Background
ကြိုက်ဈေးမရသော်လည်း ရောင်းချမှုရှိတဲ့ ပြည်ပဲစင်းငုံ ပြည်ပဲစင်းငုံဈေးကွက်ရဲ့ ယခုသြဂုတ်လပထမပတ် ပဲဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို ၁၂၇ဝဝ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဈေးနဲ့ ယှဉ်ကြည့်ရင် တစ်တင်းကို ၈ဝဝ ကျပ်ထိ လျော့ကျခဲ့ပါတယ်။ အခြားတိုင်း ဒေသ ကြီးများရှိ ဝယ်လက်များမှ အဝယ်ဆက်လက်အေးနေခြင်းကြောင့် ဈေးလျော့ ခြင်းဖြစ်ကြောင်း သိရပါ တယ်။ ပဲဈေးကွက်တွင် ပဲစင်းငုံမှာ ကြိုက်ဈေး မရသော် လည်း ငွေလိုသူအချို့ ထုတ်ရောင်းကြကြောင်း သိရပါတယ်။ အရောင်းအဝယ် နေ့တိုင်းမဖြစ်သော်လည်း တစ်ချို့ရက်များတွင် အိတ် ၃ဝဝ ထိ အရောင်း အဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ယခုတစ်ပတ် ပဲစင်းငုံ ပြည်ပကို အရောင်းအေးသလို ဈေးအေးနေ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ် ပတ်တွင်း ပဲစင်းငုံတန်ချိန် ၅၆ဝဝ ခန့် ပြည်ပအရောင်းအဝယ် စာချုပ်ချုပ်နိုင်ခဲ့တဲ့ အနက် ပဲစင်းငုံနီ တန် ၅၄ဝဝ ပါဝင်တယ်လို့ သိရပါတယ်။ ယခင်အပတ် ပဲစင်းငုံ တန်ချိန် ၇၄ဝဝ ခန့် စာချုပ်ချုပ်ဆိုနိုင်တာကြောင့် ယခုအပတ် အရောင်းအဝယ် လျော့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယဝယ်လက်များအနေနဲ့ အာဖရိက ဘက်မှာ မိုးခေါင်နေလို့ မြန်မာနိုင်ငံဘက်မှ အထိုက်အလျောက်တော့ ဝယ်ယူမှုရှိ တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ထက်လျော့ကျသွားတဲ့ ရန်ကုန် FOB ဈေး များကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံအသစ်အနီ(FAQ) ပဲစင်းငုံအဟောင်းအနီ(FAQ)၄-၈-၁၁ ၅၈ဝ-၆ဝဝ ၅၇ဝ-၅၉ဝ၂၈-၇-၁၁ ၆၁ဝ-၆၃ဝ ၅၉ဝ-၆၁ဝMIRT(MAPT)
ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု အနည်းငယ်လျော့ ပင်လယ်ရေကြောင်းက ပဲစင်းငုံပြည်ပတင်ပို့နိုင်မှုဟာ ဇူလိုင်ပထမပတ် ၂ ရက်မှ ၈ ရက်အတွင်း တန်ချိန် ၆၅ဝဝ ရှိခဲ့ပြီး၊ ဒုတိယပတ် ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန်ချိန် ၃၅ဝဝ ရှိခဲ့ကာ၊ တတိယပတ် ဇူလိုင် ၁၇ ရက်မှ ၂၃ ရက် အတွင်း တန် ၆၁ဝဝ ကျော် တင်ပို့ခဲ့ပါတယ်။ ယခုဇူလိုင်နောက်ဆုံးပတ် ၂၄ ရက် မှ ၃ဝ ရက်ထိ တန် ၅၆ဝဝ နီးပါးတင်ပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာနှစ် ဇူလိုင် ၂၉ ရက်ထိ မတ်ပဲတင်ပို့ပြီးစီးမှုဟာ တန်ချိန် ခုနှစ်သောင်း ကျော် ဖြစ်တာကြောင့် ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၃၅ဝဝဝ ကျော်ထက် ထက်ဝက် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ MIRT- MAPT
