို့မှု ကျဆင်းပြီး ၇၅၇၈ တန်သာ တင်ပို့နိုင်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ဒေါ်လာ ၂၈ဝ-၃ဝဝ ကြား ဈေးပေါက်လျက်ရှိပါတယ်။ KZW