Background
နနွင်း ၄၈ တန် တင်ပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်တာ ကာလအတွင်း နနွင်း ၄၈ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံတွေမှာ စင်ကာပူနိုင်ငံကို ၁၈ တန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံကို တန်ချိန် ၃၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် ၁၅ တန်သာ တင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ ယခင်တစ်ပတ်ထက် ၃ ဆလောက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၅၀၀ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇၂၀၀၀ ရရှိခဲ့ပါတယ်။ MIRT (DOT)
နယ်စပ်မှ နနွင်းတက်(ရှမ်းစ)နဲ့ နနွင်းခေါင်းပါပို့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက်နိုင်ငံသို့ ယခုအပတ်မှာ နနွင်းတက် (ရှမ်းစ) သာမက နနွင်း ခေါင်းအနည်းငယ်တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ ကန်ဒေါ်လာ ၀ ဒသမ ၀၆၈ သန်းတန်ဖိုးရှိ နနွင်းတက်(ရှမ်းစ) ၄၅ တန်ခန့်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၀၀၃ သန်း တန်ဖိုးရှိ နနွင်းခေါင်း ၂ တန်ကျော် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျင်တော့ နနွင်းတက်တင်ပို့မှု တန် ၁၀၀ ခန့် လျော့နည်းခဲ့ပါတယ်။ MIRT (DOBT)
ကြက်သွန်နီ ပြည်ပတင်ပို့ခွင့်ပြု ပြည်တွင်းစားသုံးသူပြည်သူလူထုအနေနဲ့ စားဖိုဆောင်သီးနှံဖြစ်တဲ့ ကြက်သွန်နီကို ပြည်တွင်းဈေးနှုန်း ကြီးမြင့်စွာနဲ့ ဝယ်ယူစားသုံးခဲ့ရပြီး ပြည်ပတင်ပို့ခွင့်ပိတ်ပင်ခဲ့ရာမှ ယခုနှစ်မှာ ပြည်တွင်းစားသုံးမှုပိုလျှံတဲ့ ကြက်သွန်နီ တွေကို ပြည်တွင်း ဈေးနှုန်း တည်ငြိမ်စေရေးအတွက် စားဖိုးဆောင်သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ စနစ်တကျစိစစ် ထိန်းသိမ်းစေပြီး ကြက်သွန်နီစိုက်တောင်သူတွေ အကျိုး စီးပွားဖြစ်ထွန်းစေရေး ရည်ရွယ် ချက်နဲ့ ကြက်သွန်နီတွေကို ပြည်ပကို ပြန်လည်တင်ပို့ခွင့်ကို (၁၉-၉-၂၀၁၁) ရက်မှစတင် ပြီး ခွင့်ပြုဆောင်ရွက်စေခဲ့ရာ ပထမဆုံး ပင်လယ်ရေကြောင်းမှ ကြက်သွန်နီပြည်ပကို တင်ပို့ခွင့်ရရှိရေးအတွက် Super Soe Co.,Ltd. မှ မလေးရှားနိုင်ငံကို တန်ချိန် ၆၀ ကို တစ်တန်မှာ အမေရိကန်ဒေါ်လာ ၄၅၀ ဈေးနှုန်းနဲ့ လိုင်စင်လာရောက် လျှောက်ထားထုတ်ယူခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်းစားသုံးမှုပိုလျှံသမျှ ပြည်ပတင်ပို့ဖို့ အတွက် ပို့ကုန်မူဝါဒချမှတ်ဆောင် ရွက်လျက် ရှိသော်လည်း ပြည်တွင်းစားသုံးသူ ပြည်သူတွေ အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာတဲ့အထိ ပြည်တွင်းဈေးနှုန်း ကြီးမြင့် လာပါကပြည်သူတွေရဲ့ အကျိုးစီးပွားကိုကာကွယ် သွားရမှာ ဖြစ်ပါတယ်။ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်သူ တောင်သူ တွေ လည်းအကျိုးရှိ၊ ကုန်သည်လုပ်ငန်းရှင်တွေလည်း အကျိုးရှိပြီး စားသုံးသူပြည်သူလူထုအနေနဲ့လည်း သင့်တင့်မျှတတဲ့ ပြည်တွင်းဈေးနှုန်းနဲ့ ဝယ်ယူစားသုံးနိုင်ရေး၊ အတ္တနဲ့ ပရမျှတစွာနဲ့ စားဖိုးဆောင်သီးနှံ စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချ သူများ အသင်းအနေနဲ့ အမှန်တကယ်စိစစ် ဆောင်ရွက် နိုင်မှသာ ကြက်သွန်နီတင်ပို့မှု တန်ဖိုးတွေ မြင့်တက်လာမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ ပင်လယ်ရေကြောင်းမှ ကြက်သွန်နီတင်ပို့ နိုင်ခဲ့မှုမှာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်မှာ (၅၂၈၁.၅၁၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၇၄၅)သန်း ၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှာ (၁၈၃၅၅.၇၃) တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၃.၉၂၅)သန်းနဲ့ ၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ်မှာ(၂၇၀၂.၉၇)တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (ဝ.၅၆၄) သန်း အသီးသီး တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ မြန်မာ့ ကြက်သွန်နီက အိမ်နီးချင်း အိန္ဒိယ၊ တရုတ်နိုင်ငံတို့မှထွက်တဲ့ ကြက်သွန်နီထက် အရည်အသွေးပိုင်းမှာ ရေဓါတ်ပါဝင်မှုနည်း ပြီး ရေရှည်အထားခံရာ ဈေးကွက်မှာ ရောင်းပန်းလှတဲ့ ကုန်ပစ္စည်းဖြစ်ကာ ဈေးကွက်တွေ ခိုင်မာစွာနဲ့ ရေရှည်တင်ပို့ ရောင်းချနိုင်ရေး ကြက်သွန်နီစိုက် ပျိုးထုတ်လုပ်သူ တောင်သူ များ၊ကုန်သည်လုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာအသင်းအဖွဲ့တွေ အနေနဲ့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ နိုင်ငံတော်အတွက်လည်း ပို့ကုန်နိုင်ငံခြားဝင်ငွေပိုမို တိုးမြှင့်ရရှိမှာဖြစ်ပြီး သုံးဦးသုံးဖလှယ်လည်း ပိုမိုအကျိုးဖြစ်ထွန်း စေမှာဖြစ်ကာ အတ္တနဲ့ပရ မျှတစွာနဲ့ ပူးပေါင်းပါဝင် ဆောင် ရွက်ကြပါလို့ တိုက်တွန်းဆန္ဒပြု ရေးသားလိုက်ပါတယ်ခင်ဗျာ …………။ မောင်မောင်လွင်