ဈေးဆက်အေးနေတဲ့ ပြည်မတ်ပဲဈေးကွက် သြဂုတ်လရဲ့ အစရက် ပြည်ပဲဈေးကွက်မှာ မတ်ပဲဈေး ယခင်တစ်ပတ်ထက် အေးလာခဲ့တယ်လို့ သိရပါတယ်။ ပြည်ပွဲရုံများသို့ ပဲအဝင်ပါးလာခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်အဝယ်ရှိပြီး တစ်နေ့ကို အိတ် ၃ဝဝ-၄ဝဝ ခန့်အဝယ်ရှိခဲ့ပါတယ်။ မြို့တွင်း ဝယ်လက်ကတော့ နေ့စဉ်အရောင်းအဝယ်မရှိဘဲ တချို့ ရက်မှာ သာ အရောင်းအဝယ်ဖြစ်တာကို တွေ့ရပါတယ်။ ရန်ကုန်ဘုရင့်နောင်သို့ ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်မှ ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၃ဝဝဝ ခန့်သာ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး
မတ်ပဲ FOB အရောင်းအဝယ် ပုံမှန်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၄ ရက်အတွင်း FOB စာချုပ်ချုပ်ဆိုနိုင်မှုမှာ တန် ၁၆ဝဝဝ ရှိခဲ့ပါတယ်။ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အတွင်း FOB စာချုပ်ချုပ်ဆိုမှုမှာလည်း တန်ချိန် ၁၆ဝဝဝ ကျော်ဖြစ်လို့ ယခင်အပတ်အတိုင်း ပုံမှန်အရောင်းအဝယ်ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးကျဆင်းလာတာရယ်၊ အိန္ဒိယ က မတ်ပဲဈေး လျော့ဝယ်တာရယ်ကြောင့်ယခုတစ်ပတ်မတ်ပဲ FAQ ဈေးလျော့တာ တွေ့ရပါတယ်။ အိန္ဒိယမှာ စက်တင်ဘာပဲအသစ် ပေါ်ကာနီးလေဝယ်ယူမှု ဈေးအေး လေဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးများကိုယခင်တစ်ပတ်နှင့် နှိုင်း ယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၄-၈-၁၁ ၇၅ဝ-၇၆ဝ ၈၄ဝ-၈၆ဝ၂၈-၇-၁၁ ၇၅၅-၇၇၅ ၈၄ဝ-၈၆ဝMIRT(MAPT)
ယခုတစ်ပတ် မတ်ပဲတင်ပို့မှုလျော့ မတ်ပဲပြည်ပသင်္ဘောတင်ပို့နိုင်မှုမှာ ဇူလိုင် ပထမပတ် ၂ ရက်မှ ၈ ရက်အတွင်း တန် နှစ်သောင်းတင်ပို့ခဲ့ပြီး ဒုတိယပတ် ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန် ၁ ဒသမ ၁ သောင်းကျော်တင်ပို့ခဲ့ကာ တတိယပတ် ၁၇ ရက်မှ ၂၃ ရက်အတွင်း တန် ၂ ဒသမ ၂ သောင်းခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုဇူလိုင်နောက်ဆုံးပတ် ၂၄ ရက်မှ ၃ဝရက်အတွင်းတန် ၁ ဒသမ ၇ သောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဇူလိုင် ၂၉ ရက်ထိ မတ်ပဲတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၂ ဒသမ ၆ သိန်းခန့် တင်ပို့နိုင်ခဲ့လို့ ယခင်နှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁ ဒသမ ၇ သိန်းခန့် ထက်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ အိန္ဒိယက ပဲအသစ်တွေ ထွက်လာတော့မှာဖြစ်လို့ ဝယ်လိုအားနည်းလို့ လာ မယ့် သီတင်းပတ်တွေမှာ တင်ပို့မှု တိုးတက်နိုင်ဖွယ်မရှိဘူးလို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
