Main menu

Background

Monday, 27 Jun 2011

ပဲစင်းငုံဈေး ပြန်ဆင်းလာ                အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခင်တစ်ပတ်က ပဲစင်းငုံဈေးငြိမ်နေ ရာမှ ယခုတစ်ပတ်မှာ ပြန်လည်ကျဆင်းလာခဲ့ပါတယ်။ ရောင်းလိုအားများပြီး အဝယ်မရှိခြင်းက ဈေးနှုန်းကို ကျဆင်းစေပါတယ်။ ပဲအသစ်ဈေးကွက်ထဲဝင်ဖို့ နောက်ထပ် ၆ လခန့် လိုနေသေးတဲ့အတွက် လှောင်လက်ကြီးများဟာ ဈေးထပ်မံ မြင့်တက်မယ် မျှော်လင့်ပြီး ပဲစင်းငုံပမာဏ အမြောက်အမြား ကိုင်ထားဆဲဖြစ်ကြောင်း သိရပါတယ်။ မိုးရွာသွန်းမှု ပုံမှန်အောက် ရောက်မယ်ဆိုပေမဲ့ လက်ရှိစိုက်ပျိုးထားတဲ့ ပဲများဟာ အစိုဓာတ်နဲ့ ရာသီဥတုကောင်းမွန်စွာရရှိတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း ဈေးအတက်အကျဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                    ဒေါ်လာ/ တန်                   ၂၃-၆-၁၁          ၂၂-၆-၁၁          ၂၁-၆-၁၁            ၂ဝ-၆-၁၁မွန်ဘိုင်း            ၆၅၁-၆၆၂         ၆၆၄-၆၇၅        ၆၆၈-၆၇၉           ၆၇၂-၆၈၃ဒေလီ               ၇၂၃-၇၂၆         ၇၂၅-၇၂၇       ၇၃၅-၇၃၇           ၇၃၃-၇၃၆ချန်နိုင်း                ၆၅၆                ၆၅၈              ၆၅၇                  ၆၆၇MIRT(MAPT)

Monday, 27 Jun 2011

ဒီတစ်ပတ် တန် ၇ဝဝဝ စာချုပ်ရောင်း                  ရန်ကုန်တိုင်းဒေသကြီး(ဘုရင့်နောင်)ကုန်စည်ဒိုင်ရဲ့ FOB  ဈေးကွက်မှာ ပို့ကုန် ဝင်ငွေ တစ်ယူနစ်တန်ဖိုး ကျဆင်းခြင်းကြောင့် မြန်မာ့ပဲရောင်းသူများရော ပြည်ပဝယ်လက်များပါ မကိုက်တဲ့အတွက် အရောင်းအဝယ်ဖြစ်မှု နည်းတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဇွန်လ၁၈ ရက်မှ ၂၄ ရက်အထိ တစ်ပတ်အတွင်းမှာ ပဲစင်းငုံဖြူနီနဲ့ အဖြူ တန်ချိန် ၇ဝဝဝ ခန့် ပြည်ပအရောင်းအဝယ်စာချုပ်ချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၁ ရက်မှ ၂၄ရက်အတွင်း ပြည်ပအရောင်းအဝယ်စာချုပ်ချုပ်ဆို ပြီးစီးမှုဟာ တန်ချိန် ၁၉ဝဝ ကျော်ရှိပြီလို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုနည်းပြီး ပို့ကုန် ဝင်ငွေတစ်ယူနစ် တန်ဖိုးကျဆင်းပေမဲ့ ပဲစင်းငုံ ရန်ကုန် FOB ဈေးနှုန်းကတော့ ယခင်တစ်ပတ်ဈေးအတိုင်းဇွန်လ၂၄ ရက်မှာလည်း ပဲစင်းငုံ (FAQ)တစ်တန် ကန် ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ပဲစင်းငုံဖြူနီ၊ အဖြူ (FAQ ) တစ်တန် ကန်ဒေါ်လာ ၅၂ဝ- ၅၄ဝ ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Monday, 27 Jun 2011

