Background
ဝယ်လက်ကို မျှော်တဲ့ ရှမ်းနနွင်း ဒီတစ်ပတ်မှာ ရှမ်းနနွင်းကလည်း ကျောက်ဆည်နနွင်းလိုပဲ ဝယ်လက်ကို မျှော်နေဆဲဖြစ်ပါ တယ်။ ပြည်ပဝယ်လိုအား မရှိတာကြောင့် ဈေးကွက်ကလည်း တဖြည်းဖြည်းပျောက်နေပါတယ်။ ပြီးခဲ့တဲ့လမှာ တရုတ်ဝယ်လက်တွေက တိုင်းရင်းဆေး ဖော်စပ်ဖို့အတွက် နနွင်းခေါင်းတွေကိုသာ သီးသန့်ဝယ်ယူကြတယ်လို့ သိရပါတယ်။ နနွင်းခေါင်းတွေကတော့ နနွင်းတက်လို ပစ္စည်း အများအပြားမရှိတာကြောင့် ခဏတာသာ ဈေးကွက်ရှိခဲ့ပြီး တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးပေါက်ခဲ့ပါတယ်။ နနွင်းတက်က လည်း လှောင်လက်တွေနဲ့ ခြံသမားလက်တွေမှာ ကျန်နေပါသေးတယ်။ ဒီနှစ်တော့ နနွင်းစိုက် တောင်သူအချို့တွေလည်း ပြန်စိုက်ဖို့အတွက်တောင် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ ယခင်နှစ်တွေကတော့ နနွင်းဈေးကောင်းရတာကြောင့် နနွင်းအဖြူတွေပါ ရောနှောစိုက်ခဲ့ကြပေမဲ့ ဒီနှစ်တော့ မျိုးကောင်းကိုသာ စိုက်ကြတယ်လို့ သိရပါတယ်။ အဖြူပါနနွင်းတွေက ိုပယ်၊ မျိုးကောင်းနနွင်းကိုသာစိုက်ပြီး အရည်အသွေးကောင်းတဲ့ နနွင်းတွေသာ စိုက်ပျိုးထုတ်လုပ်ဖို့ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးတွေကတော့ အောင်ပန်းဈေးကွက်မှ တစ်ပိဿာ ၁ဝဝဝ ကျပ်-၁၂ဝဝ ကျပ်ဈေးရှိပြီး၊ နနွင်းခါးက တစ်ပိဿာ ၄ဝဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေး ရှိပါတယ်။ဧဧခိုင်
နနွင်းတင်ပို့မှုလျော့ ဇွန်လ ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း နနွင်း ၁ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းကနေ မလေးရှား နိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် တန် ၇ဝ တင်ပို့ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ အပို့လျော့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၉၃ဝ နဲ့ တင်ပို့ခဲ့တာဖြစ်ပါတယ်။ MIRT (DOT)
နနွင်းတက်နဲ့ နနွင်းခေါင်းအပို့ရှိ ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၄ သန်းတန်ဖိုးရှိ နနွင်းတက် တန် ၄ဝ ကျော်နဲ့ နနွင်းခေါင်း ၁ဝ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နနွင်းတက် တန် ၄ဝ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ MIRT(DOBT)