ပြောင်းဖူးစေ့ တန် ၃၆၈ဝဝ နယ်စပ်မှ အပို့ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၉ ဒသမ ၆၉၄ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၄၆၄၅ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၆၇ဝ သန်းတန်ဖိုးရှိ နံှစားပြောင်း တန် ၂၂ဝဝ ကျော်၊ ကန်ဒေါ်လာ ၆ ဒသမ ၅ဝ သန်းတန်ဖိုးရှိ ပြောင်း ကြိတ်ဖတ် ၆၅ တန်ကို ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပြောင်းဖူးစေ့ ၂၅၉၁၇ တန်နဲ့ နံှစားပြောင်း ၁၅၇၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးကထွက်ရှိတဲ့ ပြောင်းဖူးစေ့နဲ့ နံှစားပြောင်းများကို မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့နေတာဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံပြောင်းဈေးများ ပြောင်းလဲမှု မရှိသော် လည်း မိမိဘက်မှာ နံှစားပြောင်း ဈေးအနည်းငယ်မြင့်တက်ပြီး ပြောင်းဖူးစေ့ဈေး ကတော့ အနည်းငယ် ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပြောင်းဈေး များကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၁၁၁၆၅ ၂၁၁၂၆၃ ၉၈ ဝ .ဝ၅ ၂၉၄ ၂၉၄ - -နံှစားပြောင်း ၂၁၃ဝ၇၈ ၂၁၂၅၆၁ ၅၁၇ ဝ .၂ ၂၉၄ ၂၉၄ - -MIRT (DOBT)
ယခင်အပတ်ထက် ပြောင်း တန် ၄ဝဝ ကျော်ပင်လယ်ရေကြောင်းမှ တင်ပို့မှု ပိုမို ဇူလိုင် ၁၇ မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၃၁၁ဝ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၈၉၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၇ဝဝ ကျော်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ တန် ၄ဝဝ ခန့်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ဗီယက်နမ်၊ အိန္ဒိယ၊ စင်္ကာပုူနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု တို့ဖြစ်ပါတယ်။ နယ်စပ်ကနေ တော့ တန် ၉ဝဝဝ ကျော်တင်ပို့နေတာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်း ကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ကန်ဒေါ်လာ ၂၉ဝ မှ ၃၁ဝ ကြားဈေး ရလျက်ရှိပါတယ်။ KZW
လာမဲ့ကာလများ မှာ ရော်ဘာတင်ပို့မှု အားကောင်းလာတော့မည် မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်မှ တရုတ်သို့ ၂ဝ၁၁ ခုနှစ် ဇူလိုင်လအတွင်း ကန်ဒေါ်လာ ၁ဝ သန်း ကျော်တန်ဖိုးရှိ ရော်ဘာ ၂၃၈၅ တန်တင်ပို့ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ် ဧပြီလမှာ ရော်ဘာဈေး ၃၃ဝဝဝ-၃၂၅ဝဝ ယွမ်ထိရှိခဲ့ပြီး မေလတွင် ၃ဝဝဝဝ-၂၉ဝဝဝ ယွမ်၊ ဇွန်လတွင် ၂၉ဝဝဝ-၂၈ဝဝဝ ယွမ်၊ ဇူလိုင်လတွင် ၂၈၅ဝဝ-၂၈ဝဝဝ ယွမ်ထိ ကျဆင်းလျက်ရှိပါတယ်။ မိမိဘက်ပြည်တွင်းဈေး