နယ်စပ်မှ ရော်ဘာ ယခုအပတ် တင်ပို့မှုလျော့ နယ်စပ်မှ ပြောင်းဖူးစေ့သာမက နှံစားပြောင်းတင်ပို့မှုပါ ပိုမို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှ စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၂၄၃ သန်း တန်ဖိုးရှိ ရော်ဘာ ၇၃၈ တန်တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ် တင်ပို့မှုထက် ၈၄တန်လျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် ရော်ဘာတင်ပို့နိုင်မှုများကတော့ မူဆယ်မှRSS-1 ၃၄ တန်၊ RSS-3 ၂၃၉တန်၊ RSS-5 တန် ၂၁၀ ၊MSR-20 ၁၀၅ တန်၊ MSR-50 ၁၀ တန်နဲ့ ချင်းရွှေဟော်မှ RSS-3 တန် ၆၀ ၊ RSS-5 တန်၂၀ နဲ့MSR-20တန် ၆၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ ရော်ဘာဈေးများကတော့ မိမိဘက်မှာ ပြောင်းလဲမှုမရှိပေမဲ့တစ်ဘက်နိုင်ငံမှာ ဈေးမြင့်နေတယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို ယခင်အပတ်ဈေးများနဲ့ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၃၄၁၃၈၀၀ ၃၄၁၃၈၀၀ - - ၄၅၄၄ ၄၄၆၄ ၈၀ ၂RSS - 5 ၃၃၀၀၃၁၉ ၃၃၀၀၃၁၉ - - ၄၃၈၇ ၄၃၀၈ ၇၉ ၂MIRT (DOBT)
ရော်ဘာတန် ၇၀၀ ကျော်အထိ တိုးတက်တင်ပို့နိုင် စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၇၂၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၁၈၆ သန်းဖိုးတင်ပို့ခဲ့ကြောင်းသိရပါတယ်။ ယခင်အပတ်က တန် ၁၀၀ ကျော်သာ တင်ပို့ ခဲ့တာကြောင့် တင်ပို့မှု သိသိသာသာပိုမိုခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ စင်္ကာပူကို ၆၀၄ တန်နဲ့ မလေးရှားကို ၁၂၁ တန်အသီးသီး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ် နယ်စပ်ကလည်း ၇၃၈ တန်သာ တင်ပို့ခဲ့ပါတယ်။ လက်ရှိကာလမှာ ရော်ဘာမထွက်သေးတဲ့ ရာသီ ဖြစ်တဲ့အပြင် ကုန်ပစ္စည်းလက်ကျန်လည်း မရှိတာကြောင့် တင်ပို့မှုလျော့နည်းနေခြင်းဖြစ်တာတွေ့ရပါတယ်။ FOB ရန်ကုန် ဈေးနှုန်းကတော့ ပြောင်းလဲမှု မရှိဘဲ RSS-3, MSR-20တစ်တန်ကို ၄၄၀၀ ဒေါ်လာနဲ့ RSS-5 တစ်တန်ကို ၄၃၀၀ ဒေါ်လာဈေးပေါက်ကြောင်း သတင်းရရှိပါတယ်။ KZW
နယ်စပ်မှ ပြောင်းဖူးစေ့သာမက နှံစားပြောင်းတင်ပို့မှုပါ ပိုမို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၉၉၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၂၄၅ တန်ကျော်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၂၁၅ သန်း တန်ဖိုးရှိ နှံစားပြောင်း ၇၀၄ တန် အပို့ရှိခဲ့တယ်။ မိမိဘက်မြေပြင်ဈေးများ မြင့်တက် နေသော်လည်း တစ်ဘက်နိုင်ငံတွင် ပြောင်းဖူးစေ့ ဈေး အနည်းငယ်မျှ မြင့်သော်လည်း နှံစားပြောင်းဈေး ပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင် ပေါက်ဈေး များကို ယခင်အပတ်ဈေးများနဲ့ နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၁၆၂၆၇ ၂၀၂၄၅၇ ၁၃၈၁၀ ၇ ၂၉၀ ၂၈၅ ၅ ၂နှံစားပြောင်း ၂၂၂၂၆၉ ၂၀၀၁၇၁ ၂၂၀၉၈ ၁၁ ၃၂၉ ၃၂၉ - -MIRT (DOBT)