ဈေးကောင်းနေတဲ့ မန်ကျည်း မန္တလေးတိုင်းဒေသကြီးအတွင်း မန်ကျည်းအများဆုံးထွက်တဲ့ ကျောက်ပန်း တောင်းမြို့နယ်မှာ ယခုနှစ် မန်ကျည်းအထွက်နည်းခဲ့တာကြောင့် မန်ကျည်းအသစ်ပေါ်စ ဖေဖော်ဝါရီလက မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာ ၁၅ဝဝ ကျပ်- ၁၈ဝဝ ကျပ်ဈေးမှ ယခုရက်ပိုင်းအတွင်း ကျောက်ပန်းတောင်းမြို့တွင် မန်ကျည်း အလုံး (အကြောဆွဲ) တစ်ပိဿာ ၁၃၅ဝ ကျပ်-၁၄ဝဝ ကျပ်၊ မန်ကျည်းအသား (အစေ့မပါ) တစ်ပိဿာ ထိပ်စ ၃ဝဝဝ ကျပ်၊ အလတ်စ ၂၅ဝဝ ကျပ်၊ အောက်စ ၂ဝဝဝ ကျပ်၊ မန်ကျည်းစေ့ တစ်တင်း ၄ဝဝဝ ကျပ်ဈေးဖြင့် ဈေးကောင်း လျက်ရှိ ကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်းသို့ ပခုက္ကူ ဆိပ်ဖြူမှ နေ့စဉ်မန်ကျည်း ပိဿာ ၃ဝဝဝ မှ ၅ဝဝဝ ခန့်ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်နယ် တောင်ပိုင်း (ရပ်စောက်) မှ နေ့စဉ် မန်ကျည်းအဝင်နည်းသွားပြီး ရက်ခြား၍ ပိဿာ ၂ဝဝဝ မှ ၃ဝဝဝ ခန့် သာဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မန်ကျည်းလက်ကျန် အလုံး (အကြောဆွဲ) ပိဿာ တစ်သိန်းနှစ်သောင်းနှင့် မန်ကျည်းအသား ပိဿာ ရှစ်သိန်းခန့်လက်ကျန်ရှိကြောင်းနှင့် ကျောက်ပန်းတောင်းမှ ရန်ကုန် (ဘုရင့်နောင်) သို့နေ့စဉ် ပိဿာ ၈ဝဝဝ ခန့်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမှ ပြည်ပတင်ပို့မှု အနေနဲ့ ယခုနှစ် ဖေဖော်ဝါရီလမှ မေလ အထိ မလေးရှား၊ ပါကစ္စတန်၊ တရုတ်နိုင်ငံများသို့ ပိဿာချိန် သိန်း ၂ဝ ခန့်တင်ပို့ခဲ့ကြောင်းနဲ့ မန်ကျည်း အလုံး (အကြောဆွဲ) တင်ပို့မှုများခဲ့ကြောင်း သိရပါတယ်။ မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း မန်ကျည်းအသား(အစေ့မပါ) တစ် ပိဿာ လက်ကားဈေး ၂၂ဝဝ ကျပ်နဲ့ လက်လီဈေး ၃ဝဝဝ ကျပ်ဖြစ်ကြောင်း သိရပါတယ်။ သင်းသင်းအိ
မန်ကျည်းတန်ချိန် ငါးဆယ်နီးပါးတင်ပို့ခဲ့ ဇွန်လ ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း မန်ကျည်း ၄၇ ဒသမ ၅၅ တန် ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံကို ၂၂ ဒသမ ၅၅ တန်နဲ့ မလေးရှားနိုင်ငံကို ၂၅ တန်ဖြစ်ပါ တယ်။ ယခင်သီတင်းပတ်တန်ချိန် တစ်ရာကျော်ပို့ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ အပို့ လျော့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၈၉ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ လေးသောင်းနှစ်ထောင် ကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
