Main menu

Background

Tuesday, 12 Jul 2011

ပြည်ပဲနီပြားအဝင်မရှိပေမယ့် လက်လီသမားဖြင့် အရောင်းအဝယ်ဖြစ်                    ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲနီပြားဝင်ရောက်မှု မရှိတော့ဘူးလို့ သိရပါတယ်။ ပဲနီပြားသီးနံှ မှာ တောင်သူများ လက်ဝယ်တွင် မျိူးပဲခန့်သာ ကျန်ရှိခဲ့ပြီး ပွဲရုံများမှာသာ လက်ကျန်ပဲအနည်းငယ်ကျန်ရှိနေခဲ့တယ်လို့ သိရပါတယ်။ လက်လီ သမားများနေ့စဉ် အဝယ်ရှိပြီး တစ်ရက်အိတ် ၄ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲနီပြားမှာ ပဲပေါ်စအချိန်တွင် တစ်တင်း ၂၂ဝဝဝ ကျပ်ဈေးဖြင့် ရောင်းဝယ်ခဲ့ကြပြီး သြင်္ကန်ပြီးကာလမှစ၍ တဖြည်းဖြည်း ဈေးကျလာကာ ဇွန်လ မှစ၍ ယခုဇူလိုင်လဆန်းပိုင်းထိ တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့် ဈေးအတက်အကျမရှိဘဲ ဈေးငြိမ်လျက်ရှိကြောင်း သိရပါ တယ်။                                  ခင်ဆွေဝင်း

Tuesday, 12 Jul 2011

နယ်စပ်မှ ပဲယင်းတန် ၁၅ဝ နီးပါးအပို့ရှိ                မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၈၈ဝဝဝ တန်ဖိုးရှိ ပဲယင်း ၁၄၇ တန် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၁ဝဝ ခန့်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ပဲယင်းဈေးများ လည်း ကျလျက်ရှိတာကိုတွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံမြေပြင် ပေါက် ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                       မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု          ယခင်      ပြောင်းလဲမှု    %    ယခု     ယခင်    ပြောင်းလဲမှု    %    ၃၂၂၁၃၄     ၃၅၁၅ဝ၁     ၂၉၃၆၇        ၉     ၅၇၂    ၆ဝ၃            ၃၁         ၅MIRT (DOBT)

Tuesday, 12 Jul 2011

နယ်စပ်မှ ပဲကြီး တန် ၆ဝ ကျော်အပို့ရှိ             မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်ထိ ကာလအတွင်း တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒသမ ဝ၅၅ သန်းတန်ဖိုးရှိ ပဲကြီး ၆၅ တန်ခန့် တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက် ၂ တန်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။   MIRT(DOBT)

Tuesday, 12 Jul 2011

ပြည်ထောပတ်ပဲ လက်ကျန်များဖြင့် အရောင်းအဝယ်ဖြစ်နေ                    ပြည်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း ထောပတ်ပဲဝင်ရောက်မှု မရှိတော့ဘဲ လက်ကျန်ပဲများသာ လက်လီဝယ်ယူသူများဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ လက်လီရောင်းဝယ်မှုအနေဖြင့် တစ်ရက် ၁ဝ အိတ်ကျော်ခန့် အရောင်းအဝယ်ဖြစ်ပြီး ရန်ကုန်ဝယ်လက်အဝယ်ရှိတဲ့ ရက်မှသာ အရောင်းသွက်တယ်လို့ သိရပါတယ်။ ထောပတ်ပဲဈေးမှာ ယခင်နှစ်က ဇူလိုင်လဆန်းပိုင်းတွင် တစ်တင်း ၂၄ဝဝဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ ကြသော်လည်း ယခုနှစ် ဇူလိုင်လဆန်းမှာတော့ တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့် ဇွန်လကစပြီး ယခုအချိန်အထိ ဈေးငြိမ်ရောင်းဝယ်ခဲ့ကြတာကို တွေ့ရပါတယ်။ ခင်ဆွေဝင်း

