Background
ရန်ကုန်ဝယ်လက် အဝယ်ရှိလို့ အရောင်းသွက်တဲ့ ပြည်ပဲကြီး ပြည်ဈေးကွက်သို့ ဒေသတွင်း မြို့နယ်များမှ ပဲကြီး အဝင်မရှိတော့ဘဲ အောင်လံ၊ ပြလို့ဖက်မှ ယခုရက်ပိုင်းတွင် အိတ် ၆ဝဝ ကျော် အဝင်ရှိခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲကြီးရွှေကျွန်းမှာ အိတ် ၂ဝဝ ခန့် အရောင်းအဝယ် ဖြစ်ပြီး ပဲကြီး(ကမ်းနား)ကတော့ အိတ် ၇ဝဝ အထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒေသတွင်းပဲကြော်ဖို လုပ်ငန်းသမားများ အဝယ်ရှိသလို ရန်ကုန်ဝယ် လက်များလည်း အဝယ်ရှိခဲ့တာကြောင့် ယခင်တစ်ပတ်ထက် အရောင်းအဝယ် သွက် နေခဲ့ပါတယ်။ ပဲကြီးဈေးနှုန်းကတော့ ပဲကြီးရွေကျွန်း တစ်တင်း ၁၇၅ဝဝ ကျပ်နဲ့ ယခင်တစ်ပတ်ထက် ၁ဝဝဝ ကျပ်ဈေးမြင့်ခဲ့ပြီး ပဲကြီးကမ်းနားမှာ တစ်တင်း ၁၅၅ဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
မူဆယ်နယ်စပ်မှ ပဲယင်းတင်ပို့မှုပို မြန်မာ တရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၂၁၇ သန်းတန်ဖိုးရှိ ပဲယင်း ၃၆၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂ဝ၉ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ဈေးများ နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %၃ဝ၆၁၆ဝ ၃၃၁၂၁၃ ၂၅ဝ၅၃ ၈ ၄၉၅ ၅၅၇ ၆၂ ၁၃MIRT (DOBT)
ကမ္ဘာ့ပဲမျိုးစုံအထွက်ကျဆင်းမယ်ခန့်မှန်း၊ ဈေးနှုန်းဆက်လက်ခိုင်မာဖွယ်ရှိ ကမ္ဘာ့ပဲအဓိက ထုတ်လုပ်၊ တင်ပို့တဲ့ နိုင်ငံများမှာ စိုက်ဧက ကျဆင်းခြင်း၊ သီးနံှအထွက် လျော့ကျဖွယ် ရှိခြင်းတို့ ကြောင့် ၂ဝ၁၁ အတွင်း ကမ္ဘာ့ပဲမျိုးစုံထုတ်လုပ်မှုကလည်း ၅ ရာခိုင်နှုန်းခန့်ကျဆင်းဖွယ်ရှိပြီး ရောင်းချမှုနည်းနိုင်တယ်လို့ ကနေဒါအထူးသီးနံှများအသင်းညီလာခံမှာ ကျွမ်းကျင်ပညာ ရှင်များက ဆိုပါတယ်။ ၂ဝ၁ဝ ရဲ့ ကမ္ဘာ့ပဲမျိုးစုံထုတ်လုပ်မှုဟာ တန်ချိန်သန်း ၆ဝခန့်မှန်းထားပြီး လက်ရှိနှစ်မှာတော့ ကနေဒါ နဲ့ အမေရိကန်တို့လို တင်ပို့မှုကြီးမားတဲ့ နှစ်နိုင်ငံလိုပဲ ကမ္ဘာမှာ ပဲအများဆုံးထုတ်လုပ်တဲ့ အိန္ဒိယတို့မှာ စိုက်ဧရိယာ လျော့ ကျတာကြောင့် တန်ချိန် ၅၇ သန်းနီးပါးကို ကျဆင်းနိုင်တယ် လို့ ဆိုပါတယ်။ စားသုံးသူဈေးကွက် ဝယ်လိုအားက တည်ငြိမ်ဖွယ်ရှိတာ ကြောင့် ရောင်းလိုအားနည်းမယ်ဆိုရင် ဈေးနှုန်း ခိုင်မာလာဖို့ ပဲ ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ၂ဝ၁၁ အတွက် ကမ္ဘာပဲလုံး ထုတ်လုပ်မှုဟာ ယခင်နှစ်က တန် ၁ဝ ဒသမ ၁ သန်းရှိခဲ့ရာမှ တန်ချိန် ၈ ဒသမ ၇ သန်းကိုကျဆင်းနိုင်တယ် လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့ပဲရာဇာ (ပဲနီလေး) ထုတ်လုပ်မှု ဟာ ယခင်နှစ်က တန်ချိန် ၄ ဒသမ ၂ သန်းရှိရာမှ တန်ချိန် ၃ ဒသမ ၉ သန်းကို ကျဆင်းနိုင်ပြီး အလားတူကုလားပဲလုံးက လည်း ယခင်နှစ်က တန်ချိန် ၉ ဒသမ ၂ သန်းရှိရာမှ တန်ချိန် ၈ ဒသမ ၆ သန်းကို ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့ပဲမျိုးစုံ အလားအလာအပေါ် ပညာရှင်များရဲ့ ဆွေးနွေးချက်အရ အိန္ဒိယနိုင်ငံမှာ ကုလားပဲဈေး ကြီးမြင့်ခြင်း ကြောင်း ပဲဝါလေးတင်သွင်းမှုကိုမြှင့်တင်လာလိမ့်မယ်လို့ ဆိုပါတယ်။ပဲဝါလေးဟာကမ္ဘာ့ဈေးကွက်အတွင်း ဈေးးအသက်သာ ဆုံးပဲအဖြစ် ရှိနေတာကြောင့်လို့ ဆိုပါတယ်။ ၂ဝ၁ဝ ခုနှစ် အတွင်း ပဲဝါလေး တင်သွင်းမှုတန်ချိန် ၁ ဒသမ ၅ သန်းအထိ ရှိခဲ့လို့ ကမ္ဘာမှာ ပဲဝါလေးအများဆုံး တင်သွင်းသူဖြစ်လာခဲ့ပါတယ်။ အလားတူ အိန္ဒိယပဲနီလေးဈေးက အမြင့်မှာဘဲ ရှိ နေတာကြောင့် ကနေဒါ ပဲနီလေးတင်ပို့မှု တိုးတက်ခဲ့ပါတယ်။ အိန္ဒိယဈေးကွက်ရဲ့ ဈေးနှုန်းကို ဦးစားပေးမှုကြောင့် အဲဒီပဲ များကို အစားထိုးရောင်းဝယ်လာကြတာ ထင်ရှားနေပါတယ်။ကမ္ဘာမှာပဲလုံးနဲ့ ပဲရာဇာ (ပဲနီလေး၊ ပဲဝါလေး) အများဆုံး တင်ပို့နေတဲ့ ကနေဒါနိုင်ငံဟာ ၂ဝ၁ဝ ခုနှစ်ကထဲက ရာသီ ဥတုနဲ့ ဆက်စပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်လည်း ပဲမျိုးစုံဟာ ငွေပိုရပြီး စိုက်ပျိုးဖို့ အဆင်ပြေတဲ့ အခြားသီးနံှများ ပြောင်းလဲစိုက်ပျိုးမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ ဒါကြောင့် ၂ဝ၁၂ မှာ ပဲမျိုးစုံစိုက်ဧရိယာ တိုးခဲျ့ဖို့ လိုအပ်လာပြီလို့ ဆိုပါတယ်။ ၂ဝ၁၁ အတွက် ပဲမျိုးစုံဈေးကွက်အလားအလာအနေနဲ့ ကနေဒါ၊ အမေရိကန်နဲ့ အိန္ဒိယအပါအဝင် အဓိက ပဲထုတ် လုပ်ရာ ဒေသများက ရောင်းချမှုထိခိုက်နိုင်ပေမဲ့ ဝယ်လိုအား ကတော့ခိုင်မာနေဆဲလို့ဆိုပါတယ်။ ယေဘုယျအနေနဲ့ တောင် အာရှနဲ့ အိန္ဒိယတို့မှာ စားသုံးမှု ဝယ်လိုအားကြီးမားနေတာ ကြောင့် အဲဒီနိုင်ငံများဟာ ကနေဒါ အထူးသီးနံှဆွေးနွေးပွဲကို အထူးအလေးထားစောင့်ကြည့်ခဲ့ပါတယ်။ ကမ္ဘာ့ဈေးကွက် အနေနဲ့ အိန္ဒိယ မိုးပဲမျိုးစုံထုတ်လုပ်မှု ကျဆင်းဖွယ်ရှိခြင်း က ဈေးနှုန်းအမြင့်ဘက်ကို ဦးတည်စေပါတယ်။ ဇူလိုင်လ အစော ပိုင်းအိန္ဒိယပဲစိုက်ပျိုးမှု နောက်ကျလျက်ရှိပြီး စိုက်ဧရိယာ တိုးတက်မှု ရှိမရှိနဲ့ သီးနံှထုတ်လုပ်မှု ခန့်မှန်းချက်တော့ ထွက် မလာသေးဘူးလို့ သိရပါတယ်။ ယမင်းရွှေစင်၊ Source: businessline
ရန်ကုန် FOB အရောင်းအဝယ်မှာ တဖြည်းဖြည်းနည်းလာတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ထောပတ် ပဲနဲ့ မြေထောက်ပဲ အရောင်းအဝယ်ဖြစ် မှုမှာ တစ်ပတ်ထက်တစ်ပတ် လျော့ကျလာ နေပါတယ်။ ပြည်တွင်းလက်ကျန်ပါးနေပြီဖြစ်လို့ ဝယ်လိုအားကောင်းပေမဲ့ အရောင်း စာချုပ်နည်းခြင်းဖြစ်ပါတယ်။ ဇူလိုင်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ထောပတ်ပဲ တန်ချိန် ၂၇ဝ နဲ့ မြေထောက်ပဲတန် ၂ဝ ကျော်သာ FOB အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အတွင်းမှာ ထောပတ်ပဲ တန်ချိန် ၅၆ဝ နဲ့ မြေထောက်ပဲတန်ချိန် ၇၃ဝ ခန့် ပြည်ပအရောင်း အဝယ် စာချုပ်ခဲ့ကြောင်း သိရပါ တယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်များအတိုင်း ဇူလိုင်လ ၂၁ ရက် မှာလည်း ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ၊ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ၆၂ဝ-၆၄ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု အရှိန်ကောင်းနေဆဲ ပင်လယ်ရေကြောင်းက တင်ပို့မှုမှာ ယခုတစ်ပတ် (ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်) ထောပတ်ပဲတင်ပို့မှု တန်ချိန် ၄ဝဝ ကျော်ရှိနေပေမဲ့ မြေထောက်ပဲတင်ပို့မှုမှာ တန်ချိန် ၃ဝ ခန့်သာ ရှိတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ထောပတ်ပဲ တန် ၅၅ဝ နဲ့ မြေထောက်ပဲတန် ၇ဝဝ ကျော်ထိ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ်မှာ သိသိသာသာလျော့ကျခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်ပဲများ စုဆောင်းတင်ပို့ရတာ ဖြစ်လို့ လက်ကျန်နည်းလာတာနဲ့အမျှ တင်ပို့မှုလည်း လျော့ကျခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့အထိ ပြည်ပတင်ပို့မှုစုစုပေါင်းဟာ မြေထောက်ပဲတန် ၅ဝဝဝ ခန့်ရှိပြီးထောပတ်ပဲ တန်ချိန် တစ်သောင်းကျော်ပြီဖြစ်လို့ ယခင်နှစ်ကာလတူ တင်ပို့ ခဲ့တဲ့ ထောပတ်ပဲ တန် ၇၈ဝဝ နဲ့ မြေထောက်ပဲ တန် ၃၆ဝဝ တို့ထက် ပိုမို တင်ပို့ နိုင်တာတွေ့ရပါတယ်။MIRT - MAPT
လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲ FOB အရောင်းအဝယ်လျော့ ယခင်သီတင်းပတ်က ရန်ကုန်တိုင်းဒေသကြီး FOB ဈေးကွက်မှာ ကုလားပဲဖြူ လုံးကြီးတန် ၅ဝဝဝ နီးပါး ပြည်ပအရောင်းအဝယ်စာချုပ်ချုပ်ဆိုခဲ့ပေမဲ့ ယခု ဇူလိုင် လ ၁၆ ရက်မှ ၂၁ ရက်အတွင်းမှာတော့ တန်ချိန် ၁၈ဝဝ ခန့်သာ စာချုပ်ဆို နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပဝယ်လိုအားကောင်းနေဆဲဖြစ်ပေမဲ့ ပြည်တွင်း လက်ကျန် နည်းနေပြီဖြစ်လို့ အရောင်းအဝယ်ပမာဏလျော့ကျခြင်းဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အတွင်းမှာတော့ ကုလားပဲဖြူကြီး တန်ချိန် ၈ဝဝဝ ခန့် ပြည်ပ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်အတိုင်း ဇူလိုင်လ ၂၁ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၈၇ဝ-၈၉ဝ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
လက်ကျန်နည်းလာပေမဲ့ ကုလားပဲဖြူလုံးကြီး တန် ၁၅ဝဝ တင်ပို့ ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းလာပေမဲ့ ကုလားပဲဖြူလုံးကြီး ပြည်ပတင်ပို့မှုဟာ ယခုတစ်ပတ် မှာလည်း တန် ၁၅ဝဝ ခန့် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဝယ်လိုအားကောင်းနေပေမဲ့ လက်ကျန်မရှိသလောက် နည်းသွားပြီလို့ သိရပါတယ်။လက်ရှိဘဏ္ဍာနှစ်ဇူလိုင်လ ၁၄ ရက် အထိ ကုလားပဲဖြူလုံးကြီး တန် ချိန် ၃၂ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက တန် ၅ဝဝ သာ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ပဲအားလုံးထဲမှာ ကုလားပဲကို ပြည်ပဝယ်လက်ရော ပြည်တွင်းခွဲစက် များကပါ ဝယ်လိုအားဆက်လက်ကောင်းနေတယ်လို့ သိရပါတယ်။ MIRT - MAPT