ယခုအပတ် မတ်ပဲတင်ပို့မှု ပိုမို                 ဇွန်လ ၁၅ ရက်မှ ၂၁ ရက်အထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂၇ဝဝဝ တန်ဖိုးရှိ မတ်ပဲ တန် ၃ဝ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁ဝ တန် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီး များက ထွက်ရှိတဲ့ မတ်ပဲများကို တင်ပို့နေတာ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ ဈေးများ ကျလျက်ရှိပါတယ်။ နှစ်ဘက်မြေပြင်ပေါက်ဈေးများကို နိုှုင်းယှဉ် ဖော်ပြပေးလိုက်ရ ပါ တယ်-                              မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု            ယခင်       ပြောင်းလဲမှု   %     ယခု     ယခင်    ပြောင်းလဲမှု    %မတ်ပဲ     ၅၅၂၁၈၄     ၅၆၆၁ဝ၃      ၁၃၉၁၉      ၃      ၈ဝ၃     ၈၃၄          ၃၁           ၄MIRT (DOBT)

Monday, 27 Jun 2011

FOB ဈေးကွက်မှာ မတ်ပဲ အရောင်းအဝယ်ဖြစ်နေဆဲ                   ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင် (ဘုရင့်နောင်) FOB ဈေးကွက်မှာ ပို့ကုန် ဝင်ငွေ တစ်ယူနစ်တန်ဖိုး ဈေးနှုန်းအပြောင်းအလဲ မတည်ငြိမ်မှုကြောင့် ကုန်သည်များ အရောင်းအဝယ်မလုပ်ရဲကြဘူးလို့ ဆိုပေမဲ့ ဇွန်လ ၁၈ ရက်မှ ၂၄ ရက်အထိ တစ်ပတ်အတွင်း မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ် စုစုပေါင်း တန်ချိန် ၁၈ဝဝဝ ခန့် အရောင်းအဝယ်စာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၁၈ ရက်မှ ၂၄ ရက် အထိ စုစုပေါင်း အရောင်းအဝယ် ဖြစ်မှုမှာ မတ်ပဲ SQ တန်ချိန် ၁၆ဝဝဝ ကျော်၊ FAQ တန်ချိန် ၄၂ဝဝဝ ကျော်နဲ့ အခွံချွတ် စုစုပေါင်း တန်ချိန် ၆ သောင်းကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။                   ပို့ကုန်ဝင်ငွေဈေးနှုန်းအပြောင်းအလဲကြောင့် ပဲဈေးများလည်း ပြောင်းလဲလျက် ရှိရာ ရန်ကုန် FOB မတ်ပဲဈေးမှာ ယခင်တစ်ပတ်ထက် လျော့ကျခဲ့တာ တွေ့ရပါတယ်။                                        ဒေါ်လာ/တန်                    မတ်ပဲ(FAQ)       မတ်ပဲ(SQ)၂၄-၆-၁၁       ၇၃ဝ-၇၅ဝ         ၈၅ဝ-၈၇ဝ၁၇-၆-၁၁       ၇၅ဝ-၇၇ဝ         ၉ဝဝ-၉၂ဝMIRT(MAPT)

Monday, 27 Jun 2011

မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၁၈ဝဝဝ ကျော်ရှိ                 ပင်လယ်ရေကြောင်း မတ်ပဲတင်ပို့မှုဟာ ယခင်သီတင်းပတ်များက တန်ချိန် နှစ်သောင်းကျော်နဲ့ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (ဇွန်လ ၁၆ ရက်မှ ၂၂ ရက်)မှာ အနည်းငယ်လျော့ပြီးတန်ချိန် ၁၈ဝဝဝ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံ က အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ဖြစ်တယ်လို့ သိရပါတယ်။               လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁၇ ရက်နေ့အထိ မတ်ပဲတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၆ဝဝဝဝ ကျော်ရှိပြီဖြစ်လို့ ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့မှု တန်ချိန် တစ်သိန်း ကျော်ထက် ပိုမိုတင်ပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် သီတင်း ပတ်တွေ မှာ တော့ တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ MIRT - MAPT 