ရှမ်းချင်းဥမတွေ ဈေးကွက်ဝင် ဒီနှစ် ရှမ်းပြည်နယ်တောင်ပိုင်းမှာသြင်္ကန်ပြီးကတည်းက မိုးဆက်ရွာနေပါတယ်။ မိုးဦးက မနှစ်ကထက် စောတာကြောင့် သီးနံှတွေလည်းစောစောစိုက်လို့ရတဲ့ နှစ်ဖြစ်ပါတယ်။ မနှစ်က ပြည်ပဝယ်လိုအားများပြီး ချင်းဈေးကကောင်းခဲ့တာကြောင့် ချင်းဥမတွေကို စောစောဖော်ချင်ပေမဲ့ မိုးမရွာလို့ နောက်ကျခဲ့ရပါတယ်။ ဒီနှစ်တော့ မိုးစောစောရွာတာကြောင့် ချင်းဥမတွေလည်း ဈေးကွက်ကို စောပြီးဝင်ပါတယ်။ ချင်းထွက်ရာ ဒေသကြီးတစ်ခုဖြစ်တဲ့ နမ့်စန်မှာလည်း ချင်းဥမတွေ ဈေးကွက်ကို ဝင်နေပါပြီ။ ဒါပေမဲ့ ဒီနှစ်ထွက်တဲ့ ချင်းဥမက အညံ့စတွေသာများတယ်လို့ သိရပါ တယ်။ ချင်းအစိုအတိုင်းရောင်းဖို့အတွက် ရောင်းပန်းသိပ်မလှတာကြောင့် ချင်း ခြောက်အဖြစ်သာ ပြုလုပ်ဖို့အတွက် ဝယ်ယူတယ်လို့လည်း သိရပါတယ်။ တစ်ပိဿာဈေးကလည်း ၂ဝဝ ကျပ်-၂၅ဝ ကျပ်သာရှိပါတယ်။ ချင်းတက်(ဟောင်း) တွေကတော့ ကုန်သလောက်ဖြစ်နေပြီး လက်လီရောင်းဖို့အတွက်သာ ကျန်ရှိတယ် လို့လည်း ဒေသခံတွေထံက သိရပါတယ်။ ချင်းတက်ဈေးက တစ်ပိဿာ ၆ဝဝ ကျပ်ရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်းစိုဈေးက (ဥမ) တစ်ပိဿာ ၃၅ဝ ကျပ်နဲ့ ချင်းတက်က တစ်ပိဿာ ၄ဝဝ ကျပ်-၅ဝဝ ကျပ်၊ ချင်းခြောက်က တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ ချင်းခြောက်တစ်ပိဿာ ၂၂ဝဝ ကျပ်-၂၄ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
ဈေးကျလို့ ပြည်ချင်းအရောင်းသွက်နေ ပြည်ချင်းဈေးကွက်မှာ ယခုတစ်ပတ်အတွင်းအောင်ပန်းမှ နွေချင်းအသစ်များ ပိဿာ ၃ဝ ဝင်အိတ် ၃ဝဝ ခန့် အဝင်ရှိပြီး ယခင်အပတ်ထက် အဝင်များကာ ဈေးနှုန်းမှာလည်း တစ်ပိဿာကို ချင်း(ရှယ်) ၁၅ဝဝ ကျပ်၊ (ဂျွန်) ၁၃ဝဝ ကျပ်ဖြစ်၍ ယခင်အပတ်ထက် ဈေး ၁၅ဝ ကျပ်နှုန်းခန့် ကျလာတာတွေ့ရပါတယ်။ အရောင်း အဝယ် အားဖြင့် ဒေသတွင်း ပွဲရုံများမှ လက်လီ၊ လက်ကားအဝယ်အပြင် ဧရာဝတီ နှင့် ရခိုင်သို့လည်း တင်ပို့မှုရှိလို့ တစ်ရက်ကို ပိဿာချိန် ၁၃ဝဝ မှ ၁၅ဝဝ ကြား အရောင်းအဝယ်ဖြစ်ပြီး ယခင်အပတ်ထက် အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
၂ဝ၁၂ တွင်ပြောင်းဈေးတက်နိုင်ဟု ခန့်မှန်း ယခုနှစ် နွေရာသီသီးနံှထွက်ရှိမှု ကျဆင်းမယ်လို့ အစိုးရက တွက်ချက်ပြီး နောက်ပိုင်းပြောင်းဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ၂ဝ၁၂ မှာလည်း ပြောင်းအကျပ်အတည်း ကြုံတွေ့ဖွယ်ရှိကြောင်း ခန့်မှန်းထားပါတယ်။ ယခုအပတ်အတွင်း ပြောင်းဈေးနှုန်းက ၂ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ၂ဝ၁၂ မှာ ပြောင်းသိုလှောင်မှု စုစုပေါင်း ဘူရှယ် ၉၆၉၅၁ သန်းရှိနိုင်ပြီး