Main menu

Background

Sunday, 22 May 2011

ယခင်သီတင်းပတ်များထက် မတ်ပဲပိုမိုတင်ပို့                 ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုကတော့ တစ်ပတ်ထက်တစ်ပတ် ပိုတင် လာခဲ့ပါတယ်။ ယခင် တစ်ပတ်က တန်ချိန် ၁၅ဝဝဝ တင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ် မေလ ၁၁ ရက်မှ ၁၇ ရက်အတွင်းမှာလည်း တန်ချိန် ၁၆၅ဝဝ ကျော်ထိပိုမို တင်ပို့လာနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားနဲ့ အိန္ဒိယတို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း မတ်ပဲတင်ပို့မှုအနေနဲ့ မေလ ၁၃ ရက်နေ့အထိ တန်ချိန် ၆ဝဝဝဝ နီးပါးရှိပြီး ယခင်နှစ်ကာလတူက တန်ချိန် ၅၃ဝဝဝ ခန့် တင်ပို့မှုနဲ့ နှိုင်းယှဉ်ရင် ယခုနှစ်ကာလတူမှာ ပိုမိုတင်ပို့လာနိုင်တာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း မတ်ပဲတင်ပို့မှု ဆက်လက်အားကောင်းဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ MIRT- MAPT 

Friday, 20 May 2011

ကျောက်ပန်းတောင်း မန်ကျည်း ဈေးကွက်                          ကျောက်ပန်းတောင်းမြို့နယ်တွင် ယခင်နှစ် မန်ကျည်း လက်ကျန်မရှိခြင်း၊ ယခုနှစ်တွင် မန်ကျည်းအသီး နည်းခြင်း ကြောင့် အထွက်နှုန်းနည်းပြီး ယခင်နှစ် ကထက် မန်ကျည်း ဈေးကောင်း ရနေပါတယ်။ ယခုတစ်ပတ်တွင် ကျောက်ပန်း တောင်းမြို့နယ်အတွင်း ထွက်ရှိသော မန်ကျည်းအကြောပါ အလုံး ထိပ်စတစ်ပိဿာ ၁၁ဝဝ ကျပ်၊ အလတ်စ ၁ဝ၅ဝ ကျပ်၊ အောက်စ ၁ဝဝဝ ကျပ်နဲ့ မန်ကျည်းအသားတစ် ပိဿာ ထိပ်စ ၂ဝဝဝ ကျပ်၊ အလတ်စ ၁၉ဝဝ ကျပ်၊ အောက်စ ၁၈ဝဝ ကျပ်တို့ ရှိပါတယ်။ လွိုင်ကော်၊ တောင်ကြီး မြို့များမှ ဝင်ရောက်လျက်ရှိသော မန်ကျည်းအကြောပါ အလုံး တစ်ပိဿာ ၉ဝဝ ကျပ်၊ အလတ်စ ၈ဝဝ ကျပ်ဖြင့် ဝယ်ယူ လျက်ရှိကြောင်း သိရပါတယ်။ လွိုင်ကော်၊ တောင်ကြီးမှ ဝင်ရောက်လာတဲ့ မန်ကျည်းများကို ကျောက်ပန်း တောင်းမှာ အသားထုတ်ပြီး ရောင်းချရာမှာ အသားပါးမှုကြောင့် တစ် ပိဿာ ၁၅ဝဝ ကျပ်ဖြင့်ဝယ်ယူကြတယ်လို့ သိရပါတယ်။ ကျောက်ပန်းတောင်း မန်ကျည်းအောက်စနဲ့ ရောပြီးလည်း ရောင်းချမှုရှိတယ်လို့ သိရပါတယ်။ မန်ကျည်းအစေ့ တစ် ပိဿာ ၂၅ဝ ကျပ် ရှိပြီး မန်ကျည်းအစေ့ကို ရန်ကုန်မြို့ ဝက်စာစက်ရုံများမှ ဝယ်ယူလျက် ရှိပါတယ်။ မန်ကျည်း အသားကို ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့ နေ့စဉ် တင်ပို့မှုမရှိဘဲ ရက်ခြားပြီး ပိဿာ ၃ဝဝဝဝ ခန့် တင်ပို့ရောင်းချလျက်ရှိ ကြောင်း မန်ကျည်းပွဲစားတစ်ဦးထံမှ လေ့လာ သိရှိရပါတယ်။ ထားအိဝင်း 

Friday, 20 May 2011

မန်ကျည်းမှည့် အစေ့ပါလည်း တင်ပို့ နေဆဲ                     မေလ ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း မူဆယ် နယ်စပ်မှ မန်ကျည်း မှည့်အစေ့ပါ ၂၃၉ တန်ကျော်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ဝ ဒဿမ ၁၉ဝ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၉ဝ ကျော် တင်ပို့ မှု လျော့နည်းခဲ့ပါတယ်။ ယခုနှစ် ဧပြီလ တွင် နယ်စပ်မှ မန်ကျည်းမှည့် တန် ၁၃၂ဝ တင်ပို့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။     MIRT (DOBT ) 

Friday, 20 May 2011

မန်ကျည်းဈေးကောင်းခဲ့                  ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကနေ မေလ ၁ ရက်မှ ၇ ရက် တာကာလအတွင်း မန်ကျည်း၂၄၂ တန် တင်ပို့နိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကို ၂၅ တန်၊ မလေးရှား ကို ၇၅ တန်၊ ပါကစ္စတန်ကို ၅ဝ တန်နဲ့ စင်ကာပူကို ၉၂ တန်အသီးသီး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် ၁၉၅ တန်သာ တင်ပို့နိုင်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ ယခင် အပတ်ထက် တန်ချိန် လေးဆယ်ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါ တယ်။ ယခင် သီတင်းပတ် အက်ဖ်အိုဘီ ဈေးတစ်တန်ကို ကန်ဒေါ်လာ ၃၉ဝ ဝန်းကျင်ရရှိခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ် မှာ ကန်ဒေါ်လာ ၄၂ဝ ဝန်းကျင်ထိရရှိခဲ့လို့ မန်ကျည်း ဈေး ကောင်းခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT) 

Friday, 20 May 2011

ယခုနှစ်ရှမ်းနနွင်း အစိုက်နည်း                 ရှမ်းပြည်နယ်တောင်ပိုင်းမှာ သီးနံှတွေပြန်စိုက်တဲ့ အချိန်ဖြစ်တာကြောင့် နနွင်း တွေလည်း ပြန်စိုက် နေပါပြီ၊ ပြန်စိုက်တဲ့ အချိန်ကြောင့် ဈေးကွက်ကိုလည်း ပစ္စည်း အဝင်နည်းပြီး အရောင်းအဝယ်ကလည်း ပုံမှန်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လှောင်လက်တွေထံမှာလည်း လက်ကျန် အတော်များများ ကျန်နေပါသေးတယ်။ နနွင်းလက်ကျန်က အတော်များများ ကျန်နေသေးတာကြောင့် ဒီနှစ်က နနွင်းအစိုက်နည်းသွားပြီး ဂမုန်းမွှေးကို ပိုစိုက်ကြတယ်လို့လည်း ဒေသခံ တောင်သူတွေထံက သိရပါတယ်။ အရင်နှစ်တွေက နနွင်းဈေးကောင်းတာကြောင့် အစိုက်များလို့ အထွက်နှုန်းကလည်း ကောင်းပါတယ်။ ဒါပေမဲ့ ဒီနှစ်က ပြည်ပ ဝယ်လိုအား နည်းတာကြောင့် နနွင်းဈေးက ခပ်အေးအေးဖြစ်နေလို့ လက်ကျန်တွေ အတော်များ နေတယ်လို့ နနွင်းပွဲရုံတွေက သိရပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ နနွင်းတစ်ပိဿာ ၂ဝဝဝ ကျပ်-၂၁ဝဝ ကျပ်ဈေးရှိပြီး ဟိုပုံး ဈေးကွက်မှာတော့ တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံး နနွင်းမှုန့်ပြုလုပ်ရန်အတွက် နနွင်းခေါင်းတွေကတော့ အရောင်း အဝယ်ဖြစ်တယ်လို့လည်း သိရပါတယ်။ နနွင်းခေါင်းက (လှရင်) တစ်ပိဿာ ၁၈ဝဝ ကျပ်-၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ ပရဆေးဖော်ဖို့အတွက်တော့ နနွင်းခေါင်း တွေကို ဝယ်ယူနေပြီး တစ်ပိဿာ ၅ဝဝ ကျပ် - ၆ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင် 

Friday, 20 May 2011

နနွင်းတက်                  မေလ ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ တစ်ဖက် တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒဿမ ၁၆၇ သန်း တန်ဖိုးရှိ နနွင်းတက် ၈၆ တန်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆ တန်ကျော် တင်ပို့မှု လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁၁ ဧပြီလ တစ်လလုံး နနွင်းတက် တန် ၉ဝဝ ကျော် တင်ပို့နိုင် ခဲ့တဲ့အတွက် ယမန်နှစ်ကာလတူထက် တန် ၇ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။                                                     MIRT (DOBT ) 

Friday, 20 May 2011

ပြည်ချင်းဈေးကျပေမဲ့ အရောင်း အဝယ်အေး                       ပြည်ချင်းဈေးကွက်သို့ ယခုတစ်ပတ်အတွင်း အောင်ပန်းချင်းများ ပိဿာ ချိန် ၃ဝ ဝင်အိတ် ၂ဝဝ ခန့်နဲ့ အဝင်လှိုင် လာပါတယ်။ ပွဲရုံလုပ်ငန်းရှင်များ အနေဖြင့် ဈေးကွက်အတွင်း ပစ္စည်းများကို ယခင်တစ်ပတ်ကထက် ဈေးအနည်းငယ်ချပြီး အရောင်းအဝယ်လုပ်လျက်ရှိနေပါတယ်။ ဈေးကျပေမဲ့ အဝယ်မလိုက်ဘဲ ချင်း (ရှယ်) တစ် ပိဿာကို ၁၈ဝဝ ကျပ်၊ (ဂျွန်) တစ်ပိဿာကို ၁၇ဝဝ ကျပ် တို့နဲ့ တစ်နေ့ကို ပိဿာချိန် ၁၅ဝ ခန့်သာရှိ၍ အရောင်း အဝယ်များအေးနေပါတယ်။ ဧရာဝတီနှင့် ရန်ကုန်ဘက် သို့လည်း ယခုတစ်ပတ်အတွင်း စားသုံးမှုအဖြစ် ဈေးကွက် မှတစ်ဆင့် တစ်နေ့ကို ယခင်အပတ်ကထက် ထက်ဝက်ခန့် သာ ရောင်းဝယ်တင်ပို့နိုင်ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ 

Friday, 20 May 2011

ချင်းစိုက်ချိန် ချင်းပြန်ဖော်လို့ ရှမ်းချင်း ဈေးအေး                ဒီတစ်ပတ် ချင်းစို ဈေးအနည်းငယ်ပြန်ကျနေပါတယ်။ ပြန်စိုက်ချိန်ရောက်လာတာကြောင့် တောင်သူတွေက လည်း ချင်းတွေ ပြန်ဖော်လာကြပြီး၊ ချင်းအဝင်များလာလို့ ဈေးကလည်း ပြန်ကျလာတာဖြစ်တယ်လို့ သိရပါတယ်။ ပြည် တွင်း အသုံးပြုဖို့အတွက် ရန်ကုန်၊ မန္တလေးမြို့တွေက အဝယ်များနေပါတယ်။ ဒီတစ်ပတ် ချင်းစိုက တစ်ပိဿာ ၄ဝဝ ကျပ် မှ ၉ဝဝ ကျပ်ဈေး သာရှိပါတယ်။ ချင်းခြောက်တွေလည်း လှောင်လက်တွေမှာ အတော်များများ ကျန်နေသေးတယ်လို့ လည်း သိရပါတယ်။             အောင်ပန်းဈေးကွက်မှာ ချင်းခြောက်ဈေးက တစ်ပိဿာ ၂၁ဝဝ ကျပ်မှ ၂၃ဝဝ ကျပ်ဈေးရှိပြီး တောင်ကြီး ဈေးကွက်မှာ တစ်ပိဿာ၂၄ဝဝ ကျပ် ဈေးရှိပါတယ်။ ရန်ကုန်၊ မန္တလေး ဝယ်လက်တွေ ဝယ်ယူနေတာကြောင့် တစ်ပတ် အတွင်း ချင်းပိဿာချိန်ပေါင်း ၅ ဒသမ ၄ သိန်း စီးဆင်းသွား တယ်လို့ ချင်းပွဲရုံတွေထံက သိရပါတယ်။ ဧဧခိုင် 