Tuesday, 21 Jun 2011

ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်အာလူးဈေးကွက်                  ယခုတစ်ပတ်တွင် အောင်ပန်းဘက်မှ အာလူးများ ပြည်ဈေးကွက်အတွင်းသို့ ပိဿာ ၄ဝ ဝင်အိတ် ၁၅ဝ ခန့်နဲ့ ယခင် ပတ်အတိုင်း ပုံမှန်အဝင်ရှိပြီး ဧရာဝတီနှင့် ရခိုင်ဘက်သို့ ပိဿာချိန် ၆ဝဝ ခန့်ကို ဈေးကွက်မှတစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း တစ်ပိဿာကို (ကြီး) ၈ဝဝ ကျပ်၊ (လတ်) ၇ဝဝ ကျပ်၊ (သေး) ၆၅ဝ ကျပ်တို့ရှိပြီး ဈေးကွက်အတွင်း ပွဲရုံများ၌ ပိဿာချိန် ၂၅ဝဝ ခန့်နှင့် ယခုတစ်ပတ်၌ အရောင်းအဝယ် ပုံမှန်ဖြစ် လျက်ရှိကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ

Tuesday, 21 Jun 2011

ဝယ်လက်ကို မျှော်တဲ့ ရှမ်းနနွင်း              ဒီတစ်ပတ်မှာ ရှမ်းနနွင်းကလည်း ကျောက်ဆည်နနွင်းလိုပဲ ဝယ်လက်ကို မျှော်နေဆဲဖြစ်ပါ တယ်။ ပြည်ပဝယ်လိုအား မရှိတာကြောင့် ဈေးကွက်ကလည်း တဖြည်းဖြည်းပျောက်နေပါတယ်။ ပြီးခဲ့တဲ့လမှာ  တရုတ်ဝယ်လက်တွေက တိုင်းရင်းဆေး ဖော်စပ်ဖို့အတွက် နနွင်းခေါင်းတွေကိုသာ သီးသန့်ဝယ်ယူကြတယ်လို့ သိရပါတယ်။ နနွင်းခေါင်းတွေကတော့ နနွင်းတက်လို ပစ္စည်း အများအပြားမရှိတာကြောင့် ခဏတာသာ ဈေးကွက်ရှိခဲ့ပြီး တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးပေါက်ခဲ့ပါတယ်။ နနွင်းတက်က လည်း လှောင်လက်တွေနဲ့ ခြံသမားလက်တွေမှာ ကျန်နေပါသေးတယ်။ ဒီနှစ်တော့ နနွင်းစိုက် တောင်သူအချို့တွေလည်း ပြန်စိုက်ဖို့အတွက်တောင် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ ယခင်နှစ်တွေကတော့ နနွင်းဈေးကောင်းရတာကြောင့် နနွင်းအဖြူတွေပါ ရောနှောစိုက်ခဲ့ကြပေမဲ့ ဒီနှစ်တော့ မျိုးကောင်းကိုသာ စိုက်ကြတယ်လို့ သိရပါတယ်။ အဖြူပါနနွင်းတွေက ိုပယ်၊ မျိုးကောင်းနနွင်းကိုသာစိုက်ပြီး အရည်အသွေးကောင်းတဲ့ နနွင်းတွေသာ စိုက်ပျိုးထုတ်လုပ်ဖို့ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးတွေကတော့ အောင်ပန်းဈေးကွက်မှ တစ်ပိဿာ ၁ဝဝဝ ကျပ်-၁၂ဝဝ ကျပ်ဈေးရှိပြီး၊ နနွင်းခါးက တစ်ပိဿာ ၄ဝဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေး ရှိပါတယ်။ဧဧခိုင်

