Background
အရောင်းအဝယ်ပုံမှန်ဖြစ်တဲ့ ပြည်ချင်း(ဥမ)ဈေးကွက် ပြည်ဈေးကွက်တွင် ချင်း(ဥမ)ဈေးမှာ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်လျက် တစ်ပိဿာကို(ရှယ်) ၇ဝဝ-၈ဝဝ ကျပ်၊ (ဂျွန်) ၅၅ဝ-၆၅ဝ ကျပ်တို့နဲ့ ရောင်းဝယ် လျက်ရှိနေပါတယ်။ စီးဝင်မှုအားဖြင့် ဈေးကွက်အတွင်း ချင်း (အတက်)များ အဝင် မရှိသေးဘဲ ချင်း(ဥမ)များသာ အောင်ပန်း၊ တောင်ကြီးဘက်မှ ပိဿာ ၃ဝ ဝင်အိတ် ၂၈ဝ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ ပျမ်းမျှပိဿာချိန် ၁၈ဝဝ ခန့်ကိုလည်း ယခုတစ်ပတ်အတွင်း တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ အဝင်လည်းပုံမှန် အရောင်းအဝယ်နဲ့ ဈေးနှုန်းလည်း ပုံမှန်ရှိ နေလို့ ပွဲရုံများမှာလက်လီ၊ လက်ကားရောင်းဝယ်သူများ၊ချင်းဓါးလှီးသမားများမှ ပုံမှန်အဝယ် ရှိပြီး တစ်ရက်ကို ပိဿာချိန် ၁၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
ပြည်ကုလားပဲ ဈေးပြန်လှုပ်လာ ပြည်ပဲဈေးကွက်သို့ ကုလားပဲဝင်ရောက်မှုအနေဖြင့် အဝင်မရှိတော့ဘဲ လက်ကျန်ပဲများဖြင့်သာ အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲခွဲစက်သမားများမှ ခွဲခြမ်းပြုလုပ်ပြီး တင်ပို့ရောင်းချကြပါတယ်။ ယခင်တစ်ပတ်က တစ်တင်း ၁၇၂ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး၊ ယခုတစ်ပတ်မှာတော့ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် ဈေးအနည်းငယ် မြင့်တက်လာတာကို တွေ့ရပါတယ်။ အခြားတိုင်းမှ အဝင်မရှိဘဲ ဒေသတွင်း မြို့နယ်များမှ ခွဲစက် သမားများဖြင့် ပုံမှန်အရောင်းအဝယ် ရှိနေတာကြောင့် တစ်နေ့ကို အိတ် ၂၅ဝ-၃ဝဝ ခန့်အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
မုံရွာ V2 ဈေးကွက် သြဂုတ်လမှာ အရောင်းသွက် မုံရွာ ကုန်စည်ဒိုင် V2 ဈေးကွက်မှာ အရောင်းအဝယ်အားကောင်းခဲ့တာတွေ့ ရပါတယ်။ အဓိကဝယ်လက် အနေနဲ့ ရန်ကုန်မှ အများဆုံး ဆွဲကာ မန္တလေး ကုန်သည်တချို့ရဲ့ အဝယ်လည်းရှိခဲ့လို့ အခုလို အရောင်းအဝယ် အားကောင်း ခဲ့တာဖြစ်တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ပေါက်ဈေးအနေနဲ့ သြဂုတ်လ အတွင်း V2 တစ်တင်းအနိမ့်ဆုံး ၂ဝ၆ဝဝ ကျပ်မှ အမြင့်ဆုံး ၂၂၅ဝဝ ကျပ်၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းအနိမ့်ဆုံး ၁၆၅ဝဝ ကျပ်မှ အမြင့်ဆုံး ၁၇၅ဝဝ ကျပ်၊ ကုလားပဲ 292 တစ်တင်းအနိမ့်ဆုံး ၁၆၂ဝဝ ကျပ်မှ အမြင့်ဆုံး ၁၆၈ဝဝ ကျပ်၊ ကုလားပဲ ရိုးရိုးတစ်တင်းအနိမ့်ဆုံး ၁၅ဝဝဝ ကျပ်မှ အမြင့်ဆုံး ၁၆ဝဝဝ ကျပ် ထိဖြစ်ပေါ်ခဲ့ပြီး၊ အရောင်းအဝယ်အားဖြင့် ကြိုက်ဈေးပေါ် မူတည်ပြီး တစ်ရက်လျှင် အိတ် ၁၅ဝဝ၊ ၂ဝဝဝ မှ အိတ် ၅ဝဝဝ၊ ၇ဝဝဝ ထိရှိခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင် နယ်မြေကလည်း သြဂုတ်လထဲ ကုလားပဲစီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၃ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၄ဝဝဝဝ ခန့် ရှိတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