ယခင် ခန့်မှန်းထားတာထက် ဘူရှယ် ၂ဝ၅ သန်းလျော့နည်းခဲ့ကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန (USDA)က ပြောကြားပါတယ်။ ဒီလိုအထွက်နှုန်းကျတာက မိုးရွာသွန်းမှု များတာကြောင့်ဖြစ်ပြီး အမေရိကန်ရဲ့ အချို့စိုက်ပျိုးရေးဧရိယာ များမှာ ဆောင်းရာသီ နှောင့်နှေးနိုင်ကြောင်းသိရပါတယ်။ ၂ဝ၁၂ မှာ ပြောင်း ရောင်းလိုအား စုစုပေါင်း တန်ချိန် (၁၁၁ ဒသမ ၉) သန်းရှိနိုင်ကြောင်း (USDA) က ခန့်မှန်းထားပါတယ်။၂ဝဝ၆-၂ဝဝ၇ ခုနှစ်ကတည်းကစတွက်ရင် ယခုနှစ်ရဲ့ အထွက်နှုန်း အနိမ့်ဆုံးဖြစ်နိုင်ကြောင်း(USDA) က ပြောကြားခဲ့ပါတယ်။ တခြား တစ်ဖက်မှာတော့ ရေနံစိမ်း၊ ဓာတ်ဆီနဲ့ သတ္တုတွေက အများဆုံးအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိပါတယ်။ Source; commodity online ,KZW
နယ်စပ်မှ ပြောင်းတန် ၈၄ဝဝ ကျော်ယခုအပတ် အပို့ရှိ ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၃၃၆ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၈၂၆ တန်ကို မူဆယ်နဲ့ တန် ၆ဝဝ ကို လွယ်ဂျယ်တို့မှ တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ တင်ပို့မှုလျော့နည်းခဲ့ပြီး လွယ်ဂျယ်မှ ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း ချင်းရွှေဟော်နယ်စပ်မှ ယခုအပတ် အပို့ မရှိခဲ့ပါဘူး။ယခင်အပတ်က တင်ပို့မှုထက် တန် ၁၂၈ဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မိမိဘက် ပြောင်းဈေးများ လျော့ကျနေသော်လည်း တစ်ဘက်နိုင်ငံ ဈေး ပြောင်းလဲမှု မရှိပါဘူး။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်း ယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၂၂၉၁၂ ၂၂၃၉၂ဝ ၁ဝဝ၈ ဝ .၅ ၂၉၃ ၂၉၃ - -MIRT (DOBT)
ယခုအပတ် ပြောင်းတင်ပို့မှု နှစ်ဆကျော် ဇွန်လ ၁ဝ ရက်မှ ၁၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ဝ ဒသမ ၄၆ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၆၅၇ တန်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၈၆၁ တန်သာတင်ပို့ခဲ့တာမို့ ယခု အပတ်မှာ နှစ်ဆကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့နိုင်မှုတွေကတော့ အိန္ဒိယသို့ ၇ဝ၂ တန်၊ မလေးရှားသို့ ၄၂၅ တန်၊ ဗီယက်နမ်သို့ ၃၅ တန်၊ ဖိလစ်ပိုင်သို့ ၂ဝ၇ တန်နဲ့ စင်္ကာပူ သို့ ၂၈၈ တန် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB ရန်ကုန်ဈေးက ၂၉ဝ ဒေါ်လာနဲ့ ၃၁ဝ ဒေါ်လာကြားဈေးပေါက်နေပါတယ်။ KZW