Tuesday, 12 Jul 2011

လက်ကျန်နည်းလာလို့ ထောပတ်နဲ့ မြေထောက်ပြည်ပအရောင်းနည်း                 ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်ဇူလိုင်လပထမပတ် အတွင်း ပြည်ပအရောင်းအဝယ်စာချုပ်ပြီးစီးမှုဟာ ထော ပတ်ပဲ တန်ချိန် ၃ဝဝ ခန့် နဲ့ မြေထောက်ပဲ တန် ၃၅ဝ ခန့်ရှိလို့ ယခင်တစ်ပတ်ထက် လျော့နည်းတာတွေ့ရပါတယ်။ ပြည်ပဝယ်လက်ကြိုက်တဲ့ ပဲများဖြစ်ပေမဲ့ လက်ရှိ ပြည်တွင်းမှာ လက်ကျန်နည်းလာတာကြောင့် အရောင်းအဝယ်စာချုပ် ချုပ်ဆိုမှု လျော့နည်းသွားခြင်း ဖြစ်တယ်လို့ သိရပါတယ်။                       ဇွန်လ ပထမပတ်အတွင်း ထောပတ်ပဲ တန် ၄ဝဝ ခန့်နဲ့ မြေထောက်ပဲတန် ၄၅ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုလ ကာလတူမှာ အရောင်းအဝယ်ဖြစ်မှု လျော့ကျခဲ့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်သီတင်းပတ်များအတိုင်း ပြောင်းလြဲခင်းမရှိဘဲ ဇူလိုင်လ ၈ ရက်တွင် ထောပတ်ပဲ FAQ တန်ချိန် ၇၅ဝ- ၇၈ဝ နဲ့ မြေထောက်ပဲ FAQ တန်ချိန် ၆၂ဝ-၆၄ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT

Tuesday, 12 Jul 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ ပုံမှန်ပမာဏအတိုင်း တင်ပို့နေ               ပင်လယ်ရေကြောင်းက ထောပတ်ပဲနဲ့ မြေထောက်ပဲတင်ပို့မှုကတော့ ပုံမှန် ပမာဏအတိုင်း တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ယခုသီတင်းပတ် (ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်)အတွင်း ထောပတ်ပဲတန်ချိန် ၈၆ဝ ကျော်နဲ့ မြေထောက်ပဲ တန် ၄ဝဝ ခန့်တင်ပို့ခဲ့ပါတယ်။ ယခုနှစ် ဇွန်လ တစ်လလုံးအတွင်း တင်ပို့မှုအနေနဲ့ ထောပတ်ပဲတန်ချိန် ၂၆ဝဝ ကျော်၊ မြေထောက်ပဲတန်ချိန် ၁၅ဝဝ ခန့် ရှိပြီး မေလ အတွင်းမှာ ထောပတ်ပဲ တန်ချိန် ၄ဝဝဝ ကျော်ပြီး၊ မြေထောက်ပဲတန်ချိန် ၁၇ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။                  ၂ဝ၁ဝ ခုနှစ် ဇွန်လအတွင်းမှာ ထောပတ်ပဲ တန်ချိန် ၁၈ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၈ဝဝ ခန့်သာရှိလို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှု အနေနဲ့ ထောပတ်ပဲ တန် ၉ဝဝဝ ကျော်ပြီး၊ မြေထောက်ပဲ တန် ၄ဝဝဝ ကျော်ရှိလို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှု ထောပတ်ပဲတန်ချိန် ၇ဝဝဝ ကျော်နဲ့ မြေထောက်ပဲ တန်ချိန် ၃ဝဝဝ ခန့်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။             MIRT- MAPT

Tuesday, 12 Jul 2011

ဝယ်လိုအားခိုင်မာတာကြောင့် ကုလားပဲဈေး အတက်ဘက်ဦးတည်နိုင်                 အိန္ဒိယဈေးကွက်များမှာ ဈေးအနိမ့်နဲ့ ဝယ်လိုအားကောင်းတာကြောင့် ကြိုပွိုင့် ဈေးရော လက်ငင်းဈေးပါ အတက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ပါတယ်။ ပွဲတော်ရာသီနီးကပ်လာပြီဖြစ်လို့ လာမယ့် သီတင်းပတ်များမှာ ကုလားပဲထုတ်ကုန် ဝယ်လို အားတက်လာဖွယ်ရှိလို့ ဈေးကျဆင်းဖွယ်မရှိဘူးလို့ ခန့်မှန်းကြပါတယ်။ မိုးရွာသွန်းမှု တိုးတက်လာတာကြောင့် အခြားစိုက်ပျိုးရေး ထုတ်ကုန်များ လျော့ကျလာနေပေမဲ့ ကုလားပဲကတော့ ဝယ်လိုအားတက် လာနိုင်တာကြောင့် ဈေးကျဆင်းခြင်းမရှိဘူးလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က ကျဆင်းခဲ့တဲ့ အခြားပဲဈေးများ ခိုင်မာလာနေခြင်းကလည်း ကုလားပဲဈေးနှုန်းကို အထောက် အပံ့ဖြစ်စေပါတယ်။             ကာလတိုအတွင်းမှာ ဝယ်လိုအားမြင့်တက်နိုင်လို့ ဈေးနှုန်းဆက်လက် ခိုင်မာဖွယ်ရှိပေမဲ့ ပဲထုတ်လုပ်မှု မြင့်တက်မယ့် အလားအလာများအရတော့ ထူးထူး ခြားခြား ဈေးမတက်အောင် ထိန်းနိုင်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင်၊Source: commodityonline 