မှာလည်း RSS တစ်ပေါင်လျှင် ၁၅ဝဝ ကျပ်၊ ဇွန်လတွင် ၁၄ဝဝ ကျပ်၊ ဇူလိုင်လတွင် ၁၃ဝဝ ကျပ်သို့ ကျဆင်းလျက်ရှိသော်လည်း ယွမ်ငွေဈေး ဇွန်လ ဒုတိယပတ်လောက်ကစပြီး ပြန်လည်မြင့်တက်ခဲ့ခြင်း၊ ယခင်ဝယ်ယူ သိုလှောင်ထားသူများ တင်ပို့မှုပြုလာခြင်း တို့ကြောင့် ဇွန်လမှာ မေလထက် ရော်ဘာတင်ပို့မှု အနည်းငယ် ပိုမိုလာခဲ့ပါတယ်။ လအလိုက် ရော်ဘာတင်ပို့မှု တွေကတော့ ဧပြီလမှာ ၃၃၅၇ တန်၊ မေလမှာ ၂၇၈၆ တန်၊ ဇွန်လမှာ ၂၈၃၇ တန်နဲ့ဇူလိုင် ၂၆ ရက်ထိမှာ ၂၃၈၅ တန်အသီးသီးဖြစ်ပါတယ်။ဇူလိုင်လအတွင်းမှာ တင်ပို့မှုကိုကြည့်မယ်ဆိုလျှင် လဆန်းပိုင်းမှာ တင်ပို့မှုနည်းခဲ့ ပေမဲ့ လလယ်ခန့်မှစပြီး တင်ပို့မှုမြင့်တက်လာလျက်ရှိတာ တွေ့ရပါတယ် ကာလ တန်ချိန် ပိုတင်သည့်တန်ချိန် တန်ဖိုး(ကန်ဒေါ်လာ)ပထမပတ် ၂၃၂ - ၁ .ဝ၆၃ဒုတိယပတ် ၂၉၅ + ၆၃ ၁ .၃၆၉တတိယပတ် ၅ဝ၂ + ၂ဝ၅ ၂ .၂၄၇စတုတ္ထပတ် ၁၃၅၅ + ၈၅၃ ၅ .၉၈၆ တစ်ဖက်နိုင်ငံယွမ်ဈေးမြင့်တက်လာတာနဲ့အမျှ လာမဲ့လများမှာလည်း တစ်လပျမ်းမျှ တန် ၂၈ဝဝ နဲ့ ၃ဝဝဝ ကြားတော့ တင်ပို့နိုင်မှာဖြစ်ပါတယ်။ ယခင်နှစ်ကာလတူများကို ကြည့်လိုက်မယ်ဆိုလျင်လည်း သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလ များမှာ တန် ၂၈ဝဝ မှ ၃၈ဝဝ ဝန်းကျင်၊ နိုဝင်ဘာ၊ ဒီဇင်ဘာများမှာ တန် ၄ဝဝဝ မှ ၅ဝဝဝ ကျော်ဝန်းကျင်ထိ အပို့ရှိခဲ့တာတွေ့ရ တဲ့ အတွက် လာမဲ့ကာလများအတွက် ရော်ဘာတင်ပို့မှု အားကောင်းလာတော့မှာဖြစ်ကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်။ MIRT (DOBT)
ရော်ဘာတန် ၁၃၃ဝ ကျော် တရုတ် နယ်စပ်မှအပို့ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၉၈၆ သန်းတန်ဖိုးရှိ RSS-3 တန် ၂ဝ နဲ့ မူဆယ်နယ်စပ်မှ RSS-3 ၆၇၉ တန်ကျော်၊ RSS-5 ၂၁၃ တန်၊MSR-20 ၃၅၇ တန်နဲ့MSR-50 ၆၅တန် စုစုပေါင်း ၁၃၁၅ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ရော်ဘာ ၈၃၃ တန် ပိုမို တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်က မြိတ်နဲ့ မူဆယ် နယ်စပ်များမှ တင်ပို့ခဲ့တာဖြစ်ပြီး ယခုအပတ်မှာတော့ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်များမှ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ RSS-3 ၄၅၈ တန်၊RSS-5 ၁ဝ၈ တန်၊ MSR-20 ၂၅၁ တန်နဲ့ MSR-50 ၆၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ရော်ဘာဈေးများ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ ဈေးများ မြင့်တက်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၃၄ဝ၇၆၆၁ ၃၄ဝ၆၄၃၆ ၁၂၂၅ ဝ .ဝ၄ ၄၄ဝ၉ ၄၃၃၂ ၇၇ ၂RSS-5 ၃၁၉ဝ၁၃၁ ၃၁၇၆၈၇၁ ၁၃၂၆ဝ ၃ .၄ ၄၃၃၂ ၄၂၅၄ ၇၈ ၂MIRT(DOBT)