ပြည်ပဲတီစိမ်း အရောင်းအဝယ်သွက်နေ ပြည်ဈေးကွက်သို့ ပဲတီစိမ်းသစ်များ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယခုတစ်ပတ်အတွင်း တစ်ရက်ကို အိတ် ၆ဝဝ-၇ဝဝ အထိအဝင်များလာခဲ့ပါတယ်။ ဒေသတွင်းမြို့နယ်များဖြစ်သော ပေါက်ခေါင်း၊ ပေါင်းတလည်၊ ပန်းတောင်း၊ ဥသျှစ်ပင်တို့မှ အဝင်ရှိသလို မင်းတုန်း၊ ကံမဖက်မှလည်း ရေလမ်းဖြင့် ဝင်ရောက်လျက်ရှိခဲ့ပါတယ်။ ဇူလိုင်လ ပထမပတ်အတွင်း ပဲတီစိမ်းဈေးမှာ တစ်တင်း ၁၅၆ဝဝ ကျပ်ရှိခဲ့ပြီး ဇူလိုင်လ ဒုတိယပတ်မှစ၍ တစ်တင်း ၁၆၄ဝဝ ကျပ်မှ ယခုဇူလိုင်လ တတိယပတ်တွင် တစ်တင်း ၁၆၅ဝဝ ကျပ်မှ ၁၇ဝဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ရန်ကုန်ဝယ်လက်ရော မန္တလေးဝယ်လက်ပါ အဝယ်ရှိတဲ့အတွက် တစ်ရက်ကို အိတ် ၁၅ဝဝ အထိ အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ယခုအပတ် ပဲတီစိမ်းအပို့လျော့ ဇူလိုင်လ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၄ ဒသမ ၇၄ဝ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၅၆၅၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၂၄၃ တန် ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ အပို့လျော့နည်းပေမဲ့ ယခုနှစ်မှာ ပဲတီစိမ်းတင်ပို့မှုဟာ သိသိသာသာ တိုးမြင့်လျက်ရှိပါတယ်။ ဧပြီလမှာ ၂၉၄၅ တန်၊ မေလမှာ ၁၃၆ဝ၆ တန်နဲ့ ဇွန်လမှာ ၂၇၅၂၃ တန် အသီးသီး ဖြစ်ပါတယ်။ ဇွန်လမှ ပဲတီစိမ်းအသစ်ထွက်မှာ ဖြစ်တဲ့ အတွက် သိုလှောင်ပဲဟောင်းများ ထုတ်ရောင်းတဲ့အတွက် နဲ့ တရုတ်ဖက်မှ ဝယ်လိုအားမြင့်တက်လာခြင်းတို့ကြောင့် ဇွန်လမှာတင်ပို့မှု ၂၇ဝဝဝ ကျော် သွား တာဖြစ်ပါတယ်။ လက်ရှိပြည်တွင်းဈေးနဲ့ တစ်ဖက်နိုင်ငံဈေး အခြေအနေအရ ချိန်ဆ တင်ပို့နေကြခြင်းဖြစ်ပြီး ယွမ်ဈေးမြင့်တက်လာတာနဲ့အမျှ အကိုျးအမြတ်ရှိတဲ့အတွက်တင်ပို့မှုတိုးတက်လာမယ်လို့တော့ မျှော်မှန်း လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %၆၂၉၂ဝ၇ ၆၅၄၈၄၇ ၂၅၆၄ဝ ၄ ၈၈၂ ၁ဝဝ၆ ၁၂၄ ၁၄MIRT (DOBT)
ပဲတီစိမ်း FOB အရောင်းအဝယ် ပုံမှန်ဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို အဝယ်ပုံမှန်ရှိနေပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အထိ (တစ်ပတ်အတွင်း) ဈေးပိတ်ရက်ရှိခဲ့ပေမဲ့ ယခင်သီတင်းပတ်မှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပမာဏနီးပါး တန်ချိန် ၄၅ဝဝ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယဝယ်လက်များမှ အရည်အသွေးနိမ့်ပဲများ ပိုမိုဝယ်ယူ တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂၁ ရက်အတွင်းမှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ တန်ချိန် စုစုပေါင်း ၁၁၅ဝဝ ခန့် ပြည်ပအဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်များအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဇူလိုင်လ ၂၁ ရက်မှာ ပဲတီစိမ်း (အညာ)တစ်တန် ကန်ဒေါ်လာ ၈ဝဝ-၈၂ဝ၊ ပဲတီရွှေဝါအသေး တစ်တန်ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၁၁၅ဝ-၁၁၇ဝ ဈေးဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