လက်ကျန်နည်းလာတဲ့ ကုလားပဲ FOB အရောင်းအဝယ်ဖြစ် ဈေးကွက်တွေမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲဟာ ယခုတစ်ပတ် FOB ဈေးကွက်မှာ တန်ချိန် ၁၇ဝဝ ကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ်။ ပါကစ္စတန်နဲ့ အိန္ဒိယဝယ်လက်များ ဝယ်လိုအားကောင်းပေမဲ့ လက်ကျန်နည်းလာ ပြီ ဖြစ်လို့ အရောင်းအဝယ်ဖြစ်မှု နည်းခြင်းဖြစ်ပါတယ်။ သြဂုတ်လတစ်လလုံး ပြည်ပ အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုဟာ တန်ချိန် ၁၃ဝဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်လိုဘဲ စက်တင်ဘာလ ၂ ရက်မှာလည်း တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၂ဝ-၁ဝ၄ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
လက်ကျန်နည်းပေမဲ့ ကုလားပဲဖြူလုံးကြီး တန် ၃ဝဝဝ ကျော်တင်ပို့မှုရှိ ဝယ်လိုအားကောင်းတဲ့ ကုလားပဲဟာ ဈေးကွက်တွေမှာ လက်ကျန်နည်း လာပေမဲ့ သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်ထိ တစ်ပတ်အတွင်းမှာလည်း တန်ချိန် ၃၃ဝဝ ကျော်တင်ပို့မှုရှိတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် သြဂုတ်လ ၂၆ ရက်နေ့အထိ ကုလားပဲတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၂၇ဝဝ ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၂ သန်းကျော်ဖိုးရှိလို့ ယခုနှစ်မှာ ဈေးအကောင်းဆုံးနဲ့ အရောင်း အဝယ် အဖြစ်ဆုံးပဲဖြစ်ပါတယ်။ MIRT - MAPT
ပြည်ပဲတီစိမ်း အရည်အသွေးအလိုက် ဈေးပေးဝယ်ယူ ပြည်ဈေးကွက်သို့ ယခုသြဂုတ်လ နောက်ဆုံးပတ်တွင် ပဲတီစိမ်းဝင်ရောက်မှုမှာ ပါးလာခဲ့ပြီဖြစ်ပါတယ်။ အဝင်ပါးလာသလို ပဲတီစိမ်းအရည်အသွေးမှာလည်း ကျလာခဲ့တဲ့အတွက် လိုင်းသမားများမှ ဈေးလျော့အဝယ်ရှိ ရှိခဲ့ကြပါတယ်။ ပဲတီစိမ်းဈေးမှာ ရှယ်စတစ်တင်း ၁၆ဝဝဝ ကျပ်၊ ရိုးရိုးစ တစ်တင်း ၁၄ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ယခု တစ်ပတ်အတွင်း နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ အရောင်းအဝယ်ဖြစ်တဲ့ရက်မှာ အိတ် ၅ဝဝ ကျော်ထိရောင်းဝယ်ခဲ့ကြပြီး ယခုလကုန်ထိ ရန်ကုန်သို့ အိတ် ၂ဝဝဝ ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ယခုအပတ် မူဆယ်နယ်စပ်မှ ပဲတီစိမ်း တင်ပို့မှုကောင်းနေ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ၂၄ ရက်မှ ၃ဝ ရက် ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ဝ၂၇ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၃၄၇၅ တန် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှ ၂၉၄၄ တန်ကျော်နဲ့ စစ်တွေမှ ၂၂ တန် အပို့ရှိခဲ့တာဖြစ်ပြီး၊ ယခုအပတ်မှ မူဆယ် နယ်စပ်ပေါက် တစ်ခုတည်းမှ အပို့ရှိခဲ့သော်လည်း တန်ချိန် ၅၅ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ နယ်စပ်မှ ပဲတီစိမ်း ၁၇၁၉၅ တန်အပို့ရှိပြီး ဧပြီလမှ သြဂုတ်လကုန်ထိ တန်ချိန် ၁၁၁၁ဝဝ ကျော်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်ရောတစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများ မြင့် တက်လျက်ရှိပြီး၊ ပဲတီစိမ်းအညာ ဆန်ကာချ ၁ကီလိုကို ၅ ဒသမ ၅ ယွမ်မှ ၆ ယွမ်ခန့်ထိ ဈေးရလျက်ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၅၇၈၃၄၂ ၅၇၄၇၅၃ ၃၅၈၉ ဝ .၆ ၈၆ဝ ၈ဝဝ ၆ဝ ၈MIRT (DOBT)
ပဲတီစိမ်း FOB အရောင်းအဝယ် တန် ၅၆ဝဝ ကျော်ဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ပဲတီစိမ်းတန်ချိန် ၅၆ဝဝ ကျော်ပြည်ပအရောင်းအဝယ် စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယအဝယ် လိုက် လာတာကြောင့် အညာ ပဲတီစိမ်း အရောင်းသွက်သလို ခရမ်းပဲတီရွှေဝါ လက်ကျန်တွေလည်း အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ သြဂုတ်လ တစ်လလုံး အရောင်းအဝယ်ဖြစ်မှုမှာ ပဲတီရွှေဝါ တန်ချိန် ၁၇ဝဝဝခန့်၊ ပဲတီစိမ်းခွဲခြမ်းတန် ၄ဝဝဝ ကျော်၊ ပဲတီစိမ်း တန် ၂၃ဝဝ ခန့် နဲ့ စုစုပေါင်း တန်ချိန် ၂၃ဝဝဝ ကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းအညာကို အဝယ် သွက်တာကြောင့် ရန်ကုန် FOB ဈေးမှာ အနည်းငယ်တိုးလာတာ တွေ့ရပါတယ်။ ဒေါ်လာ/ တန် ပဲတီစိမ်းအညာ ပဲတီရွှေဝါအသေး ပဲတီရွှေဝါအကြီး၂-၉-၁၁ ၇၃ဝ-၇၅ဝ ၉၂ဝ-၉၄ဝ ၁ဝဝဝ-၁ဝ၂ဝ၂၆-၈-၁၁ ၇၁ဝ-၇၃ဝ ၉၂ဝ-၉၄ဝ ၁ဝဝဝ-၁ဝ၂ဝMIRT(MAPT)
ယခုတစ်ပတ် ပဲတီစိမ်းတင်ပို့မှု တန် ၅ဝဝဝ နီးပါးရှိလာ ယခုတစ်ပတ် သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်အတွင်း ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၅ဝဝဝ နီးပါးအထိ တိုးတက်လာခဲ့ပါတယ်။ ပြည်ပဝယ်လိုအားကောင်းလာတာကြောင့် တင်ပို့မှုပိုလာခြင်းဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ်၂၆.၈.၂ဝ၁၁ ထိ ပင်လယ်ရေကြောင်းက တင်ပို့ပြီးစီးမှု တန်ချိန် ၁၇ဝဝဝဝ ခန့်ရှိပြီး၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၇ဝသန်းခန့်သာ ရှိတာ တွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာတင်ပို့မှုဟာ တန်ချိန် ၁၁ဝဝဝဝ ကျော်သာရှိပေမဲ့ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၄၁ သန်းအထိ ရရှိခဲ့တာတွေ့ရပါတယ်။ လက်ရှိရောင်းဝယ်မှု အခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။MIRT - MAPT
ပြည်ပဲလွန်းဖြူ ပစ္စည်းပြတ်ပေမယ့် ဈေးကောင်းရနေ ပြည်ပဲလွန်းဖြူ ဈေးကွက်မှာ ပစ္စည်းပြတ်သလောက် ဖြစ်နေပြီး၊ လက်ကျန်အနည်းငယ်ရောင်းဝယ်မှု ရှိခဲ့ ပါတယ်။ လက်လီသမားများသာ အရောင်းအဝယ်ရှိခဲ့ပြီး ပဲတစ်တင်းကို ယခင်တစ်ပတ်က ၁၈ဝဝဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုတစ်ပတ်မှာ ပစ္စည်းလက်ကျန်ရှားလို့ တစ်တင်း ၁၈၃ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ် ရှိတယ်လို့ သိရပါတယ်။မိမိအေး