Tuesday, 12 Jul 2011

ကုလားပဲကို FOB အဝယ်ရှိပေမဲ့ အရောင်းလျော့             ပြည်တွင်းလက်ကျန်နည်းလာပြီဖြစ်လို့ ပြည်ပအဝယ်ရှိပေမဲ့ ပြည်ပအရောင်း အဝယ်စာချုပ်ချုပ် ဆိုမှု လျော့နည်းခဲ့ပါတယ်။ ဇူလိုင်လ ပထမပတ်အတွင်းမှာ ရန်ကုန်တိုင်းဒေသကြီး FOB ဈေးကွက်မှာ တန်ချိန် ၁၆ဝဝ ကျော်သာ အရောင်း အဝယ်စာချုပ် ချုပ်ခဲ့တယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း အရောင်းနည်းသွားနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ရန်ကုန် FOB ဈေး အနေနဲ့ ယခင်သီတင်းပတ်ဈေးအတိုင်း တစ်တန် ကန်ဒေါ်လာ ၈၅ဝ-၈၇ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT- MAPT 

Tuesday, 12 Jul 2011

တစ်ပတ်အတွင်း ကုလားပဲဖြူလုံးကြီး တန် ၃ဝဝဝ အတင်ရှိ                   ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုအနေနဲ့ ယခုတစ်ပတ် (ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၁ ရက်) အတွင်းမှာ တန် ၃ဝဝဝ ကျော်ထိ တင်ပို့မှု တက်လာခဲ့ပါတယ်။ ပြည်ပအဝယ်သွက်နေတဲ့ ပဲဖြစ်လို့ တင်ပို့မှု တက်လာခဲ့တာ ဖြစ်ပါတယ်။ ဇွန်လ တစ်လလုံးတင်ပို့မှုမှာ တန်ချိန် ၇၃ဝဝ ကျော်ရှိပြီး မေလအတွင်း တန်ချိန် ၁၆ဝဝဝ ခန့်တင်ပို့မှု ရှိခဲ့တာတွေ့ရပါတယ်။ ယခင်နှစ် ဇွန်လအတွင်း တင်ပို့မှု မရှိသလောက်နည်းတာတွေ့ရပါတယ်။                   လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၂၈၅ဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ တန်ချိန် ၈၅ဝဝ ခန့်သာရှိလို့ ယခုနှစ်ဝက်အတွင်း ယခင်တစ်နှစ်လုံးတင်ပို့မှုထက်တန်ချိန် ၂ဝဝဝဝကျော် ပိုမို တင်ပို့ပြီးဖြစ်တာတွေ့ရပါတယ်။ ပြည်တွင်းမှာ လက်ကျန်နည်းလာပြီဖြစ်လို့လာမယ့် သီတင်းပတ်များမှာတော့ တင်ပို့မှုလျော့ကျ နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။                 MIRT- MAPT 

Tuesday, 12 Jul 2011

တောင်သူချစ်တဲ့ ပဲတီစိမ်း                     မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ကျေးရွာတိုင်းမှာ ပဲတီစိမ်းကို တောင်သူတိုင်းလိုလိုစိုက်လေ့ရှိပါတယ်။ ဒီနှစ် ၂ဝ၁၁ ခုနှစ်ထွက် ပဲတီစိမ်း မိုးစိုက်ဧက ခြောက်ထောင်ကျော်ကို ဧပြီ၊ မေလများတွင် စိုက်ပျိုးခဲ့ပါတယ်။ ယနေ့မှစ၍ ပဲတီစိမ်းတွေပေါ်နေပါပြီ။ မိုးလေဝသအခြေအနေကောင်းတာကြောင့် တစ်ဧက ၁ဝ တင်းမှ ၁၇ တင်းထွက်ရှိကြောင်း သိရပါတယ်။ ''ပဲတီစိမ်းဈေးကွက်ကတော့ ပေါ်ဦးပေါ်ဖျားမှာ တစ်တင်း ၂၉၅ဝဝ ကျပ် ဈေးထိရပြီး၊ ဒီနေ့ကြတော့ ၂၁၅ဝဝ ကျပ်ဈေးပဲရရှိပါတယ်။ ဘာဘဲဖြစ်ဖြစ် ပဲတီစိမ်းစိုက်ရတာ ရာသီဥတု ဒဏ်ခံနိုင်တဲ့အတွက် တောင်သူများအတွက် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်ရတဲ့အတွက် တွက် ခြေကိုက်ပါတယ်''လို့ ရွာမုန်းကြီးကျေးရွာမှ တောင်သူ တစ်ဦးက ပြောကြားပါတယ်။ ကျော်ဦး 

Pages