Friday, 20 May 2011

ဒီတစ်ပတ်ချင်းအပို့သာခဲ့                ဒီသီတင်းပတ်ဖြစ်တဲ့ မေလ ၁ ရက်မှ ၇ ရက်တာ ကာလအတွင်း ချင်း တန်ချိန် ၃၃ တန်ကို ပင်လယ်ရေ ကြောင်းလမ်းကနေ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံ ကတော့ စင်ကာပူနိုင်ငံပဲဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၈ တန်သာ တင်ပို့နိုင်ခဲ့တဲ့ ချင်းက ဒီတစ်ပတ်မှာ ၂၅ တန်ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေးကန်ဒေါ်လာ ၁၄၉ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ၄၉ဝဝဝ ရရှိခဲ့ပါတယ်။ MIRT (DOT) 

Friday, 20 May 2011

သကြားဈေးနှုန်းကျဆင်းသော်လည်း တောင်သူအရှုံးမရှိ                     သကြားဈေးနှုန်းကျဆင်းသော်လည်း တောင်သူလက်ထဲတွင် ကုန်ကြမ်းများ ရောင်းချပြီးဖြစ်ခြင်းကြောင့် အရှုံးမရှိကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ သကြားနဲ့ သကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်း ဥက္ကဌ ဦးဝင်း ဌေးက '' သကြားဈေး ကျတဲ့အချိန်မှာ ပွဲရုံလက်ထဲ၊ စက်ပိုင်နဲ့ လှောင်လက်မှာဘဲ ကုန်ရှိတဲ့အတွက် တောင်သူအရှုံးမရှိဘူး။ ဒီနှစ်က ကြံအထွက်နှုန်းကောင်းတယ်။ မနှစ်ကထက်စာရင် အထွက်နှုန်းတိုးတဲ့အတွက်ရော၊ ရာသီဥတု မိုးရွာနေတော့ ဖျော်ရည်သမားတွေအဆွဲနည်းနေတာကြောင့်ရော၊ ရန်ကုန်ဘက်က အဆွဲမရှိဘဲ မန္တလေးဈေးကွက်ထဲဘဲ အဝယ်ရှိနေတော့ သကြားဈေး ထိုးကျလာတယ်။ ဒီနှစ်နွေရာသီမှာ ဖျော်ရည်လုပ်ငန်းရှင်က သုံးပုံတစ်ပုံဘဲသုံးတော့ လုပ်ငန်းရှင်တစ်ဦးကို အရင်အိတ် ၃ဝဝ ရောင်းရရင် ဒီနှစ်မှာအိတ် ၁ဝဝ လောက်ဘဲရောင်းရတယ်''လို့ ပြောပါတယ်။                      သကြားဈေးနှုန်းမှာ ဧပြီလဆန်းပိုင်းက တစ်ပိဿာကို ၁၃၈ဝ ကျပ်ရှိခဲ့ရာမှ မေလဆန်းပိုင်းတွင် အနိမ့်ဆုံးဈေး ၁၂၂ဝ ကျပ်၊ အမြင့်ဆုံးဈေး ၁၂၆ဝ ကျပ်သာ ရှိကြောင်း၊ တင်လဲရည်ဈေးမှာ တစ်ပိဿာကို ၂၅ဝ ကျပ်မှ ၂၃၅ ကျပ်ထိ ဈေးကျ ဆင်းလာကြောင်း၊ ပွက်ရည်တစ်ပိဿာကို ၇၈ဝ ကျပ်မှ ၆၄ဝ ကျပ်ထိ ဈေးနှုန်း ကျဆင်းလာကြောင်း သိရပါတယ်။ ဇူးဇူး

Pages