Tuesday, 21 Jun 2011

နနွင်းတင်ပို့မှုလျော့             ဇွန်လ ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း နနွင်း ၁ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းကနေ မလေးရှား နိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် တန် ၇ဝ တင်ပို့ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ အပို့လျော့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၉၃ဝ နဲ့ တင်ပို့ခဲ့တာဖြစ်ပါတယ်။ MIRT (DOT)

Tuesday, 21 Jun 2011

နနွင်းတက်နဲ့ နနွင်းခေါင်းအပို့ရှိ                  ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၄ သန်းတန်ဖိုးရှိ နနွင်းတက် တန် ၄ဝ ကျော်နဲ့ နနွင်းခေါင်း ၁ဝ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နနွင်းတက် တန် ၄ဝ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ MIRT(DOBT)

Sunday, 19 Jun 2011

ဈေးကောင်းနေတဲ့ မန်ကျည်း                 မန္တလေးတိုင်းဒေသကြီးအတွင်း မန်ကျည်းအများဆုံးထွက်တဲ့ ကျောက်ပန်း တောင်းမြို့နယ်မှာ ယခုနှစ် မန်ကျည်းအထွက်နည်းခဲ့တာကြောင့် မန်ကျည်းအသစ်ပေါ်စ ဖေဖော်ဝါရီလက မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာ ၁၅ဝဝ ကျပ်- ၁၈ဝဝ ကျပ်ဈေးမှ ယခုရက်ပိုင်းအတွင်း ကျောက်ပန်းတောင်းမြို့တွင် မန်ကျည်း အလုံး (အကြောဆွဲ) တစ်ပိဿာ ၁၃၅ဝ ကျပ်-၁၄ဝဝ ကျပ်၊ မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာ ထိပ်စ ၃ဝဝဝ ကျပ်၊ အလတ်စ ၂၅ဝဝ ကျပ်၊ အောက်စ ၂ဝဝဝ ကျပ်၊ မန်ကျည်းစေ့ တစ်တင်း ၄ဝဝဝ ကျပ်ဈေးဖြင့် ဈေးကောင်း လျက်ရှိ ကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်းသို့ ပခုက္ကူ ဆိပ်ဖြူမှ နေ့စဉ်မန်ကျည်း ပိဿာ ၃ဝဝဝ မှ ၅ဝဝဝ ခန့်ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်နယ် တောင်ပိုင်း (ရပ်စောက်) မှ နေ့စဉ် မန်ကျည်းအဝင်နည်းသွားပြီး ရက်ခြား၍ ပိဿာ ၂ဝဝဝ မှ ၃ဝဝဝ ခန့် သာဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မန်ကျည်းလက်ကျန် အလုံး (အကြောဆွဲ) ပိဿာ တစ်သိန်းနှစ်သောင်းနှင့် မန်ကျည်းအသား ပိဿာ ရှစ်သိန်းခန့်လက်ကျန်ရှိကြောင်းနှင့် ကျောက်ပန်းတောင်းမှ ရန်ကုန် (ဘုရင့်နောင်) သို့နေ့စဉ် ပိဿာ ၈ဝဝဝ ခန့်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမှ ပြည်ပတင်ပို့မှု အနေနဲ့ ယခုနှစ် ဖေဖော်ဝါရီလမှ မေလ အထိ မလေးရှား၊ ပါကစ္စတန်၊ တရုတ်နိုင်ငံများသို့ ပိဿာချိန် သိန်း ၂ဝ ခန့်တင်ပို့ခဲ့ကြောင်းနဲ့ မန်ကျည်း အလုံး (အကြောဆွဲ) တင်ပို့မှုများခဲ့ကြောင်း သိရပါတယ်။ မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း မန်ကျည်းအသား(အစေ့မပါ) တစ် ပိဿာ လက်ကားဈေး ၂၂ဝဝ ကျပ်နဲ့ လက်လီဈေး ၃ဝဝဝ ကျပ်ဖြစ်ကြောင်း သိရပါတယ်။ သင်းသင်းအိ 

Pages