အရောင်းသွက်တဲ့ မန်းပြောင်း မန်းဈေးကွက်သို့ ရွှေဘို၊ ကန့်ဘလူ၊ မြစ်ကြီးနားဒေသများအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို ဒေသများမှထွက်ရှိတဲ့ ပြောင်းဖူးစေ့ အသစ်များဝင်ရောက်နေပါတယ်။ ပြောင်းဖူးစေ့အသစ်အဝင်မလှိုင်သေး သော်လည်း လှောင်လက် သမားများမှလည်း ထုတ်ရောင်းနေကြပါတယ်။ တရုတ်ဝယ်လိုအားအပြင် ဒေသ တွင်း အစာစပ်လုပ်ငန်းရှင်များမှလည်း ပုံမှန်ဝယ်ယူမှုရှိနေတာကြောင့် အရောင်း သွက်ပြီး၊ ဈေးမြင့်လာပါတယ်။ ယခင်တစ်ပတ် ပြောင်းဖူစေ့(ရှမ်း)တစ်ပိဿာ ၃၀၆ ကျပ်၊ ပြောင်းဖူးစေ့(ဗမာ) ၂၀၇ ကျပ်၊ CP ပြောင်း ၃၁၅ ကျပ်၊ အထွက်တိုးပြောင်း ၃၂၁ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်မှာတော့ ပြောင်းဖူးစေ့(ရှမ်း- ဗမာ) တစ်ပိဿာ ၃၄၃ ကျပ်၊ အထွက်တိုးပြောင်း ၃၇၇ ကျပ်၊ CP ပြောင်း ၃၄၃ ကျပ်ဈေးရှိပြီး၊ ယခင်အပတ်ထက်ဈေးမြင့် လာတာကိုတွေ့ရပါတယ်။ဈေးကွက် အတွင်းသို့ ပြောင်းဖူးစေ့အသစ်များ ဝင်ရောက်မှုရှိ နေသော်လည်း ပစ္စည်းအဝင် မလှိုင်သေးတာရယ်၊ ပစ္စည်း အဟောင်းလက်ကျန်ကလည်း နည်းလာပြီဖြစ်တဲ့ အ တွက် ပြောင်းဖူးစေ့ ဈေးကွက်ဟာ ဈေးအေးမသွားနိုင်ဘဲ ဆက်ပြီးတော့ အရောင်းသွက် ဈေးမြင့်နေဦးမယ်လို့ ကုန်သည်များက ပြောပါတယ်။ ကျော်ကျော်မိုး
တရုတ်ပြောင်းဝယ်ယူမှု မြင့်တက်ဖွယ်ရှိ သြဂုတ်လအတွင်း တရုတ်နိုင်ငံရဲ့ ပြောင်းတင်းသွင်းမှုဟာ ၁၀ လအတွင်း အများဆုံး ပမာဏကို ရောက်ရှိ ခဲ့ပြီး ယခင်လထက် ၄၂ ရာခိုင်နှုန်း မြင့်တက်ကာ တန်ချိန် ၂၄၄၅၀၂ တင်သွင်းခဲ့တယ်လို့ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုဌာနမှ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ မြင့်တက်နေတဲ့ တိရစ္ဆာန် အစာဝယ်လိုအားကို ဖြည့်တင်းဖို့ တရုတ်ပြောင်း တင်သွင်းမှု ဆက်လက် မြင့်တက်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ သြဂုတ်လ ၃၁ ရက်မှာ ကုန်ဆုံးတဲ့ ဈေးကွက်နှစ်အတွင်း တရုတ်နိုင်ငံက ပြောင်း တန်ချိန် ၁ ဒသမ ၃ သန်း တင်သွင်းခဲ့လို့ ယခင်နှစ်တင်သွင်းခဲ့တဲ့ တန်ချိန် ၇၁၅၆၇၈ ထက်ပိုမို ဝယ်ယူခဲ့ပါတယ်။ နိုင်ငံရဲ့ ရေရှည် ပြောင်းတင်သွင်းမှုကလည်း တဖြည်းဖြည်းမြင့်တက်လာနိုင်တယ်လို့ ပြည်တွင်းကောက်ပဲသီးနှံလေ့လာ ဆန်းစစ်သူ များကဆိုပါတယ်။ ပြည်တွင်းပြောင်း ရောင်းချမှုနည်းတဲ့အတွက် နှစ်စဉ်တင်သွင်းမှုဟာ ပမာဏ အားဖြင့် တန်ချိန် ၉ သန်း၊ သို့မဟုတ် ၁၀ သန်းလောက်အထိ မြင့်တက်နိုင်တယ် လို့လည်း Shanghai JC Intelligence ကုမ္ပဏီမှ လေ့လာ ဆန်းစစ်သူ Xiao Jun ကပြောကြားပါတယ်။ ပြောင်းသိုလှောင်မှုနည်းပြီး၊ ဝယ်လိုအားတက်တာ ကြောင့် အဓိက ပြုပြင်ထုတ်လုပ်တဲ့ ရှန်ဒေါင်းပြည်နယ်လက်ငင်းဈေးဟာ ပြက္ခဒိန်နှစ်စက စပြီး ၃၃ ရာခိုင်နှုန်း ခန့်မြင့်တက်ခဲ့ပါတယ်။ ရိတ်သိမ်းကာလမရောက်မီ ဈေးကွက်ဝယ်လိုအား ဖြည့်ဆည်းဖို့ ဗဟိုအစိုးရ သိုလှောင်မှုထဲက ပြောင်း တန်ချိန် ၃ ဒသမ ၇ သန်း ထုတ်ရောင်းသွားမယ်လို့ ဘေဂျင်းပြည်နယ်ကောက်ပဲသီးနှံ အုပ်ချုပ်မှုက ပြောကြား ပါတယ်။ ယခုနှစ်သီးနှံ အထွက်တိုးမယ့် အလားအလာအရ ယခုလအတွင်း ကမ္ဘာ့ဈေးကျဆင်းခဲ့ရာမှ တရုတ်နိုင်ငံက ဝယ်လက်ပြန်ထွက်ရင် ဈေးနှုန်းကို အထောက်အပံ့ဖြစ်လာ နိုင်တယ် လို့လည်း လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ တရုတ်အစိုးရက တောင်အမေရိက ပြောင်းကို စိတ်ဝင်စားနေပြီး အထူး သဖြင့် အာဂျင်တီးနားပြောင်းကို စိတ်ဝင်စားလျက်ရှိရာ နောင်နှစ်နောက်ဆုံး ၃ လအတွင်း အမြောက်အမြား တင်သွင်းနိုင်တယ်လို့ Xiao ကပြောကြားပါတယ်။ ယမင်းခင်၊Source: Dowjones.com
ရော်ဘာအပို့ တက်ချည်ဆင်းချည် သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ ရက်ထိကာအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန် ၁၄၀ တန်ဖိုး ကန် ဒေါ်လာ သုည ဒသမ ၆၁၉ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ မလေးရှားကို တန် ၄၀ နဲ့ စင်ကာပူကို တန် ၁၀၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က တန် ၃၀၀ ကျော်တင်ပို့ခဲ့ပါတယ်။ ယခုရာသီက ရော်ဘာပြတ်လတ်တဲ့အချိန်ဖြစ်တာကြောင့် လက်ကျန်နည်းပြီး တင်ပို့မှုကျဆင်းတာဖြစ်ကြောင်းသိရပါတယ်။ နယ်စပ်ကလည်း ၆၆၉ တန်ခန့် အပို့ရှိပြီး ယခင်အပတ် တင်ပို့မှုထက် တန် ၃၀၀ ခန့် လျော့နည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ RSS-3 နဲ့ MSR-20 တစ်တန်ကို ၄၅၀၀ ဒေါ်လာနဲ့RSS-5 တစ်တန်ကို ၄၄၀၀ ဒေါ်လာ ဈေး ပေါက်ကြောင်းသိရပါတယ်။ KZW
ပြောင်းတင်ပို့မှု ထက်ဝက်ကျော်ကျ သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းမှ ပြောင်းတန် ၂၃၄၀ ကျော် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၆၅၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်္ကာပူကို ၈၀၁တန်၊ အိန္ဒိယ ကို တန် ၃၆၀ ၊ အင်ဒိုနီးရှားကို တန် ၇၁၀ ၊ ဖိလစ်ပိုင်ကို တန်၂၃၀ ၊ ဗီယက်နမ်ကို တန် ၂၄၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၅၀၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ထက်ဝက် ကျော်ကျဆင်းခဲ့ပါတယ်။ နယ်စပ်ကုန် သွယ်ရေးကနေ ၆၂၈၀ တန်အပို့ရှိပြီး ယခင်အပတ်ထက် တန် ၁၇၀၀ ခန့် လျော့ နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၃၀၅ ဈေးပေါက်လျက်ရှိပါတယ်။ KZW